ရတနာများကို ပေးအပ်ခြင်း
Vol. 54 Ch. 4.318
"အကြီးအကဲ.... ဧကရာဇ်ကျိုးရန်က ဘိုးဘေးယွီရှန်ကို သဘောကျနေတာများလား?"
ဟယ့်လွမ်ယင်း မျက်လုံးပြူးပြူးလေးနဲ့ မေးလိုက်သည်။
လုရွှမ်က
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ယွီရှန်က သူ့ကို မောင်တစ်ယောက်လိုပဲ အမြဲတမ်း သဘောထားခဲ့တာ..."
သူပြောသောအခါ ရုတ်တရက် အရယ်ရပ်သွားခဲ့သည်။ တကယ်ကို အဲဒီလိုလည်း ရိုးရိုးရှင်းရှင်း ဖြစ်နိုင်လေသည်။ သူဘာလို့များ အဲဒီအကြောင်းကို တစ်ခါမှ မတွေးဖူးခဲ့လဲ အခုမှ တွေ့လိုက်ရသည်။
အခု ဟယ့်လွမ်ယင်း ထောက်ပြလိုက်မှပဲ ဒါက တကယ့်အကြောင်းရင်း တစ်ခုပဲဆိုတာ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ကျိုးရန်သည် ယွီရှန်ကို အမြဲ လေးစားသော်လည်း ယွီရှန်က သူ့အပေါ်တော့ အမြဲတမ်း ရိုးရိုးသားသား ဆက်ဆံခဲ့သည်။
"အကြီးအကဲ...."
ယွင်ထျန်းရှန်သည် ဟယ့်လွမ်ယင်းကို မာကျောတဲ့ အကြည့်နဲ့ ကြည့်ကာ မိုက်ရိုင်းစွာပြောခွင့် မရှိတော့ကြောင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။ လွမ်ယင်းက သူမလျှာကို ထုတ်ပြီး ပါးစပ်ပိတ်ထားလိုက်သည်။
လုရွှမ် အကြာကြီး ရပ်နေပြီးမှ အသက်ပြင်းပြင်းရှူကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး
"ကောင်းပါပြီ အတိတ်က အတိတ်ပါပဲ.... အနာဂတ်မှာ မိုးနတ်ဘုရား ယွီရှန်ကို ငါ ရှာတွေ့မှာပါ....အဲဒီအခါကျရင် ကျိုးရန်ကိုလည်း တွေ့ရမှာပဲ!"
ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်းတို့သည် တုန်လှုပ် ခြောက်ခြားသွားကြ၏။ လုရွှမ်ပါးစပ်မှ ကျိုးရန်ဟူသည့် နာမည်ကို ပြောသောအခါတွင် ပြင်းထန်သော သတ်ပစ်ချင်စိတ်ကို အတိုင်းသား ခံစားလိုက်ရသည်။
"အကြီးအကဲ... ကျောင်းအုပ်ကြီးက အကြီးအကဲကို ဆွေးနွေးစရာရှိလို့ ဖိတ်ခိုင်းလိုက်ပါတယ်"
အခု ယွင်ထျန်းရှန်သည် သူ့ရင်ထဲမှာ အကြာကြီး မျိုသိပ်ထားတဲ့ စကားတွေကို နောက်ဆုံးမှာ ပြောလိုက်ပါ၏။
"သွားရအောင်!"
အစည်းအဝေး ခန်းမသို့ ရောက်သောအခါ ကျောင်းအုပ်ကြီး ဟယ့်မင်ဖုန်းသည် ကျောင်းအုပ်ကြီး၏ ထိုင်ခုံရှိရာ အမြင့်တွင် ထိုင်နေကာ လုရွှမ် လာတာကို မြင်သော် အမြန်ပြေးလာ၍ နှုတ်ဆက်လိုက်သည်။
"အကြီးအကဲ.... နောက်ဆုံးတော့ တံခါးပိတ် ကျင့်ကြံရာက ထွက်လာပြီပေါ့!"
