← Chapters

ယွီရှန်၏အတိတ်ပုံပြင်များ

Vol. 54 Ch. 4.316

ယွီရှန်၏အတိတ်ပုံပြင်များ

Vol. 54 Ch. 4.316

"အကြီးအကဲ...."

ဟယ့်လွမ်ယင်း နှင့် ယွင်ထျန်းရှန်တို့သည် လုရွှမ်၏ နံဘေးတွင် ရှိ​နေကြပြီး လုရွှမ်နှင့် အရင်းနှီးဆုံး ဖြစ်ကြတာကြောင့် သူတို့နှစ်ယောက်ကို ဂိုဏ်း၏ အကြီးအကဲများက လုရွှမ်အား အနီးကပ်ခစားရန် တောင်းဆိုခဲ့သည်။

ဤအခိုက်အတန့်တွင် လုရွှမ်မှာ သူ့ရှေ့က တောင်တန်းများကို ကြည့်ရင်း မျက်ရည်များ ဝဲလာတာကို မြင်လိုက်ရတော့ ဟယ့်လွမ်ယင်း အံ့သြသွား​တော့သည်။

လုရွှမ် အသက်ပြင်းပြင်း ရှူရင်း သူ့မျက်လုံးများမှ မျက်ရည်များ ပျောက်ကွယ်သွားခဲ့သည်။

"နေရာဟောင်းကို တစ်ကြိမ် ပြန်လာတဲ့အချိန်မှာ ယွီရှန်က ဒီမှာပဲ ဂိုဏ်းထူထောင်လိုက်မယ်လို့ မမျှော်လင့်ထားဘူး... သူမ ငါတို့ကြားက ကတိသစ္စာကို မှတ်မိနေသေးတာပဲ.... ဒါပေမဲ့ ငါကတော့...."

ဟယ့်လွမ်ယင်း သူမ၏ နှလုံးသားထဲတွင် ချဉ်စူးစူး ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဘိုးဘေးမိုးနတ်ဘုရား ယွီရှန်အကြောင်း သူမ သိသမျှဟာ ဂိုဏ်း၏ မှတ်တမ်းများမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘိုးဘေးသည် အိမ်ထောင် မပြုဖူးခဲ့သည်မှာ မှန်ပေ၏။

"အကြီးအကဲရဲ့ အသွင်အပြင်ကို ကြည့်ရတာ သူက ဘိုး​ဘေးယွီရှန်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေး ရှိခဲ့တာဖြစ်မယ်.... ဒါပေမဲ့ ဒါက ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ?"

ဂိုဏ်းထဲက လူတိုင်းက သူတို့ကို နှုတ်ဆက်ဖို့ ထွက်လာကြ၏။ အရှေ့ဆုံးက သုံးယောက်ကတော့ ယွီရှန်ဂိုဏ်းရဲ့ ကျောင်းအုပ်ဆရာကြီးနှင့် အကြီးအကဲ နှစ်ယောက်ဖြစ်ပြီး အားလုံးက မဟာ သူတော်စင်ကြီးတွေသာ ဖြစ်သည်။

ပြန်လာသော တပည့်များမှာ အလွန် ထိတ်လန့်သွားခဲ့ကြသည်။ ကျိုးရန်ဧကရာဇ် အင်ပါယာ၏ ဧကရာဇ်မင်း ရောက်ရှိလာသည့်တိုင် သူ့အား ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ရန် လာရောက်သော သူမှာ ကျောင်းအုပ်ကြီး တစ်ယောက်တည်းသာ ရှိသည်။

ဒါပေမဲ့ အခုချိန်မှာတော့ အကြီးအကဲ နှစ်ယောက်တောင် သူ့ကို ကြိုဆိုဖို့ ဒီမှာ ရှိနေတယ်ဆိုတော့ သူတို့နဲ့ ပါလာတဲ့ ဒီအကြီးအကဲက တကယ့်ကို ကောင်းမွန်တဲ့ နောက်ခံသမိုင်းကြောင်း ရှိနေတာ ဖြစ်နိုင်မလား။

မဟာသူတော်စင်ကြီး သုံးပါး၏ နောက်တွင် ထောင်ပေါင်းများစွာသော သူတော်စင်များ၊ သောင်းချီသော သူတော်စင်တစ်ပိုင်းနှင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က တပည့်များလည်း နောက်သို့ လိုက်ပါခဲ့ကြသည်။ လူအုပ်ကြောင့် တောင်ထိပ်တစ်ခုလုံး အမှောင်ထုနှင့် ပြည့်နှက်နေသည်။

