ပြဿနာကိုဖြေရှင်းပုံ
Vol. 54 Ch. 4.319
လူတော်တော်များများက အထပ်ထပ် အခါခါ ခေါင်းညိတ်ကြပြီး ရွှမ်ခုန်းတောင်ကို ကောင်းကောင်း သိကြကြောင်း ပြသလိုက်သည်။
လွန်ခဲ့သော တစ်နှစ်ကျော်က ရွှမ်ခုန်းတောင်ကို ပြန်ဖွင့်ခဲ့ပြီး ရွှမ်ယွီဂိုဏ်းက တပည့်များကိုလည်း ထိုနေရာသို့ စေလွှတ်ခဲ့သည်။ ကံမကောင်းစွာပဲ သူတို့သည် ရွှမ်ခုန်းတောင်တွင် သေဆုံးသွားခဲ့သည်။
ဒီတကြိမ်မှာ ပိုလို့တောင် အန္တရာယ်ကြီးသွား၏။ အဲဒီကိုသွားခဲ့တဲ့ တပည့်တွေ အားလုံးထဲမှာ တစ်ယောက်ပဲ ပြန်လာနိုင်ခဲ့သည်။ သူပြန်လာတာနဲ့ သေသွားခဲ့တာကြောင့် ဘာသတင်းမှ ထွက်မလာခဲ့ပေ။
မမျှော်လင့်ဘဲ လုရွှမ်သည် ရွှမ်ခုန်းတောင်သို့ သွားကာ ဒီလိုထူးခြားသော လက်နက်ကို ရရှိခဲ့သည်။ သူတို့ကို ပိုသဘောကျစေတာက လုရွှမ် အဲဒီလက်နက်တွေနဲ့ တိုက်ခိုက်တာကို လုံးဝမကြိုက်ဘဲ သူတို့ဆီ ပေးခဲ့တာပါပဲ။
ဒါက မဟာသူတော်စင် နယ်ပယ်က လက်နက်ဖြစ်ကြောင်း သိထားရမည်။
အဲဒီနယ်ပယ်နဲ့ ပတ်သက်ရင် သူတို့တကယ် နှိုင်းယှဉ်လို့ မရဘူးဆိုတာ သိပါ၏။ အဲဒီလိုလူတွေက ကောင်းကင်ဘုံသခင် အဆင့်ကို ရောက်အောင် လုပ်နိုင်တယ်ဆိုတာ အံ့သြစရာ မဟုတ်တော့ပေ။
"မင်းကိုယ်တိုင် သတ်သတ်မှတ်မှတ် သက်ရောက်မှုတွေကို လေ့လာနိုင်ပေမယ့် နတ်မီးနယ်ပယ်မှာရှိတဲ့ အကြီးအကဲတွေရဲ့ လက်နက်တွေဟာ အနည်းဆုံး ကောင်းကင်ဘုံသခင်နယ်ပယ်က လက်နက်တွေထက် မနိမ့်နိုင်ဘူးလို့ ထင်တယ်"
ဟယ့်မင်ဖုန် သည် ယခုအချိန်တွင် အလွန် စိတ်လှုပ်ရှားနေပါသည်။ သူ ယခင်က ရတနာများရရှိထားသည့် ထိပ်တန်းသခင်များထက်ပင် ပို၍ စိတ်လှုပ်ရှားနေသော်လည်း ဘယ်သူမှ သူ့ကို မရယ်မောကြပေ။
“ဟုတ်ကဲ့ ဟုတ်ကဲ့ ဒီငယ်သား မှတ်ထားပါ့မယ်”
သူသည် တုတ်ရှည်ကို ဂရုတစိုက်ကိုင်ကာ ညင်သာစွာ ပွတ်သပ်ကြည့်ရင်း ထူးထူးခြားခြား ဘာသာတရား ကိုင်းရှိုင်းသွားသူလို ငြိမ်သက်နေတော့သည်။
လုရွှမ် လင်ထျန်းဖောင့်ကို ကြည့်လိုက်တဲ့အခါ အရပ်ရှည်ပြီး သန်မာသော ကိုယ်ခန္ဓာနှင့် ခွန်အားနှင့် ပြည့်စုံနေတာ တွေ့ရလေသည်။
လင်ထျန်းဖောင့်က မျှော်လင့်ချက် အပြည့်ရှိသော်လည်း အနည်းငယ် အကူအညီ မဲ့နေသည်။ သူတို့ရဲ့ ဂိုဏ်းဆရာ ကျောင်းအုပ်ကြီးအား ပေးသောအရာသည် ကြီးမားသော သူတော်စင် လက်နက်ဖြစ်သည်။
