← Chapters

စိုးရိမ်​ခြင်းမဲ့ပင်လယ်

Vol. 54 Ch. 4.320

စိုးရိမ်​ခြင်းမဲ့ပင်လယ်

Vol. 54 Ch. 4.320

လုရွှမ်သည် မဟာသူတော်စင်က နှစ်သောင်းချီရေခဲကို လက်ဗလာဖြင့် ဖမ်းယူနိုင်မည်ဟု ပြောခဲ့သော်လည်း ယွမ်ဖေးရှန်းကတော့ သံသစ်သေတ္တာကို ဂရုတစိုက် ထုတ်ကာ အနှစ်တစ်သောင်း အနက်ရောင် ရေခဲချွန်ကို ထည့်သိမ်းလိုက်သည်။ သူက ဒူးထောက်ထိုင်ပြီး သေသေချာချာ ရွတ်ဆိုလိုက်သည်။

"အသက်ရှင်စေလို့ အကြီးအကဲကို ကျေးဇူးတင်ပါတယ်"

လုရွှမ်က ခေါင်းညိတ်ပြပြီး

"မင်းတို့အားလုံးက ငါ့ရဲ့ ငယ်သား မျိုးဆက်တွေပဲ.... ငါမင်းတို့ကို ကောင်းကောင်း မဆက်ဆံပေးဘူး ဆိုရင် ငါတို့ပြန်လာတဲ့အခါ မင်းတို့ ယွီရှန်ကို တိုင်လိုက်ရင် သူမငါ့ကို အသေ ကြိမ်းမောင်းလိမ့်မယ်"

လုရွှမ်က နောက်ပြောင်နေမှန်း သိတော့ သူတို့အားလုံး ပြုံးရယ်လိုက်ကြသည်။

"စကားမစပ် မင်းတို့​မှာ ငါနဲ့ ဆွေးနွေးစရာ ရှိတယ်မလား?"

ဟယ့်မင်ဖုန်းက သူ့အတွေးတွေကို အမြန် စုစည်းလိုက်ပြီး

"အကြီးအကဲ ဒါက ဒီလိုပါ... သူတော်စင်တစ်ပိုင်း ကမ္ဘာက အာကာသ ဥမင်လိုဏ်ခေါင်းကို ဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ ကျင့်ကြံသူတွေက တိမ်ပင်လယ်နယ်ပယ်ရဲ့ နယ်မြေကို ပိုပြီး ထိန်းချုပ်နိုင်စေတယ်.... ပြီးတော့ အဆင့်မြင့် ဧကရာဇ် အင်ပါယာတွေက အဲဒါကို သိမ်းပိုက်ဖို့ ဆွေးနွေးနေတဲ့ အချိန်မှာပဲ နတ်ဆိုးကမ္ဘာဘက်က သတင်းရလာခဲ့တယ်.... သူတို့ဘက်မှာလည်း ကျွန်​တော်တို့ဆီကို တိုက်ရိုက် ပို့ဆောင်​ပေးနိုင်တဲ့ အာကာသ ဥမင်လိုဏ်ခေါင်း တစ်ခုရှိတယ်တဲ့... သူတော်စင်တစ်ပိုင်း ကမ္ဘာအထိ တိုက်ရိုက် ပို့ဆောင်နိုင်တယ်လို့ သတင်းထွက်လာတာ"

လုရွှမ် မထိန်းနိုင်ဘဲ တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ ဟယ့်မင်ဖုန်း နဲ့ တခြားသူတွေက အကြီးအကဲ ဘာကို စိတ်ပူနေမှန်း သိတာကြောင့် ဘေးမှာ ရပ်ပြီး ကြုံရာကျပန်း ဝင်မနှောင့်ယှက်ဝံ့ကြပေ။

သူတော်စင်တစ်ပိုင်း ကမ္ဘာ နှင့် အောင့်ယွဲ့တို့ဆီက ကြားထားတဲ့ စကားတွေအရ လုရွှမ်သည် အာကာသ ဥမင်လိုဏ်ခေါင်းများ ဆက်လက် ပွင့်နေဦးမည် ဖြစ်ကြောင်း သိရှိခဲ့သည်။ မထင်မှတ်ပဲ ထိုအရာသည် အချိန်တိုအတွင်း ပေါ်လာပြီ။ အာကာသ ဆုံမှတ်များထဲမှ တစ်ခုသည် နတ်ဆိုးကမ္ဘာ၏ အနီးတွင် ရှိနေဆဲဖြစ်​လေသည်။

