← Chapters

ရွှမ်ယွီဂိုဏ်းကိုသွားပြီ

Vol. 53 Ch. 4.315

ရွှမ်ယွီဂိုဏ်းကိုသွားပြီ

Vol. 53 Ch. 4.315

လူတိုင်း၏ မျက်လုံးထဲတွင် သူ့ကို ထင်မြင်သော အရာသည် အလွန် မွန်မြတ်သည့် အနေအထားဖြစ်ပြီး လူတိုင်း လေးစားရသည့် အနေအထားမှာ လုရွှမ်အတွက် လုံးဝတန်ဖိုး မရှိကြောင်း ရုတ်တရက် သိလိုက်ရသည်။

ဒီတော့ မင်ယွဲ့ဧကရာဇ် အင်ပါယာနဲ့ ပတ်သက်ပြီးတော့ သူလုံးဝ အလေးအနက် မထားပေ။

"ငါက မင်ယွဲ့ဧကရာဇ် အင်ပါယာရဲ့ တတိယမြောက် မင်းသားရင်ထျန်း... မင်းတို့ငါ့အတွက် ဒီနေ့ တိုက်ပွဲဝင်ပြီး ထွက်ခွာဖို့ သတ္တိရှိသရွေ့ မင်ယွဲ့ဧကရာဇ် အင်ပါယာကို ရောက်ရင် ငါ့ရဲ့အရေးကြီး ဧည့်သည် ဖြစ်လာစေရမယ်လို့ အခုပဲ ကတိပေးတယ်.... စစ်သည်တွေလည်း အမြင့်ဆုံးအဆင့်ထိ ရာထူး တိုးမြှင့်ခံရမယ်လို့ အာမခံတယ်... ကျင့်ကြံမှု အရင်းအမြစ်တွေလည်း အဆုံးမရှိစေရဘူး"

သုံးကြိမ်ဆက်တိုက် ပြောပြီးသည့် နောက်တွင် သူ့စကားအ​ပေါ် စိတ်အားထက်သန်စွာ အော်သံများကို မကြားရဘဲ လူတိုင်းက သူ့ကို ရယ်မောနေသကဲ့သို့ လေသံသာ ရှိ​လေသည်။

"ငါ့မိသားစုမှာ ပဟာသူ​တော်စင်ကြီး တစ်ယောက်ရှိတယ်... မင်းငါ့ကို သတ်ရဲလား"

"စကားများလွန်းတယ်!"

လုရွှမ် ဆို၍ မိုးကြိုးလို ​ဖျက်ကနဲ ပျောက်သွားကာ နောက်အခိုက်အတန့်တွေမှာ ရင်ထျန်းရှေ့မှာ ပေါ်ထွက်လာခဲ့သည်။

တတိယမင်းသားမှာ လုရွှမ်က သူထင်ထားတာထက် ကျော်လွန်၍ ဒီလောက် လျင်မြန်လိမ့်မည်ကို မထင်ထားခဲ့ပေ။ ထိတ်လန့်စွာဖြင့် သူ့ပတ်ဝန်းကျင်မှ လူများကို လုရွှမ်ဆီသို့ အမြန်တွန်းပို့လိုက်သည်။

"သူ့ကိုတား သူ့ကိုတား!"

လုရွှမ်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာပြီး ပြင်းထန်သော ဖိအားများက သူ့ထံ ချဉ်းကပ်လာသော ကျင့်ကြံသူများကို တိုက်ရိုက် တွန်းထုတ်ပစ်လိုက်သည်။

သေခြင်းတရားကို မကြောက်သူ တချို့ရှိကာ သူတို့က လုရွှမ်ကို ပုဆိန်ကြီးများဖြင့် လုပ်ကြံဖို့ ဝင်လာခဲ့ကြ​င​သေး​သ​ည်။

လုရွှမ်ဆီမှ ပြင်းထန်သော ဓားတစ်ချောင်း ထွက်ပေါ်လာပြီး လူသတ်ချင်တဲ့ ရောင်ဝါတွေ အဖြစ်သို့ ပြောင်းလဲကာ တစ်ဖက်လူများကို တစ်ချက်တည်း စာရင်းရှင်းပစ်လိုက်သည်။ ရောက်လာသူဟာ ပါးစပ်က သွေးတွေ ထွက်လာပြီး နံဘေးကို လဲကျသွားကာ မင်းသား၃အတွက် အာရုံပြောင်းပေးနေ၏။

ဤအချိန်လေးကို အခွင့်ကောင်းယူပြီး တတိယမင်းသားသည် သူတော်စင် သားရဲရှိရာသို့ ပြေးထွက်သွားကာ သူ၏ ကျယ်လောင်သော အသံကို ထုတ်လွှတ်လိုက်သည်။

“ကောင်လေး.... မင်းစောင့်နေလိုက် ငါ...”

