← Chapters

နောက်ဆုံးနေ့ရောက်လာပြီ

Vol. 53 Ch. 4.306

နောက်ဆုံးနေ့ရောက်လာပြီ

Vol. 53 Ch. 4.306

နိယာမစွမ်းအင် လိုင်းများသည် စူးချန်၏ စွမ်းအားအရှိဆုံး ဖြစ်ပြီး သူ့ရဲ့ တိုက်ခိုက်ရေးနည်းလမ်းကို ကြည့်လျှင်တော့ ဒီတိုက်ကွက်ဟာ ငြီးငွေ့စရာကောင်းသော နည်းလမ်းတစ်ခု ဖြစ်သည်။ သူသည် သူ့ရဲ့ယုတ်ညံ့သော ယုတ်မာမှုကို ဖုံးကွယ်ထားသလိုမျိုး ၎င်းကို အသုံးပြုနေတာကြောင့် အထင်အမြင် သေးချင်စရာ ကောင်းလှသည်။

တစ်နည်းဆိုရသော် အပြင်းထန်ဆုံး ဒီတိုက်ကွက်ကြောင့် သူ ရှုံးနိမ့်ပြီးသည်နှင့် စူးချန်တစ်ယောက် သေသွားလိမ့်မည်။

ယခုအချိန်အထိ တိုက်ခိုက်ပြီးပြီမို့ စူးချန် လုရွှမ်ကို လွတ်မြောက်ခွင့် မပေးနိုင်တော့ပေ။ အကယ်၍ လုရွှမ်သာ အနာဂတ်မှာ ကျင့်ကြံမှုအဆင့်တွေ အောင်မြင်လာပါက သူပြန်လာပြီး မိမိအားသတ်လျှင် ခုခံနိုင်မည် မဟုတ်ပေ။

လုရွှမ်ကလည်း စူးချန်ကို ဒီအတိုင်း လွှတ်ထားလိုက်ဖို့ ဆန္ဒမရှိချေ။ သူသာ အာကာသ ဥမင်လိုဏ်ခေါင်းကို ဖြတ်ကျော်ပြီး ထျန်းလုံဧကရာဇ်အင်ပါယာကို သွားပါက သေချာပေါက် ဘေးဥပဒ် ဖြစ်လာလိမ့်မည်။

နိယာမစွမ်းအင် လိုင်းတွေရဲ့ စွမ်းအားတွေကို ချုပ်နှောင်ထားနိုင်ရင်ရော?

သူ့မှာ လေပြင်းတွေကို ထိန်းချုပ်နိုင်တဲ့ ကျောက်ပြား ရှိနေပြီ။ အခင်းအကျင်း တစ်ခုကိုသာ ထည့်ပေါင်းလိုက်နိုင်ရင် ဒီပွဲမှာ သူနိုင်ပြီ။

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းကာ ကျောက်ပြားကို သူ့နံဘေးတွင် တိုက်ရိုက် ပေါ်လာ​စေသည်။ ယခုအချိန်တွင် ကျောက်ပြားသည် ရိုးရှင်းပုံ မပေါ်တော့ဘဲ ရွှေရောင်များဖြင့် ပြိုးပြိုးပြက်ပြက် လင်းလတ်နေ၏။ ကျောက်​ပြားသည် ကွင်းပြင် တစ်ခုလုံးကို ထောက်မလုနီးပါး ကြီးထွားလာခဲ့သည်။ လုရွှမ် ကျောက်တုံးကြီးထဲသို့ တိုက်ရိုက်ပြေးဝင်ကာ ပြုံးလိုက်သည်။

"စူးချန် မင်း ဒီကျောက်ပြားကို လိုချင်နေတာ မဟုတ်ဘူးလား? မင်းမှာ အရည်အချင်းရှိရင် လာယူလေ"

ကြံစည်မှု တစ်ခုရှိနေမှန်း သတိထားမိတဲ့ စူးချန်ကလည်း လှောင်ရယ်နေသည်။ လက်သီးစွမ်းအင်ဖြင့် သူသည် အနက်ရောင် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသော အတွင်းနတ်ဆိုးကို ချေမှုန်းနိုင်ခဲ့သည်။ သူ့စိတ်နှလုံးထဲတွင်တော့ မာနများနှင့် ပြည့်နေပြီး

"ကောင်လေး... မင်းမှာ နည်းလမ်းတွေ အများကြီး ရှိမှန်း ငါသိပါတယ်... ငါ့မှာပြောစရာ ရှိတာက ငါက မဟာသူတော်စင် တန်ခိုးရှင်တစ်ယောက်ပဲ.... မင်းနာနာခံခံနဲ့ ငါ့လက်ထဲကို အပ်လိုက်ရင် ကောင်းမယ်"