နတ်ဆိုးမျိုးနွယ်စုက ဘယ်သူတွေလဲ။ သူတို့အားလုံးသည် ရက်စက် ကြမ်းကြုတ်သော ပုဂ္ဂိုလ်များ ဖြစ်ပြီး သူတို့၏ ကာယဗလသည် လူသား ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်နေပေသည်။ လက်နက်နှင့် အခင်းအကျင်း ဖွဲ့စည်းမှုတို့ကို ကျွမ်းကျင်သော လူသား ကျင့်ကြံသူများ ရှိနေလို့သာ မဟုတ်ပါက သူတို့သည် နတ်ဆိုးမျိုးနွယ်၏ ​ပြိုင်ဘက်ပင် ဖြစ်လာမည် မဟုတ်ပေ။

မူလက လူသားများနှင့် နတ်ဆိုးမျိုးနွယ်သည် အတူတကွ တည်ရှိခဲ့ပြီး အရာအားလုံး အဆင်ပြေ ကောင်းမွန်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် လွန်ခဲ့သော နှစ်သုံးရာက ကျိုးရန်သည် တိမ်ပင်လယ်နယ်မြေကို ပေါင်းစည်းပြီး နတ်ဆိုးတွေကို ဝေးလံခေါင်သီသော ဒေသများသို့ မောင်းထုတ်ခဲ့သည်။

တိမ်ပင်လယ် နယ်မြေသည် ကြီးကြီးမားမား ပြောင်းလဲမှုတွေကို ကြုံတွေ့ခဲ့ရပြီး ကျင့်ကြံမှု အရှိန်က ပိုမိုမြန်ဆန်လာမယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ။ အနှစ်သုံးရာ အတွင်းတွင် နတ်ဆိုးမျိုးနွယ်သည် တစ်ကျော့ပြန် ​ပေါ်ထွက်လာပြီး လူသားမျိုးနွယ်ထက် မနည်းသော စွမ်းအားတစ်ခု ရှိလာခဲ့သည်။

မူလက တည်နေရာသည် ဝေးလံခေါင်သီပြီး နတ်ဆိုးမျိုးနွယ်စု အတွက် ဒီနေရာအထိ သွားလာဖို့ အဆင်မပြေခဲ့ပေ။ ယခုမူ အာကာသ ဥမင်လိုဏ်ခေါင်း ရှိနေပြီမို့ ထိုကပ်ဆိုးကြီးက ရှောင်လွှဲ၍ မရတော့ပေ။

အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တတ်တာက သက်ရှိသတ္တဝါများ၏ သဘာဝပင် ဖြစ်ချေသည်။ ထျန်းဝိုက်စွေ့ကမ္ဘာသို့ သွားခြင်းနှင့် ဧကရာဇ် အင်ပါယာကြီး လေးခုနှင့် တိုက်ခိုက်ရန် ပူပေါင်းခြင်း၊ သို့မဟုတ် ထျန်းလုံဧကရာဇ် အင်ပါယာကို သိမ်းပိုက်ခြင်း။

ထိုသုံးမျိုးတွင် ငတုံး မဟုတ်သရွေ့ ဘယ်လိုရွေးချယ်မှု ပြုလုပ်ရမယ် ဆိုတာကို လူတိုင်း သိမှာပင်။

"နတ်ဆိုးမျိုးနွယ်က အခုဘယ်မှာ စုနေတာလဲ?"

"စိုးရိမ်​ခြင်းမဲ့ပင်လယ် (ဝူယိုးဟိုင်)!"

"ဝူယိုးဟိုင်? ဟမ့် ကျိုးရန် ကျိုးရန် မင်းက ဘယ်လို နေရာရွေးရမယ် ဆိုတာ တကယ် သိတာပဲ.... မင်းထားခဲ့တဲ့ အမှိုက်တွေကို ငါ့ကိုလာရှင်းခိုင်းနေတယ်ပေါ့လေ"

စိုးရိမ်ခြင်းမဲ့ပင်လယ်က ဘယ်လို နေရာမျိုးလဲ? သူ့အရင်ဘဝတုန်းက ကြုံခဲ့ဖူးတဲ့ တားမြစ်နယ်မြေ တော်တော်များများထဲက တစ်ခု ဖြစ်ခဲ့သလို သူတို့ ဧကရာဇ်ကြီးတွေ အပြည့်အ၀ မစူးစမ်းမိတဲ့ ကြောက်စရာကောင်းတဲ့ နေရာတစ်ခုပဲ ဖြစ်လေသည်။

"အခုအခြေအနေက ဘယ်လိုလဲ?"

