← Chapters

ရွှမ်ယွီဂိုဏ်းဝင်

Vol. 53 Ch. 4.310

ရွှမ်ယွီဂိုဏ်းဝင်

Vol. 53 Ch. 4.310

ဒီကျောက်စိမ်း​ပြားကို အဲဒီ အဘိုးအို သန့်စင်ထားတာ ဖြစ်နိုင်သည်။ အားလပ်ချိန်တိုင်းမှာ လုရွှမ်သည် ဒီကျောက်စိမ်း​ပြားလို နေရာလွတ်ကို ဘယ်လို သန့်စင်ရမလဲ ဆိုတာကို မကြာခဏ တွေးနေပေမယ့် သူ့မှာ နည်းနည်းလေးမှ သဲလွန်စ မရှိခဲ့ချေ။

"မင်းဘာရယ်တာလဲ? မင်းက ဒီကျီးဖိုးဖိုးကို ရယ်နေတာပေါ့လေ ဟမ့် ဒီကျီးဖိုးဖိုးရဲ့ ခန္ဓာကိုယ်ကို မကြာခင်မှာ ပြည့်ပြည့်စုံစုံ စုစည်းနိုင်တော့မှာပါ... အဲဒီအချိန်ရောက်ရင် မိုးမြေအဆုံး မင်းကို လိုက်ရှာပြီး မရိုက်ရရင် ထူးဆန်းသွားလိမ့်မယ်!"

ရွှေကျီးကန်းတို့က နောက်ပြောင်လာပြီ ဖြစ်သောကြောင့် လုရွှမ်က ကူကယ်ရာမဲ့ ရယ်မောလိုက်ကာ။

"အဲဒါ ဘယ်အချိန်လဲ? မင်းငါ့ကို အကူအညီ တောင်းမှာတော့ မဟုတ်ပါဘူးနော်"

ရွှေကျီးကန်း၏ လေသံမှာ ရွဲ့စောင်းနေပြီး

"ငါတို့ထဲက ဘယ်သူက ဘယ်သူ့နောက် လိုက်မှာလဲ မသေချာသေးပါဘူး... မင်း ကောင်းကင်ဘုံသခင် နယ်ပယ်ကို ရောက်ပြီးရင်.... နေဦး အဲဒီ စကားကို တစ်ခွန်းမှ မပြောနဲ့တော့... ဒီလူအကြောင်းလည်း မပြောပါရစေနဲ့ ကောင်လေး မင်းရဲ့ ခန့်မှန်းချက်က မှန်ပါတယ်... မင်းရဲ့ လက်ရှိ ကျင့်​ကြံမှုအဆင့်က တကယ် ကောင်းနေသေးတယ် ဆိုပေမယ့် ပြည့်စုံတဲ့ အခြေအနေကို ရောက်ဖို့ လိုသေးတယ်!"

ရွှေကျီးကန်းရဲ့ စိတ်နေစိတ်ထားက ဘယ်လိုရှိလဲ သိတာကြောင့် လုရွှမ် မရယ်မော​တော့ဘဲ သူ့အပြုံးကို မျိုသိပ်လိုက်ပြီး မေးလိုက်သည်။

"ဒါဆို ငါတို့ ဒါကို ဘယ်လို ပြီး​ပြည့်စုံအောင် လုပ်ရမလဲ"

"မင်းလမ်းတွေ့ပြီးပြီ အဲဒီလမ်းကို လိုက်နေသရွေ့ သဘာဝအတိုင်း ပြီးပြည့်စုံလာလိမ့်မယ်... မင်းငါ့ကိုမေးလည်း ငါမသိဘူး"

လုရွှမ် နားလည်ပါသည်။ ဒီငှက်ဟာ အခြေခံအားဖြင့် သူ့​​အတွက် လမ်းညွှန်ပေးမယ့် လူတစ်ယောက်သာ ဖြစ်ပြီ ကိုယ့်ဘာသာကိုယ် ဘာမှမလုပ်ဘဲ ထိုင်နေရင်တော့ လမ်းညွှန်သူလည်း တတ်နိုင်တော့မည် မဟုတ်။

