← Chapters

ခိုးယူခြင်းအနုပညာ

Vol. 53 Ch. 4.311

ခိုးယူခြင်းအနုပညာ

Vol. 53 Ch. 4.311

"ဒီလောက် ဉာဏ်ကောင်းနေမှတော့ နောင်ဘဝတွေမှာလည်း ပိုထက်မြတ်ပါစေ"

လုရွှမ် သူ့လက်ချောင်းတွေကို ပြင်းပြင်းထန်ထန် အားသုံးပြီး ညှစ်ချလိုက်သောအခါ ထိုကျင့်ကြံသူ၏ လည်ပင်းမှာ တစ်ဖက်ကို စောင်းပြီး သေဆုံးသွားတော့သည်။ လုရွှမ်၏ လက်ဖဝါးပေါ်တွင် အနီရောင် မီးတောက်တစ်ခုက တောက်လောင်နေပြီး ထိုလူ၏ခန္ဓာကိုယ်ကို ပြာမှုန့်အဖြစ်သို့ ချက်ချင်း ပြောင်းလဲပေးလိုက်သည်။

အားလုံးက သတိလက်လွတ် အော်ဟစ်ကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် နောက်ပြန်ဆုတ်သွားကြသည်။ လုရွှမ်ကို ပြန်ကြည့်နေတဲ့ မျက်လုံးတွေက ယခင်ကလို မောက်မာမာနတွေ မရှိတော့ဘဲ ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေ​တော့သည်။

"အငယ်တန်းလေး မင်း တော်တော် အတင့်ရဲတာပဲ!"

ပြောလာသူမှာ မုတ်ဆိတ်ဖြူနဲ့ အဘိုးအိုတစ်ယောက် ဖြစ်ပြီး သူစကား ပြောလိုက်ချိန်၌ သူ့မုတ်ဆိတ်တွေက ပြင်းပြင်းထန်ထန် လှုပ်နေသည်။

လုရွှမ်က အရင်လှုပ်ရှားလိုက်တဲ့အခါ ရပ်တန့်ဖို့ သူ့ရဲ့ခွန်အားကို အလျင်အမြန်အသုံးပြုခဲ့ပေမယ့် သက်ရောက်မှုလုံးဝမရှိခဲ့ဘဲ မျက်နှာပျက်သွားခဲ့ရပါတယ်။

"မင်းက ဘယ်သူလဲ? ငါ လုရွှမ်က မသိတဲ့လူတွေကို သတ်မှာမဟုတ်ဘူး"

"မာနကြီးတယ်.. အတင့်ရဲတယ် အတင့်ရဲနေတဲ့ ကောင်ပဲ!"

အဘိုးအိုက ဒေါသတကြီး ဟောက်လိုက်ရာ သူတော်စင် စွမ်းအားများက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး သူ့တစ်ကိုယ်လုံး မီးလုံးကြီး ဖြစ်သွားသကဲ့သို့ အနောက်မှ မီးတောက်တစ်ခု ထွက်လာကာ လုရွှမ်ဆီသို့ ပြေးဝင်သွားခဲ့သည်။

"ကောင်လေး.... မင်းငရဲကို သွားတဲ့အခါ ဒါကိုသတိရလိုက်... မင်းကိုသတ်ခဲ့တဲ့သူက ဆရာကြီးထျန်းဟော်ပဲ"

လုရွှမ် မျက်လုံးများ တောက်ပလာခဲ့သည်။ ဤအဘိုးအိုသည် ထူးဆန်းသောမီးကို ထိန်းချုပ်ထားတာ မဟုတ်ပေမယ့် သူ့ကျင့်စဥ်ကနေ ထွက်ပေါ်လာသော မီးတောက်​ပေါ်မှာ ပြေးနေခြင်းသာ ဖြစ်သည်။ သူ့ကိုယ်သူ ဆရာကြီးထျန်းဟော်လို့ ခေါ်ဝံ့တာ အံ့သြစရာ မဟုတ်ပေမယ့် သူ့မှာ မီးတောက်တွေအပေါ် ထူးထူးခြားခြား နားလည်မှုတစ်ခု ရှိလေသည်။

