← Chapters

ကြောက်စရာကောင်းသော စပျစ်နွယ်နတ်ဆိုး

Vol. 54 Ch. 4.322

ကြောက်စရာကောင်းသော စပျစ်နွယ်နတ်ဆိုး

Vol. 54 Ch. 4.322

"ဟာဟားဟား"

ဟယ့်မင်ဖုန်းက သုံးခါလောက် ရယ်မောပြီး လူတိုင်းကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားခဲ့သည်။

ဟယ့်မင်ဖုန်း၏ စကားလုံးများသည် မဟာသူတော်စင်ကြီးများ အားလုံး၏ နှလုံးသားကို လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသလို နှိုးဆော်သွားခဲ့သည်။ ၎င်းတို့အားလုံးသည် လူသားများသာ ဖြစ်သည်။ ဟယ့်မင်ဖုန်းက လုရွှမ်ရဲ့ ကတိစကားတွေကို အတိအကျ ထောက်ပြသွားရာ ၎င်းသည် သူ့ကို နှိုးဆော်သွားတာ ထင်ရှား​ပေသည်။

မဟာသူတော်စင် လက်နက်က လူတိုင်းရဲ့ နှလုံးသားကို နွေးထွေး​စေသော သွေးဆောင်မှု တစ်ခုဖြစ်ပြီး လက်ဆောင်အဖြစ် တခြား လက်နက်များပင် ရှိသေးသည်။

ရွှမ်ယွီဂိုဏ်းထဲဝင်ပြီး ကောင်းကင်ဘုံ သခင်နှစ်ပါး ပြန်လာမယ့် အချိန်ကို စောင့်နေသရွေ့ အဲဒါကို ရနိုင်မှာလား။

ကျင့်ကြံမှု အဆင့်တစ်ခုကို ရောက်တဲ့အခါ အရာရာကို အဝေးမှာ မြင်နိုင်ပေမယ့် အတိတ်က မမြင်နိုင်တဲ့ အရာတွေကို စိတ်ကို ပြေလျော့အောင် လိုက်ရှာဖွေ​​နေဖို့ ဆန္ဒရှိရမှာလား။

ယခုမူ ဟယ့်မင်ဖုန်းသည် သူတို့အတွက် နေသာသောလမ်းကို ညွှန်ပြခဲ့သည်။

လူအများက ဖန်းမင်ယန် နှင့် ကျိုးရန်ဧကရာဇ် အင်ပါယာမှ တခြား မဟာသူတော်စင်ကြီးများကို လှောင်ပြောင်သော အရိပ်အမြွက်များဖြင့် ကြည့်ရှုသွားခဲ့ကြသည်။

ယခုအချိန်မှာတော့ လုရွှမ်၏ အမည်သည် မြင့်မားသော သစ်ပင်ကြီး တစ်ပင်အဖြစ် ကြီးထွားလာခဲ့​ပြီ။ သူတော်စင်နယ်ပယ် အဆင့်၉မှာ လုရွှမ်ကို မယှဉ်နိုင်သော ရန်သူများ ဖြစ်လာခဲ့သည်။ သူ့နယ်ပယ်က သူတော်စင်တစ်ပိုင်း အဆင့်၇ ဖြစ်သော်လည်း ဒီလို ထက်မြက်တဲ့ သူနဲ့ ဘယ်သူကမှ မရောနှောဝံ့ချေ။

ယခင်က ရာထူးကြီးသော ဧကရာဇ်အင်ပါယာ အများအပြားသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ထျန်းရှားဂိုဏ်းကို ဖျက်ဆီးရန် တပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့သည်။ သို့သော် တံခါးဝသို့ အပြေးအလွှား ရောက်သွားတဲ့အခါ ထျန်းရှားဂိုဏ်းက ပျက်ဆီးသွားပြီ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။

ဒါပေမဲ့ လူတိုင်းက လုရွှမ်ကို ညွှန်ပြနေကြသည်။ သူသည် လူများစွာကို အခွင့်ကောင်း ယူခဲ့သော်လည်း မဟာသူတော်စင်တစ်ဦးကို အနိုင်ယူခဲ့သည်မှာ ငြင်းမရသော အချက်တစ်ချက် ဖြစ်သည်။