လုရွှမ် အသက်ရှုကြပ်လာပြီး သူ့ခန္ဓာကိုယ်တွင်းရှိ ကျွမ်းကျင်မှုဆိုင်ရာ လှုပ်ရှားမှုများကို တစ်ချက် ကြည့်လိုက်ရာ သူ့တွင် ထူးဆန်းသော အသိဥာဏ် တချို့ရှိ​နေတာကို တွေ့ရသော်လည်း မည်သို့မည်ပုံ စတင်ရမည်ကို အမှန်တကယ်ပင် မသိခဲ့ပေ။

လုရွှမ် ခေါင်းယမ်းကာ ခါးသက်စွာ ပြုံးလိုက်သည်။ ထိုခံစားချက်ကို နည်းလမ်းရှာဖို့ အလွန်လွယ်ကူပါက ဒီဧကရာဇ် အင်ပါယာကြီးများထဲမှ သခင်များသည် ဤမျှမှားယွင်းသော လမ်းကို လျှောက်သွားလိမ့်မည် မဟုတ်ချေ။

စိတ်ကူးကောင်းက တခြားသူတွေ ဘာလုပ်နေလဲ ဆိုတာကို ရှာဖွေပြီး ကိုယ့်ဦးတည်ရာက ဘယ်ကိုသွားရမလဲ ဆိုတာကို အဖြေ ရှာကြည့်သင့်သည်။ လုရွှမ် ပြုံးလိုက်၏။ သူ့အရင်ဘဝက ဒီလိုလုပ်ခဲ့ပုံရတာကို သတိရမိသွားကာ ဒီဘဝမှာလည်း ဒီလိုတွေးမိပြန်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။

သူအချိန်ကို စစ်ကြည့်လိုက်သည်။ တစ်ရက် ရှိသွားပြီ။ ဘာလို့ ယွင်ထျန်းရှန်နဲ့ ဟယ့်လွမ်ယင်းတို့ ပြန်မလာသေးတာလဲ။

ငှားထားသော အိမ်မှ ထွက်လာပြီးနောက် လုရွှမ် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သော် သူ့ခမျာ တိတ်ဆိတ်သွားသည်။ ပထမဆုံး ငှားတုန်းကတော့ သန့်ရှင်းသပ်ရပ်မှု အတွက်နဲ့ တိတ်ဆိတ်ဖို့ အတွက်ပဲ ဝေးလံခေါင်သီတဲ့ ဒီနေရာကို ရွေးခဲ့ပေမယ့် အခုက အရမ်းတိတ်ဆိတ်လွန်းနေသည်။

လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် ပတ်ပတ်လည်ကို လွှမ်းခြုံသွားသည်။ ဘယ်ညာရှိ အိမ်ယာများတွင် သက်ရှိတို့ အရိပ်အယောင်များ လုံးဝ မရှိတော့ပေ။ ၎င်းတို့အားလုံး ရှင်းလင်းစွာ ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သိသာလေသည်။

"တစ္ဆေရှိနေသလို ငြိမ်နေတာပဲ... အားလုံး ထွက်လာကြပါ"

လုရွှမ် အော်လိုက်သည်။

လူတစ်စု ပေါ်လာပြီး လုရွှမ်ကို နေရာပေါင်းစုံမှ တင်းတင်းကျပ်ကျပ် ဝိုင်းထားကြသည်။ ခေါင်းဆောင် နှစ်ဦးမှာ ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်းတို့ပဲ ဖြစ်သည်။

ယခုအခိုက်အတန့်တွင် သူတို့ မျက်နှာများ နီရဲ​နေပြီး ရှက်ရွံ့ကာ လက်မောင်းများကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ မလှုပ်ရှားရဲ​ကြပေ။

