လူနှင့်ဓား ပေါင်းစည်းမှု
Vol. 53 Ch. 4.313
"ဘယ်လောက်တောင် ကြီးကျယ် ခမ်းနားလိုက်တဲ့ ရုပ်ရည်လဲ? သူတော်စင်တစ်ပိုင်း ကမ္ဘာမှာ သူတော်စင်တွေကို သတ်ပြီး သွေးမြစ်တွေ ဖြစ်လာအောင် သွန်းလောင်းခဲ့တဲ့ နတ်ဆိုးတစ်ကောင် ဖြစ်ထိုက်ပါပေတယ်... လုရွှမ် ဒီအချက်ကြောင့်နဲ့တော့ မင်း ငါတို့ရဲ့ အဆင့်မြင့် ဧကရာဇ် အင်ပါယာမှာ မာနကြီးချင်နေလို့ကတော့ အရည်အချင်း မပြည့်မီသေးဘူး"
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြီး လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ဒီအချိန်မှာ လုရွှမ်ကို သွားနှိုးဆော်တာက သေမင်းကို ရှာနေတာ မဟုတ်ဘူးလား။
မြန်မြန် ထွက်သွားတာ ပိုကောင်းမယ်ထင်တယ်!
လူအုပ်ကြီးက လူစုကွဲသွားချိန် အယောက် ၃၀ ကျော်ရှိတဲ့ လူအုပ်က မလှမ်းမကမ်းကနေ ပျံသန်းလာကြသည်။
အစောတုန်းက ခန့်ညားသော စကားလုံးများကို ဖွင့်ထုတ်လာသူသည် ချောမောလှပသော လူငယ်တစ်ဦးဖြစ်ပြီး လူအများအပြားက သူ့နောက်တွင် အလံတစ်ခု လွှင့်ထူလျက် ဝိုင်းဖွဲ့ထားကြသည်။ အလံပေါ်တွင် ကြီးမားသော “မင်ယွဲ့” ဟူသော စာလုံးကြီးနှစ်လုံးကို ရေးထားလေသည်။
"သူတို့က မင်ယွဲ့ဧကရာဇ် အင်ပါယာထဲကပဲ!"
လူတွေက အော်ဟစ်ပြီး သူတို့ရဲ့ ထိတ်လန့်တကြား ဖြစ်သွားတဲ့ စိတ်တွေကနေ သတ္တိတွေ ပြန်ထွက်ပေါ်လာသည်။
အချိန်တွေ အလျင်စလို ပြောင်းလဲလာမှုကြောင့် ဒီနေရာကို ရောက်လာတဲ့ လူတွေဟာ နဂါးနဲ့ မြွေ ရောနှောနေတဲ့ လူတွေလို့ ပြောလို့ရပါသည်။ သူတို့ရဲ့ အစွမ်းသတ္တိက လွန်ကဲတယ်လို့ ပြောလို့ မရပေမယ့် အများအားဖြင့်တော့ သူတို့ဟာ လှုပ်ရှားရုန်းကန်သူတွေ ဖြစ်သည်။
ဒါပေမယ့် ရွှမ်ယွီဂိုဏ်းရဲ့ အထောက်အထားကတော့ မသေချာပေ။ အခုအချိန်မှာတော့ သူတို့မှာ သခင်တစ်ယောက် ရှိနေပြီ။
ခဏလောက်တော့ ဒီလူတွေဟာ အရမ်းစိတ်လှုပ်ရှားပြီး ငိုတောင် ငိုချင်လာကြသည်။ နောက်ဆုံးတော့ အဖွဲ့အစည်းကြီး ရောက်လာပြီ။
"လုရွှမ် မင်းရဲ့ အရည်အချင်း အားလုံးက ရွှမ်ခုန်းတောင်ကနေ ရခဲ့တာလား"
လူငယ်က စွပ်စွဲသံတွေ အပြည့်နဲ့ အော်လိုက်သည်။ လုရွှမ်ကလည်း လှောင်ပြောင်တဲ့ အသံနဲ့ တုံ့ပြန်လိုက်ပါ၏။
"နာမည်ပြော...နာမည် မသိတဲ့ လူတွေကို ငါမသတ်ဘူး"
လူငယ်က စကားမပြောခင် သူ့နောက်က လူတစ်ယောက်က ထွက်လာရပ်ပြီး “မာနကြီးနေလိုက်တာ” ဟုအော်ကာ နောက်ပြန်လှည့်၍ ဒူးထောက်တစ်ဝက်ချကာ လူငယ်ကို ဂါဝရပြုလိုက်သည်။
“သခင်လေး မတူမတန်တဲ့ ကောင်ကို သတ်ခွင့်ပြုပါ!”