"မင်း ငါနဲ့ ဆွေးနွေးစရာရှိလို့လား"
"ဟုတ်ပါတယ် အကြီးအကဲ... ကျေးဇူးပြုပြီး ထိုင်ပါဦး"
ကျောင်းအုပ်ကြီး ညွှန်ပြလာသော နေရာမှာ ရွှမ်ယွီဂိုဏ်း၏ ရာထူးကြီး တစ်နေရာ ဖြစ်သည်။ လုရွှမ် ဟယ့်မင်ဖုန်းကို ငုံ့ကြည့်လိုက်သည်။ ထိုသူ၏ သဘောထားသည် ရိုးရိုးသားသား ဖြစ်ပြီး အတုအယောင် လုပ်နေပုံမပေါ်ပေ။ ထို့ကြောင့် သူ ဟယ့်လွမ်ယင်းရှေ့မှာ ရပ်လိုက်ပြီး
"မင်းက ကျောင်းအုပ်ကြီးပါ.... ကျောင်းအုပ်ရဲ့ ရာထူးကို စိတ်တိုင်းကျ ပြောင်းလဲနိုင်ပါတယ်... ဒါပေမဲ့ ငါ ဒီနေရာကနေ အနှေးနဲ့အမြန် ထွက်သွားမှာ.... ကျောင်းအုပ်ကြီး အနေနဲ့ ငါဘာပဲလုပ်လုပ် ကျန်နေခဲ့မှာပဲ စင်ပေါ်မှာ အကြီးအကဲတစ်ယောက်ဆိုလည်း ဖြစ်ပါတယ်"
ထိုစကားဆိုပြီးနောက် လုရွှမ်သည် အကြီးအကဲများ၏ နံဘေးက ထိုင်ခုံအလွတ် တစ်ခုကို တွေ့ပြီး ထိုင်လိုက်သည်။ အကြီးအကဲ နှစ်ဦးသည် ယဉ်ကျေးသိမ်မွေ့စွာ လျင်မြန်စွာ လိုက်ပါလာခဲ့သည်။ လုရွှမ် ယခုတစ်ကြိမ်တွင် ဘယ်လို နှိမ့်ချမှုမျိုးမှ မပြဘဲ ပင်မစင်မြင့်ပေါ်တွင် ထိုင်ခုံနေရာ ယူလိုက်သည်။
အကြီးအကဲနှစ်ဦးသည် သက်ပြင်းချမိသည်။ ကျောင်းအုပ်ဆရာကြီး ရာထူးက ငြင်းဖို့ အဆင်ပြေသော်လည်း လုရွှမ်က အကြီးအကဲ ရာထူးနေရာကိုပါ နှိမ့်ချနေပါက သူတို့ အမှားတစ်ခုခု ကျူးလွန်မိပြီး အကြီးအကဲလုရွှမ်ကို ဒေါသထွက်စေမိပြီလား စိုးရိမ်ရပေတော့မည်။
အောက်မှာ ထိုင်နေတဲ့ နန်းတော်သခင်နဲ့ အထွတ်အထိပ် သခင်တွေ အများအပြား ရှိကြပြီး အားလုံးဟာ သူတော်စင် အဆင့်၉ ကို ရောက်နေကြပါပြီ။ လုရွှမ်၏ မျက်လုံးများသည် လူလတ်ပိုင်း နှစ်ဦးကို စိုက်ကြည့်လိုက်ကာ။
"မင်းတို့နှစ်ယောက်က တော်တော်လေး ကောင်းပါတယ်.... အနှစ်နှစ်ဆယ်လောက် ကြာရင် မင်းတို့ မဟာသူတော်စင်ကြီး ဖြစ်လာမှာ သေချာတယ် ဒါတွေက နှလုံးသားမီးသစ်သီး နှစ်ခုပဲ....နောက် အနှစ်နှစ်ဆယ်မှာ ငါက တိမ်ပင်လယ်နယ်မြေထဲမှာ မရှိနိုင်တော့ဘူး..... သေချာ သိမ်းထား!"