အမှန်ပင် ၎င်းသည် နတ်မီးနယ်ပယ်ရှိ အကြီးတန်း ကျင့်ကြံသူတစ်ဦး၏ လက်နက် မဟုတ်ဘဲ တွက်ကြည့်ရင် အနည်းဆုံးတော့ ဧကရာဇ်မင်းရဲ့ လက်နက်ကြီးလောက် ရှိလေသည်။
ကံမကောင်းစွာပဲ ထိုလက်နက်က ကျောင်းအုပ်ကြီးထံ ပေးလိုက်ပြီကြောင်း အကြီးအကဲက ပြောထားပြီးသား ဖြစ်သည်။
လုရွှမ်သည် သူတို့နှစ်ဦး၏ စိတ်ပျက်အားငယ်မှုကို မြင်သောအခါ ကူကယ်ရာမဲ့ ပြုံးလျက်ပြောသည်။
"မင်းတို့နှစ်ယောက်က ငါ့ကို အရင်ဧကရာဇ်မင်းအဖြစ် တကယ် မှတ်ယူကြတာပဲ.... ငါ့ရဲ့ လက်ရှိအင်အားနဲ့ ဧကရာဇ်မင်း လက်နက်ရဖို့ဆိုတာ ခက်ခဲနေပြီ!"
အကြီးအကဲဘိုးဘေးမှာ အလွန် ထူးခြားသော်လည်း သူ၏ လက်ရှိအင်အားသည် မလုံလောက်သေးပေ။ ထို့အပြင် ဧကရာဇ်မင်း လက်နက်သန့်စင်ဖို့ ပစ္စည်းများသည် အလွန်ရှားပါးပြီး သေခြင်းတရားက ကပ်သီးကလေး လွတ်မြောက်ခဲ့သော အကြီးအကဲများမှ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
လွယ်လွယ်လေး ဂရုမစိုက်ဘဲ ပေးလိုက်ပုံအရ အကြီးအကဲမှာ ထပ်ရှိနေသေးရင် မဆိုင်းမတွ ပေးမှာ သေချာလေသည်။
လူနှစ်ယောက်က
"အကြီးအကဲရဲ့ ကြီးမားတဲ့ ကရုဏာအတွက် ကျွန်တော်တို့ အရမ်းကျေးဇူးတင်ပါတယ်... ကျွန်တော်တို့ နောက်ထပ် မမျှော်လင့်ရဲတော့ပါဘူး"
"စိတ်မပူပါနဲ့ ဒီနေ့ မင်းကို ကတိပေးတယ်... မင်းတို့ကိုလည်း ကတိပေးတယ်"
လုရွှမ်က ခန်းမထဲက တခြားလူတွေကိုလည်း လက်ညှိုးထိုးပြပြီး
"အနာဂတ်မှာ ငါပြန်လာရင် ယွီရှန်ကိုပါ ငါနဲ့အတူ ပြန်ခေါ်လာမယ်... မင်းတို့ မဟာသူတော်စင် နယ်ပယ်သို့ ဖြတ်သွားရင် မင်းတို့အားလုံး မဟာသူတော်စင် လက်နက်တွေ ရစေရမယ်... ကောင်းကင်ဘုံသခင် နယ်ပယ်ကို ဖောက်ထွင်း ဝင်ရောက်နိုင်ရင် အဲဒီလူတွေ အတွက် ဧကရာဇ်မင်း လက်နက်ကို ငါကိုယ်တိုင် သန့်စင်ပေးမယ်"
ပင်မခန်းမကြီးရှိ လူတိုင်းသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြရာ ကျေးဇူးတင်ကြောင်း ဖော်ပြရန်အတွက် မဟာသူတော်စင်များနှင့် အတူတကွ ဦးညွှတ်ခဲ့ကြသည်။
"ထျန်းဖောင့် မင်းရဲ့ခန္ဓာကိုယ် ပုံသဏ္ဌာန်ကို ကြည့်ရတာ သဘာဝလွန် စွမ်းအားတွေနဲ့ မွေးဖွားလာတာဖြစ်မယ်... မင်းမှာ သန်မာတဲ့လက်မောင်းနဲ့ဆို ပုဆိန်က အကောင်းဆုံးပဲ... ကံဆိုးစွာနဲ့ပဲ တစ်ချိန်က ဧကရာဇ်မင်း ပုဆိန်တစ်ချောင်းကို ငါရခဲ့ပေမယ့် သေရေးရှင်ရေးကို အတူဖြတ်ကျော်ခဲ့တဲ့ သူငယ်ချင်းကို ပေးလိုက်ပြီ"