စိုးရွံ့​နေသော်လည်း မာနကြီးစွာဖြင့် ကျောက်​ပြားကြီးဆီသို့ ပြေးသွားလေသည်။

လုရွှမ်ကတော့ သက်ပြင်းချရင်း မင်း အင်အားကြီးသွားမှာကို မကြောက်ဘူး မင်း မဝင်လာရဲမှာကို ကြောက်နေတာဟုသာ တွေးလိုက်မိသည်။

ကျောက်ပြားကြီးပေါ်က ပြောင်းလဲမှုများသည် သဘာဝကျကျ လုရွှမ်ရဲ့ အခင်းအကျင်း ပေါင်းစပ်မှုရဲ့ ရလဒ် ဖြစ်လေသည်။ စူးချန် အခင်းအကျင်းထဲ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ဖော်မပြနိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ၎င်းကို အလေးအနက် မထားဘဲ မနေဝံ့တော့ပေ။

ကျောက်ပြားအပေါ် နားလည်မှုကို လုရွှမ်ထက်ပင် သူက ပိုစိတ်လှုပ်ရှားနေခဲ့သည်။ ယခုအခါ ကျောက်ပြားပုံစံက ပြောင်းလဲသွားပြီ ဖြစ်ပြီး ယခင်ပိုင်ရှင် သေဆုံးသွားသရွေ့ နောက်တစ်ယောက်က ပိုင်ရှင်အသစ် ဖြစ်လာမှာပဲ ဖြစ်သည်။

အခင်းအကျင်း? နိယာမစွမ်းအင် လိုင်းများကို ကစားသူများသည် စိတ်ဝိညာဉ်သခင်များ မဟုတ်ကြသော်လည်း အခင်းအကျင်း ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပတ်သက်တဲ့ နားလည်မှုက သာမန်လူများနှင့် နှိုင်းယှဉ်၍မရပေ။

စူးချန်သည် လေထဲကို သူ့​လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်စဥ် ပေါက်ကွဲထွက်လာသော စွမ်းအားများက စုစည်းလာပြီး လုရွှမ်အား ဖိနှိပ်လိုက်သည်။

လုရွှမ် သူ့စိတ်ထဲက လှောင်ရယ်လိုက်ပေ၏။ သူက နိယာမစွမ်းအင် လိုင်းတွေနဲ့ ကစားနေတဲ့အချိန်မှာ ထိုလူက ရွှံ့နဲ့ဆော့နေတုန်းပဲလား။

စူးချန်ရဲ့ ဝိညာဉ်စွမ်းအားတွေ တဟုန်ထိုး တက်လာပြီး ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားတွေပါ ထွက်လာ၏။ လုရွှမ်လည်း သူ့မှာ အချိန်သိပ်မရှိဘူး ဆိုတာ သိလိုက်သည်။ နောက်ပြီး အထဲမှာ ပိတ်မိနေတဲ့သူဟာ မဟာသူတော်စင် ဖြစ်လို့ သူ့မှာ အမွေးတိုင် တစ်ဝက်အထိသာ အချိန်ရလေ၏။

အခင်းအကျင်း ပျက်သွားပြီးနောက် သူလည်း ပြင်းထန်သော တုံ့ပြန်မှုကို ခံရတော့မှာ ဖြစ်သည်။ ထို့ပြင် ဤအခင်းအကျင်းသည် သူတော်စင် စွမ်းအားနှင့် စိမ်းပြာနဂါးတို့၏ စွမ်းအားကို အသုံးပြု၍ သေးငယ်သော လေထုထဲမှ စီစဉ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကျောက်စိမ်းပြားထဲမှ ဝိညာဥ်စွမ်းအင်တွေကြောင့်သာ မဟုတ်ပါက ဘာပစ္စည်းမှ မသုံးဘဲ လေထုထဲက ပါးလွှာတဲ့ အခင်းအကျင်း ထောင်ချောက်ကိုဆင်၍ မဟာသူတော်စင်အား ဖမ်းချုပ်ထားခြင်းသည် လူမိုက်တွေရဲ့ အိပ်မက်တစ်ခုဟုသာ ဆိုရမည်။

ယခု ရိုးရိုးရှင်းရှင်း ပြောရလျှင် လုရွှမ်သည် သူ့ကိုယ်သူ ထောက်ပံ့ပေးရန် ကျောက်စိမ်းပြားထဲက ဝိညာဉ်စွမ်းအင်ကို အသုံးပြုနေရသည်။ အ​မွေးတိုင် တစ်ဝက် အချိန်သည် သူ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိသော ကန့်သတ်ချက် ဖြစ်သည်။

ဒီတိုက်ပွဲမှာ အောင်နိုင်သူက အသက်ရှင်ပြီး ရှုံးနိမ့်သူက သေရလိမ့်မည်။

"အတင့်ရဲလိုက်တာ!"

