← Chapters

စီစဥ်ထားတာ

Vol. 54 Ch. 4.321

စီစဥ်ထားတာ

Vol. 54 Ch. 4.321

ကျိုးရန်ဧကရာဇ် အင်ပါယာ၏ မဟာ သူတော်စင်များ တန်းစီရာ လူအုပ်ထဲတွင် လုရွှမ်သည် အသိမိတ်ဆွေ လျန့်ထျန်းယင်ကို တွေ့ခဲ့ပြီး သူမအနားတွင် လျန့်ထျန်းရှန်လည်း ရှိသည်။ လျန့်ထျန်းရှန်သည် ကျဉ်းမြောင်းသော လမ်းကြားထဲတွင် နှစ်တစ်ရာကြာ ပိတ်မိနေခဲ့ပြီး ဖိနှိပ်ခံခဲ့ရသည်။

သူမစွမ်းရည်များ ပြန်လည် ကောင်းမွန်လာ သောအခါတွင် ခွန်အားသည် တဟုန်ထိုး ခုန်တက်လာပြီး ယခုအခါ သူတော်စင်တစ်ဦး၏ ခွန်အားကို ရရှိနေပြီ ဖြစ်သည်။

ညီအစ်မနှစ်ယောက်သည် အတူတူရပ်ကာ လုရွှမ်အား နှုတ်ခမ်းထောင့်မှ လှောင်ပြောင်သလို ကြည့်​နေကြသည်။ လုရွှမ်လည်း အနည်းငယ် အားနာသွားသလို ခံစားလိုက်ရသည်။

"လတ်စသတ်တော့ အကြီးအကဲလုရွှမ် ဖြစ်နေတာပဲ... တကယ်ကို တောင်းပန်ပါတယ် တောင်းပန်ပါတယ် "

လျန့်ထျန်းယင် နှင့် လျန့်ထျန်းရှန်တို့ ညီအစ်မနှစ်ယောက်သည် လက်နှစ်ဖက်ကို ဖြန့်ကာ လုရွှမ်၏ လမ်းကြောင်းကို ပိတ်ဆို့ကာ “အကြီးအကဲ” ဟု လုံးဝ အရိုအသေမပေးဘဲ ခေါ်လိုက်သည်။

"မင်းနဲ့ပတ်သက်တဲ့ သတင်းကို ကြားတော့ ငါတို့တူမလေး ဘယ်လောက် ဝမ်းနည်းနေလဲ မင်းသိလား?"

"ငါတို့တူမလေးက မင်းမှာ ကြိုက်​နေတဲ့လူ ရှိနေပြီဆိုတာ သိတော့ ဘယ်လောက် ဝမ်းနည်းနေလဲ သိလား?"

လုရွှမ် ခေါင်းကိုက်လာသလိုသာ ခံစားလိုက်ရသည်။ အတိတ်ကို ပြန်ကြည့်သောအခါတွင် သူသည် မိန်းကလေးများစွာကို သဘောကျစေခဲ့ပြီး အဲဒီလို အခြေအနေမျိုးတွေက သူ့ကို သက်ပြင်းချကာ နောင်တရစေခဲ့သည်။

"တောင်းပန်ပါတယ် ငါ့မှာ ကြိုက်​နေတဲ့သူတစ်ယောက် ရှိနေပြီသား.... ငါသူမကို ဟိုးအရင်ကတည်းက သဘောကျခဲ့ဖူးပြီးသား... ဒါကြောင့် မင်းတို့တူမနဲ့ အတူတူနေဖို့ အရင်ကတည်းက ရည်မှန်းမထားဘူး..... အနာဂတ်မှာ သူမကို ခင်ပွန်းတစ်ယောက် ရှာပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်စေချင်ပါတယ်"

"မင်း"

လျန့်ထျန်းရှန်သည် လုရွှမ်၏မျက်နှာတွင် လျစ်လျူရှုမှုကို မြင်လိုက်ရသောအခါ ဒေါသမထွက်နိုင်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ ချောက်ထဲတွင် သူမတူမဖြစ်သူက လုရွှမ်အား မှီခိုအားထားနေရတာကို သူမကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့ရသည်။

