တိမ်ပင်လယ်နယ်မြေရဲ့ အပြောင်းအလဲများ
Vol. 54 Ch. 4.317
လုရွှမ်ရဲ့ မြင်ကွင်းထဲကို အဘွားအို တစ်ယောက် ရုတ်တရက် ပေါ်လာသည်။ သူမကို မြင်တော့ လုရွှမ်ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားလေသည်။
"ရှောင်ယွီ?"
အဘွားကြီးသည် လျင်မြန်စွာ လျှောက်လာကာ မြေပေါ်သို့ ဒူးထောက်လျက် ဦးညွှတ်ချလိုက်သည်။
“ဦးလေး နောက်ဆုံးတော့ ပြန်လာပြီပေါ့”
လုရွှမ် သူမအား အမြန်ပြေး၍ ထူမပေးလိုက်သည်။ အဘွားကြီးသည် ယခုအခါ သူတော်စင်တစ်ပိုင်း အဆင့်၉ ရောက်ရှိနေပြီ ဖြစ်သည်။ သူမရဲ့ ပင်ကိုယ်စွမ်းရည်က ညံ့ဖျင်းလွန်းရာ ယွီရှန်က သူမရဲ့ကျင့်ကြံမှုကို တိုးတက်လာအောင် ကြိုးစားလုပ်ဆောင်ခဲ့ပုံရပေမယ့် သူတော်စင် ဖြစ်လာဖို့က အတားအဆီးတစ်ခု ဖြစ်နေပုံရလေသည်။
သူမရဲ့ ပင်ကိုယ်စွမ်းရည်က ညံ့ဖျင်းတာကြောင့် အရင်းအမြစ်တွေ ဘယ်လောက်ပဲရှိရှိ သူမအတွက် အသုံးမဝင်ချေ။ သူတော်စင်တစ်ပိုင်း အဆင့်ထိ ရှင်သန်နိုင်တာက အရမ်းကောင်းနေပြီ။
ရှောင်ယွီသည် စားပွဲတစ်ခုဆီသို့ လှမ်းကူ ထိုင်လိုက်ပြီး သူမသည် ထိုနှစ်က ဇာတ်လမ်းကို ပြောပြလာသည်။ ကျိုးရန်သည် ထိုအချိန်က မိုးနတ်ဘုရားမယွီရှန် မတိုက်ခိုက်ခဲ့တာ အံ့သြစရာတော့ မရှိပေ။ ယွီရှန်က သူထွက်ခွာသွားဖို့ နည်းလမ်းရှာတဲ့ နေရာမှာ ကူညီပေးခဲ့လို့ပင်။
မိုးနတ်ဘုရားမသည် နောက်ဆုံးတွင် ထိုလမ်းအတိုင်း တိမ်ပင်လယ် နယ်မြေမှ ထွက်ခွာသွားခဲ့သည်။
သူတို့ နှစ်ယောက် စကားတွေ သုံးရက်လောက် စကားပြောကြပြီးနောက် ရှောင်ယွီကို သူ့လက်နဲ့ သင်္ဂြိုဟ်ပေးလိုက်ရသည်။ ရှောင်ယွီက သူ ရောက်လာတာကို စောင့်မျှော်နေခဲ့ပြီး နောက်ဆုံးတော့ ရယ်မောကာ ထွက်သွားတော့သည်။
ကျိုးရန်ဧကရာဇ် အင်ပါယာ၊ တော်ဝင်နန်းတော်၌။
“သူပြန်လာပြီ”
ဧကရာဇ်ဝတ်လုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့လက်ထဲက လျှို့ဝှက်အစီရင်ခံစာကို ကြောက်ရွံ့မှု အရိပ်အမြွက်ပြကာ တစ်ချက်ကြည့်လိုက်သည်။
ဧကရာဇ်ကျိုးရန်သည် သူ့ဘ၀တွင် အိမ်ထောင် မပြုဖူးခဲ့ပေ။ လူတိုင်းက သူဟာ ကိုယ်ခံပညာကို ဇောက်ချ လေ့ကျင့်နေသည်ဟု ထင်နေကြသော်လည်း ဧကရာဇ်ကျိုးရန်သည် ယခင် ရွှမ်ယွီဂိုဏ်း၏ အကြီးအကဲ ဖြစ်ခဲ့ဖူးသော တစ်စုံတစ်ဦးကို အမြဲတမ်း ကြိုက်နှစ်သက်ခဲ့ကြောင်း သူနှင့် နီးစပ်သူများသာ သိကြသည်။