"အကြီးအကဲ... တောင်းပန်ပါတယ် ဂိုဏ်းသခင် လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

"ထျန်းရှန်... ပါးစပ်ပိတ်ထားစမ်း မင်းက အဲဒီလိုလူနဲ့ ပေါင်းသင်းပြီး တပည့်အဖြစ် အစီရင်ခံချင်​နေတာလား"

ယွင်ထျန်းရှန်နှင့် မနီးမဝေးရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကျယ်လောင်စွာ လှမ်းအော်သည်။ သူ့မေးစေ့မှာ ဆိတ်တစ်ကောင်လို အမွေများရှိပြီး တည့်မတ်စွာ ကျဆင်းနေသည်။

"ဆရာဦးလေး.... အဲ့လို မဟုတ်ပါဘူး အကြီးအကဲက..."

သူမ၏ စကားများလည်း ပြတ်တောက်သွားကာ အလင်းတန်းများက သူမလည်ချောင်းကို ထိမှန်သွားတာကြောင့် စကားလည်း မပြောနိုင်တော့ပေ။

"အကြီးအကဲ? သေးငယ်တဲ့ အရပ်က လာတဲ့လူက ငါတို့ ရွှမ်ယွီဂိုဏ်းရဲ့ တည်ထောင်သူကို ဘယ်လိုလုပ် သိနိုင်မှာလဲ? တခြားသူတွေရဲ့ ချိုမြိန်တဲ့ စကားတွေကြောင့်နဲ့ မင်းတို့ အရူးနှစ်ယောက်က ငါတို့ ရွှမ်ယွီဂိုဏ်းကို တကယ် အရှက်ကွဲစေတာပဲ.... ငါတို့ ပြန်ရောက်ပြီးရင် မင်းတို့အဘိုးက ဘယ်လို အပြစ်ပေးမလဲ ကြည့်ရဦးမယ်"

လူလတ်ပိုင်းအရွယ်က သူတို့ကို ကြိမ်းမောင်းပြီးနောက် လုရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း

"ကောင်လေး မင်း သူတို့ရဲ့စိတ်တွေကို ရှုပ်ထွေးအောင် ဘယ်လို နည်းလမ်းတွေနဲ့ သုံးလိုက်တာလဲ? အခု အမှန်အတိုင်းပြောဖို့ ငါ အကြံပေးတယ် မဟုတ်ရင် ငါတို့ ရွှမ်ယွီဂိုဏ်းက မင်းရဲ့ရန်သူ ဖြစ်စေရမယ်လို့ ကျိန်ဆိုတယ်!"

လုရွှမ်က မသိသေးပေမယ့် သူတို့ နှစ်ယောက်က ဈေးထဲမှာ ဂိုဏ်းရဲ့ အမှတ်အသားကို တွေ့တော့မှ အမှတ်အသားကို လိုက်ရှာပြီး ဒီမှာရှိနေတဲ့ ဂိုဏ်းရဲ့ နေအိမ်ခွဲကို ရှာတွေ့ခဲ့တယ် ဆိုတာပင်။

ဂိုဏ်းအတွက် ကြိုတင်ပြင်ဆင်မှု မရှိသော လူငယ် နှစ်ယောက်သည် သူနှင့် သူတို့ကြားတွင် ဖြစ်ပျက်ခဲ့သည်များကို သဘာဝအတိုင်း ပြန်ပြောပြသည်။ သို့သော် ကြီးမားသော ဧကရာဇ် အင်ပါယာများစွာမှ လူအများစုသည် ထျန်းဝိုက်စွေ့ကမ္ဘာမှ အဖြစ်အပျက်များအကြောင်းနှင့် ဧကရာဇ် အင်ပါယာများရှိ အဓိက အင်အားစုအချို့က အသိပေးထားပြီးသား ဖြစ်သည်။

