← Chapters

လူတွေက ငွေအတွက်သေ​ကြတယ်

Vol. 53 Ch. 4.309

လူတွေက ငွေအတွက်သေ​ကြတယ်

Vol. 53 Ch. 4.309

သူ့စိတ်ထဲက ပေါက်ဖွားလာသော ထိတ်လန့်ခြင်းများကို ဖယ်ရှားရန် ခေါင်းကို အမြန် ခါယမ်းလိုက်သည်။ သူ့ပတ်ဝန်းကျင်က လူတွေကို ကြည့်လိုက်တော့ သူတို့အားလုံးက ရယ်မောနေကြပြီး လုရွှမ်စကားကို အလေးအနက် မထားပေ။ ခေါင်းဆောင်ဆိုတဲ့ သူလည်း သူ့စိတ်ထဲ သက်ပြင်းချရင်း သက်သာရာရသွားသည်။

ဟမ့် တစ်ဖက်လူက သူတော်စင်တစ်ပိုင်း အဆင့်က အငယ်တန်းလေးပဲလေ။ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူဘာလုပ်နိုင်မှာမလို့လဲ။ ကောလဟာလတွေ အရတော့ အစုလိုက် အပြုံလိုက် သေသွားတဲ့ လူတွေက နေရာသေးသေးလေးတွေကပဲ။

အဲဒီလူတွေက ကြုံရာကျပန်း ကြွားလုံးထုတ်ရတာကို ကြိုက်ကြတယ်လေ။ လောကကြီးကို တစ်ခါမှ မမြင်ဖူးတဲ့ နိမ့်ကျတဲ့ လူတစ်စုပဲ။

"ကောင်လေး... အစကတော့ မင်းကို အသက်ရှင်ခွင့်ပေးပြီး အဆင့်မြင့် ဧကရာဇ် အင်ပါယာကြီးဆီ အပ်လိုက်မလို့ပဲ... အခုတော့ မင်းငါ့ကို ဒေါသထွက်အောင် လုပ်ပြီးဆိုတော့ မင်းရဲ့အသားကို ပါးပါးလှီးပြီး အပိုင်းပိုင်း ဖြတ်မယ်.... မင်းကို အတုံးသေးသေးလေးတွေ လှီးမယ် မင်း..."

လုရွှမ် သူ့လက်သီးဆုပ်ကို ရုတ်တရက် ခပ်ဖွဖွ ဖွင့်လိုက်သောအခါ အော်ငေါက်နေသော ထိုလူ၏ ခန္ဓာကိုယ်သည် အစိတ်စိတ် အမွှာမွှာ ကွဲသွားကာ သူ့အသွေးအသားများ လွင့်ထွက်သွားပြီး ပတ်ဝန်းကျင်က ရှုပ်ပွသွားသည်။

"သူတို့ရောက်နေပြီ ဆိုတော့ မင်းသေလို့ရပြီ"

လုရွှမ် ပြောပြီးသည်နှင့် လူရှစ်ယောက် စီးလာသော နတ်ဆိုးသားရဲလို သားရဲတစ်ကောင်သည် အနောက်မှ ထွက်ပေါ်လာကာ လူဆယ့်သုံးယောက် ခုန်ဆင်းလာပြီး လုရွှမ်နှင့် တခြားလူများကို အနောက်မှ ဝိုင်းထားလိုက်သည်။

"ထျန်းရှန်.... လွမ်ယင်း မင်းတို့ လှေထဲဝင်နေ... ငါ့အခင်းအကျင်း ဖွဲ့စည်းပုံနဲ့ ကာကွယ်ထားတယ် ဒီလူတွေ မင်းတို့ကို ထိခိုက်​အောင် မလုပ်နိုင်ဘူး"

နှစ်ယောက်သား အလွန်နာခံပြီး လှေထဲသို့ အမြန် ဝင်သွားခဲ့ကြသည်။

"မင်းတို့အားလုံး အတူတူလာပြီ ဆိုတော့ ငါမင်းတို့ကို အနိုင်ကျင့်တယ်လို့ ပြောလို့ မရတော့ဘူး"

လုရွှမ်၏ မျက်နှာသည် ဘာမှမထူးခြားသလိုပင်။ သူသည် သူတို့ကို အလေးအနက် မထားကြောင်း ခံစားချက်ကို ပေးစွမ်းနေ၏။

ခေါင်းဆောင်က လှံရှည်တစ်ချောင်းကို ဝေ့ယမ်းလိုက်ပြီး

"အားလုံးပဲ.... ဒီလူကို ဓားတစ်ထောင်နဲ့ အပိုင်းပိုင်းဖြတ်ပြီး ခွေးစား ကျွေးပစ်မယ်!"

