← Chapters

မဟာသူ​တော်စင်နှင့် ယှဉ်ပြိုင်ခြင်း

Vol. 53 Ch. 4.305

မဟာသူ​တော်စင်နှင့် ယှဉ်ပြိုင်ခြင်း

Vol. 53 Ch. 4.305

"အရည်အချင်း မရှိတာက မင်းရဲ့အကြီးမားဆုံး ချို့ယွင်းချက် မဟုတ်ပေမယ့် မင်း တခြားသူကို အပြစ်တင်ချင်ရင်တော့ မင်းသေဖို့ပဲ လမ်းရှာနေတာပဲ... ငါပြောတာ မှန်တယ်မလား မင်းမတတ်နိုင်တဲ့ လူတစ်ယောက်ကို မစော်ကားခဲ့ဘူး ဆိုရင် မင်းဒီကို​​ရောက်လာဖို့ ဆန္ဒရှိမှာတဲ့လား? မင်းဒီမှာ ပုန်းနေသရွေ့ မင်းနှလုံးသားထဲမှာ နတ်ဆိုးတွေ ရှိနေတယ် ဆိုတာ ငါရှင်းရှင်းလင်းလင်း မြင်ရတယ်"

သို့သော် လုရွှမ် နှုတ်ဖျားကနေ ရုတ်တရက် စကားလုံး တစ်လုံးသာ ထွက်ပေါ်လာခဲ့သည်။

"မီး!"

"ဘာ!!"

စူးချန် ရုတ်တရက် ငုံ့ကြည့်လိုက်တော့ ဖောက်ထွင်းမြင်ရတဲ့ အရောင်မဲ့ အရာဝတ္ထုတွေလိုပဲ မမြင်ရတဲ့ မီးတောက်တွေဟာ သူ့ခန္ဓာကိုယ်ထဲက ထွက်လာတာကို တွေ့လိုက်ရလေ၏။

“ဒါက ဘာ​ကြီးလဲ?”

စူးချန် အသံကျယ်ကျယ်ဖြင့် ဟစ်အော်လိုက်သည်။ မီးတောက်များက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းနေကာ ပူလောင်မှု အရသာကို မခံစားရသော်လည်း သူ့နှလုံးသားထဲတွင် တုန်တုန်ယင်ယင် လှိုင်းများက ရှိနေသည်။

လုရွှမ်က ဆို၏။

"အခု မင်းဘာလုပ်နေတယ်လို့ ထင်လဲ? ကောင်းကင်ဖီးနစ်မီးရဲ့ အဆင့်က နည်းနည်းနိမ့်တယ်.... မဟာသူတော်စင်နဲ့ ဆက်ဆံရတဲ့ အချိန်မှာ တကယ်ကို ခက်တယ်... ဒီအချိန်မှာ မင်းဘာလုပ်နေလဲ မသိဘူးထင်လား? တိတ်တိတ်လေး တွေးနေတဲ့အချိန်မှာ မီးက ထွက်သွားပြီ မင်းရဲ့ အတွင်းစိတ်ထဲက နတ်ဆိုး ဘယ်လောက် ကြီးလဲ မင်းကိုယ်မင်း အသိဆုံးပါ... ဒါကြောင့် ငါ ဘာမှ မလုပ်​သေးဘဲ မင်းရဲ့ အတွင်းစိတ်က နတ်ဆိုးကို နှိုးဆွဖို့ အတွင်းမီးကို စောင့်နေခဲ့တာ"

ထိုစကားပြီးနောက် လုရွှမ် စူးချန်ရဲ့ ခန္ဓာကိုယ်ကို ညွှန်ပြလိုက်သည်။ အတွင်းမီးများ ပျံ့သွားသော်လည်း အနက်ရောင် စွမ်းအင်များစွာသည် သူ့ခန္ဓာကိုယ်ထဲမှ လွင့်ထွက်လာ၏။ သူသည် ဒဏ္ဍာရီလာ နတ်ဆိုးနှင့်တူသော သွားများနှင့် ခြေသည်းများ ထွက်လာလေသည်။

"ဟမ့် ငါက မဟာသူတော်စင်... ငါ့ရဲ့ ကျင့်ကြံမှုက ကောင်းကင်နဲ့ တူတယ်ကွ! ငါက ဒီအတွင်းစိတ်က နတ်ဆိုးတွေကို ကြောက်မယ်လို့ ထင်နေလား? သေပေတော့!"