စကားမဆုံးခင်မှာ သူ့ခန္ဓာကိုယ်က ရုတ်တရက် မြေပြင်ပေါ်လဲကျသွားပြီး သူ့နှလုံးသားကို ဖုံးအုပ်ထားတဲ့ လက်တွေအောက်ကို မယုံကြည့်နိုင်မှုများဖြင့် ငုံ့ကြည့်လိုက်၏။

"စိတ်မကောင်းပါဘူး... ငါက ဝိညာဉ်သခင် ဆိုလည်း ဟုတ်တယ်"

လုရွှမ်က ဆိုလေသည်။ တတိယမင်းသား၏ နှလုံးသား နေရာမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ၎င်းသည် ခရမ်းရောင် သစ်သားလေးတစ်စင်း ဖြစ်သွားသည်။

“ခရမ်းရောင် ရွှေသစ်သား!”

ထူးကဲသော အသိပညာရှိသူက အံ့သြစွာ ထအော်လာခဲ့သည်။

လုရွှမ် သူပြောတဲ့ စကား မှန်ကန်ကြောင်း သက်သေပြပြီးပါပြီ။ ခရမ်းရောင် ရွှေသစ်သားက ဝိညာဉ်သခင်တွေ အသုံးပြုတဲ့ ကိရိယာများထဲမှ တစ်ခုဖြစ်သည်။

မြင်းထောင်ပေါင်းများစွာနှင့် စစ်သည်များသည် တိတ်ဆိတ် ငြိမ်သက်လျက်။ တတိယမင်းသား၏ လူများသည် သူတို့၏သခင် ကောင်းကင်မှ ပြုတ်ကျလာတာကို ခိုကိုးရာမဲ့ ကြည့်ရှုနေကြရသည်။ ခဏလောက်အထိ သူ့ကိုကူညီဖို့ အလျင်စလို မတက်သွားရဲခဲ့ကြပေ။

ဒီလို ပါရမီရှင်တစ်ဦးနှင့် ရင်ဆိုင်ရသောအခါတွင် သူတို့၏ နှလုံးသားထဲတွင် လေးနက်သော စိတ်ပျက်အားငယ်မှုကိုသာ ခံစားခဲ့ရ​လေသည်။

လုရွှမ် ရွှမ်ယွီဂိုဏ်းရှေ့သို့ ပျံသန်းသွားပြီး ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်းတို့၏ ခန္ဓာကိုယ်ထဲသို့ အလင်းတန်းနှစ်ခု ထိုးဖောက် ဝင်ရောက်သွားသည်။ သူတို့၏ ခန္ဓာကိုယ်များ တုန်ခါသွားကာ ချိတ်ပိတ်ထားသော စွမ်းရည်များကို ပြန်လည်ရရှိလာခဲ့သည်။

“အကြီးအကဲကို ဂါဝရ​ပြုပါတယ်”

သူတို့နှစ်ဦး ဒူးထောက် ထိုင်ချလိုက်ပြီး အလွန်တရာ ကြည်ညိုလေးစားမိသည့် အမူအရာများအား ထုတ်ပြလာ၏။

လုရွှမ် ဆိတ်ထီးကို ကြည့်လိုက်တော့ တစ်ဖက်က မျက်နှာ ဖြူဖျော့သွားသည်။ ယခုအချိန်တွင် သူဘာလုပ်ရမှန်းကို မသိသေးပေ။ ဒီလို သခင်မျိုးက သူတို့ရဲ့ ရွှမ်ယွီဂိုဏ်းဝင်အဖြစ် ဟန်ဆောင်ဖို့ လိုအပ်လို့လား။