လူတစ်စု အနောက်ကနေ ရောက်ရှိလာချိန် အဖော်တစ်ယောက်ရဲ့ ခန္ဓာကိုယ် ပေါက်ကွဲသွားတဲ့ မြင်ကွင်းကို တွေ့လိုက်ရပြီး တုန်လှုပ်ချောက်ချားသွားခဲ့သည်။ သူတို့နှလုံးသားက ဒေါသတွေနဲ့ ပြည့်နေရာ ဒီလူကို ဘယ်လိုလုပ် လွှတ်ပေးနိုင်ပါ့မလဲ။

"ကောင်းပြီ သူတို့ကို အတူတူ သတ်လိုက်ရအောင်!"

အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းလိုက်ကာ လုရွှမ်ကို သတ်ရန် လက်နက်များကို အသီးသီး ထုတ်လိုက်ကြသည်။

လုရွှမ် ဤလူများ၏ လက်နက်များကို ဂရုတစိုက် အာရုံစိုက်ထားခဲ့သည်။ သေချာသည်မှာ လက်နက်များ၏ အစွန်ဆုံးနှင့် အချွန်ဆုံးနေရာ၌ ပြေးလွှားနေသော နိယာမစွမ်းအင် လိုင်းများ၏ ခြေရာလက်ရာများ ရှိနေသည်။

ဤရှုထောင့်မှ ကြည့်လျှင် ၎င်းတို့သည် ထျန်းလုံဧကရာဇ် အင်ပါယာထက် ပို၍ ရက်စက်ကြမ်းကြုတ် လွန်းလှသည်။ အဆင့်မြင့် ဧကရာဇ် အင်ပါယာတစ်ခုတွင် နေထိုင်နိုင်ခြင်းက ကောင်းချီးတစ်ခု ဖြစ်သည်။ ထိုနေရာ၌ ထျန်းဝိုက်စွေ့ ကမ္ဘာ၏ စည်းမျဉ်းများကြောင့် လုံးဝပြောင်းလဲသွားခဲ့သည်။

စည်းမျဉ်းများသည် ပြီးပြည့်စုံခြင်း မရှိသေးဘဲ အနည်းငယ် ပုံမှန်မဟုတ်သည့်တိုင် ဖွံ့ဖြိုးလာသေးတာကြောင့် ၎င်းတို့သည် ထူးခြားသော မျိုးရိုးတစ်ခု ဖြစ်လာခဲ့သည်။

အာဏာကို လိုက်ရှာရင်း မှားယွင်းတဲ့လမ်းကို လျှောက်ပြီးရင်း လျှောက်သွားနေကြသည်။ ထိုအရာသည် အနာဂတ်အတွက် ကြီးမားသော အကျိုးဆက်များ ပေးခဲ့သော်လည်း ယခုအချိန်တွင်တော့ ခွန်အားက ကောင်းမွန်နေဆဲ ဖြစ်သည်။

အလယ်အလတ် ဧကရာဇ် အင်ပါယာနှင့် နှိုင်းယှဥ်လျှင် သူတို့၏ အင်အားသည် လိမ်ညာနေခြင်းမျိုး မဟုတ်ပေ။

အံ့သြစရာတော့ မဟုတ်ချေ။ နှစ်များတစ်လျှောက် နိယာမများ စဉ်ဆက်မပြတ် တိုးတက်နေသော်လည်း ကောင်းကင်ဘုံရှင်သခင်တော့ မပေါ်ထွန်းသေးပေ။ ယနေ့ဥပဒေများအရ ကောင်းကင်ဘုံသခင် ထွက်​ပေါ်သည့်နေ့သည် တွင်းခုနစ်တွင်း သွေးထွက်ပြီး သေဆုံးရသည့်နေ့ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဝမ်းနည်းစရာ ကောင်းသလို သနားစရာလည်း ကောင်းနေ၏။