"ကျိုးရန် ၊ ဟုန်ရစ်၊ မင်ယွဲ့နဲ့ ရှင်းချန်ဧကရာဇ် အင်ပါယာလေးခုက မိစ္ဆာမျိုးနွယ်ကို နှိမ်နင်းဖို့ စိုးရိမ်​ခြင်းမဲ့ပင်လယ်ကို သွားဖို့ ဆွေးနွေးနေကြပါတယ်.... အနည်းဆုံး နတ်ဆိုးမျိုးနွယ်က အာကာသ ဥမင်လိုဏ်ခေါင်း တစ်ခုတည်ဆောက်တော့မယ့် စိတ်ကူးကို သွားတားမလို့ တွေးနေကြပုံပဲ"

လုရွှမ် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်တော့သည်။

"အဆင့်မြင့်ဧကရာဇ် အင်ပါယာထဲက ဒီလူတွေက တကယ် မာနကြီးနေတာပဲ... သူတို့က အာကာသ ဥမင်လိုဏ်ခေါင်းကို ရပ်တန့် စေချင်နေတာပေါ့... ဟမ့် သူတို့တားလို့မရတဲ့ အရာ တစ်ခုမှ မရှိဘူးလို့ ထင်နေတာလား?"

ဟယ့်မင်ဖုန်းနှင့် အခြားသူများကလည်း ထေ့ငေါ့သည့် အရိပ်အမြွက်ဖြင့် ရယ်မောလိုက်ကြသည်။

"စိုးရိမ်ခြင်းမဲ့ပင်လယ်ထဲမှာ ကောင်းကင်ကနေ ပေါက်ထွက်နေတဲ့ အပေါက်တစ်ပေါက် ရှိတယ်... အဲဒါကြောင့် ဧကရာဇ် အင်ပါယာပေါင်းများစွာထဲက မဟာ သူတော်စင်ကြီးတွေက နတ်ဆိုးမျိုးနွယ်နဲ့ တိုက်ပွဲဝင်ဖို့ အဲဒီမှာရှိတဲ့ လူအားလုံးကို စေလွှတ်ဖို့၊ အတူတူ လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတာပါ"

"နတ်ဆိုးဂိုဏ်းက အခု ပိုအားကောင်းလာပါပြီ... အဲဒါကို ကျွန်​တော်တို့ မကြိုးစားရင် သူတို့က အခြေအနေကို အခွင့်ကောင်းယူပြီး ကျွန်​တော်တို့ဆီက လုယက်ကြလိမ့်မယ်... အဲဲဒါကြောင့်"

လုရွှမ်က မျက်မှောင်ကြုတ်ပြီး

"ဒါဆို မင်းတို့လည်း သဘောတူလိုက်တယ်ပေါ့?"

"ဒါက ဧကရာဇ်ကျိုးရန်က ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ခုပါ... ကျွန်တော်တို့ အားလုံးလည်း ကျင့်သားရနေခဲ့ပါပြီ ... ပုံမှန်ဆိုရင် အနှစ်တစ်ရာတိုင်း အဲဒီကို သွားနေတာ... အခုက နှစ်ပေါင်း သုံးရာကျော်သွားပြီ"

လုရွှမ်သည် ကြိုးစားလို စိတ်ပြင်းပြသော တခြားလူ နှစ်ယောက်ကိုလည်း ကြည့်လိုက်သည်။

"အကြီးအကဲ မသိလို့... စိုးရိမ်ခြင်းမဲ့ပင်လယ်မှာ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ အများကြီးရှိပြီး အဲဒီမှာလျှို့ဝှက် ဆန်းကြယ်တဲ့ ပစ္စည်းတွေနဲ့ ပြည့်နေတာ.... ဧကရာဇ်ကျိုးရန်ရဲ့ သတင်းစကားအရ စိုးရိမ်ခြင်းမဲ့ပင်လယ်က နတ်ဆိုးမျိုးနွယ်ရဲ့ မွေးရပ်မြေ ဖြစ်ပုံရတယ်... အဲဒါတွေက ကျွန်တော်တို့ လူသားတွေ အတွက်လည်း အကူအညီ ဖြစ်လာနိုင်တယ်... ဧကရာဇ်ကျိုးရန် တိမ်ပင်လယ်နယ်မြေမှာ ရှိတုန်းက သူ့ရဲ့ အချိန်အများစုကို စိုးရိမ်ခြင်းမဲ့ပင်လယ်မှာ ကုန်ဆုံးခဲ့တာပါ"