သူတို့ နှစ်ယောက်မှာ အလွန် ဝမ်းသာသွားကြသည်။ ခထိုအရာသည် နှလုံးသားမီး သစ်သီး ဖြစ်သည်။ ဤအရာဖြင့် မဟာသူတော်စင် အတိဒုက္ခကို ဖြတ်သန်းသောအခါ အတွင်းနတ်ဆိုးများ၏ ခြိမ်းခြောက်မှုမှာ ပို၍သေးငယ်သွားကာ မဟာသူတော်စင်ကြီး ဖြစ်လာရန် မျှော်လင့်ချက်သည် အနည်းဆုံး ၂၀% တိုးလာပေလိမ့်မည်။
တခြားလူ တော်တော်များများက လုရွှမ်ကို စိတ်အားထက်သန်စွာ ကြည့်ပြီး ချက်ချင်းဆိုသလို သူတို့ရဲ့ မျက်လုံးထဲက သဘောထားက သိသာထင်ရှားလာသည်။ အကြီးအကဲ တစ်ယောက်အနေနဲ့ မတရားဘူးလို့လည်း မဆိုရဲချေ။
“မင်းတို့မျက်နှာတွေက ဘာဖြစ်သွားတာလဲ”
ကျောင်းအုပ်ကြီးက မည်းမှောင်နေသော မျက်နှာထားဖြင့် ကြိမ်းမောင်းလိုက်သည်။ လူတိုင်း သူတို့အကြည့်တွေကို ရုတ်သိမ်းသွားကာ မလုပ်ရဲတော့ချေ။
လုရွှမ်က ပြုံးပြီး
"ကောင်းပြီ ငါက ဘိုးဘေးတစ်ယောက် ဆိုမှတော့ ပထမဆုံး တွေ့ဆုံပွဲမှာ လက်ဆောင် မင်းကို ပေးသင့်ပါတယ်"
"ဒါက ကျောက်စိမ်းမိန်းမပျို တောင်ထွတ်က သခင်မချုံဖုန်း.. ဒီကျူ့ယန်ပန်းရဲ့ သစ်သီး မင်းကိုပေးမယ်"
အရင်တုန်းကတော့ ကျူ့ယန်ပန်းက ယွမ်ချီကို သန့်ရှင်းသော စွမ်းအားအဖြစ် ပြောင်းလဲဖို့ အသုံးပြုခဲ့ပေမယ့် ရွှမ်ခုန်းတောင်က အခွင့်အလမ်းတွေကြောင့် သူ့ရဲ့ ယွမ်ချီက လုံးဝပြောင်းလဲသွားပြီမို့ မလိုအပ်တော့ပေ။
သူ့အတွက်ကတော့ ကျူ့ယန်ပန်းက ဘာအကျိုးသက်ရောက်မှုမှ မရှိပါပေမယ့် အမျိုးသမီး ကျင့်ကြံသူတွေ အတွက်ကတော့ အမြဲတမ်း ထိပ်တန်းရတနာ တစ်ခုပဲ ဖြစ်လေသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
သခင်မချုံဖုန်းက ဝမ်းသာအားရဖြင့် ကျူ့ယန်ပန်း သစ်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ အလွန် ပျော်ရွှင်နေတော့သည်။
"ကောင်းပြီ... မင်းက ကျောက်တုံးဖြူတောင်ထွတ်က ဆရာကြီးကျောက်လား... မင်းရဲ့ကျင့်ကြံမှုက သစ်သားဂုဏ်ရည် မင်းရဲ့ သန့်ရှင်းမှုပုံစံကလည်း ဒြပ်စင်ငါးမျိုးထဲက သစ်သားဆိုတော့ ဒီမြေကြီးရဲ့ သူတော်စင် စပျစ်နွယ်ပင်ရဲ့ အမြစ်အပိုင်းကို မင်းကို ပေးမယ်"
ဆရာကြီးကျောက်သည် သခင်မချုံဖုန်းထက်ပင် ပို၍ ပျော်ရွှင်နေသေးသည်။ ကမ္ဘာမြေကြီး၏ နှလုံးသားမှ သန့်ရှင်းထားသော သူတော်စင် စပျစ်နွယ်ပင်၏ အရင်းအမြစ်ကို စိတ်အားထက်သန်စွာ ရယူခဲ့သည်။
အကြီးအကဲများမှာလည်း အသံတချို့ မထွက်လာဘဲ မနေနိုင်လိုက်ပေ။