ဒါပေမဲ့ ဘယ်အချိန်တုန်းက ဂိုဏ်းမှာ ဒီလို နံပါတ်တစ် ကျင့်ကြံသူတစ်ယောက် ရှိ​နေတာလဲ? အကြီးအကဲက တပည့်အဖြစ် လက်ခံထားခဲ့လို့လား? ခက်တာက သူ့မှာ ဘာသဲလွန်စမှ မရှိပေ။

ဘိုး​လေယွီရှန်သည် လွန်ခဲ့သော အနှစ်တစ်ရာလောက်ကတည်းက ထွက်သွားခဲ့ပြီ။ ဆိုတော့ ဘိုးဘေးက တိတ်တဆိတ် လက်ခံထားခဲ့တဲ့ တပည့်များလား။ ဒါပေမယ့် ဘိုးဘေးအပေါ်ထားတဲ့ သူ့ရဲ့သဘောထားကို ကြည့်ရတာ ဆရာတစ်ယောက်ကို လေးစား​နေတဲ့ပုံ မပေါ်ပေ။

သူက ဘိုးဘေးရဲ့ မိတ်ဆွေဟောင်းများလား?

ဆိတ်ထီး၏ စိတ်သည် လုံးဝ ရှုပ်ထွေးသွားပြီး နောက်ဆုံးတွင် သူက လူတိုင်းရှေ့တွင် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် ပြောခဲ့​​သေးသည်။

"အကြီးအကဲကို ဂါဝရပြုပါတယ်!"

လုရွှမ် တစ်ချက် ကြည့်လိုက်သည်။ ဤလူကြီးသည် လေးမြတ်မှုကို ဘယ်လိုပြရမလဲ မသိပုံရတာကြောင့် သူပြန်​ရောက်ပြီးရင် နှစ်တစ်ရာလောက် တံခါးပိတ် ကျင့်ကြံခိုင်းမှ ဖြစ်တော့မည်။

အကြီးအကဲတွေတောင် ဒူးထောက်ပြီဆိုတော့ တခြား ရွှမ်ယွီဂိုဏ်းရဲ့ တပည့်တွေလည်း ဒူးထောက်ပြီး ကိုးကွယ်ကြတော့သည်။ တခြားသူများ၏ ကြောက်ရွံ့မှုနှင့် နှိုင်းယှဉ်ပါက ရွှမ်ယွီဂိုဏ်းရှိ လူတိုင်းမှာ အလွန် စိတ်လှုပ်ရှားနေပါသည်။ ဒီလို တန်ခိုးကြီးတဲ့ အကြီးအကဲနဲ့ဆို သူတို့ဂိုဏ်းက ကြီးပွားချမ်းသာလာမှာ သေချာလေ၏။

လုရွှမ် မူလက ဒီလူကို လှည့်မကြည့်တော့ဘူးလို့ ထင်ခဲ့သော်လည်း ယွီရှန်မှ ထားခဲ့သော အငယ်တန်းကို ကြည့်ကာ သူ့စိတ်ထဲတွင် ပျော်ရွှင်နေသေးသည်။ သက်တောင့်သက်သာ ရှိသော အပြုံးကို ထုတ်မပြဘဲတောင် မထိန်းနိုင်လိုက်။

"ကောင်းပြီ.... အရမ်းကောင်းတယ် မင်းတို့ရဲ့ အရည်အချင်းတွေက ကောင်း​ကြပါတယ် ဒါပေမဲ့ မင်းတို့ရဲ့ ဦးနှောက်က နည်းနည်းတော့ လိုနေသေးတယ်... ယွီရှန်က မင်းတို့ရဲ့ ဂိုဏ်းကို အင်ပါယာရဲ့ အပြင်မှာ တည်ဆောက်ထားတယ် ဆိုတာ ဒီလို လျှို့ဝှက်ကိစ္စတွေမှာ မပါဝင်စေချင်လို့ ဆိုတာ မင်းတို့ သိထားရမယ်"

"လာ လာ လာ... အားလုံးအတွက် လက်ဆောင်ရှိတယ်"

လုရွှမ်က ဆိုလိုက်၏။ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လက်နက်တွေကို တစ်မျိုးပြီးတစ်မျိုး ပစ်ချ​ပေးလိုက်သည်။ ဒီအရာတွေ အားလုံးက သူ့အားလပ်ချိန်မှာ သူသတ်ခဲ့တဲ့ သူတော်စင်တွေနဲ့ သူတော်စင်နယ်ပယ် အဆင့်၉ သခင်တွေရဲ့ သိုလှောင်အိတ်တွေကနေ ရရှိခဲ့တာပဲ ဖြစ်သည်။