ထျန်းရှား ဂိုဏ်းခေါင်းဆောင် စူးချန်သည် ရက်စက် ကြမ်းကြုတ်သူ ဖြစ်ကြောင်း လူတိုင်းသိသည်။ သူ၏ ထူးဆန်းသော လျှို့ဝှက်နည်းလမ်းအရ သူသည် မဟာသူတော်စင် ပထမအဆင့်တွင် ရှိနေသော်လည်း မဟာသူတော်စင် တတိယအဆင့်မှ အရှင်သခင်သည် သူ့ကိုအနိုင်ယူရန် 100% အခွင့်အလမ်း မရှိပေ။

လုရွှမ်ကို စော်ကားလို့ ဖျက်ဆီးပစ်ခံရတဲ့ သခင်တစ်ယောက်က ထိုလူကြီးပင်။

အစကတော့ စစ်တပ်ကြီးကို ထူထောင်ပြီး ထျန်းရှားဂိုဏ်းကို ဖျက်စီးပစ်ဖို့ စီစဉ်ခဲ့ပေမယ့် သူတို့ရဲ့ အတွေးတွေကို လုံးဝ စွန့်လွှတ်လိုက်ရသည်။ စူးချန်တွင် လျှို့ဝှက် ဆန်းကြယ်သော ကျောက်ပြားတစ်ချပ် ရှိကြောင်းနှင့် သူ၏စွမ်းရည် အားလုံးကို ထိုကျောက်ပြားမှ ရရှိခဲ့ကြောင်း သိရကာ သူ့ကို ဘယ်သူမှ မတားဆီးနိုင်ခဲ့ပေ။

နောက်တော့ လုရွှမ်ဟာ လွန်ခဲ့တဲ့ အနှစ်သုံးရာက အရူးဧကရာဇ် ခွမ်ကျွင်း လူပြန်ဝင်စားတယ်လို့ ကြားလိုက်ရပြန်သည်။ သူတို့စိတ်ထဲမှာ သံသယတွေကို ရှင်းထုတ်ပြီးတဲ့ နောက်မှာ လုရွှမ်ဆိုတဲ့ လွန်ခဲ့တဲ့ နှစ်သုံးရာက နတ်ဆိုးဟောင်းကို ဘယ်သူကမှ ရန်မစရဲတော့ချေ။

ဒါပေမဲ့ အခုအချိန်မှာတော့ ကျိုးရန်ဧကရာဇ် အင်ပါယာရဲ့ တော်ဝင်မိသားစုထဲက တစ်စုံတစ်ယောက်ဟာ လှုပ်ရှားခဲ့လေသည်။

ဘယ်သူကမှ ဘာမှမပြောကြဘဲ လှောင်ပြောင်လျက်၊ ဒေါသကို ထိန်းလျက်၊ တိတ်တဆိတ် ထွက်ခွာသွားကြရာ ကျိုးရန်ဧကရာဇ် အင်ပါယာရဲ့ မဟာသူတော်စင် ခုနစ်ယောက်မှာ ရှက်ကိုးရှက်ကန်းနဲ့ အတူတကွ ထိုင်လိုက်ကြတော့သည်။

ဧကရာဇ်ကျိုးရန်နဲ့ ဧကရာဇ်ခွမ်ကျွင်းတို့ရဲ့ မကျေနပ်ချက်တွေက အပြင်လူတွေကို ရှင်းရှင်းလင်းလင်း မသိပေမယ့် သူတို့ကတော့ သိပါသည်။ ၎င်းသည် အမှန်တကယ် မသေနိုင်သော လူဖြစ်ပြီး အနာဂတ်တွင် မလွဲမသွေ ဖျက်စီးခံရတော့မှာ သေချာနေပြီ။

