လေလှံ၏စွမ်းအားကို ပြသခြင်း
Vol. 53 Ch. 4.312
"ဟား.... ငါထင်တာ မှန်နေမယ်လို့ မမျှော်လင့်ထားဘူး.... လူအိုကြီး မင်းမသေခင် နိယာမစွမ်းအင်ရဲ့ တကယ့်စွမ်းအားက ဘာလဲဆိုတာ သိအောင် ပြပါရစေ"
လုရွှမ် အသံဆုံးတဲ့အခါ သူ့လက်ဝှေ့မှာ လှံတစ်ချောင်း ထွက်လာ၏။ ဒါက စူးချန်ရဲ့ နိယာမစွမ်းအင်ကို အသုံးပြုတဲ့ နည်းလမ်းပဲ ဖြစ်သည်။ လုရွှမ်ရဲ့ ဥာဏ်ရည်က စူးချန်ထက် ပိုမိုမြင့်မားနေခဲ့တာကြောင့် တစ်ဖက်လူ၏ နည်းလမ်းများကို အလွယ်တကူပဲ နားလည်နိုင်ခဲ့သည်။
မဟာသူတော်စင်ကြီးလောက် အစွမ်းထက်တာမဟုတ်ပေမယ့် လေပွေရဲ့ ခွန်အားနဲ့ စွမ်းအားက အားနည်းလွန်းနေတာတော့ မဟုတ်ချေ။
လှံပေါ်လာသည်နှင့် နောက်အခိုက်အတန့်တွင် ၎င်းက လေထဲမှ ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသော အခါတွင် လှံရှည်မှာ ဆရာကြီးထျန်းဟော်ရဲ့ ရှေ့သို့ ပြေးသွားလေပြီ။
နောက်ဆုံးတွင် ဆရာကြီးထျန်းဟော်ဟာ သူတော်စင်နယ်ပယ် အဆင့်၇ ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး မီးကို ထိန်းထားနိုင်သူ ဖြစ်လာသောကြောင့် အလွန် အစွမ်းထက်ပါ၏။ သူရဲ့ ရင်ဘတ်ရှေ့တွင် လက်စည်းတံဆိပ်များကို လျင်မြန်စွာ လှုပ်ရှားကာ လေထုထဲကနေ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ရုတ်တရက် ထွက်ပေါ်လာသော လှံကို တိုက်ထုတ်ပစ်လိုက်သည်။
မီးပွားများ နေရာတိုင်း ပျံ့လွင့်သွားကာ စိမ်းပြာရောင် စွမ်းအင်နှင့်အတူ လှံရှည်က ပျောက်ကွယ်သွား၏။
လူတွေ ကြည့်လိုက်တဲ့အခါ ဆရာကြီးထျန်းဟော်ပုံမှာ သနားစရာ ကောင်းနေပြီး မေးရိုးအောက်က တောက်တောက်ပြောင်ပြောင် မုတ်ဆိတ်မွေးတွေ မီးလောင်နေတာကို တွေ့လိုက်ရသည်။ မီးတောက်ကို ဆရာကြီးထျန်းဟော် ကိုယ်တိုင်က ထိန်းချုပ်ထားပြီးသား ဆိုပေမယ့် နိယာမစွမ်းအင် လိုင်းများက မတည်မငြိမ် ဖြစ်နေတာကြောင့် မုတ်ဆိတ်မွေးများ လောင်ကျွမ်းသွားရသည့်အထိ တွန်းပို့ခံရကြောင်း သိသာလေသည်။
လုရွှမ်သည် အစွမ်းထက်သော ခွန်အားကို အပြည့်အဝ ပြသလိုက်သည်။
"မဆိုးပါဘူး.... မင်းငါ့ရဲ့ လှံပစ်ချက်ကို တားနိုင်သားပဲ.... ထပ်လာမယ်!"
အသံကျလာသည်နှင့် နောက်ထပ် လှံတစ်ချောင်းသည် လေထဲမှ ထွက်လာပြီး ဆရာကြီးထျန်းဟော်ကို ထပ်မံ ထိုးကြိတ်လိုက်ပြန်သည်။
"ကောင်လေး.. မင်းအနိုင်ကျင့်တာ များသွားပြီ!"