အဘိုးအို နီးကပ်လာသည်နှင့်အမျှ မီးလုံးကြီးများက မီးပွားများဖြင့် ပေါက်ကွဲသွားကြသည်။

လုရွှမ်လည်း ရှောင်တိမ်းလိုက်ရင်း အနီရောင် မီးတောက်တစ်ခု ပြန်ပစ်လိုက်ရာ မီးတောက်နှစ်ခုက အတူတူ တိုက်မိသွားသည်။

ဒါပေမဲ့ ဆရာကြီးထျန်းဟော်က မီးတောက်တွေကို လေထုအလယ်ထဲမှာပဲ ထိန်းချုပ်ကာ ထူးဆန်းတဲ့မီးကို ရစ်ပတ်ထားတဲ့ ဧရာမလက်ကြီးအဖြစ် ပြောင်းလဲသွားတာကို သူမြင်လိုက်ရသည်။

မီးတောက်များ လျှံကျလာကာ ဝိညာဉ်မီး​တောက်သည် ဘယ်ညာ တဟုန်ထိုး တောက်လောင်နေစဥ် ဆရာကြီးထျန်းဟော်က ဖျတ်ခနဲ မျိုချလိုက်​တော့သည်။

"ဟား ဟား.... ဝိညာဉ်မီးတောက်က တကယ်ကောင်းတာပဲ ဟေ့ ကောင်လေး ဒီလိုလက်ဆောင်ကို အဘိုးကြီးငါက အပြုံးလေးနဲ့ လက်ခံလိုက်ပြီနော်"

ဆရာကြီးထျန်းဟော်က ရယ်မောပြီး သူ့လက်ဖဝါးကို ဆုပ်လိုက်သည်။ ဝိညာဉ်မီးကို မီးတောက်ရဲ့ လက်ဖဝါးထဲ ဖြန့်လိုက်သော် မီးတောက်တစ်ခု ထွက်ပေါ်လာ၏။

"ရှားပါးရတနာ တစ်ခုကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်.... ဆရာကြီးထျန်းဟော်ကို ဂုဏ်​ပြုပါတယ်....ဆရာကြီးရဲ့ အရည်အချင်းတွေက ထူးခြားတာမို့ ကျုပ်တို့အားလုံးက ဆရာကြီးကို ဂုဏ်ပြုပါတယ်"

"သေးငယ်တဲ့ အရပ်ကလူတွေက ဒါကို လုပ်နိုင်မှာ မဟုတ်ပါဘူး.... သူတို့က ငါတို့ရဲ့ အဆင့်မြင့် ဧကရာဇ် အင်ပါယာမှာ မာနကြီးချင်ရင်တောင် မိနစ်ပိုင်းအတွင်း လူကောင်း ဖြစ်သွားအောင် ငါသင်ပေးလိုက်မယ်"

"ကောင်လေး.... မြန်မြန်ထပြီး မင်းရဲ့ ထျန်းလုံဧကရာဇ် အင်ပါယာကို ပြန်သွားလိုက်တော့ မဟုတ်ရင် မင်းဒီမှာ မြေမြှုပ်စရာ သင်္ချိုင်းနေရာ မရှိဘဲ သေသွားလိမ့်မယ်"

တစ်ယောက်ပြီး တစ်ယောက် ဆဲဆိုကြိမ်းမောင်းရင်း ဆူညံပွက်လော ရိုက်နေကြသည်​။ စုဝေးနေသော လူများက မနာလို၍ မာနကြီးနေကြသည်။ လုရွှမ်ကို တဖန် ပြန်ကြည့်လိုက်တော့ လိပ်တစ်ကောင်လိုပင် ထင်နေကြပြန်၏။

လုရွှမ် စကားမပြောလာချေ။ မလှုပ်မယှက်ဘဲ တစ်ဖက်လူကို လူရွှင်တော်တစ်ဦးကို ကြည့်နေသလိုမျိုး အေးစက်စွာ ကြည့်နေသည်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ဒါကို လူအတော်များများက သတိမထားမိခဲ့ကြဘဲ အများစုကလည်း တိတ်တဆိတ် ဝမ်းသာနေကြသည်။