လက်ဆောင်ပေးမယ်လို့ ဘယ်သူမှ မထင်ထားခဲ့သလို လက်ဆောင်က အရမ်းတန်လွန်းတာကြောင့် လူတိုင်းက အရမ်းပျော်​နေကြပြီး အကြီးအကဲတချို့ရဲ့ အော်သံတွေက ပိုလို့တောင် ချိုမြိန်နေခဲ့သည်။

"ကောင်းပြီ အားလုံး စုခွဲကြရအောင်"

လုရွှမ် လူတိုင်းဘက်ကို လှည့်ပြောလိုက်သည်။ လူတိုင်းမှာလည်း သက်ပြင်းချကာ ကံကောင်းသွားပြီလို့ပင် ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာပဲ တစ်ဖက်လူက သူ့ဂိုဏ်းက လူတွေနဲ့ ပြန်တွေ့သွားပြီး စိတ်ကောင်းလည်း ရှိ​နေခဲ့၏။ မဟုတ်ရင် သူတို့ကိုပါ ဒုက္ခရောက်အောင် လုပ်လိုက်ရင် ဘယ်သူမှ အသက်ရှင်မှာ မဟုတ်တော့ဘူး။

ဘယ်သူကများ ဒီမှာ နေခဲ့ရဲမှာလဲ။ အားလုံးက အလျင်အမြန် လူစုခွဲလိုက်ကြသည်။

"မင်းတို့ရဲ့ဂိုဏ်းကို ပြန်သွားကြည့်ရအောင်.. ယွီရှန် ငါ့အတွက် တစ်ခုခုချန်ခဲ့သေးလား ကြည့်ရမယ်"

လုရွှမ် သက်ပြင်းတစ်ချက် ချကာ ဆိုလိုက်သည်။ သူကား အနည်းငယ် မျှော်လင့်ထားသလို စိတ်ဓာတ်လည်း အနည်းငယ် ကျ​နေခဲ့သည်။

သူ့မျက်နှာကို ကြည့်ကာ လူတော်တော်များများက မမေးရဲကြရာ ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်းတို့ကိုသာ သေသေချာချာ ကြည့်လိုက်ကြသည်။ ဒီအကြီးအကဲ စီနီယာနဲ့ သူတို့က အရင် တွေ့ကြတာမို့ တစ်စုံတစ်ခု သိလျှင် သူတို့နှစ်ယောက်ပဲ ဖြစ်နိုင်လေသည်။

နှစ်ယောက်သားကတော့ ခါးသက်သက်ပဲ ပြုံးပြပြီး ခေါင်းယမ်းလိုက်ကြသည်။

ရွှမ်ယွီဂိုဏ်းတွင် သဘာဝအားဖြင့် ၎င်းတို့၏ ပျံသန်းသူတော်စင် သားရဲများရှိလေသည်။ သားရဲများ၏ ဇက်ကြိုးများကို ချည်နှောင်ထားကာ ၎င်းနောက်မှ ဆွဲယူသွားသော အဆောက်အအုံ တစ်ခုရှိတာကြောင့် သွားလာရန် အလွန်အဆင်ပြေသည်။

လုရွှမ် အခန်းတစ်ခန်းကို ရွေးချယ်ကာ ကျင့်ကြံဖို့ ပြင်လိုက်သည်။

သူသည် ဂိုဏ်းထဲက တပည့်များကို အတိအကျ မေး​ကြည့်သော်လည်း မီးတောက်နိယာမကို လုံးဝ နားမလည်​ကြပေ။ နည်းဥပဒေများ၊ နိယာမစွမ်းအင်လိုင်း၏ ပုံသဏ္ဌာန်များနှင့် ပတ်သက်ပြီး ဒီနေရာက လူတွေမှာ ထျန်းဝိုက်စွေ့ကမ္ဘာထဲက လူတွေလို နိယာမစွမ်းအင် လိုင်းတွေ ပြေးလွှားနေတာ မရှိပေ။