"ရွှမ်ယွီဂိုဏ်းရဲ့ လက်ရှိကျောင်းအုပ်ကြီး ဟယ့်မင်ဖုန်း အကြီးအကဲလုရွှမ် ဂိုဏ်းကို ပြန်လည်ရောက်ရှိခြင်း အတွက် လေးစားစွာ ကြိုဆိုပါတယ်"

"ရွှမ်ယွီဂိုဏ်းမှ အကြီးအကဲ ယွမ်ဖေးရှန်း၊ လင်ထျန်းဖောင့်က အကြီးအကဲလုရွှမ် ဂိုဏ်းကို ပြန်လည်ရောက်ရှိခြင်း အတွက် လေးစားစွာနဲ့ ကြိုဆိုပါတယ်"

သူတော်စင်ကြီး သုံးယောက်ပြီးနောက် တခြားလူတိုင်းက

"အကြီးအကဲလုရွှမ် ဂိုဏ်းကို ပြန်လာတဲ့အတွက် စိတ်ရင်းမှန်နဲ့ ကြိုဆိုပါတယ်"

လုရွှမ် သူ့မျက်လုံးများ အနည်းငယ် စိုစွတ်လာသလို ခံစားလိုက်ရသည်။ ရွှမ်ယွီဂိုဏ်းတွင် ထိုသို့သော ကိုယ်ဟန်အနေအထား ရှိသည်။ ကျောင်းအုပ်ကြီးနှင့် အကြီးအကဲ နှစ်ယောက်သည် သူ့လက္ခဏာကို သိနေသည်မှာ ထင်ရှား​လေသည်။ တစ်နည်းအားဖြင့် ယွီရှန်သည် သူ့အထောက်အထားကို ရှင်းပြရန် လျှို့ဝှက်ကုဒ်တစ်ခု ထားခဲ့လိမ့်မည်။

"ထပါ... မြန်မြန်ထကြ"

လုရွှမ် သူတို့သုံးယောက်ကို မတ်တတ်ထရပ်ဖို့ ကိုယ်တိုင်ကိုယ်ကျ ကူညီပေးခဲ့သည်။ သူတို့ သုံးယောက်သည် မဟာသူတော်စင်များ ဖြစ်တာကြောင့် မြင့်မြတ်သော အဆင့်အတန်းမျိုး ရှိသင့်သည်။

"အားလုံးထကြပါ...."

လုရွှမ်မှာ သူတို့ရဲ့ အမူအရာကြောင့် စိတ်လှုပ်ရှားပြီး မသက်မသာ ဖြစ်နေတာကို အတော်ကြာအောင် ခံစားနေရသည်။

"ဒါ ငါတို့ ပထမဆုံး ဆုံ​တွေ့တာပဲဆိုတော့ ငါ မင်းတို့ကို အခွင့်အရေး တစ်ခုပေးမယ်"

သူသည် သူ့နှလုံးသားကို ကျောက်စိမ်းပြား နေရာနှင့် ချိတ်ဆက်လိုက်ပြီး တစ်ချိန်တည်းမှာပင် လုရွှမ်၏ ဦးခေါင်းထက်မှ သန့်စင်သော ဝိညာဥ်စွမ်းအင်များ စီးကျလာသည်။ ဤဝိညာဥ်စွမ်းအင်များသည် အဘိုးကြီးရွှမ်ဟွမ်၏ ရွှမ်ခုန်းတောင်မှ ရရှိခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်စွမ်းအင်များသည် ရွှမ်ယွီဂိုဏ်း၏ ဝိညာဉ်သွေးကြော များထဲသို့ လှိမ့်ဝင်သွားသည်။

မဟာသူတော်စင်ကြီး သုံးယောက်တောင် မျက်လုံးများ ပြူးကျယ်သွားကာ လူတိုင်းမှာ ထိတ်လန့် တုန်လှုပ်သွားကြသည်။

ရွှမ်ယွီဂိုဏ်း၏ အောက်ခြေသည် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ရှိသည့် နေရာဖြစ်သည်။ သို့သော် လုရွှမ်သည် ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းပြီးနောက် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က တပည့်များမှာ ဂိုဏ်း၏ ဝိညာဉ်စွမ်းအင်သည် အနည်းငယ်ပို၍ သန့်စင်သွားပုံရပြီး ၎င်းကို စုပ်ယူရန်နှင့် သန့်စင်ရန် ပိုမိုလွယ်ကူလာသလို ခံစားလာရသည်။