"ဟေ့ လူလေး... ထချင်မနေတော့နဲ့ ငါ့ကို မင်းရဲ့သခင်အဖြစ် လက်ခံလိုက်စမ်းပါ"

ဆရာကြီးထျန်းဟော်ကတော့ ဒီအချိန်မှာ သူ့မာနကို ပြသဖို့ တမင်တကာ လှမ်းအော်လိုက်ပေသည်။

မီးတောက်နိယာမ၏ စွမ်းအင်ကို နားလည်ပြီး လေ့လာမှု များစွာလုပ်ပြီးနောက် နောက်ဆုံးတွင် သူသည် စိတ်ဝိညာဉ် မီး​တောက်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီး သူ့ဝိညာဉ်စွမ်းအားများ ထွက်လာကာ ၎င်းကို သူ၏ဝိညာဉ်ပေါ်တွင် ပုံသွင်းရန် ကြိုးစားခဲ့သည်။

မီးတောက်စွမ်းအားက ဖျော့တော့သွားသဖြင့် မအောင်မြင်လိုက်ချေ။

"ဟားဟား.... ထူးဆန်းတဲ့မီးက တကယ့်ကို ထူးဆန်းတာပဲ"

ဒုတိယအကြိမ် မီးတောက်ကို ထုတ်လွှတ်ပေမယ့် မအောင်မြင်ပြန်ဘူး။

"ကောင်းပြီ.."

ဖုန်း!

တတိယအကြိမ်လည်း မအောင်မြင်ချေ။

ဆရာကြီးထျန်းဟော်၏ မျက်နှာမှာ သုန်မှုန်လာပြီး သူ့အတွေးများသည် ဤမီးတောက်အပေါ် အနည်းငယ် ရိုးရှင်းစွာ တွေးလိုက်မိကြောင်း ယောင်ဝါးဝါး ခံစားမိလာသည်။

ရုတ်တရက် ကျယ်ကျယ်လောင်လောင် ရယ်မောသံသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင် ထပ်သွားခဲ့သည်။ ထိုသူမှာ လုရွှမ်မှလွဲ၍ အခြားမရှိပေ။

အားလုံးက လုရွှမ်ကို မကြည့်ဘဲ မနေနိုင်အောင် တစ်ပြိုင်နက်တည်း ကြည့်လိုက်စဥ် ဆရာကြီးထျန်းဟော်လည်း ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး

"အငယ်တန်းလေး မင်းက ဘာ​တွေဂုဏ်ယူ​နေတာလဲ? ငါ စိတ်စွမ်းအားကို ဒီမီးတောက်ကို မထိန်းချုပ်နိုင် သေးရင်တောင် မင်း ပြန်ယူလို့ မရဘူးကွ!"

"မင်းက အလယ်အလတ်အဆင့် အင်ပါယာထဲက နိမ့်ကျတဲ့လူပဲ... ငါတို့ရဲ့ ဆရာကြီးထျန်းဟော်နဲ့ ပြိုင်ချင်နေသေးတာလား မင်းက မင်းရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု လွန်ကဲနေတာပဲ"

"အငယ်တန်းလေး... ဝိညာဉ်မီးအကြောင်း မပြောနဲ့တော့ကွာ ဟဲဟဲ ငါတို့ကို မင်းရဲ့ခန္ဓာကိုယ်ပေါ်က ရတနာအားလုံးကို ထုတ်ပေးလိုက်... အခုနက ရယ်နေသေးရင်တောင် ခဏနေဆို ငိုရတော့မှာပဲလေ"

ဆရာကြီးထျန်းဟော် သူတို့ကို မှတ်မိ​နေဖို့ မျှော်လင့်ပြီး ၎င်းဘက်ကနေ အစွမ်းကုန် ထုတ်ဖော်ပြောဆိုဖို့ ကြိုးစားအော်ဟစ်နေသူတွေ အများကြီး ရှိပါသေးသည်။

"ငါ မင်းတို့ကို အရူးတွေလို့ တွေးမိပြီး ရယ်လိုက်တာပါ... မင်းရဲ့ မိုက်မဲမှုကိုလည်း ငါ ရယ်ချင်တယ်... ဝိညာဥ်မီးတောက် ပြန်လာခဲ့..."