"မသတ်နဲ့ ငါ့အတွက် အရှင်လတ်လတ် ဖမ်းခဲ့"
"ဟုတ်ကဲ့!"
ထိုလူသည် အရပ်ရှည်ပြီး စွမ်းအားကြီးမားသော်လည်း သိုလှောင်အိတ်ကဲ့သို့ ဇိမ်ခံပစ္စည်း မရှိသဖြင့် သူ့နောက်ကျောတွင် ပုဆိန်ကြီးတစ်ချောင်းကို သယ်ထားရသည်။ သူက ကျယ်လောင်စွာ အော်လိုက်ပြီး ပုဆိန်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ လုရွှမ်ကို ခုတ်ချလိုက်သည်။
ပုဆိန်ခေါင်းသည် ချွန်ထက်နေပြီး နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက် အလင်းရောင်များဖြင့် တောက်ပနေသည်။ သွေးစတစ်စ ဖျက်ကနဲ တောက်ပသွားသလို ဤပုဆိန်အောက်တွင် လူများစွာ သေဆုံးခဲ့ကြောင်း တွေးကြည့်နိုင်သည်။
နေရာလွတ်ကို ခုတ်မိသွားသလိုမျိုး လူကြီးသည် လုရွှမ်ကို ပုဆိန်တစ်ချက်တည်းဖြင့် နှစ်ပိုင်း ဖြတ်ချပစ်လိုက်သည်။
ဒါပေမယ့် လူတွေက ခုတ်ချလိုက်တဲ့ အရာဟာ လုရွှမ်ရဲ့ နောက်ဆက်တွဲ အရိပ်ပဲဆိုတာ မကြာခင်မှာပဲ သိလိုက်ရသည်။ လူကြီးက လှည့်ကြည့်လိုက်တဲ့အခါ အားပြင်းတဲ့ အင်အားတစ်ခုက သူ့နောက်ကျောကနေ ထွက်လာ၏။ လူထွားကြီးမှာ လုရွှမ်ဆီက တစ်ချက် ပြန်ကန်ထုတ် ခံလိုက်ရသည်။
"ငါ့ခြေထောက်က ခွေးတွေနဲ့တူတဲ့ လူကိုပဲ ကန်တာ.... မင်းက ခွေးတစ်ကောင်နဲ့ အတူတူပဲ ဆိုမှတော့ မင်းရဲ့ခွေးသခင်ကလည်း သိပ်မကွာလောက်ဘူး"
ထိုစကားသည် အလွန်ပင် မောက်မာလွန်းလှသည်။ လူငယ်လေးရဲ့ မျက်နှာမှာ မည်းမှောင်ကျသွားပြီး
“အဘိုးကြီးချင်း.... သူအသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ သတ်ပစ်လိုက်တော့”
“ဟုတ်ကဲ့ပါ သခင်လေး!”
လူငယ်လေး၏ နောက်တွင် အဘိုးအို တစ်ဦးသည် အပြာရောင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထား၏။ ဓားသွားပေါ်မှ အလင်းတန်းများ တဖျပ်ဖျပ် ခတ်ကာ နတ်စွမ်းအင်များ ရှိနေသကဲ့သို့ အော်ဟစ် ညည်းတွားနေသည်။
"ဓားကို ကြည့်!"
လူလိုချင်းက အော်ဟစ်လိုက်သည်။
သူ့ခန္ဓာကိုယ်သည် ချက်ချင်းပင် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လုရွှမ်ဆီသို့ ပြေးဝင်သွားသည်။ ဓားဖြင့်ထိုးလိုက်၏။ အရှိန်က လုရွှမ်ရဲ့ စိမ်းပြာရောင်လှံထက် မြန်လှသည်။
"လူနဲ့ဓား ပေါင်းစည်းမှု!"
