ဓားတစ်သောင်း လျှို့ဝှက်ချက်
Vol. 53 Ch. 4.314
လုရွှမ်၏ ဓားသည် ပေါ့ပါးပြီး လေးလံသော ဓားနှင့် နှိုင်းယှဉ်ပါက လူအိုချင်း၏ ဓားပညာက ပို၍ လေးနက်သည်။
သို့သော် ဓားစွမ်းအင်က တဟုန်ထိုး တက်လာပြီး အာကာသအတွင်းမှ အက်ကွဲကြောင်းများက လူအိုချင်းဆီသို့ ရွေ့လျားသွားသည်။ လုရွှမ်ရဲ့ ဓားစွမ်းအင်နှင့် နှိုင်းယှဉ်ပါက လူအိုချင်းမှ ထုတ်လွှတ်လာသော ဓားစွမ်းအင်သည် လုံလောက်စွာ မတည်ငြိမ်ကြောင်း ထင်ရှားလေသည်။
ရှေ့က ဓားစွမ်းအင်၏ ခြိမ်းခြောက်မှုကို ခုခံနိုင်သော်လည်း စွမ်းအားမှာ အတော်လေး မလုံလောက်ချေ။ လူအိုချင်းရဲ့ မျက်နှာက နီရဲလာကာ တစ်ဖက်လူရဲ့ စွမ်းအင်ကို ပို၍ပင် ရှင်းလင်းစွာ သိလိုက်သည်။
"မေ့လိုက်ပါ... ငါမင်းကို အခွင့်အရေး တစ်ခုပေးမယ်... နောက်ဆုံးတော့ ဓားသမား ပါရမီရှင်တွေက နည်းပါးလွန်းတယ်လေ အခု မင်းသူနဲ့ အဆက်အသွယ် ဖြတ်လိုက်ရင် ငါ မင်းကို လွှတ်ပေးနိုင်တယ်"
လုရွှမ်က ဆိုလေသည်။
ရက်တစ်ရာ ဓားရေးလေ့ကျင့်ခြင်း၊ ရက်တစ်ထောင် လှံထိုးခြင်း၊ ရက်ပေါင်းတစ်သောင်း ဓားခုတ်မှု လေ့ကျင့်ခြင်းသည် ဓားရေးတွင် အောင်မြင်ရန် အမှန်တကယ် ခက်ခဲလှသည်။ အရင်ဘဝတုန်းက ဓားပါရမီရှင်က သူတစ်ယောက်တည်း ရှိခဲ့ပေမယ့် ဒီဘဝမှာ နောက်ဆုံးတော့ တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ဒီလိုလူသာ ဒီအတိုင်း သေသွားရရင် အနည်းငယ် နှမြောစရာ ကောင်းလှသည်။
လူအိုချင်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး သူ့မျက်လုံးများက လုရွှမ်ကို ကျေးဇူးတင်ကြောင်း အရိပ်အမြွက်များ ပြသလာသည်။ မင်ယွဲ့ဧကရာဇ် အင်ပါယာမှ လူငယ်ကို ပြန်ကြည့်လိုက်သော် ထိုလူက နောက်မှ အေးစက်စွာ ဟစ်အော်လိုက်သည်။
"လူအိုချင်း... မင်း လုပ်ရဲလား!"