လုရွှမ် သူ့လက်ကို ဖြန့်လိုက်ရုံဖြင့် ဝိညာဉ်မီး​တောက်သည် အေးအေးဆေးဆေး ပျံသန်းသွား၏။ ဆရာကြီးထျန်းဟော် ဘယ်လောက်ပဲ ကြိုးစားပါစေ လုံးဝ မတတ်နိုင်ခဲ့ချေ။ မကြာမီမှာပင် ၎င်းသည် ပိုင်ရှင်၏ ရင်ခွင်ထဲသို့ ပြန်လည် ရောက်ရှိသွားသလို ခံစားနေသည့်နှယ် ခုန်ပေါက် အသက်ဝင်နေကာ အလွန်စိတ်အား ထက်သန်စွာဖြင့် လုရွှမ်လက်ထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

"ဒါက ဝိညာဥ်မီးပဲ မင်း ဖမ်းဆုပ်​ထားရဲတာ ရူးနေလို့ပဲ ဖြစ်မယ်" လုရွှမ်က ​လှောင်​ရယ်​ပြီး

"မင်း ငါ့ရဲ့ ဝိညာဥ်မီးထဲကို ပိတ်​မိ​နေတယ်​လို့တော့ ​ပြော​ပြချင်​တယ်​.... မီးတောက်ကို မင်းလက်ထဲ ပြေပြေလည်လည် ထည့်ပေးလိုက်တာက မင်းရဲ့ မီးတောက်နိယာမကို နားလည်ချင်လို့ပဲ"

လုရွှမ် စကားပြောနေစဥ် သူ့လက်ထဲက ဝိညာဉ်မီးက ပျောက်ကွယ်သွားပြီး သူ့လက်ဖဝါးထဲမှာ မီးတောက်တစ်ခုက အလိုလို ပေါ်လာပြီး နိယာမစွမ်းအင်လိုင်းတွေ တောက်လျှောက် ရစ်သမ်းနေပုံမှာ ဆရာကြီးထျန်းဟော် အရင်က ပြသလာတဲ့ မီးတောက်နဲ့ အတူတူပဲ ဖြစ်နေ၏။

"မင်း... မင်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဆရာကြီးထျန်းဟော် တည်ငြိမ်မှု အပြည့်နဲ့ အော်လိုက်သေးသည်၏။ သူ့မျက်လုံးများ ပြူးကျယ်သွားကာ အံ့သြထိတ်လန့်မှု အပြည့်နှင့်။

"ဟမ့် ဒါက လေးနက်တဲ့ ပညာရပ်တစ်ခုလို့ ထင်ရပေမယ့် ငါ့အမြင်အရတော့ မင်း အများဆုံး မီးတောက်နိယာမရဲ့ ပထမအဆင့်ကိုပဲ နားလည်ထားသေးတာပဲ... ဒါမှမဟုတ် မင်း ပထမအဆင့်ကိုတောင် နားမလည်သေးဘူးလို့ ပြောရမလား? ဒီကလေးသာသာ နည်းလမ်းနဲ့များ မင်းကိုယ်မင်း ဆရာကြီးထျန်းဟော်ဆိုတဲ့ နာမည်ကို ပေးထားသေးတယ်ပေါ့?"

လုရွှမ် မသိမသာ ပြောလိုက်ပေမယ့် ထိုအဘိုးအို ထျန်းဟော်၏ မျက်နှာသည် မုန်းတီးခြင်း၊ ငြူစူခြင်းများဖြင့် ပြည့်နေပါ​တော့သည်။