ထိုသို့သော ဝိညာဉ်စွမ်းအင်များ လေထုထဲတွင် ပျံ့လွင့်နေပုံမှာ သူတို့ခမျာ ရေထဲရောက်နေသလို ခံစားရသည်။

ဤအခိုက်အတန့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သော လူများစွာ၏ နယ်ပယ် ပိတ်ဆို့မှုများသည် တိတ်တဆိတ် ကျိုးပဲ့သွားကာ အဆင့်မြင့်သော နယ်ပယ်သို့ ထိုးဖောက် ဝင်ရောက်လာခဲ့ကြသည်။

စွမ်းအင် လမ်းကြောင်းများသည် တစ်ဖန် ပြန်ကျုံ့သွားကာ လက်ဖဝါးထဲတွင် အရောင် ခြောက်ရောင်ရှိသော ဝိညာဥ်စွမ်းအင်များက အရောင်၆ရောင်ရှိသော ကျောက်စိမ်းပိုးအိမ် ၆လုံးအဖြစ် ပြောင်းလဲသွားသည်။ လုရွှမ် ကျောက်စိမ်းပြားကို ခေါင်းဆောင် ဟယ့်မင်ဖုန်းအား ပေးလိုက်သည်။

"မင်းဒီလောက် ကြီးမားတဲ့ အခင်းအကျင်း အစီအရင်ကို ဖန်တီးထားပြီး ငါဘယ်သူလဲ ဆိုတာကို သိထားမှတော့... ဒါမင်းကို ပေးမယ်... ဂိုဏ်းကြီးခြောက်ခုရဲ့ လျှို့ဝှက်ချက်တွေပဲ... ငါ ဂိုဏ်းကြီးခြောက်ခုမှ ဆင်းသက်လာတဲ့ လူတွေကို ရှာဖွေချင်ပေမယ့် အချိန်မရှိခဲ့ဘူး.... နောက်ပိုင်း မင်းသူတို့ကို ရှာတွေ့ရင် ကျေးဇူးပြုပြီး သူတို့အားလုံးကို ဂိုဏ်းထဲမှာ ထည့်ပေးပါ"

ဟယ့်မင်ဖုန်းသည် အလွန် စိတ်လှုပ်ရှားနေပြီး သူ့လက်များပင် တုန်နေကာ ကျောက်စိမ်းပိုးအိမ်ခြောက်လုံးကို ဂရုတစိုက် သိမ်းလိုက်ပြီး ဦးညွှတ်ပြန်သည်။

"ဒီငယ်သား နာခံပါ့မယ်"

လုရွှမ်က ရယ်ရင်း

"မင်းက မဟာသူတော်စင်ကြီးပါ... ငါ့ခွန်အားက လောလောဆယ် မလုံလောက်သေးဘူး... ငါ့မှာ မင်းတို့ကို ပေးစရာ ဘာကောင်းတာမှ မရှိ​သေးဘူး လောလောဆယ် ဒါကိုပဲ သိမ်းထားလိုက်ကြ"

လူသုံးယောက်က မြန်မြန်ပဲ ငြင်းကြလေသည်။

"မဝံ့ရဲပါဘူး မဝံ့ရဲပါဘူး"

သူတို့နှစ်ဦးသည်လည်း ထိုသတင်းကို ကြားပြီး ကျောက်စိမ်းပိုးအိမ် ခြောက်ခုတွင် ဘာတွေပါနေတယ် ဆိုတာကို သိလိုက်ကြပြီး ဝမ်းသာအားရဖြင့် ရူးလုမတတ် ဖြစ်သွားကြသည်။

"ဒါ့အပြင်.... ဒါက ငါရရှိထားတဲ့ နတ်စွမ်းအင်သန့်စင်နည်း ရှိတယ်... အဲဒါက စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်တယ် မင်းတို့လည်း အဲဒါကို လေ့ကျင့်ထားသင့်တယ်"

သုံးယောက်သား ဦးညွှတ်ကြပြန်သည်။

"ကောင်းပြီ ဒီမှာပဲ ရပ်မနေကြတော့နဲ့ ဂိုဏ်းဆီပြန်ကြရအောင်"

"ဟုတ်ကဲ့" ဟယ့်မင်ဖုန်းက ဆိုလာသည်။

"ဆရာက လျှို့ဝှက်ပစ္စည်းတစ်ခု ချန်ထားခဲ့တယ်.... အကြီးအကဲကပဲ အဲဒါကို ဖွင့်လို့ရမယ်လို့ လျှို့ဝှက်စကား ရှိခဲ့ပါတယ် အကြီးအကဲ ကျေးဇူးပြုပြီး ကြွပါ...."