စူးချန်က အော်လိုက်သည်။ သူ့လက်ဖဝါးပေါ်က စွမ်းအင်များ ထိုးတက်လာကာ သူ့လက်ချောင်းများက ချွန်ထက်သော လက်သည်းရာများကို ဝှေ့ယမ်းရင်း အခင်းအကျင်းကို ထိုးဖောက်လုနီးပါး တိုက်ခိုက်နေသည်။

"ဟေး မင်းဘာလုပ်လိုက်တာလဲ"

စူးချန် အခင်းအကျင်းကို ချိုးဖျက်လို့ မရပေ။ သူ့လက်ဖဝါးပေါ်က နိယာမစွမ်းအင် လိုင်းတွေ ပြေးလွှား​နေတာဟာ မထင်မရှား ဖြစ်လာပြီး သူမျှော်လင့်ထားတာထက် ၃၀ မှ ၄၀% လျော့နည်းလာခဲ့သည်။

စူးချန် လက်ရှိ အခြေအနေကို မြန်မြန်ဆန်ဆန်ပဲ နားလည်သွားသည်။ ဤအခင်းအကျင်းသည် နိယာမစွမ်းအင် လိုင်းများကို အမှန်တကယ် ချုပ်နှောင်ထားကြောင်း တွေ့လိုက်ရသလို လေ​ပြင်းကျောက်ပြားသည် ၎င်းတို့နှစ်ဦးမှ ထုတ်ပေးသော နိယာမစွမ်းအင် လိုင်း၏ စွမ်းအားများကို အဆက်မပြတ် စုပ်ယူသွားကြောင်း တွေ့ရှိခဲ့သည်။ များများထုတ်လေ များများ စုပ်ယူသွားလေပဲ။

"မင်းဘယ်လိုလုပ် သိသွားတာလဲ?"

စူးချန် အလွန်ထိတ်လန့် တုန်လှုပ်သွားသည်။ ရေကန်အသစ်ထဲက လှိုင်းလုံးများ ပို၍ပင် လှိုင်းထသွားသလိုပင်။ သူသည် နိယာမစွမ်းအင်ကို အာရုံစိုက်နိုင်လျှင် ချို့ယွင်းချက်များကို ချန်ထားခဲ့မည်ဟု တွေးခဲ့ဖူးသော်လည်း နိယာမစွမ်းအင် လိုင်း၏ စွမ်းအားက သူ့ကို အကန့်အသတ်မရှိ ရူးသွပ်သွားစေသည်။

ကန့်သတ်ချုပ်ချယ်မှုနဲ့ ကန့်သတ်ချက်က နည်းဥပဒေသ တစ်ခုလို ဖြစ်သော်လည်း သူက အဲဒါကို တဖြည်းဖြည်း လျစ်လျူရှုထားခဲ့၏။

သို့သော် ယခုအချိန်တွင် သူ့နှလုံးသားထဲတွင် မေ့ပျောက်လုနီးပါး ဖြစ်​နေခဲ့သည့် အိပ်မက်ဆိုးများ ပြန်လည်ပေါ်လာသည်။

"ဒါက အရမ်းရိုးရှင်းပါတယ် ဦးနှောက်ကို သုံးလိုက်ရုံပဲ"

"ဟမ့် မင်း အကြာကြီး ထိန်းထားနိုင်မယ်လို့ ငါ မထင်ဘူး!!"