ကောင်မလေးက သူမနှလုံးသားနှင့် အသက်ကို လုရွှမ်လက်ထဲ ယုံယုံကြည်ကြည် အပ်နှံခဲ့ဖူးတဲ့အကြောင်း လုရွှမ် မမြင်ခဲ့ဖူးဆိုတာ သူမ မယုံခဲ့ပေ။

လုရွှမ်က လျန့်ထျန်းရှန်ကို မျက်လုံး နှစ်ဖက်လုံးနဲ့ သေချာ စိုက်ကြည့်ပြီး

"အဆိုးမြင်​​ နေတာလား? အစကတည်းက သူမအပေါ် ခံစားချက် မရှိခဲ့ဘူး သူမက ကလေးပဲရှိသေးတယ် အိမ်ကထွက်ပြေးတာ ပထမဆုံးအကြိမ်ပဲ... အပြင်က ရှုခင်းတွေကို မြင်လိုက်ရပြီး အပြင်က လူတွေနဲ့ သိခွင့်ရတော့ ကောင်းမွန်တဲ့ ခံယူချက်တစ်ခု ရှိလာခဲ့တာ သာမန်ပဲ... အချိန်က အဲဒီခံစားချက်ကို ဖျောက်ဖျက်ပစ်ပြီး နောက်ဆုံးမှာ မှန်ကန်တဲ့လူ ဒါမှမဟုတ် နည်းလမ်းမှန်ကို ရှာတွေ့လိမ့်မယ်"

"မင်းက အရမ်းသွေးအေးတာပဲ... မင်း ယုတ္တိမဲ့လွန်းတယ်"

လျန့်ထျန်းရှန်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး လုရွှမ်ကို သူ့လက်ဖဝါးနဲ့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

လုရွှမ် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေကာ လျန်ထျန်းရှန်ရဲ့ လက်ဖဝါးကို တိုက်ရိုက်ပဲ ကာထားလိုက်သည်။ ဒီလိုမျိုးကိစ္စတွေအတွက် အမျိုးသားတွေ ဘက်ကလည်း အမြဲတမ်း တာဝန်ရှိပါ၏။

လျန့်ထျန်းရှန်ရဲ့ လက်ဖဝါးဟာ သူ့အစ်မဖြစ်သူ လျန့်ထျန်းယင်ဆီက တားဆီးခံလိုက်ရပြီး

"ထျန်းရှန် ရှုပ်မနေပါနဲ့.... ဟုန်ချောင်နဲ့ သူက မတူညီတဲ့ ကမ္ဘာနှစ်ခုက လူတွေပဲ လုရွှမ်ပြောတာ မှန်တယ်... ဟုန်ချောင်က လုရွှမ်ရဲ့ ကျေးဇူးတရားတွေကြောင့် စိတ်မှားခဲ့တာ... အချိန်ကြာလာရင် တဖြည်းဖြည်း သိလာလိမ့်မယ် သူတို့ကြားက ကွာဟချက်ကို သိရင် တဖြည်းဖြည်း စွန့်လွှတ်နိုင်သွားလိမ့်မယ်"

"သွားရအောင်!"

လျန့်ထျန်းယင်က လျန့်ထျန်းရှန်ကို ဆွဲခေါ်သွားခဲ့သည်။

လုရွှမ်သည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်စဥ် သူ့ဘေးမှ ဟယ့်မင်ဖုန်းက အသံထွက်လာ၏။

"အကြီးအကဲ?"

"ဘာမှမဖြစ်ပါဘူး... တချို့ ကိစ္စတွေက ရှင်းရှင်းလင်းလင်း ပြောသင့်တယ်.... အရှုပ်တွေက ငါတို့စိတ်အနှောင့်အယှက် ဖြစ်စေတယ်... စောစော လမ်းခွဲပြီး စောစောစီးစီး ငြိမ်းချမ်းရေးရအောင် လုပ်ထားတာ အကောင်းဆုံးပဲ... သူမနဲ့ငါက တစ်ကမ္ဘာတည်းက မဟုတ်ဘူး"

"ဟုတ်ကဲ့!"