လူအုပ်ထဲက ဗဟုသုတရှိသူ တစ်ယောက်က တိုက်ရိုက်ပဲ ထအော်လိုက်တော့သည်။
"မင်ယွဲ့ ဧကရာဇ်အင်ပါယာရဲ့ လက်နက်နယ်ပယ် ဓားသမားအဆင့်ကို အမြင့်ဆုံးအထိ ရောက်သွားတဲ့ ဓားသမားတစ်ယောက် ရှိတယ်ဆိုတာ ငါကြားဖူးတာ ကြာပြီ... သူက လူနဲ့ဓား တစ်သားတည်း ဖြစ်လာတဲ့အထိ အဆင့်မြင့်နေမယ်လို့ မမျှော်လင့်ထားဘူး"
"ဒီကလေးတော့ အန္တရာယ်ရှိနေပြီ"
လုရွှမ်၏ မျက်လုံးများသည်လည်း တောက်ပလာ၏။ အဆင့်မြင့် ဧကရာဇ် အင်ပါယာကတော့ အမှန်ပင် အဆင့်မြင့် ဧကရာဇ် အင်ပါယာတစ်ခု ဖြစ်ထိုက်ပေသည်။ သူတော်စင်အဆင့်တွင်ပင် အမှန်တကယ် လူနှင့်ဓားပေါင်းစပ်မှုကို ကျွမ်းကျင်ပြီးသား လူများရှိနေသည်။
သူ့ယခင်ဘဝတွင် သူတော်စင် ဖြစ်လာပြီးနောက် လူနှင့်ဓား ပေါင်းစပ်နည်းကိုသာ နားလည်ခဲ့ရုံသာ ရှိသေးသည်။ ဓားရေးကျွမ်းကျင်မှု အရဆိုလျှင် ဤလူအိုချင်းသည် သူ့ထက်ပင် သာလွန်နေ၏။
လုရွှမ်၏ ခန္ဓာကိုယ်သည် ရုတ်တရတ် ပြေးတက်လာပြီး တစ်ဖက်သို့ လျင်မြန်စွာ ရှောင်ထွက်သွားလိုက်သည်။
"ဟာဟား လူနဲ့ဓားက တစ်သားတည်း ဖြစ်လာပြီလေ... ရှောင်တိမ်းဖို့ လွယ်တယ်ဆိုရင် ဘယ်လိုလုပ် ဓားပညာရဲ့ အမြင့်ဆုံးအဆင့် ဖြစ်လာနိုင်မပါ့လဲ?"
"လူမိုက်... မင်းဘယ်သွားသွား ပြေးမလွတ်ပါဘူး"
"ဟာဟား ဆရာကြီးထျန်းဟော် အရင်က မင်းကို ပြန်ခိုင်းခဲ့သားပဲ.... ဒါပေမယ့် အခု မင်းက သူ့နည်းအတိုင်း လုပ်နေပါရောလား?"
"ဟား.. ဝဋ်လာတာကလည်း မြန်ချက်ပဲ!"
လူတိုင်း တစ်ယောက်ပြီး တစ်ယောက် လှောင်ပြောင် ရယ်မောကြပြီး ထိတ်လန့်မှုနှင့် ပျော်ရွှင်မှုတို့ကို သူတို့နှလုံးသားထဲတွင် ထုတ်ဖော် ပြသနေကြသည်။
သခင်လေး ဆိုသူ၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူသည် လူအိုချင်းကို အလွန်လေးစားခဲ့ရာ မျှော်လင့်ထားသည့်အတိုင်း ဤနတ်ဆိုးကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့သည်။
“ဒီကိုမလာနဲ့”
ကျင့်ကြံသူ အမျိုးသမီးတစ်ယောက်က လှမ်းအော်ပြီး အမြန်ပဲ ထွက်ပြေးလေ၏။
လုရွှမ် အေးစက်စွာ အသံပြုလိုက်ပြီး သူမခါးက ဓားရှည်ကို ဆွဲယူလိုက်သည်။ မိုးနတ်ဘုရားဓားကို သူ မသုံးချင်ဘူး။ မိုးနတ်ဘုရားဓားက အသုံးမဝင်တော့သလို တိုက်ခိုက်လိုက်ရင် ဓားနှစ်ချောင်းကြားက စွမ်းအင်တွေကြောင့် ပျက်စီးသွားလိမ့်မယ်။
"ဟာဟား.... ကိုယ့်အဆင့်ကို မသိတဲ့ကောင်... ဓားရှည်တစ်ချောင်း တွေ့တာနဲ့ မင်း ခံနိုင်ရည် ရှိသွားပြီလို့ ထင်နေတာလား?"