"ဒါပေမဲ့ သူတော်စင်နဲ့ နှိုင်းစာရင် မင်းက မဟာသူတော်စင် ဖြစ်နေပြီ ဆိုပေမယ့် ရုပ်ခန္ဓာရဲ့ အလားအလာနဲ့ ပတ်သက်လာရင် မင်းက သူ့လောက် မတော်သေးဘူး။ မင်းနဲ့ ငါ စကားပြောနေချိန်မှာ ခွန်အား စိုက်ထုတ်နည်းကို အထူး ပြောပြခဲ့တယ်... အကျဉ်းချုပ် ပြောရရင် နားလည်မှုတချို့ကို ပေါင်းထည့်ပြီးရင် ဆင်သံချပ်ကာဂိုဏ်းရဲ့ ဆင်သံချပ် ရွှေကိုယ်ထည် သိုင်းပညာကို ပေါင်းစည်းပြီး ခန္ဓာကိုယ်ခွန်အား လေ့ကျင့်ရေး နည်းလမ်းအစု တစ်ခုအဖြစ် ပေါင်းစည်းလိုက်တာက မှန်ကန်တဲ့ နည်းလမ်းတစ်ခုပဲ... မင်းဒီအတိုင်း ဆက်လေ့ကျင့်သွားရင် အနာဂတ်မှာ ခန္ဓာကိုယ် လေ့ကျင့်ရေးလမ်းကြောင်းပေါ် မလျှောက်နိုင်တော့ရင်တောင် ကောင်းကင်ဘုံသခင် ဖြစ်ဖို့ အနည်းဆုံး ၅၀% အခွင့်အလမ်း ရှိတယ်"
လင်ထျန်းဖောင့်လည်း ရွှင်မြူးသွားသည်။ ဤလက်ဆောင်သည် ကြီးမားသော မဟာသူတော်စင် လက်နက်ထက် နိမ့်ကျခြင်း မရှိတော့ပေ။ ယခုကား သူ၏စွမ်းအားကို မြှင့်တင်ပေးရုံ သာမက ထိုစွမ်းရည်က သူ့ကို ကောင်းကင်ဘုံသခင် တစ်ဦး ဖြစ်လာစေနိုင်သည်။
သူက ခဏလောက် တုံ့ဆိုင်းသွားပြီး
"အကြီးအကဲ... ဒီအရည်အချင်းတွေကို တခြားသူတွေကို ပေးလို့ရလား"
လုရွှမ်က ကျေနပ်စွာ ပြုံးပြသော်လည်း ခေါင်းကို ခါယမ်းလိုက်ပြီး
"မဖြစ်ဘူး .... ဒီစွမ်းရည်မှာ စုစုပေါင်း အဆင့် ခုနစ်ဆင့်ရှိတယ် ဒါပေမဲ့ စတင်ဖို့အတွက် အနည်းဆုံး ပင်ကိုယ်စွမ်းအားနဲ့ အရည်အချင်းတွေ လိုအပ်ရှိတယ်... မဟုတ်ရင် မင်းတောင် စတင်နိုင်မှာ မဟုတ်ဘူး.... မြဲမြဲမြံမြံ ကျင့်ကြံအားထုတ်နိုင်ရင် ကိုယ်ခန္ဓာက မသေနိုင်၊ စိတ်ကလည်း မသေနိုင်တော့ဘူး... ဒါပေမဲ့ အရှေ့က အရည်အချင်းတွေ မရှိဘဲ ဒုတိယအဆင့်ကို လေ့ကျင့်လိုက်ရင် မသေမရှင် ဖြစ်သွားလိမ့်မယ်... မလုပ်ပါနဲ့"
လင်ထျန်းဖောင့်က စိတ်သက်သာရာ ရသွားပြီး နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
လုရွှမ် ယွမ်ဖေးရှန်းကို ကြည့်ကာ အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့သည်။ ယွမ်ဖေးရှန်းက ခါးသက်သက် ပြုံးလိုက်ပြီး