တိမ်ပင်လယ်ကမ္ဘာတွင် နိယာမစွမ်းအင်များသည် မှော်ဆန်သည့် အရာတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်​လေသည်။ တချို့သော အဆင့်မြင့် ကျင့်ကြံသူများသာ ထိုအကြောင်းကို သိကြပြီး အခွင့်အရေးများကို ရရှိကြသော်လည်း တချို့မှာ မသိနားမလည်ကြသေးပေ။

ဆရာကြီးထျန်းဟော်ထံမှ ရရှိခဲ့သော မီးတောက်နိယာမကို လေ့လာရင်း လေပြင်းနိယာမအပေါ် နားလည်မှုကို အားကိုးကာ လုရွှမ် တစ်စုံတစ်ခုကို ယောင်ဝါးဝါး တွေးတောမိသော်လည်း အဆုံးတွင် အနည်းငယ်မျှသာ သိရှိခဲ့ပြီး ကြိုးစားအားထုတ်မှုဖြင့် ရလဒ်ရဲ့ တစ်ဝက်သာ ရရှိခဲ့သည်။

အခန်းထဲမှ ထွက်လာသောအခါ တံခါးအပြင်ဘက်တွင် တိတ်ဆိတ် ငြိမ်သက်နေသည်။ လုရွှမ်သည်လည်း ထိုတပည့်များသည် သူ့အပေါ် သတိကြီးစွာထားပြီး မထိခိုက်ဝံ့ကြောင်းလည်း သိသည်။ ခန်းမထဲသို့ ရောက်သောအခါ တပည့်တစ်စုက လုရွှမ်ကိုတွေ့ပြီး ဂါဝရပြုလာကြသည်။

"အကြီးအကဲ... ကျွန်တော်တို့ ပျံသန်းနေတာ သုံးလရှိပြီ.... ရွှမ်ယွီဂိုဏ်းကို သုံးရက်အတွင်း ရောက်လိမ့်မယ်"

“အို..ဘာလုပ်စရာမှ မရှိမှတော့ မင်းတို့ရဲ့ အရည်အချင်းကို ငါသိချင်တယ်”

ထိုစကား ထွက်လာသည်နှင့် တပြိုင်နက် တပည့်များအားလုံး ဝမ်းသာပီတိဖြစ်ကာ မေးခွန်းများ မေးလာကြသည်။ အားလုံးက ကျင့်ကြံမှု လေ့ကျင့်ခန်းများတွင် ပါဝင်သည့် ပဟေဠိများအကြောင်း မေးမြန်းကြလေ၏။

မကြာခင်မှာပဲ လုရွှမ်ဟာ ရွှမ်ယွီဂိုဏ်းရဲ့ ဘိုးဘေး မိုးနတ်ဘုရားမဆီမှ ဆင်းသက်လာတဲ့ သိုင်းကျမ်းများနဲ့ အလွန်အကျွမ်းတဝင် ရှိတယ်ဆိုတာ သူတို့ တွေ့လိုက်ရသည်။ ပေါ့ပေါ့တန်တန် ရှင်းပြချက်ကပင် သူတို့ဆရာထက် အဆပေါင်းများစွာ သာလွန်ကြောင်း ပြသခဲ့ပြီး အလွန်လည်း ထိတ်လန့်သွားခဲ့သည်။

သူတို့၏ ဆရာသည် မဟာသူ​တော်စင်ကြီး ဖြစ်သော်လည်း မဟာသူ​တော်စင်ကြီးပင်လျှင် လုရွှမ်ထက် သိုင်းကျမ်းများအပေါ် ရှင်းရှင်းလင်းလင်း နားလည်မှု နည်းပါးပုံရသည်ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

ဒီအကြီးအကဲ ဘယ်သူလဲ ဆိုတာကို သိချင်စိတ်ဖြင့် လူတိုင်းက ပိုပိုပြီး စိတ်ရှုပ်လာတော့သည်။

သုံးရက် ကြာပြီးနောက် နောက်ဆုံးတွင် သူတော်စင် သားရဲသည် ရပ်တန့်သွားကာ အားလုံးလည်း အခန်းထဲမှ ထွက်လာခဲ့ကြသည်။

သူ့ရှေ့က တောင်ထွတ်ကို ကြည့်လိုက်တော့ လုရွှမ် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။ ဂိုဏ်းက တကယ်ပဲ ဒီနေရာမှာ တည်ရှိနေခဲ့တာပါလား။

All Chapters