ဟယ့်မင်ဖုန်းက ဆက်မပြောတော့ပေ။

အရွေးခံရသော သူတော်စင်များသည် စောစော ထွက်ခွာသွားကြသည်။ လူတစ်စုဟာ ခရီးထွက်လာပြီး တစ်လအကြာတွင် ထျန်းဝိုက်စွေ့ကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ကြသည်။ အာကာသ ဥမင်လိုဏ်ခေါင်းကိုလည်း အမြန် ရှာတွေ့ရှိခဲ့၏။ သူတော်စင် အယောက်နှစ်ဆယ်ကျော်သည် အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး လူတိုင်းကို တစ်စုပြီးတစ်စု အာကာသ ဥမင်လိုဏ်ခေါင်းထဲကို ပို့ဆောင်ပေးခဲ့သည်။

လုရွှမ် ဤခံစားချက်ကို တွေ့ကြုံခံစားပြီးပြီ ဖြစ်၍ သူ့စိတ်ကို တည်ငြိမ်အော င်ထိန်းထားသော်လည်း သူ့စိတ်ထဲ အနည်းငယ် စိတ်လှုပ်ရှား​နေသေးသည်။ နောက်ဆုံးတော့ သူ့ခြေထောက်တွေကို မြေပြင်ပေါ် ချပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ လုရွှမ် မတတ်နိုင်ဘဲ အံ့အားသင့်သွားသည်။

သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတော့ဘူး!

ပို့ဆောင်တဲ့ နေရာမှာ ပြဿနာရှိ​နေလို့လား?

လုရွှမ် ထိုအနီးနားတွင် တစ်ရက်လောက် စောင့်ဆိုင်းခဲ့သော်လည်း ဘယ်သူမှ ပေါ်မလာခဲ့ရာ နောက်ဆုံးတော့ သူနားလည်သွားခဲ့သည်။ ထိုလူများ၏ လက်စားချေမှုများ မလာသေးတာ အံ့ဩစရာ​တော့ မဟုတ်ပေ။ အားလုံးက ဒီနေရာမှာ စီစဥ်ထားတာပဲကိုး။

သူသည် ဤမရင်းနှီးသော နေရာတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ကာကွယ်မယ့် မဟာသူတော်စင် မရှိဘဲ သူ့ကိုယ်သူ ကာကွယ်ရတော့မည်။ ဦးတည်ရာမရှိ၊ ထွက်လမ်းမရှိ၊ နေရာတိုင်း၌ အန္တရာယ်မရှိပေမယ့် သူ့အတွက် အဆုံးသတ်တစ်ခုသာ ရှိနိုင်သည်။ ယင်းမှာ သေချာသော သေခြင်းပင် ဖြစ်သည်။

စိုးရိမ်​ခြင်းမဲ့ ပင်လယ်ပြင်တွင် ဟယ့်မင်ဖုန်းသည် သူ၏လက်ဖဝါးထဲတွင် မဟာသူတော်စင် နယ်ပယ်က တုတ်ရှည်တစ်ချောင်းကို ကိုင်ထားပြီး ဒေါသတကြီး မျက်နှာထားကြောင့် တုတ်ရှည်သည် ပြင်းထန်သော လူသတ်ချင်သည့် ရည်ရွယ်ချက်များကို ထုတ်ပြ​နေသည်။

တုတ်ရှည် ညွှန်ပြနေသည့် အရာသည် ဤတစ်ကြိမ် ပို့ဆောင်ပေးသူ ခေါင်းဆောင်ကို ဖြစ်သည်။ ၎င်းမှာ ကျိုးရန်ဧကရာဇ် အင်ပါယာက တော်ဝင်မိသားစု၏ ထိုက်ရှန့်အကြီးအကဲ ဖန်းမင်ယန် ဖြစ်ပေ၏။

(ဘာသာပြန် - ထိုက်ရှန့်အကြီးအကဲက သာမန် အကြီးအကဲထက် မြင့်သူလို့ ထင်ပါတယ်)