ဆရာကြီးထျန်းဟော်က အော်ဟစ်လိုက်ပြီး သူ့လက်သီးတွေက မီးတောက်တွေနဲ့ ရစ်ပတ်ကာ စိမ်းပြာရောင်လှံကို ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်သည်။
ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ လှံပျက်စီးသွားကာ လေပြင်းများ လွင့်သွားလေသည်။ သို့သော်လည်း ဆရာကြီးထျန်းဟော်မှာ မတတ်နိုင်ဘဲ နောက်ပြန်ဆုတ်ရတဲ့အထိ သူ့လက်သီးတွေက ထုံကျင်နေပြီး နှလုံးသားထဲမှာ တိတ်တိတ်လေး အော်ဟစ်နေမိသည်။
ဒါက ဘယ်လိုနတ်ဆိုးကြီးလဲ? စွမ်းအားက သူ့ထက်တောင် ကြီးနေတယ်။
လုရွှမ်၏ လှုပ်ရှားမှုသည် လေပြင်းနိယာမ ဖြစ်ရမည်။ မဟုတ်ပါက ဘယ်သောအခါမှ ဒီလောက်အထိ လျင်မြန်လိမ့်မည် မဟုတ်ပေ။ အခုက လှံရှည်ဘယ်က ထွက်လာမလဲ သူကိုယ်တိုင်ပင် သိမနေချေ။
သူသည် ပစ်ခတ်မှုတစ်ခု သို့မဟုတ် နှစ်ခုကို ခံနိုင်ရည် ရှိသော်လည်း တစ်ချိန်တည်းတွင် ပစ်ခတ်မှု တစ်ဒါဇင်ကျော်သာ ကျရောက်လာခဲ့ပါက သူ့နှလုံးသားကို လှံရှည်ဖြင့် ထိုးဖောက်ကာ အဆုံးသတ်သွားရမည် ဖြစ်သည်။
"ကောင်လေး ငါ"
"သက်ညှာပေးဖို့ လာမတောင်းဆိုနဲ့.. ငါပြောပြီးသားလေ... ငါ မင်းကို သေစေချင်ရင် မင်းဘယ်တော့မှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး... အဲဒါတွေ အကုန်လုံးက လောဘကြောင့် ဖြစ်ရတာပဲ ငါ့ရဲ့ ဝိညာဉ်မီးကို မလိုချင်ခဲ့သင့်ဘူး"
လုရွှမ်က ပြောလိုက်သည်။ ထိုသူ့မျက်လုံးများကို ကြည့်ခြင်းဖြင့် အဘိုးအို ဘာပြောချင်နေလဲ ဆိုတာကိူ သိသည်။
ဒီကမ္ဘာကြီးမှာ ဒီလောက် သဘောထားကောင်းတဲ့လူ ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။ လူတွေကို သတ်ချင်ရင် သတ်ပစ်လိုက်မှာပဲ။ မင်းမှာ အင်အားမရှိရင် ရန်သူကို သက်ညှာခိုင်းဖို့ အိပ်မက်တောင် မက်မနေနဲ့။
သူ့လက်ဝှေ့ယမ်းလိုက်သော် လှံဆယ်ချောင်း တစ်ပြိုင်နက် ထွက်ပေါ်လာပြီး ကျယ်လောင်သော လှိုင်းလုံးသံနှင့်အတူ ဆရာကြီးထျန်းဟော်အား ချိန်ထားလိုက်၏။
"လူတိုင်း အတူတူ တက်လာခဲ့ကြ.... အားလုံးပူးပေါင်းရင် ဒီကောင့်ကို သတ်နိုင်မယ်လို့ ငါယုံတယ်!"