နောက်ပိုင်းတွင် အရူးဧကရာဇ် ခွမ်ကျွင်းကို ဆန့်ကျင်သည့် ကြံစည်မှုနှင့် ဧကရာဇ်ငါးပါးစစ်ပွဲ အပြီးတိုင် အစပျိုးခဲ့ခြင်းမှာ ယင်းကြောင့်ဖြစ်သည်။
ဧကရာဇ်ကျိုးရန် ထွက်မသွားခင်မှာ လျှို့ဝှက်ချက်များစွာကို ပြောပြခဲ့သည်။ မူလက ဧကရာဇ်မင်း လုပ်ခဲ့တဲ့ လှည့်စားမှုလို့ ထင်ခဲ့ပေမဲ့ အခုနောက်ဆုံးတော့ သူနားလည်သွားပြီ။ ဧကရာဇ်မင်းဟာ အခုဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကြိုဟောထားပြီးသား ဖြစ်ချေသည်။
"လာကြစမ်း... ဟုန်ရစ်၊ မင်ယွဲ့၊ ရှင်းချန်က အကြီးအကဲတွေကို ဖိတ်ခေါ်လိုက်... ငါသူတို့နဲ့ ဆွေးနွေးစရာ တစ်ခုရှိတယ်"
လုရွှမ်သည် အပြင်မှ စိတ်လှုပ်ရှားမှုကို လျစ်လျူရှုထားပြီး အခြား ဘယ်အရာကိုမှ ဂရုမစိုက်တော့ပေ။ သူနှင့် မိုးနတ်ဘုရားမကြားရှိ အတိတ်က အဖြစ်အပျက်များကို ပြန်ပြောင်းသတိရကာ ရွှန်းယွီဂိုဏ်းအတွင်း တစ်နှစ်ပတ်လုံး တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ရသည်။
နွေဦးရာသီကုန်ပြီး ဆောင်းဦးပေါက် ရောက်တဲ့အထိ တစ်နှစ် ကျော်သွားခဲ့သည်။ ရွှမ်ယွီဂိုဏ်းရှိ လူတိုင်း၏ စိုးရိမ်ပူပန်မှုများကြားမှ လုရွှမ်သည် နောက်ဆုံး တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့ပြီးမှသာ လူတိုင်း သက်ပြင်းချနိုင်ခဲ့သည်။
ယွင်ထျန်းရှန်ရဲ့ ခွန်အားဟာ သူတော်စင်အဆင့်၉မှာ အချိန်အတော် ကြာအောင် ဖိနှိပ်ခံခဲ့ရသည်။ အခုတော့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခွန်အား အကျပ်အတည်းကို နောက်ဆုံးမှာ ဖြေရှင်းနိုင်ခဲ့ပြီ။ ပြီးခဲ့တဲ့နှစ်မှာ သူဟာ လေးနက်တဲ့ ဝင်ပေါက်ကို ဖြတ်ကျော်ပြီး သူတော်စင်တစ်ယောက် ဖြစ်လာခဲ့သည်။
သူတို့နှစ်ဦးသည် လုရွှမ်ကို အလွန် ကျေးဇူးတင်ခဲ့ကြသည်။ လုရွှမ် တံခါးပိတ် ကျင့်ကြံတဲ့ အဆောက်အဦငယ်လေး ရှေ့တွင် မကြာခဏဆိုသလို လာကြည့်နေရာ လုရွှမ် ထွက်လာတာကို တွေ့တာနဲ့ ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။
"ဘာလဲ? မင်းတို့မျက်နှာပေါ်က စိုးရိမ်တကြီးအကြည့်တွေကို ကြည့်ရတာ တစ်ခုခု ဖြစ်နေပြီလား?"