သူ၏ လက်အောက်ရှိ တပည့်များသည် ဤမျှကြီးမားသော ကိစ္စရပ်တွင် အမှန်တကယ် ပါဝင်ပတ်သက်နေကြောင်း သိလိုက်ရသဖြင့် လူလတ်ပိုင်းအရွယ် ဆိတ်ထီးသည် ထိတ်လန့်သွားပြီး ၎င်းတို့နှစ်ဦး တည်းခိုနေသည့် နေရာကို သိရှိရန် အမြန်ချော့မော့ကာ တခြားဧကရာဇ် အင်ပါယာများကို အကြောင်းကြား၍ လက်ရှိအစီအစဥ်ကို ဦးတည်စေခဲ့သည်။

သေချာတာပေါ့။ ရှေ့ကလူတွေ ဘယ်လောက်ပဲ ထူးချွန်နေပါစေ အမျိုးအနွယ်တွေ အတွက် အနာဂတ် မရှိ​တော့ရင် ပျက်စီးခြင်းဆိုတာ မလွဲမသွေ ရှိလာမှာပဲ။ ဝန်းရံနေသော လူများကို လုရွှမ် ကြည့်လိုက်သောအခါ မဟာသူတော်စင်၏ တည်ရှိမှုကို မခံစားရချေ။

"မင်းနာမည် ဘယ်လိုခေါ်လဲ? ဂိုဏ်းထဲမှာ မင်းရဲ့ရာထူးက ဘာလဲ?"

ရွှမ်ယွီဂိုဏ်းကို တစ်ခါမှ မရောက်ဖူးပေမယ့် ယွီရှန်ရဲ့ ဂိုဏ်းဖြစ်ပြီး လုရွှမ်ကတော့ သူနဲ့ရင်းနှီးတယ်လို့ ခံစားလို့ မရချေ။

ဆိတ်ထီးကြီးရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး လုရွှမ်မှာ ငြင်းလို့မရနိုင်တဲ့ ဒေါသကို မခံစားဘဲ မနေနိုင်ခဲ့ပေ။

အဆိုပါ ဂိုဏ်းသည် အတိအကျ ပြောရသော် ထိုဧကရာဇ် အင်ပါယာများနှင့် ပဋိပက္ခများကြောင့် ရွှမ်ယွီဂိုဏ်းသည် သီးခြား အဆင့်အတန်း ရှိသည်။

ဆိတ်ထီး၏ မျက်ခုံးများ ​ပြူးကျယ်လာပြီး ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

"အငယ်လေး... မင်းရဲ့ဆရာ မင်းရဲ့လူကြီးတွေက မင်းကို ကျင့်ဝတ်တွေ မသင်ပေးထားဘူးလား? ငါ..."

စကားမဆုံးခင်မှာပဲ လုရွှမ်က သူ့ကို တိုက်ရိုက် ပါးရိုက်ချလိုက်သည်။ ဆိတ်ထီးမှာ သူ့မျက်နှာပေါ်ရှိ လက်ချောင်းရာ အမှတ်အသားများ ဖောင်းပွလာပြီး ကျန်စကားလုံးများကို သူ့ဗိုက်ထဲသို့ အပြည့် ထည့်လိုက်ရသည်။

သူက လုရွှမ်ကို စူးစူးရဲရဲသာ စိုက်ကြည့်ရင်း စကား မပြောဝံ့တော့ပေ။ သူ့စိတ်ထဲတွင် ထိတ်လန့် တုန်လှုပ်သွား၏။ ပါးရိုက်မည့်အစား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်လျှင် သူသည် လူသေ ဖြစ်သွားပေလိမ့်မည်။

"ယွီရှန်အတွက်ကြောင့် မင်းကို ပါးရိုက်လိုက်ရုံပဲ လုပ်တာ... ဂိုဏ်းထဲကို ပြန်ရောက်ပြီးရင် မင်း ဆယ်နှစ်ကြာအောင် တံခါးပိတ် ကျင်​ကြံ​နေရလိမ့်မယ်"