လူအိုချင်းက ညင်သာစွာ ပြုံးလိုက်ပြီး
"ဒါပါပဲ ငါ့အသက်ကို မင်ယွဲ့ဧကရာဇ် အင်ပါယာက ကယ်တင်ခဲ့ပြီး ငါ့မြေးကိုလည်း မင်ယွဲဧကရာဇ် အင်ပါယာက ပြုစုစောင့်ရှောက်ခဲ့တယ်... ဒါကြောင့် ငါ့ရဲ့မူလကရုဏာကို ပြန်ဆပ်တယ်လို့ မှတ်ယူတဲ့အနေနဲ့ ငါ့အသက်ကို စွန့်စားရတော့မှာပဲ"
စကားတွေ ဆုံးတဲ့အခါ လက်နှစ်ဖက်လုံးက ဓားကိုကိုင်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ တခဏအတွင်းမှာပဲ သူ့ရဲ့အသက်အရွယ် ကြီးရင့်တဲ့ ခန္ဓာကိုယ်ထဲကနေ အလွန်အစွမ်းထက်တဲ့ အရှိန်အဟုန်တစ်ခု ထွက်လာတော့သည်။
သူ့ခန္ဓာကိုယ်ထဲကနေ ဓားတစ်ချောင်း မွေးဖွားလာသလိုပဲ ဓားစွမ်းအင်က နေရာတိုင်းမှာ ဖြန့်ကျက်ထားတာ လူသတ်လိုသော စိတ်ကလည်း အကန့်အသတ် မရှိချေ။
အားလုံးက ထိတ်လန့် တုန်လှုပ်သွားကာ အဘိုးအိုကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။ ယခုအချိန်တွင် အဘိုးအိုသည် အစေခံတစ်ဦးနှင့် လုံးဝ မတူတော့ဘဲ သခင် ဖြစ်နေပြီ ဖြစ်သည်။
"သခင်လေးလုရွှမ် စပါ!"
လုရွှမ်က သက်ပြင်းချလိုက်ပြီး
"ဒါဆိုလည်း မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်!"
တူညီသော ဓားစွမ်းအင်သည် လုရွှမ် ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အရှိန်အဟုန်က လွှမ်းခြုံထားသော်လည်း ဓားရှည်တွင် စိတ်ပျက်နေမှု အရိပ်အယောင်များ ရှိနေသကဲ့သို့ အားနည်းနေသော်လည်း လူတိုင်းက ဓားဆီက အကြည့်မခွာနိုင်ဘဲ ကမ္ဘာကြီးကို လှုပ်ခါစေမည့် ခံစားချက်မျိုးကို ခံစားနေကြရသည်။
လူအိုချင်း၏ မျက်နှာသည် သနားစရာကောင်းနေကယ သူ့အရှိန်အဟုန်ကို ကြည့်လိုက်ရုံဖြင့် သူ ရှုံးနေပြီဆိုတာ သိသာနေလေပြီ။
သူက စိတ်ပျက်လက်ပျက်နဲ့ အော်ဟစ် လိုက်သလိုမျိုး 'ဖြတ်!' ဆိုတဲ့ အသံကို ထုတ်လွှတ်လိုက်ပြီး လုရွှမ်ဆီ ပြေးဝင်သွားသည်။
လူတွေဟာ ဒဏ္ဍာရီထဲက မသေနိုင်တဲ့ ဓားသမား လူအိုချင်းရဲ့ လှုပ်ရှားမှုတွေကို သူတို့ မျက်လုံးတွေနဲ့ အမှီလိုက်ဖို့ မတတ်နိုင်ကြချေ။ လေထုထဲမှာ သူ့ဓားရှည်ကြီးကို ဝေ့ယမ်း၍ ဓားပေါင်းများစွာ ဖြာထွက်စေကာ တစ်ဖန် ထိုဓားများအား ဓားရှည်ထဲကို တိုက်ရိုက် ပေါင်းထည့်လိုက်သည်။
ရှည်လျားသော ဓားရှည်သည် တိတ်ဆိတ်စွာ အရွယ်အစား ကြီးထွားလာသည်။ ကောင်းကင်တွင်ရှိသော ကြယ်များကို အလင်းတန်းရှည်ကြီးအဖြစ် ဆွဲထုတ်ကာ လုရွှမ်ဘက်သို့ ဖြတ်ထုတ်လိုက်သကဲ့သို့ ၎င်း၏ အငွေ့အသက်သည် မြေကြီးကိုပင် ကွဲအက်သွားစေ၏။