လုရွှမ်က တည်ငြိမ်စွာ မေးလိုက်သည်။ သူတို့နှစ်ဦး၏ မျက်လုံးများတွင် အကြီးအကဲသည် ယခင်တည်ငြိမ်မှုနှင့် တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။
တကယ်တော့ တစ်နှစ်အတွင်းမှာ လုရွှမ် အတိတ်ကို စွန့်လွှတ်လိုက်လေပြီ။ ယွီရှန် ထွက်ခွာသွားသောအခါ မိုးနတ်ဘုရားဓားကို ချန်ထားခဲ့တာက မကောင်းသော အရာမဟုတ်တော့ပေ။ သူပြန်လာမှာကို သူမ မျှော်လင့်ထားပေလိမ့်မည်။
မဟုတ်ပါက သူမ တိမ်ပင်လယ် နယ်မြေထဲတွင် နှစ်ရာကျော် စောင့်ဆိုင်းနေလိမ့်မည် မဟုတ်ပေ။ နှစ်တွေကြာပြီးနောက် ရုတ်တရက် ဒီနေရာကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်မည်။
"အကြီးအကဲ တစ်ခုခုတော့ မှားနေပြီ... ဒါပေမဲ့ ဂိုဏ်းထဲကလူတိုင်း အကြီးအကဲ အတွက် အရမ်းစိုးရိမ်နေကြတယ်"
လုရွှမ်က ပြုံးပြီး
"ကောင်းပြီ... အားလုံး ပြီးသွားပါပြီ ငါအဆင်ပြေပါတယ် ငါအတိတ်မှာ နေဖို့ အချိန်မရှိတော့ဘူး.... အနာဂတ်မှာ ယွီရှန်ငါ့ကို စောင့်နေတုန်းပဲ.... သူမရဲ့ ကျင့်ကြံမှုနဲ့ဆို အခု ကောင်းကင်ဘုံသခင် နယ်ပယ်ကို ကျော်လွန်သွားလောက်ပြီ... ငါကြိုးစား လေ့ကျင့်ပြီး အမီလိုက်ရမယ်.... မဟုတ်ရင် မင်းတို့ရဲ့ ဘိုးဘေး တခြားသူနဲ့ လက်ထပ်သွားရင် ငါသူမကို ဆုံးရှုံးရလိမ့်မယ်"
လုရွှမ် ဟာသကိုကြားတော့ ဟယ့်လွမ်ယင်း နှင့် ယွင်ထျန်းရှန်တို့သည် ပျော်ရွှင်မှုတွင် ပါဝင်ရန် မဝံ့မရဲ ဖြစ်ခဲ့သော်လည်း အတူရယ်မောခဲ့ကြပြီး နှစ်ယောက်သား ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို အမြန် ပြန်ပြောပြခဲ့ကြသည်။
လုရွှမ်၏ ဝိသေသ လက္ခဏာသည် အဆင့်မြင့် ဧကရာဇ် အင်ပါယာလေးခုမှ တစ်ဆင့် လူတိုင်းအား ထုတ်ဖော်ပြသခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က ထိုကမ္ဘာဖျက် တိုက်ပွဲသည် တိမ်ပင်လယ်နယ်မြေကို တိုက်ရိုက် ချိုးဖျက်ပြီး လက်ရှိ ထျန်းဝိုက်စွေ့ကမ္ဘာ ကွဲအက်နေသောနယ်မြေကို ဖန်တီးခဲ့သည်။
ထျန်းလုံဧကရာဇ် အင်ပါယာရှိ သူတော်စင်တစ်ပိုင်း ကမ္ဘာသည် တိမ်ပင်လယ်နယ်မြေက ကျင့်ကြံသူများကို သုတ်သင်နိုင်ခဲ့သော ထိုတိုက်ပွဲကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ အရှေ့မှ အနောက်၊ တောင်မှမြောက်သို့ မြေကြီးပျက်စီး၊ ပင်လယ်ရေခန်းခြောက်၊ ကြယ်များကြွေကျပြီး အာကာသလည်း ပျက်သုန်းသွားခဲ့သည်။
ယခု အသက်ရှင်နေသေးသူများသည် တစ်ခါတရံ ထိုကြေကွဲဖွယ် အခြေအနေကို သတိရပြီး ထိတ်လန့်ကာ နောက်တစ်ကြိမ် ထပ်မတွေးဝံ့ကြပေ။ သို့သော် ထိုတိုက်ပွဲက တိမ်ပင်လယ် နယ်မြေကို ထာဝရ ပြောင်းလဲစေခဲ့သည်။