သူတော်စင် နှလုံးစပျစ်နွယ်ပင်တွင် သစ်သားဂုဏ်ရည် စွမ်းအားများ ပါဝင်တာကြောင့် သူ၏အနာဂတ်တွင် မဟာသူတော်စင် ဖြစ်လာရန် မျှော်လင့်ချက်သည်လည်း 10% တိုးလာပြီ ဖြစ်သည်။
"မင်းက..... "
လက်ဆောင်များကို တစ်ခုပြီးတစ်ခု ပေးအပ်ခဲ့ပြီးသည့် အခါတိုင်း သူတို့နှလုံးသားဆီသို့ နွေးထွေးမှုများ သယ်ဆောင်လာတော့သည်။ ထိပ်တန်းသခင်များနှင့် တောင်ထွတ်သခင် အများအပြားသည် လုရွှမ်အား အလွန်ကျေးဇူးတင် လေးစားသော မျက်လုံးများဖြင့် ကြည့်ရှုခဲ့ကြသည်။
ကျောင်းအုပ်ကြီး ဟယ့်မင်ဖုန်း နှင့် အကြီးအကဲတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်နေကြသည်။
"လာ... လာ မင်းသုံးယောက် အတွက်လည်း ပါပါတယ်.... မနာလိုမဖြစ်ပါနဲ့"
လုရွှမ်က ဆိုလိုက်သည်။ သူတို့ သုံးယောက်ကို အစည်းအဝေးပွဲတွင် လက်ဆောင်ပေးဖို့ အရင်က ကတိပေးခဲ့ဖူးပေမယ့် အဲဒီအချိန်တုန်းက သေသေချာချာ မစဉ်းစားမိပေ။ အခုတော့ ကတိကို သဘာဝကျကျ ဖျက်လို့မရတော့ပေ။
လူသုံးယောက်က အလျင်အမြန် ငြင်းဆိုခဲ့ကြသော်လည်း နှလုံးသားထဲတွင် မျှော်လင့်စောင့်စားနေမှု မနေနိုင်ဘဲ ထွက်ပေါ်လာသေးသည်။ ကောင်းကင်ဘုံသခင်မှ သူတော်စင်များအား ပေးအပ်သော ပစ္စည်းများသည် အရည်အသွေးမြင့် ရတနာများသာ ဖြစ်သည်။
"သိုင်းကျင့်စဥ်.... မင်းတို့သုံးယောက်မှာ သင့်တော်တဲ့ သိုင်းကျင့်စဥ်တွေ ရှိနေပြီ... အဂ္ဂိရတ်ဆေး ဒါလည်း မင်းတို့အားလုံးမှာ မချို့ယွင်းကြဘူး... လျှို့ဝှက်နည်းပညာတွေက ယွီရှန်မှာ အများကြီး ရှိပြီးသား....မင်ဖုန်း ကျောင်းအုပ်ကြီး ဖြစ်တဲ့ မင်းက ရွှမ်ယွီဂိုဏ်းရဲ့ မျက်နှာပဲ.. မင်းလက်နက် ကောင်းကောင်း မရှိလို့ မဖြစ်ဘူး... ဆိုတော့ မင်းကို မဟာသူတော်စင် နယ်ပယ်က လက်နက်တစ်ခု ပေးမယ်"
ဟယ့်မင်ဖုန်း၏ မျက်နှာပေါ်တွင် စိတ်ကြွဆေးပြား စားလိုက်သလို အကြည့်တစ်ချက် ပေါ်ထွက်လာသည်။
မဟာသူတော်စင်များသည် ကျင့်ကြံခြင်း၊ လေးနက်သော အတတ်ပညာများ၊ တောက်ကျင့်စဥ် ပုံစံများကို နားလည်ခြင်း၊ ကောင်းကင်နှင့် မြေကြီး၏ နိယာမများကို နားလည်ခြင်း၊ သို့မဟုတ် လေ့ကျင့်ခန်းများ အသုံးပြုခြင်း စသည်ဖြင့် ကြီးမားသော နည်းလမ်းများ ပေါင်းစည်းပြီး မတူညီသော လူတို့သည် မတူညီသော လမ်းကြောင်းသို့ ပြန်သွားကြသည်။
တူညီသော နယ်ပယ်တွင် အဆင့်မြင့်သူ ရှိမရှိကို ဆုံးဖြတ်နိုင်သည်။ ထိုအချိန်တွင် မထင်မှတ်ဘဲ ပြုတ်ကျသွားခဲ့ခြင်းက အသုံးမဝင်သော လက်နက်ကြောင့်ပဲ ဖြစ်သည်။