သူစကား မဆုံးခင်မှာ စကားပြောသူ၏ ဦးခေါင်းက ကောင်းကင်ကနေ လွင့်လာတဲ့ ဓားအလင်း တစ်ချက်ကြောင့် သူ့လည်ပင်းမှ သွေးတွေထွက်ကျလာကာ သူသေဆုံးသွားခဲ့သည်။
"မင်းက ဓားသမားတစ်ယောက်ပဲ လူနဲ့ဓား ပေါင်းစည်းမှုအဆင့် ဖြစ်လာတဲ့အထိ လေ့ကျင့်ပေးနိုင်တာက မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေး ကောင်းတယ်လို့ ပြောရမယ် ငါမင်းကို လေးစားပါတယ်... ကံမကောင်းစွာနဲ့ မင်းက တခြားလူ တစ်ယောက်ရဲ့ ကျွန်တစ်ဦးဖြစ်ပြီး ဓားသမား တစ်ယောက်ရဲ့ ဂုဏ်သရေကို ဆုံးရှုံးလိုက်ရတဲ့အတွက် မင်းကို ဒီဓားရှည်နဲ့ တစ်ပွဲ တိုက်ပေမယ့် တကယ်တော့ မင်းက ဓားနဲ့ထိုးသတ်ဖို့တောင် မထိုက်တန်တော့ဘူး"
လုရွှမ် ခေတ္တရပ်ပြီး သူ့လက်ထဲက ဓားကို နှစ်ကြိမ်ဆက်တိုက် လှန်လိုက်ပြီး ဓားစွမ်းအင်နှစ်ခုကို လွှင့်ထုတ်လိုက်သည်။
"လာလေ.... မင်းရဲ့ ဓားပညာက ဘယ်လောက်ထိ အစွမ်းထက်တယ် ဆိုတာ ငါကြည့်ကြည့်ရအောင်"
လူအိုချင်း၏ မျက်လုံးများက ကြည်ကြည်သာသာပင်။ လူနဲ့ဓား ပေါင်းစပ်ထားသော အခြေအနေကို ရရှိနိုင်သော လူများစွာ မရှိပေ။ လုရွှမ်သာလျှင် ဓားစွမ်းအင်ကို အသုံးပြုနိုင်ပြီး တခြားသူများက ၎င်းတို့၏ ကျင့်ကြံမှုစွမ်းအင်ဖြင့် ဓားကို အသုံးပြုကြတာ ဖြစ်သည်။
လုရွှမ်သည် အင်အား ကြီးမားသော ပြိုင်ဘက် ဖြစ်လို့ စိတ်နှလုံးအကြွင်းမဲ့ဖြင့် တိုက်ပွဲဝင်သင့်ကြောင့် သူသိလိုက်သည်။
လူတိုင်းမှာ သူတို့ပါးစပ်ကို တိတ်တိတ်ဆိတ်ဆိတ် ပိတ်ထားလိုက်ကြပြီး တချို့လူများကဆို ပါးစပ်ကို တင်းတင်းကြပ်ကြပ် အုပ်ကာ လူအုပ်ကြားတွင် ဂရုတစိုက် ပုန်းရှောင်နေကြသည်။ လုရွှမ် လူအိုချင်းဆီကို သူ့ဓားအလင်းကို ဝေ့ယမ်းလိုက်ကတည်းက ဒီမြင်ကွင်းက အရမ်း ရင်းနှီးပုံပေါက်နေမှန်း ရုတ်တရက် သိလိုက်ရသည်။
စိတ်မပူပါနဲ့ ဒီအဘိုးကြီး မကြာခင် အသတ်ခံရတော့မှာမို့ သူတို့ သွားမရှုပ်ကြတာ ပိုကောင်းလိမ့်မည်။
လုရွှမ်သည် သူ့လက်ဖဝါးထဲတွင် ဓားကိုကိုင်ကာ ရင်ဘတ်ရှေ့တွင် ထားလျက် အနည်းငယ် ဦးညွှတ်လိုက်သည်။ လူအိုချင်း၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားပြီး လုရွှမ်၏ စံနမူနာအတိုင်း လိုက်ကာ ဂါဝရပြုလိုက်သည်။