သူတို့ မျက်လုံးများထဲက မီးတောက်နေသော အကြည့်များကို မြင်လိုက်ရတော့ လုရွှမ် သူတို့ သုံးယောက်ကို မတားနိုင်မှန်း သိလိုက်ရကာ သက်ပြင်း ချလိုက်ရတော့သည်။

"ကောင်းပြီ... ငါလည်း လိုက်ခဲ့မယ်"

သူတို့သုံးယောက်လုံး ဝမ်းသာအားရ ဖြစ်သွားကြပြီး။

"ကျွန်တော်တို့ အကြီးအကဲကို အကူအညီ တောင်းချင်ခဲ့တာပါ... ဒီတစ်ခါတော့ အကြီးအကဲပါ အတူလိုက်မယ်ဆိုရင် ကျွန်တော်တို့ အများကြီး ရိပ်သိမ်းနိုင်တော့မှာ သေချာတယ်"

လုရွှမ်သည် ခဏလောက် စကားမပြောဘဲ တိတ်ဆိတ်သွားခဲ့သည်။ သူ အများအပြား ရိပ်သိမ်းနိုင်ခဲ့ရင်တောင် ပျက်စီးမှု ကြီးကြီးမားမား မဖြစ်လာခဲ့ရင် ပိုအဆင်ပြေလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။

"ကောင်းပြီ.... ငါပြန်သွားပြီးတော့ တစ်ခုခု ပြင်ဆင်လိုက်ဦးမယ်... ခရီးထွက်ရင် လာခေါ်လိုက်"

လုရွှမ်က ပြောပြီး ပြန်ထွက်သွားသည်။ စိုးရိမ်ခြင်းမဲ့ပင်လယ်ကို အနှစ်၁၀၀တိုင်း တစ်ကြိမ် သွားနိုင်တာက အရင်က ကျိုးရန်နဲ့ မိုးနတ်ဘုရားမ ယွီရှန်တို့ရဲ့ ကျေးဇူး​တွေကြောင့် ဖြစ်နိုင်၏။

ကောင်းကင်ဘုံရှင်သခင် နှစ်ပါး မရှိတော့တာကြောင့် တစ်ဖက်က အခွင့်ကောင်း ယူချင်နေပြီ။ လုရွှမ်လည်း ဒါက ခက်ခဲပြီး အန္တရာယ်များသော ခရီးဖြစ်နိုင်ကြောင်း ကြိုသိ​နေခဲ့သည်။

ယွီရှန် ကျန်ရစ်ခဲ့တဲ့ ဂိုဏ်းကို ဒီအတိုင်း သုတ်သင် ပျက်စီးသွား​စေဖို့တော့ သူ မလိုလားတော့ပေ။ သူတို့ကို မဆွဲထားနိုင်တော့တဲ့ အတွက် နောင်လာမည့် အန္တရာယ်တွေကို ကာကွယ်ဖို့ ဆေးလုံးတွေ ထပ်ပြီး ပြင်ဆင်သွားသင့်ပြီ။

တံခါးပိတ် ကျင့်ကြံရာ နေရာသို့ ပြန်ရောက်သောအခါ လုရွှမ်သည် အဂ္ဂိရတ်ဆေးများ သန့်စင်ခြင်းနှင့် အခင်းအကျင်း အစီအရင်များကို ပြင်ဆင်ခြင်းများအား စတင်လုပ်ဆောင်ခဲ့သည်။ အဘိုးကြီးရွှမ်ဟွမ်ထံမှ သူရရှိသော ဆေးဖက်ဝင် ပစ္စည်းများသည် လက်ရှိအချိန်မှာ အလွန်ကြွယ်ဝသော အသီးအနှံများ ဖြစ်လာခဲ့သည်။

ဒါပေမဲ့ သူနားမလည်တဲ့ ဆေးပင်တွေ အများအပြားရှိနေတုန်းပဲ။ လုရွှမ် အဲဒီဆေးပင်တွေရဲ့ အကြောင်းတောင် မသိပါဘူး။ သူ တခြားသူတွေကို မေးတဲ့အခါကလည်း သူတို့ ဘာမှ မသိခဲ့ပေ။ သူတို့ဟာ ကမ္ဘာငယ်လေးထဲက လူသေးသေးလေးတွေ ဖြစ်နေတာကြောင့် တိမ်ပင်လယ် နယ်မြေက ထွက်ခွာပြီးနောက် ၎င်းတို့အကြောင်း သိကောင်းသိလာနိုင်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပဲ သုံးလ ကုန်ဆုံးသွားကာ ပြင်ပလောကမှ စည်းရုံးလှုံ့ဆော်မှုများသည် ထိပ်တန်း စီမံအုပ်ချုပ်မှုအပေါ် လုံးလုံးလျားလျား အာရုံစိုက်နေ၏။ အနည်းဆုံး အဆင့်၆ သူတော်စင်များသာလျှင် စိုးရိမ်ခြင်းမဲ့ပင်လယ်တွင် တိုက်ပွဲဝင်နိုင်သည့် အစွမ်းသတ္တိ ရှိသည်။