"ငါအစတုန်းက မင်းဆီကနေ မီးတောက်နိယာမ ကျောက်ပြားရဲ့ တည်နေရာကို သိချင်ပေမယ့် အခု မင်းကိုကြည့်ရတာ မီးတောက်နိယာမ ကျောက်ပြားကို လုံးဝမမြင်ဖူးဘူး ထင်တယ်... ဟမ့် မင်းက လူလိမ်ဖြစ်နေတာပဲ တခြားသူတွေဆီကနေ ခိုးပြီး သင်ယူခဲ့တာ အသေးအမွှား ကိစ္စ​လေးတစ်ခုတော့ မဟုတ်ဘူးနော်"

ဆရာကြီးထျန်းဟော်ရဲ့ ပါးစပ်ထောင့်ကနေ သွေးတွေ ထွက်လာပြီး တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိုပဲ သူ့မျက်လုံးတွေက ထိတ်လန့်သွား၏။

တခြားသူတွေကို ဝှက်ထားနိုင်သော်လည်း ၎င်းကို ကိုယ့်ကိုကိုယ်တော့ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

ဒီမီးတောက်နိယာမက သူ့တပည့်တစ်ယောက် အမှတ်တမဲ့ မြေပုံ တစ်ခုရသွားပြီး ရွှမ်ခုန်းတောင်လို့ ခေါ်တဲ့ အံသြစရာကောင်းတဲ့ နေရာကို သွားခဲ့သည်။ ထို့နောက် အမှတ်တမဲ့ ကျောက်ပြားတစ်ချပ်ကို မြင်ပြီး နိယာမစွမ်းအင်တချို့ကို နားလည်သွားခဲ့သည်။

အင်ပါယာသို့ ပြန်ရောက်ပြီးနောက် ထိုတပည့်သည် တိတ်တဆိတ် လေ့ကျင့်ခဲ့သော်လည်း သူ၏ အရည်အချင်းကြောင့် ၎င်းကို လုံးဝ နားမလည်နိုင်ရာ မိမိအား မေးလာခဲ့သည်။ ရလဒ်အနေနှင့် ဆရာဖြစ်တဲ့ သူသည် လောဘကြီးလာပြီး ပေါက်ကရတွေသာ ပြောဆို၍ ထိုတပည့် နားလည်သမျှကို တိတ်တဆိတ် ဆုပ်ကိုင်ထားလေ၏။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ သူသည် အလွန်အမင်း စိတ်မ​ကောင်းလည်း ဖြစ်ခဲ့သော်လည်း တပည့်သည် တစ်စုံတစ်ခုကိုသာ သတိပြုမိပြီး နားမလည်သည့်အတွက် သူ့ကိုယ်သူ ခွင့်လွှတ်ခဲ့သည်။ လောဘကြောင့် ငယ်စဉ်ကတည်းက သူ့လက်ထဲ ကြီးပြင်းလာသော တပည့်၏ ဝိညာဉ်ကို သန့်စင်ပြီး လိုချင်တာကို ရယူခဲ့သည်။

အစကတည်းက သူ့မှာ တပည့်များစွာ မရှိသည့်အတွက် သနားစရာကောင်းလှသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက နိယာမစွမ်းအင် အားလုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပြီးတဲ့အထိ ဘာတိုးတက်မှုမှ မရှိခဲ့ပေ။

ထို့ကြောင့် သူသည် သူနေခဲ့သည့် တောင်ပေါ်မှ ထွက်လာပြီး ဆယ်စုနှစ်များစွာကြာ ကျော်ကြားမှုတစ်ခု ရရှိရန် မီးတောက်နိယာမ စွမ်းအားကို အားကိုးကာ နောက်ဆုံးတွင် ဆရာကြီးထျန်းဟော် ဆိုတဲ့ ဘွဲ့ကို ရရှိခဲ့​လေသည်။

သို့သော် သူ့တပည့်၏ ကိစ္စသည် သူ့​နှလုံးသားထဲတွင် အချိန်အတော်ကြာ ဖိစီးနေခဲ့ပြီး ၎င်းကို မေ့လုနီးပါး ဖြစ်ခဲ့သော်လည်း ယခုအခါ လုရွှမ်က ထိုအကြောင်းကို တိုက်ရိုက် ထောက်ပြလာခဲ့သည်။

ဘာသာပြန် - 天火 (ထျန်းဟော်) ကောင်းကင်မီးတောက်

All Chapters