လျန့်ထျန်းယင်က ပထမဆုံး ထွက်ခွာသွားပြီးနောက် မိသားစုကြီးများထဲမှ တခြား မဟာသူတော်စင်များလည်း ထွက်ခွာသွားကာ ကျိုးရန်ဧကရာဇ် အင်ပါယာမှ တော်ဝင်ပညာရှိ သုံးဦးကို ရှက်ရွံ့သော မျက်နှာ၊ တင်းမာသော မျက်ခုံးများဖြင့် ထားခဲ့သည်။

"ဟမ် သူ ပြန်လာနိုင်ရင်တော့ ဧကရာဇ်က ပြန်လာနိုင်မှာ မဟုတ်ဘူး"

လုရွှမ်သည် လမ်းတစ်လျှောက်တွင် ခဏတာ စောင့်ကြည့်ပြီးနောက် နောက်ဆုံးတွင် ဤနေရာက ထူးခြားနေတာကို တွေ့သွားခဲ့သည်။ သူယခု ယခင်ဘဝက စူးစမ်း မလေ့လာဖူးသော စိုးရိမ်ခြင်းမဲ့ပင်လယ်၏ နက်ရှိုင်းသော နေရာသို့ ပို့ဆောင်ခံခဲ့ရတာ ဖြစ်နိုင်သည်။

စိုးရိမ်ခြင်းမဲ့ပင်လယ်မှာ ပင်လယ်ဟု ခေါ်ဆိုသော်လည်း အမှန်တကယ်တွင် ကုန်းမြေ၊ သစ်တော ထူထပ်သော တောင်တန်းများ၊ မြက်ခင်းပြင်များနှင့် သမုဒ္ဒရာများ မဟုတ်သော နေရာများစွာ ရှိပါသေးသည်။ မရှိမဖြစ် အလိုအပ်ဆုံး အရာကတော့ ပင်လယ်ရေ ပြာပြာဖြစ်ပြီး ကြည်လင် ပြတ်သားလွန်းတာကြောင့် အပေါ်ကနေ ကြည့်ရင် ပင်လယ်အောက်ခြေကိုပင် မြင်နိုင်သလောက်ပါပဲ။

သို့သော် ဤပင်လယ်ရေသည် ပုံရိပ်ယောင်များ ဖန်တီးရာတွင် မှော်ဆန်သည့် အကျိုးသက်ရောက်မှုများ ရှိ​လေသည်။ ရေငွေ့များမှာ ကြီးမားသော ဧရိယာတစ်ဝိုက်တွင် အငွေ့ပျံကာ ပျံ့နှံ့သွားပြီး အနီးတစ်ဝိုက်တွင် မရေမတွက်နိုင်သော ထင်ယောင်ထင်မှား ပုံရိပ်များကို ဖန်တီးပေးသည်။

ထိုအငွေ့များသည် ဂရုမစိုက်တတ်တဲ့ သတ္တဝါများစွာကို ဝဲဝဲလည်လည်နှင့် အသက်ဆုံးရှုံးစေရန် ဆွဲဆောင်ထားနိုင်သည်။

ထို့ကြောင့် စိုးရိမ်ခြင်းမဲ့ပင်လယ်၏ ဂုဏ်သတင်းဟာ ထိုပင်လယ်ရေကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လုရွှမ် သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များကို စုပ်ယူလိုက်တဲ့အခါ ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ့စိတ်ကပါ ကြည်လင်လာသည်။

လက်ရှိ သူ့ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအင်များ အလွန်ပေါများသည်။ တချို့နေရာများတွင် ဝိညာဉ်စွမ်းအင်ကို အရည်အဖြစ် တိုက်ရိုက်ပြောင်းလဲကာ စီးဆင်းနေသော ဝိညာဉ်စွမ်းအင် စမ်းချောင်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။

လုရွှမ်လည်း အရေးပေါ် အခြေအနေ​တွေအတွက် ပြင်ဆင်ထားရန် ထိုဝိညာဉ်စွမ်းအင် စမ်း​ရေ​များကို အမြန်စုဆောင်းခဲ့သည်။ ပတ်ဝန်းကျင်မှာ သက်ရှိတွေ မရှိသလိုမျိုး တိတ်ဆိတ်နေပြီး တိတ်ဆိတ်မှုက နည်းနည်းတော့ ကြောက်စရာ ကောင်းလှသည်။