စူးချန် က ဟောက်ပြီး ဘယ်ညာ ရှောင်တိမ်းလိုက်သည်။ လုရွှမ်ကို မျက်နှာချင်းဆိုင် မတိုက်ခိုက်တော့ပေ။

လုရွှမ် သူ့စိတ်ထဲမှာ လှောင်ရယ်နေလိုက်သည်။ လူတွေက သူတို့ကိုယ်သူတို့ အရမ်းထက်မြက်တယ်လို့ အမြဲထင်နေကြတာ။ ဒါက သူစီစဉ်ထားတဲ့ အခင်းအကျင်း ပုံစံလေ။ ချိုးဖျက်နိုင်ရင်တောင် သူက ဘယ်လိုလုပ် အသက်ရှင်ခွင့် ပေးပါတော့မလဲ။

သူ့လက်ဖဝါး စွမ်းအင်ကို ရုတ်သိမ်းလိုက်သည်နှင့် စူးချန်သည် အခင်းအကျင်းက သေးငယ်လာတာကို တွေ့ရှိလိုက်ရပြီး အခင်းအကျင်း၏ သလင်းကျောက် နံရံများက ပို၍ပို၍ ခိုင်မာလာသည်ကို တွေ့ရှိလိုက်ရသည်။ အရင်က အပြင်ဘက်က မြင်ကွင်းကို ယောင်ဝါးဝါး မြင်နေရပေမယ့် အခုတော့ လုံးဝ မှုန်ဝါးသွားပြီ။

ဒီအတိုင်း ဆက်သွားနေရင်တော့ သူတို့နှစ်ယောက်ဟာ မကြာခင်မှာ မျက်နှာချင်းဆိုင် ပြန်တွေ့ရလိမ့်မည်။

"လက်ချင်းတိုက်ချင်ရင် ငါမင်းနဲ့ အချိန်မရွေး တိုက်ပေးမယ်"

"ငရဲကိုသာ သွားလိုက်!"

စူးချန်ရဲ့အသံက ဒေါသတကြီး ပေါ်ထွက်လာပြီး သူ့အစီအစဥ်တွေနဲ့ တတ်နိုင်သမျှ ကြိုးစား ဖောက်ထွက်ချင်ပေမယ့် သူ့အရည်အချင်းက တစ်ဖက်လူထက် ညံ့ဖျင်းနေ၏။

လုရွှမ်သည် စူးချန်နှင့် လက်ချင်းယှဉ် တိုက်ခိုက်ရယတွင် လုံးဝပါဝင်ခဲ့သည်။ ယခင်က အစီအစဥ်များပ အရန်အစီအစဉ် တစ်ခုမျှသာ ဖြစ်သော်လည်း ယခုအခါ လုရွှမ် အလွန်လက်တွေ့ကျစွာ တိုက်ခိုက်နေပြီ ဖြစ်သည်။

ဟုန်ရစ်ဧကရာဇ် အင်ပါယာ၏ မဟာသူတော်စင်ကြီး ပြောခဲ့ပုံအရ သူ့ခန္ဓာကိုယ်သည် မဟာသူတော်စင်နှင့် ယှဉ်နိုင်နေပြီ။

သူ့စိတ်ထဲတွင် အတွေးတစ်ခုဖြင့် လုရွှမ် ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်ရာ သူ့လက်သီးထဲတွင် ဝိညာဥ်စွမ်းအင် အရည်များ ရွှဲနစ်သွားသည်။

ဝုန်း ဝုန်း!

လက်သီးနှစ်ဖက်က ပြင်းထန်စွာ တိုက်မိပြီး နှစ်ဖက် ခန္ဓာကိုယ်တွေလည်း ထိမှန်သွားခဲ့သည်။ အခုလောလောဆယ် တခြား အရာတွေကို စဉ်းစားဖို့ အချိန်မရှိသလို လှည့်ကွက် အားလုံးကို ဖော်ထုတ်ဖို့ အချိန်လည်း မရှိဘူး။ မှော်အစွမ်းတွေလား? နည်းလမ်းတွေလား။ အဲဒါတွေကို လှုပ်ရှားနေတဲ့ အချိန်မှာ တစ်ဖက်လူက မျက်နှာကို ထိုးနှက်နေလောက်ပြီ ဖြစ်သည်။

စူးချန် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ကာထားကာ သူဘယ်လောက်ထိ စိတ်ပျက်နေလဲ မပြောတတ်တော့ပေ။

လုရွှမ်ရဲ့ လက်သီးချက်တွေက မြန်လွန်းသည်။ ပြင်းထန်လွန်းပြီး အစီအစဉ်တကျ မရှိပေ။ လုရွှမ်ဆီက လက်သီးဗုံးကြဲ တိုက်ခိုက်မှုကို ခံရပြီးနောက် ပို၍ပင် ထိတ်လန့်သွားသည်မှာ ပူလောင်သော ဝေဒနာတစ်ခုကို ခံစားလိုက်ရ၍ ဖြစ်သည်။

စူးချန်သည် ဘယ်စွမ်းအားကိုမှ မခံစားနိုင်တော့သလို သူတော်စင် စွမ်းအားသည် ဒီနေရာကို ရောက်လာခဲ့သည်နှင့် တပြိုင်နက် ချုပ်နှောင်ခြင်း ခံလိုက်ရသလိုပင်။

"မင်း တကယ်ပဲ ဘာကောင်ကြီးလဲဟ!!"