တစ်ချိန်တည်းတွင် လက်နက် နှစ်ဆယ်ကျော်ဖြင့် တိုက်ခိုက်ခံခဲ့ရသော်လည်း လုရွှမ်သည် ထိတ်လန့်မှုမရှိဘဲ ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူ့လက်ဖဝါးကို ဖွင့်လိုက်သည်နှင့် အနီရောင်မီးတောက် တစ်ဆုပ် ပေါက်ကွဲထွက်လာပြီး သူ့လက်ဖဝါးပေါ်တွင် အရိပ်အယောင်များ စုဝေးလာကာ လူတိုင်း၏ လက်နက်များကို သူ့လက်ထဲတွင် ချက်ချင်း ဆုပ်ကိုင်ထားလိုက်သည်။

လူတိုင်းက လက်နက်ကို ပြန်ယူဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြပေမယ့် လေထဲမှာ ပိတ်မိနေသလို ပြန်ဆွဲ၍ မရကြပေ။

"မင်းတို့ရဲ့ အရည်အချင်းက ဆိုးရွားလွန်းတယ်လို့ ငါအရင်က ပြောခဲ့တယ်နော်... ဒါပေမဲ့ မင်းတို့က မာနကြီးပြီး ရိုင်းစိုင်းနေတုန်းပဲ အမြတ်ထုတ်ချင်တဲ့စိတ်က တွန်းအားပေးနေတယ်... မင်းတို့က သေခြင်းတရား မျိုးစေ့ကို စိုက်ပြီးသွားပြီ ဆိုတော့ တခြားဂိုဏ်းတွေကို အရှက်မခွဲရအောင် အခုပဲ သေလိုက်တော့"

နောက်ဆုံးစကား ပြီးသောအခါ လုရွှမ် သူ့​လက်ဖဝါးကို အပြင်းအထန် တွန်းထုတ်လိုက်ရာ လက်နက်များအားလုံး အရှိန်ပြင်းပြင်းဖြင့် နောက်ပြန်ဆုတ်သွားကာ ထိုလူများအား ပြင်းထန်စွာ ထိမှန်သွားလေသည်။ ပါးစပ်မှ သွေးများ တဟုန်ထိုး ထွက်ကျလာတုန်း အနီရောင် မီးတောက်များက သူတို့ခန္ဓာကိုယ် တစ်လျှောက် ပျံ့နှံ့သွားကာ လူတိုင်း မီးလုံးကြီးအဖြစ် ချက်ချင်း လောင်ကျွမ်းသွားခဲ့သည်။

သူတို့သည် သူတော်စင်နယ်ပယ် အဆင့်၅ အဆင့်၆သာ ဖြစ်လို့ စိတ်ဝိညာဥ် မီးတောက်ကို ဘယ်လိုလုပ် ခံနိုင်ပါ့မလဲ။

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်က ကြည်လင်သွားသည်။

"သွားကြရအောင်"

လုရွှမ် လက်များကို ဝှေ့ယမ်းလိုက်သော် လူငယ်နှစ်ယောက် လှေပေါ်မှ ထွက်လာခဲ့သည်။ အပြင်ဘက်မှာ ကောင်းကင်ပြင်က ပျက်စီးနေတဲ့ ကမ္ဘာကြီးရဲ့ အစွန်း ရောက်နေပြီမို့ လေပြင်းတွေ မတွေ့နိုင်တော့ပေ။ ထို့ကြောင့် လှေငယ်လေးကို မလိုတော့ချေ။

"လှေ မင်းတို့ကို ပေးလိုက်မယ်... နောင်မှာ ဒီထဲမှာသွားရင် ပိုအဆင်ပြေတာပေါ့"

နှစ်ယောက်သား ဝမ်းသာပီတိ ဖြာသွားကာ မြန်မြန်ဆန်ဆန် ကျေးဇူးတင်ကြပြီး လှေကို သိမ်းလိုက်ကြသည်။