ထိုလူက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ့ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ရောင်ဝါက အရှိန်ပြင်းပြင်းနဲ့ အနက်ရောင် စွမ်းအင်တွေကို ဖြန့်ကြဲလိုက်ပါတော့သည်။

"ဟာဟား... ဒါပဲလား... ထပ်လာခဲ့စမ်းပါ!"

စူးချန် ရူးသွပ်သွားသလို ဆံပင်တွေ ရှုပ်ပွသွားတာ အရူးတစ်ယောက်လိုပင်။

သူ့အသံက ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့ရှေ့က ထပ်ထွက်လာတဲ့ အနက်ရောင် စွမ်းအင်တွေကို သူ ကြည့်လိုက်တော့ မတိုင်ခင်က ရက်စက်စွာ သေဆုံးသွားတဲ့ စူးမင်ယွဲ့ ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံသဏ္ဌာန်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

စူးချန်က မဆိုင်းမတွဘဲ စူးမင်ယွဲ့ကို အစိတ်စိတ် အမြွှာမြွှာ ဖောက်ထုတ်ပစ်လိုက်ပြီး သူ့မျက်လုံးတွေက ဘီလူးတစ်ကောင်လို သွေးချင်း နီရဲနေသည်။

"နဂါးဆင်ရွှေလက်ဝါး!"

လုရွှမ် ရှေ့သို့ ပြေးလာပြီး လက်ဝါးစွမ်းအင် တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။

နောက်ဆုံးတွင် မဟာသူတော်စင်က မဟာသူတော်စင်သာ ဖြစ်သည်။ အတွင်းနတ်ဆိုးသည် အစွမ်းထက်သော်လည်း မဟာသူတော်စင်ကို သတ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာတော့ ခက်ခဲနေဆဲ။ လုရွှမ် အတင်းအကြပ် မကြိုးစားချေ။ သူ စူးချန်၏ စွမ်းအင်ကို ထိန်းထားနိုင်သရွေ့ အဆင်ပြေ​နေပြီ။

အရှိန်ပြင်းပြင်း ပြေးထွက်သွားတဲ့ နဂါးဆင်ရွှေလက်ဝါးဟာ ထျန်းဝိုက်စွေ့ ကမ္ဘာမှ လေပြင်းများကို မှုတ်ထုတ်လိုက်သည့်နှယ် မြင်ကွင်းက အင်မတန် ခံ့ညားနေတော့သည်။

"ဒါက နဂါးဆင်ရွှေလက်ဝါးပေါ့... နံပါတ်တစ် ရွှမ်ချင်ဂိုဏ်းရဲ့ တန်ခိုးအကြီးဆုံး ရတနာပဲ"

"လေပြင်းလက်ဝါးလည်း အစွမ်းထက်တာပဲ!"

သေးငယ်သော လေထုထဲမှ လက်ဖဝါးကြီး တစ်ခု၏ အလင်းရောင်သည် တောက်ပနေပြီး ပြင်းထန်သော စွမ်းအားများကို စုပ်ယူ မျိုသိပ်ထား​လေသည်။ ၎င်းလက်ဝါး မဆင်းခင်မှာ အရှိန်အဟုန်နဲ့ ဖိနှိပ်ခံထားရတဲ့ လူတွေဟာ စကားမပြော​တော့​​ဘဲ အသက်ရှုမဝသလို ရင်ဘတ်ကိုဖိလျက် သွေးအန်ချင်လုနီးပါး ဖြစ်လာသည်။

တကယ်တော့ လုရွှမ်ဟာ နဂါးဆင်ရွှေလက်ဝါးနဲ့ လေပြင်းလက်ဝါး လက်ဖဝါးနှစ်ခု စွမ်းအားကို နှစ်ဆတိုးစေမယ့် နိယာမစွမ်းအင် လိုင်းတွေကို နက်နက်ရှိုင်းရှိုင်း နားလည်ထားတာကြောင့်ပင်။ တခြားသူတွေနဲ့ ဒီတိုက်ကွက်ကို ကစားမယ်ဆိုရင် သူတို့မှာ ဒီလိုစွမ်းအားမျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။