ဆရာကြီးထျန်းဟော်က အော်ဟစ်ဟောက်ပြီး သူ့ကိုယ်သူ လူအုပ်ထဲမှာ ပုန်းနေလိုက်သည်။ လူတွေမှာလည်း ကူကယ်ရာမဲ့သွားသည်။ ဒီလူယုတ်မာက ရွံစရာကောင်းနေပြီ။ သူ့မှာ လှံကိုခုခံဖို့ သတ္တိမရှိတာနဲ့ပဲ သူတို့ကိုပါ ရည်ရွယ်ချက်ရှိရှိ ဆွဲခေါ်နေပြီလေ။
ဆရာကြီးထျန်းဟော့သည် လှံရှည်တွေ ရုတ်တရက် ပေါ်လာမည်ကို စိုးရိမ်၍ အခါအားလျော်စွာ နောက်သို့ ဂရုတစိုက် ကြည့်ရင်း လူအုပ်ထဲသို့ ဆုတ်ခွာသွားသည်။
သူသည် လျင်မြန်စွာ တွန်းထုတ်နေပြီး အခြားသူများကြားမှာ ဖုံးကွယ်နေရန် မနှေးပေ။ လူများစွာသည် လူသတ်မှုကို ကျူးလွန်ဝံ့သော်လည်း ဘယ်သူကမှ မိမိကိုယ်ကို သတ်သေရန် မဝံ့ရဲကြပေ။
"မင်းဘယ်ကို ပြေးချင်နေတာလဲ? ဘယ်သူက ပိုမြန်လဲ သိချင်လို့လား? မင်းလား ဒါမှမဟုတ် ငါ့ရဲ့လှံလား?"
လုရွှမ့က ပြုံးပြီး ဆရာကြီးထျန်းဟော်ကို အနီးကပ် စိုက်ကြည့်နေသလိုမျိုးကို ကြည့်နေသည်။ ဆရာကြီးထျန်းဟော်မှာ ငိုချင်စိတ်တွေ ပေါက်နေပြီး နိယာမကို ခိုးယူခဲ့သောကြောင့် သူ့ကိုယ်သူ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
ဒီနတ်ဆိုးလေး သူပြောသည့်အတိုင်း အဝေးကို မပျံသန်းဝံ့ချေ။ ဘယ်လောက်ပဲ မြန်မြန်ဆန်ဆန် ပျံသန်းနေပါစေ လှံကဲ့သို့ မြန်နေနိုင်ပါ့မလား။ သူ့အတွက် တိုက်ခိုက်မှုတစ်ခု သို့မဟုတ် နှစ်ခုကို ခုခံနိုင်မည်ဟု မျှော်လင့်ကာ လူများကြားတွင် ဝင်ရောနေရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
သူ့မှာ အပျော်လွန်သွားတယ်လို့ ခံစားလိုက်ရချိန်မှာ လုရွှမ်ရဲ့ မျက်နှာက အေးစက်လာပြီး
"ဟမ်.... မင်းတိုက လမ်းက မဖယ်ပေးဘူးပေါ့... ဒီသခင်လေးက မင်းတို့ရဲ့ အဆင့်အတန်းကို ဂရုစိုက်ပြီး မင်းတို့ကို မသတ်ရဲဘူးလို့များ ထင်နေတာလား?"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် စိတ်လှုပ်ရှားစွာ ရှောင်တိမ်း ချင်နေကြသူတိုင်းသည် လျင်မြန်စွာ ပြေးထွက်သွားကြသည်။ မလွတ်မြောက်နိုင်တော့ရင် ဆရာကြီးထျန်းဟော်ကို တိုက်ရိုက် တိုက်ခိုက်လိုက်ရုံပဲ ရှိတော့သည်။
သေပြီ!
အခုလောလောဆယ် ဤကောင်းလေးသည် ကျင့်ကြံခြင်း လောက၏ ကျင့်ဝတ် စည်းကမ်းများကို လိုက်နာသူ မဟုတ်ဘဲ သူတို့ အတင်းဝင်ရောရင် မြေအောက်ကမ္ဘာကို ဘယ်လို ရောက်မှန်းမသိ ရောက်သွားလိမ့်မည်။
ဆရာကြီးထျန်းဟော်သည် မိုးကြိုး ပစ်ချခံရတော့မယ့် ကြောက်မက်ဖွယ် အခြေအနေတွင် ရှိနေပြီး ရုတ်တရက် သူ့နှလုံးခုန်သံကိုပင် ပြန်ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာပြီး သိုလှောင်အိတ်ထဲမှ လက်နက်များနှင့် ရတနာများသည် အနီးပတ်ဝန်းကျင်သို့ ပြုတ်ကျသွားသည်။
ကောင်းကင်ထက်တွင် တုန်လှုပ် ခြောက်ခြားဖွယ် ကောင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး သူ့ရှေ့ တစ်မီတာအောက် ကောင်းကင်ယံ၌ စိမ်းပြာရောင် လှံများ ရုတ်တရက် ထွက်ပေါ်လာသည်။
"ငါ ပြင်းပြင်းထန်ထန် တိုက်ပစ်မယ်!"