လုရွှမ်က အော်ပြောပြီး အရှိန်လှိုင်းတွေ တဟုန်ထိုး ထွက်လာပြီး ဆိတ်ထီးရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။

"မင်းတို့ရောပဲ.... မင်းတို့ ဧကရာဇ် အင်ပါယာထဲက လူတွေနဲ့ ရှုပ်နေတာလား? ဒါ မင်းတို့ ပါဝင်ချင်တဲ့ အရာလား? ဂိုဏ်းတစ်ခုက အမှီအခိုကင်းနေမှ ထူးထူးခြားခြား အဆင့်အတန်း တစ်ခု ရှိနိုင်တာ....အကုန်လုံး ပြန်ရောက်ရင် တံခါးပိတ် ကျင့်ကြံကြ!!!"

လုရွှမ်ဆီက ကြိမ်းမောင်းတာကို ခံလိုက်ရတော့ ရွှမ်ယွီဂိုဏ်းထဲက လူတစ်စုက တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး စကားမပြောဘဲ ခဏလောက် တိတ်ဆိတ်သွားကြသည်။ ဒါကြီးက ဂိုဏ်းထဲက အကြီးအကဲတွေ ဒေါသအပြည့်ဖြင့် သူတို့ကို ဆူပူကြိမ်းမောင်း နေသော်လည်း ကရုဏာအပြည့်ဖြင့် ဆူနေသလိုပင် ခံစားရသည်။

"ဟားဟား ညီလေးလုရွှမ် မင်းက သူတော်စင်တစ်ပိုင်း ကျင့်ကြံမှုနဲ့ အပြင်လူ တစ်ယောက်ပါပဲ.... ဒါပေမဲ့ မင်းက ရွှမ်ယွီဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်လို ဟန်ဆောင်နေတာနဲ့ပဲ နာမည်ကြီး ရွှမ်ယွီဂိုဏ်းက မင်းစိတ်တိုင်းကျ ကစားနိုင်တဲ့ အရုပ်တစ်ရုပ်လို့ မင်းတကယ်ထင်နေတာလား?"

တိတ်ဆိတ်မှုအတွင်း ဧကရာဇ် အင်ပါယာထဲမှ လူတစ်ယောက်ရဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရွှမ်ယွီဂိုဏ်းက တခြားသူများ၏ မျက်နှာများမှာ နီမြန်းနေပြီး တစ်ခုခု ပြောချင်ပေမယ့် သူတို့ မျက်နှာများကသာ မှုန်မှိုင်းသွားကြသည်။

"ငါ့အငယ်တန်းတွေကို ငါသင်ပေးတာ မင်းနဲ့ဆိုင်တာ တစ်ခုမှ မရှိဘူး... မင်းရဲ့အထက်လူကြီးတွေ ကျင့်ဝတ်တွေသိဖို့ မင်းကို မသင်ပေးထားဘူးလား"

လုရွှမ် အော်ပြောပြီးတာနဲ့ လက်ဖဝါးကို ဆန့်တန့်လိုက်သည်။

အားပြင်းသော စုပ်ယူမှု စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ အားလုံး ဝိုင်းကြည့်နေကြစဥ်တွင် စောစောက စကားပြောသော လူ၏ မျက်နှာသည် နီရဲနေပြီး နဖူးပေါ်ရှိ သွေးပြန်ကြောများ ထိုးထွက်လာနေတာကို တွေ့လိုက်ရသည်။ သူ ရုန်းကန်ရန် ခက်ခက်ခဲခဲ ကြိုးစားသော်လည်း အဆုံးတွင် ညည်းတွားသံကိုသာ ထုတ်လွှတ်နိုင်ကာ လုရွှမ် လက်ဖဝါး​နောက် ပျံသန်းသွားသည်။

နောက်အခိုက်အတန့်တွင် လုရွှမ်လက်က သူ့လည်ပင်းကို တင်းတင်း ဆုပ်ကိုင်ထားလေပြီ။

All Chapters