"ကောင်းပြီ ကောင်းပြီ"

လုရွှမ်သည် မဟာသူတော်စင်ကြီး သုံးယောက် ဝန်းရံထားသော အလယ်မှ ရွှမ်ယွီဂိုဏ်းထဲသို့ ပျံသန်းသွားခဲ့သည်။

ဤနေ့တွင် ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ရွှမ်ယွီဂိုဏ်းမှ သတင်းများစွာ ထွက်ပေါ်ပြီး အင်ပါယာတိုင်းသို့ ပျံ့နှံ့သွားခဲ့သည်။

မဟာသူတော်စင်ကြီး သုံးဦးသည် သူတော်စင်တစ်ပိုင်း အဆင့်၇ လူငယ် တစ်ဦးအား ရွှမ်ယွီဂိုဏ်းထဲသို့ ကြိုဆိုခဲ့ကြပြီး အကြီးအကဲဟုပင် ခေါ်ဝေါ်ခဲ့ကြသည်။ အချိန်ကာလတစ်ခု ကြာလာသည်နှင့်အမျှ လုရွှမ်၏ စစ်မှန်သော အထောက်အထားနှင့် ပတ်သက်၍ အချေအတင် ဆွေးနွေးမှုသည် အဆင့်မြင့် အင်ပါယာ အားလုံးတွင် ရေပန်းအစားဆုံး အကြောင်းအရာ ဖြစ်လာ​တော့မှာ ဖြစ်သည်။

လုရွှမ်သည် မိုးနတ်ဘုရားမ တစ်ယောက်တည်း နေထိုင်ခဲ့ရာ ​တောင်အထွတ်အထိပ်သို့ ရောက်လာသည်။ ၎င်းသည် ကျောက်စိမ်းဖြူဖြင့် ဖုံးလွှမ်းထားသော တောင်ထွတ် ဖြစ်သည်။ လုရွှမ် အဝေးမှရပ်ကာ ကျောက်စိမ်းဖြူတောင်ထွတ်ကို ကြည့်ကာ အတိတ်ကို ပြန်သတိရမိသည်။

သူ ကောင်းကင်ဘုံသခင်၏ အဆင့်အတန်းကို ရရှိခဲ့ပြီးနောက် ယွီရှန်ကလွဲလို့ သူ့ကို စိတ်ပူပန်စေသော အရာမရှိခဲ့ချေ။ သူသည် ယွီရှန်ကို ဤနေရာသို့ ခေါ်ဆောင်လာကာ နှစ်ယောက်သား ဤနေရာတွင် အခြေချနေထိုင်ရင်း ကလေးယူရန် ဆွေးနွေးခဲ့ကြသည်။

လုရွှမ်သည် အထူး ချစ်ဖို့ကောင်းသည့် ယွီရှန်၏ နီမြန်းနေသည့် ပါးပြင်များကို ယောင်ဝါးဝါး မှတ်မိနေ​​သေးသည်။

ထို့နောက် ကျိုးရန် ရောက်လာကာ ကောင်းကင်ဘုံသခင်က အမြင့်ဆုံး နယ်ပယ် မဟုတ်ဘဲ ရှေ့ဆက်သွားနိုင်သည့် အလားအလာကို ရှာဖွေတွေ့ရှိထားကြောင်း ဆိုရာ သူယွီရှန်ကို ထားခဲ့ပြီး သူမစကားကို နားမထောင်ဘဲ ထွက်ခွာသွားခဲ့သည်။

သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့သည်။ လုရွှမ် ကျောက်စိမ်းဖြူ တောင်ထွတ် ရှေ့မှာ တစ်နေကုန် ရပ်နေခဲ့သည်။ နေထွက်ချိန် မရောက်မီမှာပင် သူ နောက်ဆုံးတွင် အသိစိတ်ဝင်လာပြီး ကျောက်စိမ်းဖြူ တောင်ထိပ်သို့ လျှောက်သွားခဲ့သည်။