"အကြီးအကဲ... စိတ်မရှိပါနဲ့... ဒီငယ်သား တစ်ချိန်တုန်းက ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး စွမ်းအင်တွေ အကုန်အစင် ဆုံးရှုံးသွားခဲ့ဖူးပါတယ်.... နောက်ပိုင်းမှ ကျင့်ကြံမှုကို ပြန်လည်ရယူခဲ့ပါတယ်.... ကံကောင်းသွားပေမယ့် ယွမ်ချီကတော့ တော်တော် ပျက်စီးသွားပါတယ်.... အဲဒါနောက်ထပ် သုံးနှစ်နေရင် ထာဝရ မြှုပ်နှံ သွားရတော့မှာ.. ဒီငယ်သားက ဘိုးဘေးအကြီးအကဲရဲ့ ရက်ရောတဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပေမယ့် ဒါကို လေးလေးနက်နက် တွေးပေးစေချင်တာပါ"
လုရွှမ်က သူ့လက်တွေကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"မင်းရဲ့ပြဿနာကို ငါလည်း တွေးနေတာ... ဒါက တကယ်ကို ပြင်းထန်ပေမယ့် ဖြေရှင်းချက် မထုတ်နိုင်သေးတာတော့ မဟုတ်ဘူး... မင်းရဲ့ခန္ဓာကိုယ်က နတ်ဆိုးတွေရဲ့ ကျူးကျော်ဝင်ရောက်ထားတဲ့ အငွေ့အသက်တွေ ရှိတယ်...အဲဒါတွေက ခန္ဓာကိုယ်နဲ့ နှစ်ပေါင်းများစွာ ချည်နှောင်ခံထားရတော့ စိတ်ဝိညာဥ်နဲ့ ပြန်ခွဲခွာဖို့က ခက်လိမ့်မယ်"
ယွမ်ဖေးရှန်းက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသည်။ ဒါကြောင့်မို့လို့ သူလည်း ဘာမှ မလုပ်နိုင်ဘူးဆိုတာ သိပါ၏။ သူသည် အခြားသူများရှေ့တွင် မဟာသူတော်စင် တစ်ဦးဖြစ်ပုံရသော်လည်း ညတိုင်း သူ့တစ်ကိုယ်လုံး အေးစက်နေတာ ဖြစ်ပြီး ဘယ်မီးကမှ သူ့ကို နွေးထွေးစေခြင်း မရှိခဲ့ပေ။
ထို့ကြောင့် သူသည် ကျင့်စဥ်ကို လေ့ကျင့်နိုင်သော်လည်း ကိုယ်ခံပညာကတော့ အလုပ်မဖြစ်ပေ။ အအေးဓာတ်ပါသော ကျင့်စဥ် လေ့ကျင့်ကာ ထိုနတ်ဆိုး အငွေ့အသက်များကို ဖိနှိပ်ထားခဲ့ရသည်။
ဤသည်မှာ ရေငတ်ပြေစေရန် အဆိပ်သောက်ခြင်းသာ ဖြစ်ပေသည်။ အနာဂတ်ကာလ၌ သေရင်သေ မသေရင်လည်း အေးခဲနေတဲ့ မကောင်းဆိုးဝါးသာ ဖြစ်သွားလိမ့်မည်။
လုရွှန် အနှစ်တစ်သောင်း အနက်ရောင် ရေခဲချွတ်တစ်ခုကို ထုတ်ယူလိုက်သည်နှင့် ခန်းမတစ်ခုလုံး၏ အပူချိန်က ချက်ချင်း ကျဆင်းသွားသည်။ လူတိုင်း၏ အသက်ရှုသံများသည် ဖြူဖွေးသော လေများအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲတွင် ဒီရေငွေ့များသည်ပင် ရေခဲအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲပြီး မိုးသီးများကဲ့သို့ ကျဆင်းသွားကြသည်။
"အကြီးအကဲ.... ဒါက ရှေးဟောင်း ရေခဲချွန် ဟုတ်တယ်မလား"
ယွမ်ဖေးရှန်းသည် အအေးဓာတ် ကျင့်စဥ်များကို ကျင့်ထားတာကြောင့် ဆန်းကြယ် ရေခဲချွန် သဘာဝအတိုင်း ပို၍ အာရုံခံနိုင်သည်။