ဤမြင်ကွင်းကို ကြည့်နေသော အခြားလူများက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အံ့သြသွားစဥ် သခင်လေး၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် လူအိုချင်း၏ တပည့် မဟုတ်သော်လည်း သူ့ထံမှ ဓားပညာကို သင်ယူနေဆဲ ဖြစ်သည်။
လူအိုချင်း၏ အဆိုအရ ဤသည်မှာ ဓားပြိုင်ပွဲ မတိုင်မီ ဓားသမားများ လုပ်တတ်သော ကျင့်ဝတ်ဖြစ်သည်။ အဆင့်တူသူများသာ အနာဂတ်တွင် ဤကဲ့သို့ ဆက်ဆံခံရမှာ ဖြစ်သည်။
ဒါဆို လုရွှမ်က အဆင့်မြင့် ဓားသမား တစ်ယောက် ဖြစ်နေတာများလား?
တစ်ခဏတာအတွင်း သူသည် အလွန်ရယ်စရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။ ထိုအရာမှာ လူနှင့်ဓား ပေါင်းစပ်မှုဖြစ်ပြီး လူများစွာ အိပ်မက်မမက်နိုင်သော နယ်ပယ်တစ်ခု ဖြစ်သည်။ သေးငယ်သော အရပ်မှလာသူ ဆင်းရဲသား လုရွှမ်က ဘယ်လိုလုပ် ဒီလိုအဆင့်မျိုး ရှိနေမှာလဲ။
လုရွှမ်၏ လက်ကောက်ဝတ် အနည်းငယ် ယိမ်းယိုင်သွားစဥ် ဓားရှည်သည် ချက်ချင်းပင် ဓားရှစ်ချောင်းကို ဖန်တီးလိုက်ပြီး ဓားစွမ်းအင်ရှစ်ခုက လူအိုချင်းဘက်သို့ ပစ်ခွင်းလိုက်လေသည်။
လူအိုချင်းသည် ဂရုမစိုက်ဘဲ မနေဝံ့ပေ။ လုရွှမ်၏ လုပ်ရပ်ကို မြင်ပြီးနောက် သူသည် အင်အား ကြီးမားသော ရန်သူနှင့် ရင်ဆိုင်ရပြီ ဖြစ်ကြောင်း သိလိုက်သည်။ တင်းမာသော ရောင်ဝါမျိုး မရှိဘဲ လုရွှမ်က သူ့အရှိန်အဝါကို ထိန်းထားနိုင်ပုံအရ သူ၏ ဓားကျွမ်းကျင်မှု အဆင့်သည် မိမိထက်ပင် မြင့်မားနေလေသည်။
သူသည်လည်း ဓားကို အလျင်စလို လှန်လိုက်ကာ ဓားရောင်ခြည် ရှစ်ချောင်းကို ဓားစွမ်းအင်ဖြင့် ခုခံထားလိုက်သည်။
ဓားစွမ်းအင်ချင်း တိုက်မိပြီး အက်ကွဲကြောင်းတွေ အစီအရီ ဖန်တီးခဲ့ပြီး လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ အဲဒီလို ဓားစွမ်းအင်တွေက သူတို့ကို သတ်လိုက်မယ်ဆိုရင် အသက် ရှင်သန်ဖို့ အခွင့်အလမ်းရှိမှာ မဟုတ်ဘူး။
ဒါပေမဲ့ ပိုင်းခြားသိမြင်တဲ့ မျက်လုံး ရှိသူတိုင်းက လုရွှမ်ရဲ့ ဓားစွမ်းအင်က ပိုအားကောင်းနေတာကို မြင်နိုင်ပါသည်။