ဆရာကြီးထျန်းဟော်က ဟောက်လိုက်သည်။ သူ့ လက်သီးတို့မှ မီးလျှံများ ထွက်လာ၍ လှံများဆီကို အစွမ်းရှိသမျှ ပစ်ခတ်လိုက်လေ၏။
ဝုန်း ဝုန်း
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေပြင်းများက အရပ်ရပ်သို့ ပြင်းထန်စွာ တိုက်ခတ်လာခဲ့သည်။ လေက မီးတောက်ကို ထောက်ပံ့ပေးလိုက်သလို ဆရာကြီးထျန်းဟော်၏ တစ်ကိုယ်လုံး ကြီးမားသော မီးခိုးလုံးကြီး ဖြစ်သွားရာ အတွင်းက သူ့ပုံစံကို မြင်ရန် ခက်ခဲသွားသည်။
သို့သော် လှံကို ခုခံလိုက်သော လက်သီးအသံ၏ အကြိမ်ရေသည် နှေးကွေးပြီးရင်း နှေးကွေးလာတာကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားသိနိုင်ပေလိမ့်မည်။ လှုပ်ရှားမှု နှေးသွားတာက ဆရာကြီးထျန်းဟော်၏ ခွန်အားဖြစ်ကာ လုရွှမ်ကတော့ လုံးဝ သက်ညှာမပေးထားတာ ထင်ရှားပါသည်။
"အိုး တားနိုင်တုန်းပဲလား.... ထပ်လာမယ်!"
လုရွှမ်၏ စကားများ ကျလာသည်နှင့်အမျှ နောက်ထပ် လှံ ၁၀ ချောင်းကို ပစ်လွှတ်လိုက်၏။ ဆရာကြီးထျန်းဟော်၏ ခန္ဓာကိုယ်သည် မီးတောက်များဖြင့် ပြည့်နေပြီး အတွင်းမှ ပြင်းထန်သော အသံသာ ထွက်ပေါ်လာသည်။
"နတ်ဆိုးကောင်... မင်း ကောင်းကောင်း မသေစေရဘူး!"
ဝုန်း!
"ဒီလောက်အကြာကြီး တောင့်ခံနိုင်သေးတယ် ဆိုတော့... ထပ်လာတာပေါ့!"