ဖန်းမင်ယန်သည် အဘိုးကြီး ဖြစ်နေပြီ ဖြစ်သည်။ သူ၏ ကျင့်​ကြံမှုသည် မဟာသူတော်စင် အဆင့်၅ တွင်ရှိပြီး မဟာသူတော်စင်များထဲမှ သခင်လည်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင် မဟာသူတော်စင် တတိယအဆင့်မှ ကျင့်ကြံသူ ဖြစ်သည့် ဟယ့်မင်ဖုန်ူက သူ့ကို လက်နက်တစ်ခုနှင့် ညွှန်ပြနေသဖြင့် လုံးဝ တုန်လှုပ်သွားတော့သည်။

သူ့စိတ်ထဲမှာ အချိန်အကြာကြီး မခံစားခဲ့ရတဲ့ လူသတ်ချင်လာသည့် ရည်ရွယ်ချက်ဟာ သူ့ကို ရှင်းရှင်းလင်းလင်း ထိတ်လန့်သွား​စေခဲ့၏။ ရွှမ်ယွီဂိုဏ်းခေါင်းဆောင်က တကယ်ပဲ တုတ်နဲ့ ရိုက်လာပြီး တခြားသူတွေက သူ့ကို ကာကွယ်ဖို့ မကူညီဘူးဆိုရင် အခု မသေသေးရင်တောင် ဒဏ်ရာက ပြင်းထန်သွားနိုင်သည်။

တံတွေးကို မျိုချရင်း မျက်လုံးများက တုတ်ကို စိုက်ကြည့်နေသည်။ တုတ်ရှည်ထဲမှ အသက်ရှူသံကို အနည်းငယ်မျှ မခံစားနိုင်ပေမယ့် စွမ်းအင် ထွက်လာသောအခါ အရှိန်ပြင်းပြင်းဖြင့် ပြေးလာနိုင်လို့ သတိပြုရမည်။

ဤအရာသည် မဟာသူတော်စင် နယ်ပယ်က လက်နက်ဖြစ်ကြောင်း သံသယဖြစ်စရာပင် မရှိတော့ချေ။

သတင်း အချက်အလက်အရ ရွှမ်ယွီဂိုဏ်းတွင် မဟာသူတော်စင် လက်နက် မရှိသလို ကောင်းကင်ဘုံသခင် ယွီရှန်သည် လက်နက်များကို သန့်စင်ရာတွင် မကျွမ်းကျင်ပေ။ ဟယ့်မင်ဖုန်းက ဒီလောက်ကြီးမားတဲ့ မဟာသူတော်စင် လက်နက်ကို ဘယ်ကနေ ရလာခဲ့တာလဲ။

"အစ်ကိုဟယ့်... အခုရပ်လိုက်ပါတော့ ငါတို့က နတ်ဆိုးမျိုးနွယ်ကို မတိုက်ရသေးဘူး ငါတို့ကြား ရန်ပွဲတွေကို အရင် လုပ်ချင်နေတာလား?"

ဟယ့်မင်ဖုန်းနှင့် ရင်းနှီးသော ရှင်းချန်ဧကရာဇ် အင်ပါယာက မဟာသူတော်စင်ကြီးသည် ဟယ့်မင်ဖုန်းကို ဆွဲထုတ်သွားရန် ကြိုးစားခဲ့သည်။

ဖန်းမင်ယန်ကို ကယ်တင်ရန် အခြားလူများစွာကလည်း ကမန်းကတန်း ကူညီပေးခဲ့ကြသည်။ နောက်ကွယ်မှ မျက်နှာများသည်လည်း ချွေးသီးများ ထွက်ကျကာ အလွန်အမင်း ထိတ်လန့်နေကြသည်။

သူတို့အားလုံး မဟာသူတော်စင် လက်နက်ကို တွေ့တာကြောင့် ဟယ့်မင်ဖုန်းအား ကြောက်ရွံ့မှု အရိပ်အမြွက်ဖြင့် ကြည့်လိုက်ကြသည်။ သူတော်စင် မည်မျှပင် ရှိစေကာမူ ရေတွက်ပြီးနောက်တွင် စုစုပေါင်း မဟာသူတော်စင် လက်နက်ရှိသူက သုံးဦးသာ ရှိသေးသည်။