လူအုပ်ကြားထဲမှာတော့ အဘိုးကြီး တစ်ယောက်က လှမ်းကြည့်နေ၏။ ထိုသူက လျောင်ခွမ်းပင်။ သူက ထိုနှစ်ယောက်ကြား ရန်ပွဲကို ကြည့်ရင်း သက်ပြင်း ချလိုက်သော်လည်း ပါဝင်ရန် မရွေးချယ်သေးပေ။

"ဟာဟား! ငါ့အတွက် ​ဖြိုခွဲလိုက်စမ်း!"

စူးချန်က ရူးသွပ်မှုတွေ ပြည့်နှက်နေတဲ့ သူ့မျက်လုံးတွေနဲ့ အော်ဟစ်လိုက်သည်။ သူ့ လက်ဖဝါး နှစ်ဖက်ထဲက စွမ်းအင်များကို ဖောက်ထုတ်လိုက်ပြီး အစွမ်းထက်တဲ့ နဂါးဆင်ရွှေလက်ဝါး နဲ့ ကြီးမားတဲ့ လေပြင်းလက်ဝါးကို ပိတ်ဆို့ကာ အပိုင်းပိုင်း ခွဲထုတ်ပစ်လိုက်သည်။

အသက်ရှုသံတွေက မီးတောက်တွေလို တဟုန်းဟုန်း တောက်နေသည်။ စူးချန်က

“ကောင်လေး... မင်းအစွမ်းကုန် ကြိုးစားပြီးပြီ ဒါပေမဲ့ ငါအခုထိ မလှုပ်ရှားသေးဘူး.... ငါမင်းကို မဟာသူတော်စင်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အဓိပ္ပာယ်ကို ဒီနေ့မင်းသိအောင် ပြလိုက်မယ်!"

အလွန်လေးလံသော အရာတစ်ခုကို ဝှေ့ယမ်းလိုက်သကဲ့သို့ သူ့လက်ထဲက စွမ်းအင်များက ရုတ်တရက် ပြင်းထန်လာသည်။ ခဏကြာတော့ လေထဲတွင် စိမ်းပြာရောင် လှံတစ်ချောင်းက စူးချန်လက်ထဲတွင် ကိုင်လျက်သား ပေါ်လာခဲ့သည်။

လှံသည် စူးချန်လက်မှ လွတ်မြောက်သွားသည်နှင့် လုရွှမ် ဆီသို့ မြှားရှည်တစ်စင်းကဲ့သို့ လျင်မြန်စွာ ပစ်ခတ်လိုက်ရာ နောက်အခိုက်အတန့်တွင် လုရွှမ်ရှေ့၌ ထွက်ပေါ်လာခဲ့သည်။ ထိုလေပြင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ အိမ်များကို ကျိုးပဲ့ကာ လေစီးကြောင်းမှ တွန်းထုတ်လိုက်သကဲ့သို့ လုရွှမ်ဆီသို့ ပစ်လွှတ်လိုက်ကြသည်။

လှံသည် မြန်လွန်း၍ မမြင်နိုင်သော်လည်း တိုက်ခိုက်မှုမှာ မြင်သာထင်သာ ရှိသည်။ လှံပေါ်ရှိ နိယာမစွမ်းအင် လိုင်းများသည် တစ်ခုပြီးတစ်ခု စီးဆင်းနေပြီး ၎င်းတို့သည် ပျံသန်းလာစဉ်အတွင်း စွမ်းအင်ကို အဆက်မပြတ် စုစည်းနေပါသည်။ လုရွှမ်လည်း သတိမပေါ့ထားရဲချေ။

သူ့လက်ထဲတွင် တုတ်ရှည်က ရုတ်တရက် ပေါ်လာကာ လှံကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ဖြောင်း!