လုရွှမ်က ခေါင်းညိတ်လိုက်ပြီး
"နှစ်ပေါင်းတစ်သောင်း အနက်ရောင်ရေခဲချွန်"
နှစ်သောင်းချီရေခဲရဲ့ အအေးဓာတ်ကို လူတော်တော်များများ သည်းမခံနိုင်ကြပေ။ အနှစ်တစ်ထောင် အနက်ရောင်ရေခဲကို ဒဏ္ဍာရီအဖြစ်တောင် မှတ်ယူကြပေမယ့် အကြီးအကဲကတော့ အနှစ်တစ်သောင်းရှိတဲ့ ရေခဲချွန် တစ်ခုကို ထုတ်ယူလာခဲ့သည်။
အဆင့်မြင့်တဲ့ လူတွေနဲ့ နှိုင်းယှဉ်ရတာက တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတာပဲ။
"အကြီးအကဲ.... ဒါ "
ယွမ်ဖေးရှန်းသည် နှစ်သောင်းချီ ဆန်းကြယ်ရေခဲ ဘယ်လောက် တန်ခိုးကြီးတယ် ဆိုတာ သိပါသည်။ အထူးသဖြင့် ထိုရေခဲများသည် လက်ဗလာဖြင့် ဆုပ်ကိုင်ထားနိုင်သည့် အရာမဟုတ်သည်မှာ သေချာလေသည်။
အေးခဲသွားမှာပဲ လက်တွေတင် မဟုတ်ဘဲ တစ်ကိုယ်လုံးပဲ ဖြစ်သည်။
ဝုန်းကနဲဆို လုရွှမ်လက်မှ အနီရောင် မီးလုံးကြီးတစ်ခု ပြေးတက်လာသည်။ လုရွှမ်က ပြုံးပြီး
"ငါက မတူညီတဲ့ မီးတောက်တွေထဲက ထိပ်တန်း မီးတောက်သုံးခုကို သန့်စင်ထားတယ်.... စိတ်ဝိညာဥ် မီးတောက်က ငါ့ကို ကာကွယ်ပေးထားလို့ ကြောက်စရာ မလိုဘူး"
လူအများအပြားသည် ဝိညာဉ်မီးကို စိတ်အားထက်သန်စွာ ကြည့်နေကြပြီး ငိုချင်စိတ်များပင် ပေါက်သွားကြသည်။ အကြီးအကဲနဲ့ ယှဥ်ရင် သူတောင်စားများနှင့် တူပေသည်။ သူတို့မှာ တန်ဖိုးအရှိဆုံး အရာက အကြီးအကဲ အခုနကမှ ပေးခဲ့တဲ့ ရတနာတွေပဲ ဖြစ်လေ၏။
"မင်းရဲ့ပြဿနာက ပြင်းထန်ပေမယ့် အဖြေမရှိတာ မဟုတ်ဘူးလို့ ငါပြောခဲ့တယ်မလား... မင်းရဲ့ ကျင့်ကြံမှု လမ်းကြောင်းက မမှားပါဘူး မင်းရဲ့ အအေးဓာတ် စွမ်းရည်ကို အားကောင်းစေဖို့အတွက် ဒီအနှစ်တစ်သောင်း ရေခဲချွန်ကို ပေးမယ်... ပြင်ပ ယင်စွမ်းအင်ကို ဖယ်ထုတ်ပြီး အတွင်းအအေးဓာတ်ကို ဖယ်ရှားနိုင်မှ နတ်ဆိုးအငွေ့အသက်ကို မောင်းထုတ်နိုင်လိမ့်မယ်"
"သတိထား.... မင်းက ပဟာသူတော်စင်ကြီးပဲ... မင်းလက်ဗလာနဲ့ အနှစ်တစ်သောင်း ရေခဲကို ကိုင်ထားနိုင်သေးတယ် ဆိုရင်တော့ မဟာသူတော်စင်အောက်က လူတွေအတွက် မစမ်းကြည့်ရဘူး"
တခြားလူတွေလည်း အထပ်ထပ် အခါခါ ခေါင်းညိတ်လိုက်ကြသည်။ အနှစ်တစ်သောင်း ရေခဲချွန်ရဲ့ ဒဏ္ဍာရီကို သူတို့ ကြားဖူးကြပါသည်။ ထိုအရာသည် သူတော်စင်များ ဖောက်ထွင်း ဝင်ရောက်နိုင်သည့် ကန့်သတ်နယ်မြေလို မဟုတ်ပေ။