တခြားသူတွေမှာလည်း လက်နက်တွေ ရှိပေမယ့် အဲဒီလက်နက်တွေကို မဟာသူတော်စင် နယ်ပယ်က လက်နက်လို့ခေါ်ဖို့ ဝေးပါသေး၏။ ဟယ့်မင်ဖုန်း လက်ထဲရှိ မဟာသူတော်စင် လက်နက်မှာ တခြားလက်နက် ၂ခုထက် ပို၍အားကောင်းပုံရသည်။

ဟယ့်မင်ဖုန်းက အသံမထွက်ဘဲ အရောင်မဲ့တုတ်ဟု အမည်ပေးထားသည့် တုတ်ရှည်ကြီးကို ဖယ်ထုတ်လိုက်သည်။

"မင်းက ငါတို့ဂိုဏ်းရဲ့ ဘိုးဘေး အကြီးအကဲလုရွှမ်ကို အန္တရာယ်ရှိတဲ့ နေရာဆီ ပို့ဖို့ စက်ဆုပ်စရာကောင်းတဲ့ နည်းလမ်းတွေ သုံးခဲ့တာမလား? ဟမ့် ဖန်းမင်ယန် ငါမင်းကို ပြောလိုက်မယ်!! မင်း အကြီးအကဲလုရွှမ်ကို ဒီလိုနည်းနဲ့ ဒုက္ခရောက်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား? ဟမ့် လွန်ခဲ့တဲ့ နှစ်သုံးရာက မင်းရဲ့သခင်က သစ္စာဖောက်ပြီး ခိုးဝင်တိုက်ခိုက်ခဲ့လို့ ဘိုးဘေးလုရွှမ်က သေသွားပြီး လူပြန်ဝင်စားလာခဲ့ပြီ... ဒါပေမဲ့ အခု မင်းသူ့ကို လုပ်ကြံချင်နေသေးတယ်ပေါ့... သောက်ချီးပဲ"

သူပြောသည့်အတိုင်း ဟယ့်မင်ဖုန်းက ရယ်မောလိုက်ပြီး ဖန်းမင်ယန်ကို သူ့တုတ်ရှည်ဖြင့် ချိန်လိုက်ကာ။

"မင်းကို အခု ငါမသတ်ဘူး.... မင်းကိုသတ်ဖို့လည်း မလိုဘူး... အကြီးအကဲလုရွှမ် ပြန်လာပြီး မင်းရဲ့ ဒီခွေးအသက်ကို နှုတ်ပစ်မယ်လို့ ငါယုံကြည်တယ်...."

ထို့နောက် သူက သူ့လက်ထဲမှ အရောင်မဲ့တုတ်ကို ဝှေ့ယမ်းလိုက်ပြီး

"မင်းထင်တာ မှန်တယ်... ဒီလက်နက်ကြီးက အကြီးအကဲလုရွှမ် ငါ့ကို ပေးခဲ့တာ.... ဒါက ငါတို့ ရွှမ်ယွီဂိုဏ်းရဲ့ တန်ခိုးအကြီးဆုံး ရတနာ ဖြစ်လာလိမ့်မယ်.... ပြီးတော့ မင်းကို ငါပြော​ပြနိုင်ပါတယ်... အကြီးအကဲလုရွှမ်က အနာဂတ်မှာ ဘိုးဘေးယွီရှန်နဲ့ ပြန်လာပြီး ဂိုဏ်းထဲက မဟာသူတော်စင်တွေကို မဟာသူတော်စင် လက်နက်တစ်ခုစီကို ပေးပြီး ကောင်းကင်ဘုံအရှင် ဖြစ်လာနိုင်သူကို ဧကရာဇ်လက်နက်ကို ပေးအပ်မယ်တဲ့"

"ဟုတ်တာပေါ့... အဲဒီအချိန်ရောက်ရင် မင်းဆိုတဲ့ ဖန်းမင်ယန်က အဲဒါကို မမြင်နိုင်တော့ဘူးလို့ ငါထင်ပါတယ်....အဲ့အချိန်လောက်ကျရင် မင်းရဲ့ ကျိုးရန်ဧကရာဇ် အင်ပါယာက သမိုင်းရဲ့ မြေမှုန့်အဖြစ် ပြောင်းလဲသွားပြီးလောက်ပြီ"

All Chapters