စစ်ပွဲပြီးနောက် ပြင်ပကမ္ဘာများနှင့် ချိတ်ဆက်မိလာပြီး မြေအောက် နတ်ဘုရား စမ်းရေတွင်းများ ပေါက်ထွက်ကာ အာကာသအတွင်းရှိ ဝိညာဉ်စွမ်းအင်များ သိသိသာသာ တိုးလာကာ ကမ္ဘာတစ်ဝှမ်းမှ ထူးချွန်သူများလည်း ပေါ်ထွက်လာခဲ့သည်။
နယ်ပယ်တစ်ခုထဲမှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တဲ့ ကျင့်ကြံသူတွေဟာ သူတို့ရဲ့ ပိတ်ဆို့မှုတွေကို ဖြတ်ကျော်ပြီး ပိုကြီးကျယ်တဲ့ နယ်ပယ်ကို ဝင်ရောက်လာခဲ့ကြသည်။
တစ်ချိန်က ခက်ခဲ ကြမ်းတမ်းစွာ ကျင့်ကြံခဲ့ရသော ကျင့်ကြံသူများ၏ လေ့ကျင့်မှုမှာ ပိုမိုလွယ်ကူလာပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သူတော်စင်များ ဖြစ်လာကြကာ တိမ်ပင်လယ် နယ်မြေတစ်ခုလုံးက ကျင့်ကြံမှုတွေဟာလည်း ကြီးထွားလာခဲ့သည်။
ဒါပေမဲ့ ကျင့်ကြံမှု အရှိန်အဟုန်နဲ့ တိုးတက်လာပုံရသော်လည်း ကျင့်ကြံသူတွေရဲ့ သက်တမ်းကတော့ အလွန်ကို လျော့ကျသွားခဲ့သည်။
သူတော်စင် မဖြစ်လာလျှင် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်လေသည်။
ဝူအဆင့် တပည့်များသည် အနှစ်တစ်ရာသာ တည်တံ့၏။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကာလတစ်ခုမျှသာ တည်တံ့ကာ သူတော်စင် တစ်ပိုင်းများသည် ဓမ္မစစ်သည်တစ်ပိုင်းသည် အနှစ်သုံးရာမှ လေးရာခန့် အထိသာ ကြာမြင့်သည်။
သူတော်စင်ဖြစ်မှ သာလျှင် အနှစ်ငါးရာအထိ သက်တမ်း တိုးနိုင်သော်လည်း မဟာသူတော်စင်သည် အနှစ်တစ်ထောင်သာ အသက်ရှင်နေနိုင်ပေသည်။
ကောင်းကင်ဘုံသခင်နှင့် ပတ်သက်၍ မည်သူမျှ မသိသေးသော်လည်း ကောင်းကင်ဘုံသခင် ကျိုးရန်နှင့် ကောင်းကင်ဘုံသခင် ယွီရှန်တို့ တိမ်ပင်လယ် နယ်မြေမှ ထွက်ခွာသွားရခြင်းမှာ အသက်ရှည်စေဖို့ကြောင့် ဖြစ်နိုင်သည်။
"အကြီးအကဲက တကယ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာက အရူးဧကရာဇ် ခွမ်ကျွင်းလား? လူဝင်စားတယ်ဆိုတာ ဒီကမ္ဘာမှာ တကယ် ရှိလို့လား?"
အချိန်အတော်ကြာအောင် သည်းခံထားခဲ့သော ဟယ့်လွမ်ယင်းက သတ္တိရှိရှိ မေးလိုက်လေသည်။
လုရွှမ်သည် စိတ်လှုပ်ရှားမှုဖြင့် သက်ပြင်းချလိုက်သည်။ ယခုအချိန်ထိ သူဘယ်လိုဖြစ်ပြီး ပြန်မွေးဖွားလာခဲ့လဲ အတိအကျ မသိရသေးပေ။
"ငါမသိဘူး... ဒါက ကောင်းကင်ရဲ့ ဘုရားအလိုတော်ပဲ ဖြစ်မယ်.... တကယ့်နတ်ဘုရားက ကျိုးရန်နဲ့ ငါ့တိုက်ပွဲကို အမှတ်တမဲ့ တွေ့သွားပြီး ငါ့အသက်ကို ကယ်ခဲ့တာလား ဘယ်သူက သိမှာလဲ!"