လုရွှမ် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး သူ့မျက်လုံးများ ရုတ်တရက် မှိတ်ချလိုက်သည်။ ခဏကြာတော့ သူ့မျက်လုံးများမှ အလင်းရောင်များ ထွက်လာတာကို လူတိုင်း မြင်လိုက်ရစဥ် သူတို့ဓားတွေ ထိန်းချုပ်လို့မရဘဲ လှုပ်လှုပ်ရှားရှား ဖြစ်လာတာကို တွေ့လိုက်ရသည်။
လက်ရှိလူများထဲမှ အများစုမှာ ဓားရှည်များကို လက်နက်အဖြစ် ထားကြသည်။ ဤအခိုက်တွင် သူတို့နောက်ကျောမှ ဓားရှည်သည် ရုတ်တရက် အလိုလို ခုန်တက်လာပြီး လုရွှမ်ဆီသို့ ပျံသန်းသွားလေသည်။ လက်ထဲတွင် ဓားရှည်များကို ကိုင်ထားသော လူမှာလည်း ဓားရှည်က လှုပ်ခါလာတာကို ခံစားလိုက်ရကာ သူ့လက်က မထိန်းချုပ်နိုင်တော့ပေ။
လုရွှမ်ဆီသို့ ဓားပေါင်းများစွာ လျင်မြန်စွာ ပျံသန်းသွားပြီး ဓားတွေက လုရွှမ်ရဲ့ အနောက်မှာ နေရာယူလိုက်ကြသည်။ ဓားရှည်တွေက ရာနဲ့ချီ ဒါမှမဟုတ် ထောင်နဲ့ ရောစပ်နေ၏။ အနီးအနားမှာ ဓားရှည်တွေ အများကြီး ရှိလို့ လုရွှအ့ရဲ့ နောက်ကွယ်မှာ ဓားရှည် ဘယ်လောက်စုသွားတယ် ဆိုတာ ဘုရားပဲ သိလိမ့်မည်။
"ဓားတစ်သောင်း လျှို့ဝှက်ချက်!"
လုရွှမ်ပါးစပ်မှ အော်ဟစ်လိုက်သည်။ လူတိုင်း၏ မျက်လုံးထဲတွင် လုရွှမ် နောက်ကွယ်မှ ဓားရှည်များသည် လုံးဝ ပေါင်းစပ်သွားပုံရပြီး နောက်ဆုံးတွင် သူခေါင်းပေါ်၌ လွင့်နေသော ဝိညာဉ်ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် သူက လူအိုချင်း လွှဲခုတ်လာသော ဧရာမဓားကြီးဆီသို့ အလိုအလျောက် ဖြတ်ပြေးသွားလေသည်။
စွမ်းအင်တွေက အလွန်သဟဇာတ ဖြစ်ပုံရသည်။ လူအိုချင်း ကိုင်ဆောင်ထားသော ဧရာမဓားသည် အလွန် အစွမ်းထက်သော်လည်း လုရွှမ် ကိုင်ဆောင်ထားသော ဓားက အလွန်နူးညံ့ပြီး သွက်လက်နေသည်။
ဒါပေမယ့် လူတွေက သူတို့ရဲ့ နှလုံးသားထဲမှာ အဖြေကို ကူကယ်ရာမဲ့ သိနေကြပြီးပြီ။ လူအိုချင်းဟာလည်း သူ့ရဲ့ရှုံးနိမ့်မှုနဲ့ ပတ်သက်ပြီး သံသယစိတ် မရှိခဲ့ပါဘူး။
လူအိုချင်းရဲ့ ဓားရှည်ကြီးကို မလှန်နိုင်ခင်မှာ လုရွှမ်ရဲ့ ဓားဝိညာဥ်ဟာ လျင်မြန်စွာ အရှိန်အဟုန်နဲ့ ရှေ့ကို ပြေးထွက်သွားပြီး ဝုန်းကနဲ အသံကြီး ထွက်ပေါ်လာသည်။
ဧရာမဓားကြီး၏ ထက်မြက်မှု ပြတ်တောက်သွားကာ လူအိုချင်း၏ ခန္ဓာကိုယ်ကြီးသည် လေထုထဲတွင် ပြန်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှာ ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။ ဒီအခြေအနေကို ကြည့်ပြီး သူသတိလစ်နေပြီ ဆိုတာ သိနိုင်သည်။
လုရွှမ်က "သွား!"