လုရွှမ် နောက်ထပ် လှံဆယ်ချောင်းကို ပစ်လွှတ်လိုက်သည်။
ဆရာကြီးထျန်းဟော်ရဲ့ ပါးစပ်က သွေးတွေ ရွှဲနေပြီ။ မီးတောက်တွေက အဆက်မပြတ် တောက်လောင်နေလို့ သွေးခဲတွေတောင် ဖြစ်သွားသည်။ သူသည် သိုလှောင်အိတ် အတွင်းမှ အဂ္ဂိရတ်ဆေးများဖြင့် ပါးစပ်ကို အသည်းအသန် ဖြည့်လိုက်သော်လည်း သူ့ခန္ဓာကိုယ်ရှိ သူတော်စင် စွမ်းအားမှာ လျင်မြန်စွာ ကုန်ဆုံးနေဆဲ ဖြစ်သည်။
သူဒီနေ့ဒီမှာ သေချာပေါက် သေရမယ် ဆိုတာ သိနေပါပြီ။
နောက်ဆုံးတွင် ပတ်ဝန်းကျင်ရှိ လူတိုင်း တိုက်ခိုက်သံများကို ကျင့်သားရသွားသော အချိန်၌ ပေါက်ကွဲသံများ ရပ်တန့်သွားပြန်သည်။
ဆရာကြီးထျန်းဟော်၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များ မှိန်ဖျော့သွားကာ လူတိုင်းကို သူ့ပုံစံအား ရှင်းရှင်းလင်းလင်း မြင်နိုင်စေခဲ့သည်။ သူ၏ မျက်လုံးများ ပြူးကျယ်နေကာ အနက်ရောင် သွေးတွေက သူ၏ ထွက်ပေါက် ခုနစ်ပေါက်ကနေ စီးကျလာ၏။ သူ့ခန္ဓာကိုယ်ကို အပေါက် ခုနစ်ပေါက် ဖြစ်သွားအောင် ထိုးဖောက်ထားသည့် လှံခုနစ်စင်းလုံးကလည်း ရှိနေသည်။
သူ့ခန္ဓာကိုယ်က လေထဲမှာ ခဏ ရပ်တန့်နေပြီးမှ မြေပြင်ပေါ် ပြင်းပြင်းထန်ထန် ပြုတ်ကျလာကာ ရွှံ့ဗွက်အိုင်အဖြစ် ပြောင်းလဲသွားတော့သည်။ မီးတောက် အနည်းငယ်က သူ့အား လောင်ကျွမ်းသွားစဥ် အရာအားလုံး ပြာဖြစ်သွားတော့သည်။
ကောင်းကင်ယံ၌ လူနှစ်ရာထက်မနည်း စည်ကားနေသော်လည်း ဘယ်သူကမှ စကားမပြောကြဘဲ လေပြင်း တိုက်ခတ်သံများသာ ကြားနေရ၏။
လုရွှမ် အသက်ရှုကြပ်သွားသည်။ ဒီလူကြီးရဲ့ ခွန်အားကို သူ့လျှော့တွက်မိခဲ့တာပဲ။ နောက်ဆုံးတွင် သူ့ကို မသတ်နိုင်မီ လှံရှည်ကို ၅၃ကြိမ်ခန့် ပစ်ခတ်ခဲ့ရသည်။ ဤလူသည် အဆင့်၇ သူတော်စင်သာ ဖြစ်သော်လည်း ထျန်းလုံဧကရာဇ် အင်ပါယာက အဆင့်၉ သူတော်စင်ပင် လုံးဝ မယှဉ်နိုင်လောက်ချေ။
သူ့ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားနှစ်ခု ဖြစ်သည့် သူတော်စင် စွမ်းအား၊ တန်ခိုးကြီးသော စိမ်းပြာနဂါး၏ စွမ်းအင်နှင့် ကျောက်စိမ်းတွင်းရှိ စွမ်းအားများ ကြွယ်ဝသော ဝိညာဥ် စွမ်းအားများကြောင့်သာ မဟုတ်ပါက လေပွေလှံတစ်စင်းတည်းဖြင့် ရန်သူ့မီးတောက်ကို ဖြိုခွင်းနိုင်မည် မဟုတ်ပေ။
အနည်းဆုံးတော့ လှံစွမ်းအားတွေ မတိုးလာမချင်း ဒီလှုပ်ရှားမှုကို အနာဂတ်မှာ အသုံးမပြုနိုင်တော့ပါဘူး။ ၎င်းဟာ ခွန်အားကို အလွန်အကျွံ သုံးစွဲရတာကြောင့် မလွယ်လှချေ။
လုရွှမ်သည် စိတ်လှုပ်ရှားမှုနှင့်အတူ သက်ပြင်းချလိုက်သည်။ သူ့ပတ်ဝန်းကျင်က လူများသည် သူ့စွမ်းအားကြောင့် ထိတ်လန့် ကြောက်ရွံ့နေကြပြီ။ တစ်ယောက်တည်း တိုက်ခိုက်နေပါက လုရွှမ်ရဲ့ ပြိုင်ဘက် မဟုတ်နိုင်ပေ။
ပြိုင်ဖို့ ပြောမနေနဲ့ အခုရှေ့ထွက် တိုက်ဖို့တောင် သတ္တိမရှိတော့သလိုပဲ!