မဟာသူတော်စင် နယ်ပယ်က လက်နက်များသည် စစ်မှန်သော သူတော်စင် လက်နက်များ ဖြစ်သည်။ မဟာသူတော်စင် ကျင့်ကြံမှုနယ်ပယ် မရှိဘဲတော့ ထိုလက်နက်များကို ထိန်းချုပ်ဖို့ တွေးတောင် မတွေးလိုက်လေနှင့်။
မဟာသူတော်စင်၏ လက်နက်များမှာ သန့်စင်ရာတွင် လိုအပ်သော မီးတောက်များ၊ လက်နက်များကို ပေါင်းစပ်ဖို့ အခင်းအကျင်း ဖွဲ့စည်းမှုပုံစံများနှင့် မိုးခြိမ်းသံများကို ထုတ်ယူရန် လိုအပ်သော အပူဓာတ် အားလုံးကို မဟာသူတော်စင် နယ်ပယ်က လက်နက်များကို စိတ်ကူးယဉ်ဆန်သည့် မှော်စွမ်းအားများ ဖြစ်လာစေသည်။
ဥပမာအားဖြင့် ထျန်းရှားဂိုဏ်း၏ ခေါင်းဆောင် စူးချန်သည် တိုက်ခိုက်ရန်အတွက် နိယာမစွမ်းအင် လိုင်းများကိုသာ အသုံးပြုခဲ့သော်လည်း စစ်မှန်သော လက်နက်တစ်ခုမျှ မရှိခဲ့ပေ။ ၎င်းမှာ မဟာသူတော်စင် လက်နက်မှာ အလွန်ရှားပါးသောကြောင်း သက်သေပြနိုင်၏။
အခုတော့ လုရွှမ်က သူ့ကို မဟာသူတော်စင် လက်နက်ကို ပေးချင်တယ်လို့ ဆိုလာရာ မင်ဖုန်းတစ်ယောက် အရမ်း ပျော်နေရုံတင်မကပဲ လုရွှမ်အား ပိုပို၍ နှစ်သက်လာတော့သည်။
"မင်ဖုန်း... မင်းမှာ ပြေပြစ်တဲ့ စိတ်ထားရှိတယ် ဒါပေမဲ့ မင်းရဲ့ အရည်အချင်းတွေကို လေ့ကျင့်ပြီးရင် မင်း နည်းနည်း အထိန်းအကွပ် မရှိတော့ဘူး.... မင်းရဲ့ လှုပ်ရှားမှုတွေက ကျယ်ကျယ် ပြန့်ပြန့် သုံးတတ်တော့ ငါ့မှာ တုတ်ရှည်တစ်ချောင်း ရှိတယ် မင်းနဲ့ လိုက်ဖက်တယ်လို့ ထင်တယ်"
လုရွှမ်က အဘိုးကြီးရွှမ်ဟွမ်၏ လက်နက်သန့်စင် ခန်းမတိုင်မှ ထုတ်ယူလာသော တုတ်ရှည်ကို ထုတ်ပြီး ဟယ့်မင်ဖုန်းအား ပေးအပ်လိုက်သည်။
ဟယ့်မင်ဖုန်း အနည်းငယ် ရှက်သွားသည်။ သူဘယ်လိုပဲ ကြည့်ကြည့် လုရွှမ် သူ၏လက်ဖဝါးများကို ဖြန့်ထားတာကို တွေ့သော်လည်း တုတ်ကို လုံးဝမတွေ့ရပေ။
လုရွှမ်က တခစ်ခစ် ရယ်လိုက်ပြီး သူ့လက်ထဲက တုတ်မှာ အရောင် တစ်ရောင်အဖြစ် ပေါ်လာသည်။ နောက်ဆုံးမှာတော့ သူတို့အမြင်မှ တစ်ဖန် ပြန်ပျောက်ကွယ်သွား၏။
"အကြီးအကဲ... ဒါက??"
ဤတုတ်ရှည်တွင် တခြားစွမ်းအင်တွေ ပါရှိနေလား သူ မသိသေးသော်လည်း ဤပြောင်းလဲမှုအထဲက အသက်ရှုသံပါသည့် အကျိုးသက်ရောက်မှုက သူ့ကို နားမလည်နိုင်စွာ စိတ်လှုပ်ရှားစေခဲ့သည်။
"ဒါက ကောင်းကင်ဘုံသခင်က စီနီယာတစ်ယောက် အသုံးပြုတဲ့ လက်နက်တစ်ခုပဲ.... သူ့ရဲ့ နာမည် အတိအကျကို ငါလည်း မသိဘူး ငါဒါကို ရွှမ်ခုန်းတောင်ကနေ ရလာခဲ့တာ အားလုံး ရွှမ်ခုန်းတောင်ကို သိကြတယ်မလား?"