"အကြီးအကဲ ကမ္ဘာကြီးကို ဖျက်ဆီးခဲ့တဲ့ တိုက်ပွဲမှာ ဘာဖြစ်သွားတာလဲ? အခုဧကရာဇ် အင်ပါယာကြီး လေးခုက အကြီးအကဲကို ကြောင်သူတော်တဲ့... မူလစစ်ပွဲကို နှိုးဆော်တဲ့ အကြီးအကဲက တရားခံပဲလို့ ပြောနေကြတာ!!"
ယွင်ထျန်းရှန်၏ မျက်နှာမှာ ထိတ်လန့်သွားသည်။ သူ ဟယ့်လွမ်ယင်းကို ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်ပြီး မျက်စောင်းထိုးကာ ပါးစပ်ကို ငုံ့ခိုင်းထားလိုက်သည်။ ကလေးမလေးသည် တကယ်ပင် ဇတ်ရဲလက်ရဲ ရှိလှ၏။ အကြီးအကဲကို ဒေါသထွက်အောင် လုပ်မိရင် ဘယ်လို လုပ်မလဲ။
"အကြီးအကဲ.... ကျွန်မ အကြီးအကဲ စိတ်ဆိုးအောင် လုပ်မိသွားတာလား? ဒါဆို ကျွန်မ မမေးတော့ပါဘူး"
ဟယ့်လွမ်ယင်းက ခပ်မြန်မြန် နှုတ်ခမ်းစူကာ စပ်စုနေသေးသည်။ လုရွှမ် ဟယ့်လွမ်ယင်းရဲ့ အသွင်အပြင်ကို ကြည့်ပြီး ရယ်မောလိုက်တော့သည်။
"ယွီရှန်သာ ဒီမှာရှိနေရင် သူမင်းကို အရမ်းသဘောကျမှာ သေချာတယ်"
သူက ပြုံးပြီး ဟယ့်လွမ်ယင်းရဲ့ ခေါင်းကို ပွတ်သပ်ပြီး ဆံပင်တွေကို ပျားအုံအသိုက် ဖြစ်အောင် ပုံသွင်းပေးလိုက်၏။
"ငါက အပြင်လူတွေ ပြောသလို ဖြစ်နေရင် မင်းတို့ရဲ့ တန်ခိုးကြီးတဲ့ မိုးနတ်ဘုရားမ ဘိုးဘေးက ငါ့ကို ချစ်လိမ့်မယ်လို့ မင်းထင်လား?"
သူသက်ပြင်းချရင်း
"ကျိုးရန်ကို ငါ့ညီအစ်ကိုလို့ မှတ်ယူပြီး နတ်ဆိုးဧကရာဇ် ချုံလူကို သတ်ဖို့ ကူညီပေးခဲ့တယ်... သူက ငါ့ကို သစ္စာဖောက်ပြီး နောက်ကနေ ဓားနဲ့ထိုးမယ်လို့ မမျှော်လင့်ထားဘူး"
"နှစ်တွေကြာလာတော့ သူငါ့ကိုဘာလို့ ခိုးဝင်တိုက်ခိုက်ခဲ့လဲ ဆိုတာကို ငါတွေးနေခဲ့တယ်... အခုနောက်ဆုံးတော့ မှန်းဆချက်တစ်ခု ရလာပြီ သူတစ်ခုခုကို သိနေတော့ ဒီစစ်ပွဲကို တမင်နှိုးဆော်ပြီး အတိတ်ရဲ့ ခြေချင်းတွေကို ဖြတ်ကျော်ဖို့ လုပ်ခဲ့တာ ဖြစ်မယ်.... ဒါပေမဲ့ သူငါ့ကို ဘာလို့ မပြောခဲ့တာလဲ"