အဆင့်မြင့် ဧကရာဇ် အင်ပါယာလေးခုလို့ကို မပြောရပေ။ သူတို့က အဆင့်မြင့် ဧကရာဇ် အင်ပါယာများကြားတွင် ထိပ်တန်း ခေါင်းဆောင်များ ဖြစ်ထိုက်သူ ဖြစ်သည်။ မဟာသူတော်စင် ၁၈ ဦးကို စေလွှတ်ခဲ့သည်။

ထိုအနက် ကျိုးရန်ဧကရာဇ် အင်ပါယာသည် မဟာသူတော်စင် ၇ ဦးစေလွှတ်ကာ တခြားအင်ပါယာသုံးခုနှင့် ရွှမ်ယွီဂိုဏ်းက ၃ဦးပေါင်းပါက ၁၁ဦး စေလွှတ်ခဲ့သည်။

ရွှမ်ယွီသည် မဟာသူတော်စင် သုံးယောက် ထွက်ခွာသွားပြီးနောက် အနှစ်နှစ်ဆယ်ကြာ တောင်ကို ပိတ်ထားရန် ရွေးချယ်ခဲ့သည်။ အန္တရာယ်တစ်စုံတစ်ရာ ရှိလာပါက ဂိုဏ်းသည် အနှစ်နှစ်ဆယ်အတွင်း မဟာသူတော်စင် နှစ်ဦးရှိမည် ဖြစ်သောကြောင့် အမွေဆက်ခံရမည့် နေရာကို စိုးရိမ်စရာ မလိုပေ။

ရွှမ်ယွီဂိုဏ်း၏ ကာကွယ်မှု အခင်းအကျင်းကို မိုးနတ်ဘုရားမ ကိုယ်တိုင် သန့်စင်ခဲ့သည်။ ကောင်းကင်ဘုံသခင်မှ မဟုတ်လျှင် ၎င်းကို မချိုးဖျက်နိုင်သူ မရှိချေ။ ထို့ကြောင့် ဟယ့်မင်ဖုန်းနှင့် အခြားသူများသည် အထူးစိတ်သက်သာရာ ရကာ ဤခရီးတွင် ပျော်ရွှင်စွာ ပါဝင်ခဲ့ကြသည်။

ဧကရာဇ်အင်ပါယာကြီး လေးခုနှင့် အဓိကဂိုဏ်းကြီး တစ်ခုက သူတော်စင် အယောက် ၆၀၀ ကို စေလွှတ်လိုက်သည်။ ကျိုးရန်ဧကရာဇ် အင်ပါယာက ၂၀၀ နှင့် တခြားအင်ပါယာ တစ်ခုစီက ၁၀၀ ဖြစ်သည်။

အခြေခံအားဖြင့် ၎င်းတို့သည် သူတော်စင်နယ်ပယ်များမှ အရှင်သခင်များ ဖြစ်​ကြသည်။ သူတော်စင် အဆင့်၇ ကျင့်ကြံသူများမှာ အဂ္ဂိရတ်ပညာရှင်၊ စိတ်ဝိညာဥ်သခင်၊ ဆေးဝါးပညာရှင်၊ အခင်းအကျင်း ပညာရှင်တို့ ဖြစ်လေသည်။

ဒါပေါ့ လူအုပ်ကြားထဲမှာ စွဲမက်ဖွယ် ကောင်းတဲ့ သူတော်စင်တစ်ပိုင်း အဆင့်၇ ဖြစ်တဲ့ လုရွှမ်လည်း ရှိနေ၏။ လုရွှမ် အစက ဧကရာဇ် အင်ပါယာလေးခုက သူ့ကို ပြဿနာလာရှာမည်ဟု ထင်ခဲ့သော်လည်း အံ့သြသွားရတာက သူ့အကြောင်းကို လုံးလုံး မေ့သွားသလိုမျိုး ဘယ်သူကမှ ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုး မပြုလုပ်ခဲ့ပေ။

All Chapters