စူးချန် ရူးသွပ်စွာ အော်လိုက်သည်။ ဒီတစ်ခါတော့ သူတကယ်ကို ကြောက်လာတာမို့ သူ့နှလုံးက တဆက်ဆက် တုန်ယင်နေ၏။ ပထမဆုံးအကြိမ် ဒီမှာ သူသေသွားတော့မယ်လို့ ခံစားနေရသည်။

နိယာမစွမ်းအင် လိုင်းတွေကို တားမြစ်ထားတာကြောင့် သူသိပ်မကြောက်ပါဘူး။ နေရာလွတ်တွေ ကျုံ့သွားပေမယ့် အများစုဆုံး လက်ချင်း ဆက်တိုက်ခိုက်တာရုံပဲ။ သူ နောက်ထပ် ထိုးချက်အနည်းငယ်ကို ခုခံနိုင်မလား ဆိုတာ အရေးမကြီးဘူး။ သူတော်စင် စွမ်းအားကိုပါ တားမြစ်​ထား​တာကြောင့် သူ​လွန်​စွာ​ ကြောက်​လာ၏။

ဒီကလေးကတော့ သူ့မှာ ထူးဆန်းတဲ့ အရာတွေ ဘယ်လောက်တောင် ရှိတယ်ဆိုတာ မစဥ်းစားနိုင်တော့ပေ။ သူ့ရဲ့ သိုလှောင်အိတ်တွေ အကုန်လုံးကို သိမ်းသွားခဲ့တာ မဟုတ်ဘူးလား?

"ဒါက တားမြစ်ထားတဲ့ ဝိညာဉ်နွေဦး.... ကျင့်လင်ချွမ်ပဲ"

ရွှမ်ခုန်းတောင်ရဲ့ လျှို့ဝှက်နယ်မြေမှ လုရွှမ် ထုတ်ယူလာခဲ့သော အရာဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဒီမှာ နေရာလွတ်က အရမ်းကျဉ်းကာ သူ့ခန္ဓာကိုယ်က အားသာချက် ရှိပေမယ့် ကျင့်လင်ချွမ်ကို မသုံးသင့်ဘူး။ သေချာတာပေါ့ သူလည်း အလွန် သတိထားနေရပြီ။ အခင်းအကျင်းကို နှောင့်နှေးသွားစေရင် စူးချန်က ဒီအခွင့်အရေးကို ဆုပ်ကိုင်သွားလို့ကတော့ သူ့ပါ ကံဆိုးသွားလိမ့်မယ်။

ခဏလောက်ကြာတော့ စူးချန် ပေါက်ကွဲလာခဲ့သည်။ ဒီကောင်လေး လုရွှမ်က တားမြစ်ထားတဲ့ ဝိညာဉ်နွေဦး ကျင့်လင်ချွမ်ကိုတောင် ရလာနိုင်တယ တခြား မရနိုင်တာ ဘာရှိဦးမှာလဲ။

လုရွှမ်၏နှလုံးသည် တစ်ဖန်တုန်ခါသွားကာ ရေခဲချွန် နှစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းတို့သည် နှစ်တစ်သောင်း ရေခဲများ ဖြစ်လေရာ ခဏတွင် သူ့ပတ်ဝန်းကျင်ရှိ အပူချိန်သည် သိသိသာသာ ကျဆင်းသွားသည်။ စူးချန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ယခင်က ဝိညာဉ်စွမ်းအင်ဖြင့် အချိန်တိုအတွင်း မကုသနိုင်ရာ ဖြတ်မသွားနိုင်ဘဲ ချက်ချင်း ပြန်မထနိုင်တော့ပေ။

"မင်းတို့အားလုံး အတူတူ သေလိုက်ကြတော့!"

စူးချန်မှာ သူလုံးဝ ရှုံးသွားပြီဆိုတာ သိလိုက်ပြီ။ လှည့်စားမှုများနှင့် ရတနာများ ပြည့်နှက်နေသော ထိုကဲ့သို့ ကလေးနှင့် ဆက်ဆံရခြင်းတွင် သူ့အတွက် အဆုံးသတ်က တကယ်ပင် ရောက်ရှိလာခဲ့သည်။

All Chapters