လက်ရှိ​နေရာက နယ်နိမိတ်မျဥ်း တစ်ခုလိုပင်။ တကယ်တော့ ဘာမှမရှိသော ပါးလွှာတဲ့ မျဉ်းတစ်ခုသာ ဖြစ်ပြီး နှစ်ဖက်စလုံးမှာ ရှိတဲ့ ကမ္ဘာကြီးက လုံးဝကွဲပြားလေသည်။ လုရွှမ်သည် ကောင်းကင်နှင့်မြေကြီးမှ သဘာဝအတိုင်းထုတ်လုပ်ထားသော နိယာမစွမ်းအင် တချို့ကို ခံစားနိုင်တာကြောင့် ကမ္ဘာနှစ်ခုကြားက ခြားနားမှုကို ယောင်ဝါးဝါး ခံစားရ​လေသည်။

ဒါပေမဲ့လည်း အဲဒီခံစားချက်က အလွန် အားနည်းလွန်းလို့ ထပ်ပြီး အာရုံခံမိဖို့ မလွယ်ကူတော့ပေ။ ရုတ်တရက် သူ ပြုံးလိုက်မိသည်။ သူ့ရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းနေသေးတာပဲ။

သူသည် တဒင်္ဂရပ်တန့်လိုက်ကာ လူငယ်နှစ်ဦးကို ခေါ်ကာ ပျံသန်းသွားခဲ့သည်။

ထျန်းဝိုက်စွေ့ကမ္ဘာ၏ ပြင်ပကမ္ဘာတွင် ပြင်ပနယ်ပယ် များစွာရှိပြီး ဤနေရာတွင် ဘဝ၏ အခွင့်အလမ်းများကို ရှာဖွေနေသည့် လူဆိုးများက ပိုများ​လေသည်။ အများစုမှာ သူတော်စင်တစ်ပိုင်း နှင့် သူတော်စင်နယ်ပယ်များ ဖြစ်​ကြသည်။

လုရွှမ်နှင့် လူနှစ်ယောက် ထျန်းဝိုက်စွေ့ကမ္ဘာက ပြေးထွက်လာတာကို မြင်လိုက်ရသောအခါ သိသိသာသာ ထိတ်လန့်သွားကြသည်။

သူတို့ နှစ်ယောက် ဂိုဏ်းကနေ ထွက်လာခဲ့တာ ဆယ်နှစ်ကျော် ကြာခဲ့ပြီ ဆိုတာကို မသိလိုက်ပေ။ လုရွှမ် သူ့နှလုံးသားထဲတွင်တော့ မျှော်လင့်ချက် တချို့ရှိနေသည်။ ယွီရှန်သည် ဖြူစင်သော ဝိညာဉ်သခင်ဖြစ်ပြီး လုရွှမ်ပင်လျှင် သူမ၏ ကျင့်ကြံမှုကို ဝိညာဉ်သခင်အဖြစ် သဘောကျခဲ့သည်။

လွန်ခဲ့သော အနှစ်သုံးရာ စစ်ပွဲအတွင်း ယွီရှန်သည် သူမတွင် ဝိညာဥ်သခင်ရဲ့ ဉာဏ်အလင်း စွမ်းအင်များကို ကောင်းကင်ဘုံသခင် နယ်ပယ်သို့ ဝင်ရောက်ရန် အသုံးပြုနိုင်ကြောင်း သူ့ကို ပြောပြခဲ့ဖူးသည်။ သူမ နားလည်နိုင်သော တောက်ကျင့်စဥ်သည် ကောင်းကင်နှင့် မြေကြီး၏ နက်နဲသော အရာများကို စူးစမ်းလေ့လာကာ အနာဂတ် အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုကို ရှာဖွေရန် ဖြစ်သည်။

သူကိုယ်တိုင်တောင် ယုံရခက်နေပေမယ့် သူ့ရင်ထဲမှာ မျှော်လင့်ချက်တွေ ရှိနေပါသေး၏။ ယွီရှန်က ကောင်းကင်ဘုံသခင် ဖြစ်လာပြီးနောက်မှာ တစ်ခုခု ခံစားခဲ့ရလိမ့်မယ်။ ဒါကြောင့် တချို့ သဲလွန်စတွေကိုလည်း ချန်ထားခဲ့နိုင်သည်။

"အကြီးအကဲ?"