လှံတစ်ချောင်းသည် ပြန့်ကျဲသွားပြီး စိမ်းပြာရောင် ဘောလုံးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း နိယာမစွမ်းအင် လိုင်းများသည် အစုမခွဲသွားဘဲ နောက်တစ်ကြိမ် တရစပ် စုစည်းတိုက်ခိုက်လာခဲ့သည်။

လုရွှမ်၏ လက်ဖဝါးများ တုန်ခါကာ လျင်မြန်စွာ နောက်ပြန် ဆုတ်သွားသော်လည်း မတတ်နိုင်ဘဲ ရင်ဘတ်ကို ထိမှန်သွားသည်။ ရင်ဘတ်က အပြင်းအထန် ထိုးကြိတ်ခံရသလိုမျိုးပင်။ သွေးတလုတ်လောက် ထွေးထုတ်ကာ နောက်ပြန်ဆုတ်သွားရုာ သူ့ခန္ဓာကိုယ်က နံရံကို အပြင်းအထန် ထိမှန်ပြီး နံရံမှာ လူပုံသဏ္ဌာန် အပေါက်ကိုပါ ဖောက်ပေးလိုက်သည်။

လှံခုနစ်ချောင်း ရှစ်ချောင်းလောက်က သူ့ရှေ့ကို ပြေးလာနေပြီ ဖြစ်လို့ လုရွှမ် မရပ်တန့်ဝံ့ပေ။ သူသည် လှံကိုခုခံရန် တုတ်ရှည်တစ်ချောင်းကို သတ္တိရှိရှိ ထိုးကြိတ် အသုံးပြုနေဆဲ ဖြစ်သည်။

စူးချန်က ရယ်မောလိုက်ပြီး

"အဟားဟား....မင်းရဲ့ ခွန်အား ဒါပဲလား ဒါထက် ဘာမှ မပိုတော့ဘူးလားကွ!"

သူ့လက်တွေက အဆက်မပြတ် လှုပ်ရှားနေကာ နောက်ထပ် လှံတစ်ချောင်းက ထွက်လာပြန်သည်။

လုရွှမ်၏ မျက်လုံးများလည်း လေးနက်နေကာ လှံကို အနီးကပ် စိုက်ကြည့်နေသည်။ သူ နောက်ဆုတ်သွားဖို့ ဖြစ်နိုင်မတဲ့လား။ မဟာသူတော်စင်တိုင်းက လွယ်တဲ့လူ မဟုတ်တဲ့အတွက် သူ့ကို လျှော့တွက်ထားလို့တော့ မရပေ။

ဤလှံများသည် အလွန် အစွမ်းထက်နေတာ မဟုတ်ချေ။ သို့မဟုတ်လျှင် တုတ်ရှည်ဖြင့် ရိုက်ချလိုက်ရုံနဲ့ ပြန့်ကျဲသွားမည် မဟုတ်ပေ။ အဓိကက လှံနဲ့တွဲထားတဲ့ နိယာမစွမ်းအင် လိုင်းတွေကို ဘယ်လို စုဆောင်းရမလဲ ဆိုတာပဲ။

"အရူး ငါမသိမ်းနိုင်ဘူး ဆိုပေမယ့် ကျောက်ပြားကတော့ သိမ်းယူနိုင်တယ်!"

လုရွှမ် သူ့လက်ကို ဝေ့ယမ်း၍ ကျောက်ပြားကို အမြန် ဆင့်ခေါ်လိုက်သည်။

လှံများသည် လုရွှမ် လက်ထဲတွင် ရှိသော ကျောက်​ပြားဆီသို့ ပြေးဝင်လာကာ နို့စို့ငှက်ကလေးများအား တောထဲသို့ ပစ်ချလိုက်သည့်နှယ် ပြာလဲ့လဲ့ တောက်သွားပြီး သဲလွန်စ မရှိအောင် ပျောက်ကွယ်သွား​တော့သည်။

"မင်းက လူယုတ်မာပဲ! မှော်လက်နက်ကို ဘယ်လိုသုံးရမလဲ ဆိုတာ သိရုံအပြင် မင်းဘာတတ်နိုင်​သေးလဲ"

လုရွှမ် လက်ထဲက ကျောက်ပြားကို ကြည့်လိုက်တော့ စူးချန်ရဲ့ နှလုံးသားက သွေးတွေ စီးကျလာပြီး ဒေါသတကြီး အော်လိုက်တော့သည်။