ဓားဝိညာဉ်က ပျံသန်းသွားကာ အဘိုးအိုရဲ့ ခန္ဓာကိုယ်ကို လေထဲတွင် ဖမ်းလိုက်ကာ လူတိုင်းရှေ့သို့ ဆင်းသက်လာခဲ့သည်။
ဓားကိုင်ထားသော လူအိုချင်းရဲ့ ညာလက်မောင်း ကျိုးသွားတာကို လူတိုင်း တွေ့ရသော်လည်း သူ့ခန္ဓာကိုယ်တွင် အခြားဒဏ်ရာများ မတွေ့ရတော့တာကြောင့် လုရွှမ်က သူ့အသက်ကို လွှတ်ပေးလိုက်ကြောင်း သိသာလေသည်။
"ခွဲ!"
လုရွှမ် တိုးညှင်းစွာ အော်လိုက်တဲ့ အခိုက်မှာ လေထဲမှာ ဝိညာဉ်ဓားက တိုးတိုးတိတ်တိတ်နဲ့ လုရွှမ်ရဲ့ ခေါင်းထက် နှစ်ပတ်လောက် လှည့်ပတ် ပျံသန်းသွားပြီးနောက် ထူးထူးခြားခြား တွန့်လိမ်သွားသည်။ နောက်ဆုံးမှာတော့ ဓားရှည်ကြီးမှာ ဓားငယ်များ အဖြစ် ပြောင်းလဲသွားကာ လူတိုင်းဆီကို ပြန်ပြေးသွားကြသည်။
သူတို့သည် ဓားသွားများကို မှင်တက်စွာ ဆုပ်ကိုင်လိုက်ကြပြီး တချို့က လုရွှမ်သည် သူတို့ဓားများကို သူတို့ထံ ပြန်ပေးမည်ဟု မယုံနိုင်ခဲ့ကြပေ။
"ဟေ့ ငါ့ဓားဟာ ဝိညာဉ်အသိ ပိုတိုးလာတယ်လို့ ခံစားရတယ်"
"ဟုတ်လား? ငါ့မှာရောပဲ!"
"ငါရောပဲ"
လူတိုင်း၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ လုရွှမ်သည် သူ့လက်မှ နောက်ထပ် အလင်းတန်း တစ်ခုကို လူအိုချင်း၏ ခန္ဓာကိုယ်ထဲသို့ ပစ်လွှတ်လိုက်တဲ့အခါ ၎င်းက ညည်းတွားကာ နိုးလာခဲ့သည်။
"လူနဲ့ ဓားကို ပေါင်းစပ်ထားတဲ့ အနေအထားအထိ အောင်မြင်အောင် လုပ်နိုင်တာက မင်းမှာ စိတ်ကောင်းရှိတယ်ဆိုတာ ပြသနေတာပဲ.... ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်အတွက် မင်းရဲ့ဓားကိုင်တဲ့ လက်ကို ငါချိုးပစ်လိုက်တယ်"
လုရွှမ် ပြောပြီးသည်နှင့် မင်ယွဲ့ဧကရာဇ် အင်ပါယာမှ သခင်လေးကို လှည့်ကြည့်လိုက်ပြီး
"မင်းရဲ့ ဧကရာဇ်အင်ပါယာကို သူ ဘာအကြွေးမှ မတင်ထားတော့ဘူး... ပြန်သွားပြီးရင် သူ့မြေးကို သူ့ဘာသာသူ ထွက်သွားဖို့ ခေါ်သွားနိုင်တယ်...မင်း နည်းနည်းလေး တားလိုက်တာနဲ့ ငါ မင်းကိုလာရှာပြီး ရှင်းပစ်မယ်!"