လုရွှမ် ငေးငိုင်နေတာကို မြင်တော့ ဟယ့်လွမ်ယင်းက ဂရုတစိုက်နဲ့ ခေါ်လာခဲ့သည်။

လုရွှမ်က ပြုံးပြီး သူတို့နှစ်ယောက်ကို လမ်းကြောင်း မေးလိုက်သည်။ ရွှမ်ယွီဂိုဏ်းသည် ကျိုးရန်ဧကရာဇ် အင်ပါယာထဲတွင် တည်ရှိသော်လည်း ၎င်းသည် ဝေးလံခေါင်သီသော ဒေသတွင် နေထိုင်သောကြောင့် ၎င်း၏ ဝိညာဉ်စွမ်းအင်သည် အခြားသော ဝိညာဥ်တောင်းတန် ရတနာများကဲ့သို့ မကြွယ်ဝပေ။

"အကြီးအကဲ... ကျွန်တော့်အထင် ကျွန်တော်တို့ အနီးနားက ဈေးတစ်ခုကို အရင်ရှာပြီး သူတော်စင် သားရဲတချို့ကို ဝယ်မယ်... ဒါမှမဟုတ် ဖမ်းပြီးမှ ဂိုဏ်းဆီ သွားသင့်တယ်လို့ ထင်တယ်... အကြီးအကဲရော ဘယ်လိုထင်လဲ?"

“ကောင်းပြီ မင်းတို့ သ​တိထားရင် ပြီးတာပဲ”

သူသည် သူတို့နှစ်ဦးကို ခေါ်ဆောင်ကာ ထျန်းဝိုက်စွေ့ကမ္ဘာ၏ အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်လာပြီးနောက် နေထိုင်ရန် အိမ်တစ်လုံးကို ရှာခဲ့သည်။

သူတို့နှစ်ဦးက သူတော်စင် သားရဲများကို ဝယ်ကာ ဂိုဏ်းမှလူများကို ဆက်သွယ်ရန် ထွက်သွားကြသည်။ လုရွှမ်ကတော့ တိတ်ဆိတ်သော အခန်းတွင် တင်ပျဉ်ခွေ ထိုင်ကာ သူ၏လက်ရှိ အခြေအနေကို တွေးတောနေမိသည်။

အဆင့်မြင့် ဧကရာဇ် အင်ပါယာသို့ ရောက်ပြီးနောက် သူသည် အတိဒုက္ခများကို တိုက်ရိုက် ကျော်လွှားရမည်ဟု မူလက ထင်ခဲ့သည်။ သူ၏ကျင့်ကြံမှုမှာ အချိန်အတော်ကြာ ဖိနှိပ်ခံထားခဲ့ရသည်။ အတိဒုက္ခကို ထပ်မံ ကျော်ဖြတ်ပြီးနောက် သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသော ကာလသို့ တိုက်ရိုက် ဝင်ရောက်သွားနိုင်သည်။

သို့သော် လေ​ပြင်းကျောက်​ပြားကို ရရှိပြီးနောက် လုရွှမ်သည် သူ့ကျင့်ကြံမှုက လုံလောက်စွာ မခိုင်မာ​သေးကြောင်း သဘောပေါက်ခဲ့သည်။

"ကောင်လေး... မင်းရဲ့ အရည်အချင်းတွေက ဒီလောက် ထူးခြားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး.... မင်းက ဒီကျီးဖိုးဖိုးရဲ့ သခင်နဲ့ ကျီးဖိုးဖိုးကိုတောင် မီတော့မှာ ကြောက်ရတယ်"

ရွှေကျီးကန်း၏ အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာပြီး လုရွှမ်အား အနည်းငယ် ရယ်မောစေခဲ့သည်။ အဲဒီ သေနာကျီးကန်းရဲ့ အရည်အချင်းက သူ့ကို ဖျားနာစေလောက်သည်။

အခြားတစ်ဖက်တွင်မူ ရွှေကျီးကန်း၏ သခင်သည် လုရွှမ်အား အချိန်တိုင်း လေးစားစေကာ သူ့ကို ချီးမြှောက်​ခြင်း ခံ​နေရတယ်လို့ ထင်စေသော ယွမ်ယန်ကျင့်စဥ်ကို ဖန်တီးပေးခဲ့သော သခင် ဖြစ်သည်။

All Chapters