"မင်း အရှက်မရှိဘူးလား? မင်းက မဟာသူတော်စင်ကြီး ငါက သူတော်စင်တစ်ပိုင်းလေ... ငါ မှော်လက်နက်ကို သုံးတော့ ဘာဖြစ်လဲ? မင်းမကျေနပ်ရင် ဘာလို့ ထုတ်မသုံးတာလဲ? အိုး မင်းမှာ မရှိဘူးပဲ... မင်းပိုင်တဲ့အရာက ငါ့လက်ထဲ ရောက်နေပြီ"

စူးချန် ဒေါသတကြီး ဟောက်လိုက်ရာ အနက်ရောင် စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲက ထိုးထွက်လာ၏။ လက်သီး နှစ်ဖက်စလုံးကို အထပ်ထပ် အခါခါ ထိုးလိုက်ပြီး အနက်ရောင်စွမ်းအင်တွေကို ဖြန့်ကြဲလာကာ သူ့ပုံစံကလည်း ပိုပိုပြီး ရူးသွပ်လာခဲ့သည်။

"နဂါးဆင်ရွှေလက်ဝါးကို မင်းတားဆီးနိုင်ရင်တောင် ငါ့ရဲ့ ယွမ်ယန်စွမ်းအင် မီးတောက် လက်သီးကို မင်းတားနိုင်မလား စမ်းကြည့်စမ်း!"

လုရွှမ် တစ်ခုခုကို ဖမ်းမိသွားသလို ခံစားလိုက်ရပေမယ့် သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ ဒါပေမဲ့ ဆက်ပြီး တိုက်ခိုက်ရင် ဆက်တိုက် တိုက်ခိုက်မှုတွေက တစ်ဖက်လူရဲ့ အပြစ်အနာအဆာ တစ်စုံတစ်ရာကို ဖော်ပြလာမှာ မဟုတ်ဘူးလို့ သူ မယုံပါဘူး။

လုရွှမ်၏ ခန္ဓာကိုယ်မှ စူးရှတောက်ပသော အလင်းတန်းများသည် နေလုံးငယ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ တောက်ပလာသော အနီရောင် မီးတောက် တစ်ဆုပ်သည် သူ့ခြေရင်းတွင် လှိုင်းထလာကာ ကျယ်လောင်သော အသံနှင့်အတူ အလင်းရောင်နှင့် မီးတောက်များသည် စူးချန်အား တစ်ပြိုင်နက်တည်း တရစပ် တိုက်ခိုက်လာခဲ့သည်။

"အရူး... မင်းက သူတော်စင် မဟုတ်ဘူး ပုရွက်ဆိတ် တစ်ကောင်ပဲ.... မင်းရဲ့လက်ဝါးစွမ်းအင်က တကယ်ကို ကောင်းသလို မင်းမှာ ထူးဆန်းတဲ့မီးလည်း ရှိတယ်ဆိုပေမယ့် ငါလုံးဝ ဂရုမစိုက်တာ သနားစရာပဲ"

စူးချန်ကလည်း အော်လိုက်၏။ သူ့လက်ပေါ်ရှိ နိယာမစွမ်းအင် လိုင်းများ၏ ပြေးနှုန်းများမှာ တောက်ပလာခဲ့သည်။ လက်သီးနှစ်ဖက်ကို ထိုးလိုက်ရာ လက်သီးစွမ်းအင်သည် ရေများ လျှံတက်လာသလို မီးလျှံကို ငြိမ်းသက်သွားခဲ့သည်။

လုရွှမ်သည် စူးချန်၏ လက်များကို စိုက်ကြည့်ရင်း သူ့မျက်လုံးများ ရုတ်တရက် တောက်ပလာကာ စူးချန်ရဲ့ ချို့ယွင်းချက်ကို သူမြင်လိုက်ရသည်။

နိယာမစွမ်းအင် လိုင်းတွေက သူ့ရဲ့ အကြီးမားဆုံး ချို့ယွင်းချက်ပဲ ဖြစ်​လေသည်။

All Chapters