အပြင်အဆင်က အရင်အတိုင်းပါပဲ။ ဒါပေမဲ့ အဲဒီရင်းနှီးတဲ့လူက ပျောက်ဆုံးနေခဲ့သည်။

သူ့ခံစားချက်များကို ငြိမ်သက်စေပြီးနောက် ကျောက်နံရံပေါ်က မီးခွက်ကို ကိုင်ဆောင်ထားသော ရုပ်တုကို လက်ဖြင့် ညင်သာစွာ ကိုင်ကာ သူတို့၏ အိပ်ခန်းဆီသို့ လျှောက်သွားခဲ့သည်။ အရာအားလုံးသည် ဖုန်မှုန် အညစ်အကြေးများ ကင်းစင်​နေသည်။

စားပွဲပေါ်ရှိ သေတ္တာတစ်လုံးသည် အလင်းရောင်များဖြင့် ထွန်းလင်း တောက်ပနေသည်။ ကောင်းကင်ဘုံသခင်နဲ့ သူကလွဲရင် ဖွင့်လို့မရအောင် ယွီရှန်မှ သူ့အတွက် ထားခဲ့သော အရာဖြစ်ကြောင်း လုရွှမ် သိသည်။

သူတို့ဝ ကစားတဲ့အခါ အတူတူ ဖန်တီးထားတဲ့ လျှို့ဝှက်ဘာသာ စကားအရ လုရွှမ် နောက်ဆုံးတော့ သေတ္တာကို ဖွင့်​ကြည့်လိုက်၏။

အထဲက သစ်သားဆံထိုး တစ်ချောင်းနဲ့ စာတစ်စောင်ကို တွေ့လိုက်ရတဲ့အခါ လုရွှမ်ရဲ့ မျက်လုံးတွေထဲမှ မျက်ရည်တွေ စီးကျလာပြန်သည်။ ဒီသစ်သားဆံထိုးကို သူတို့ စတွေ့တုန်းက လုပ်ခဲ့တာ။ သူမကို နှောင့်ယှက်ဖို့အတွက် သစ်သားတစ်ပိုင်းကို မြေပြင်ပေါ်က ကျပန်းကောက်ယူပြီး ကျောက်စိမ်းဆံထိုးနဲ့ ထွင်းပြီး သူမကို ပေးခဲ့တာ ဖြစ်သည်။

မထင်မှတ်ပဲ သူမဟာ ပျက်စီးမှု မရှိ​စေဘဲ ဒီအချိန်တိုင်း သိမ်းထားခဲ့သည်။ စာရွက်ကို ညင်သာစွာ ကောက်ကိုင်လိုက်သည်နှင့် လှပသော လက်ရေးများကို တွေ့လိုက်ရ၏။

သူထင်သည့်အတိုင်း ယွီရှန်သည် နောင်ဖြစ်လာမည့် အရာအားလုံးကို ကြိုတင် ခန့်မှန်းခဲ့သည်။ ဝမ်းနည်းစရာ စကားမရှိပေမယ့် သူ့ကို နှစ်သိမ့်ပေးတဲ့ စကားတစ်ခွန်းသာ ရေးထား၏။

'အနာဂတ်မှာ ပြန်တွေ့​ကြမယ်'

"အနာဂတ်မှာ မင်းကို လာတွေ့မယ်"

လုရွှမ် သစ်သားဆံထိုးလေးကို နမ်းပြီးနောက် သေတ္တာလေးကို ဂရုတစိုက် သိမ်းကာ ကျောက်စိမ်းပြားထဲက နေရာထဲတွင် ထည့်လိုက်သည်။

ကျောက်စိမ်းဖြူတောင်ထွတ်မှ ထွက်လာပြီးနောက် လုရွှမ်သည် ကျောက်စိမ်းဖြူ တောင်တစ်ခုလုံးကို ဖုံးအုပ်ရန် ရှားပါး ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဝှေ့ယမ်းကာ ထွက်လာခဲ့သည်။

ဒါက သူနဲ့ယွီရှန်ရဲ့ ယခင်အိမ်လေး ဖြစ်တာကြောင့် ဘယ်သူ့ကို ဒီနေရာမှာ ထပ်မံ ခြေမချ​စေချင်တော့ပေ။

All Chapters