သခင်လေး၏ မျက်နှာသည် မှင်အိုမှောက်ကျထားသလို မည်းမှောင်နေပြီး လုရွှမ်ရဲ့ အရင်က စွမ်းအားတွေက သူ့နှလုံးသားထဲမှာ စွဲထင်နေလို့ လုရွှမ်ကို ရင်ဆိုင်ရဲတဲ့ သတ္တိ မရှိတော့ပေ။
လူအိုချင်းသည် မတ်တပ်ထရပ်ကာ လုရွှမ်အား ရိုသေစွာ ဦးညွှတ်ကာ ထိုသခင်လေးဖြစ်သူကို လျစ်လျူရှုကာ လှည့်ထွက်သွားခဲ့သည်။
လူတိုင်းက သက်ပြင်းချကာ ချီးမွမ်းလိုက်ကြ၏။ ဤအဘိုးကြီး ကံကောင်းသည်။ သူ့လက်ကျိုးရုံသာ ရှိ၏။ သူတို့သည် သူတော်စင်များ ဖြစ်ကြတာကြောင့် ဦးခေါင်း မဖြတ်သရွေ့ ကျိုးနေသော လက်ကို ပြန်ဆက်ဖို့က မျှော်လင့်ချက် ရှိသေးသည်။
ဒါဟာ ပြစ်ဒဏ် မဟုတ်ဘဲ ရှားပါးတဲ့ အခွင့်အရေး လက်ဆောင် ဆိုတာ ထင်ရှားပါသည်။
လူသတ်သမားလို့ အစွပ်စွဲခံရတဲ့ လုရွှမ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရူးသွပ်သူ မဟုတ်ကြောင်း သိလိုက်ရတာကြောင့် လူတော်တော်များများရဲ့ စိတ်တွေ လှုပ်ရှားသွားခဲ့သည်။
“သွားကြစို့!”
သခင်လေးက အော်ရင်း လှည့်ကာ သူ့လက်ဝှေ့ယမ်းကာ ထွက်သွားလေသည်။
"ခဏနေဦး... ငါမင်းတို့ကို သွားခိုင်းလို့လား!"
သခင်လေးက လှည့်ကြည့်လာပြီး
"လုရွှမ် မင်းဘာလုပ်ချင်သေးတာလဲ"
"မင်းရဲ့ကတိကို လိုက်နာစမ်းပါ... မင်းကိုသတ်မယ်လို့ ငါပြောခဲ့တာ မဟုတ်ဘူးလား? အစကတော့ မင်းငါ့ကို သတ်ချင်နေပြီး မင်းနဲ့ မယှဉ်ဘူးလို့ ခံစားရတော့ ထွက်သွားချင်တယ်ပေါ့... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? လောကကြီးမှာ ဘယ်သူက ဒီလိုမျိုး သဘောထားကြီးနိုင်လို့လဲ?"
လူငယ်လေး၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားကာ တခြားသူများ၏ နောက်တွင် အလိုလို ကွယ်ဝှက်ထားသည်။ သူ့စိတ်ထဲက ကြောက်ရွံ့မှုကို တင်းမာသော အမူအရာဖြင့် ဖုံးကွယ်ထားကာ
"ငါဘယ်သူလဲဆိုတာ မင်းသိလား? ငါက မင်ယွဲ့ဧကရာဇ် အင်ပါယာ တော်ဝင်မိသားစုရဲ့ တတိယမြောက်မင်းသားပဲ... မင်းငါ့ကို သတ်ရဲရင် မင်းကငါတို့ မင်ယွဲ့ဧကရာဇ် အင်ပါယာတစ်ခုလုံးကို ရန်သူဖြစ်အောင် လုပ်နေတယ်ပဲ"
"ဘာဖြစ်လဲ?"
လုရွှမ်က စကားသုံးခွန်းကို ပေါ့ပေါ့တန်တန်ပဲ ပြောလာရာ လူငယ်သည် သူ့အင်္ကျီကို တိတ်ဆိတ်စွာ ဆူပ်ထားလိုက်ပြီး သူ့နောက်ကျောအင်္ကျီမှ ချွေးအေးများ ထွက်ကျလာခဲ့လေသည်။