ဒီလိုအခြေအနေမျိုး ကြုံလာတဲ့အခါ လုရွှမ်ဟာ ဖြစ်နိုင်ခြေ တစ်ခုပဲရှိတယ် ဆိုတာ ကောင်းကောင်း သိ၏။ အဲဒါက အနီးနားမှာ အလွန်ကြောက်စရာ ကောင်းတဲ့ သားရဲတွေ ရှိ​နေတာကြောင့် တခြားသတ္တဝါတွေ ဒီနေရာကို ချဉ်းကပ်ဖို့ မဝံ့ရဲကြလို့ လက်ရှိ တိတ်ဆိတ်​နေမှုကို ဖြစ်စေခဲ့တာ ဖြစ်သည်။

သူ့စိတ်ဝိညာဉ် စွမ်းအားများ တဟုန်ထိုး တက်လာတာနဲ့အမျှ လုရွှမ် အမြင့်ကို မပျံသန်းဝံ့ဘဲ သူ့ပတ်ဝန်းကျင်ကို ဂရုတစိုက် အာရုံစိုက်ထားခဲ့သည်။ ပျံသန်းခြင်းက လူကို ကြံစည်ရန် ပစ်မှတ်ဖြစ်သွားစေနိုင်တယ် မဟုတ်လား။

သူ၏ ခွန်အားကိုလည်း အားကိုးဝံ့ခြင်းလည်း မရှိသေးပေ။ တစ်ဖက်သားရဲက အလွန်အမင်း အစွမ်းထက်နေလျှင် တခဏချင်း မျိုချခံလိုက်ရန်ိုင်သည်။

လုရွှမ် မြေပြင်ထက် တစ်ပေခန့် ဝေဟင်တွင်သာ ပျံဝဲနေခဲ့သည်။ မမြင့်လွန်းသောကြောင့် အလွန်အကျွံ မဆွဲဆောင်နိုင်သလို မနိမ့်လွန်းလို့ သူ့ကိုယ်သူ ကာကွယ်ထားရန် လုံလောက်သော တုံ့ပြန်မှု အချိန်ရရှိနိုင်သည်။

ရက်အတော်ကြာ ပျံသန်းပြီးနောက် လုရွှမ် ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။ ယခုလို ခရီးများအတွင်း အကြိမ်ရေ ဘယ်လောက်များများ တချို့သော လူများသည် အဆက်မပြတ် သတိရှိနေကြ​ပြီး ရုတ်တရက် သတိလက်လွတ် လှုပ်ရှားသွားပါက ၎င်းတို့၏ဘဝများ ပျက်စီးသွားနိုင်သည်။

နောက်ဆုံးတွင် သူ့ရှေ့တွင် တုန်လှုပ်သွားသော အသံတစ်သံ ထွက်ပေါ်လာချိန် လုရွှမ်လည်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ရက်ပေါင်းများစွာ ကြာပြီးနောက်တွင် သဲလွန်စ တချို့ကို ရရှိခဲ့သော်လည်း လုရွှမ် ပိုသတိထားကာ တိတ်တဆိတ် ချဉ်းကပ်လာခဲ့သည်။

စိတ်ဝိညာဉ် စွမ်းအားကို ဂရုတစိုက် စမ်းသပ်ပြီးပြီ။ နတ်စွမ်းအင် သန့်စင်ခြင်း ကျင့်စဥ်ကို လေ့ကျင့်ပြီးနောက် စိတ်ဝိညာဉ် စွမ်းအားသည် တစ်ဖန်ထပ်၍ တိုးပွားလာခဲ့သည်။ လုရွှမ် ဝိညာဉ်စွမ်းအားကို ယခု စမ်းသပ်လိုက်ချိန် သူတော်စင်နယ်ပယ် ပြီးပြည့်စုံသောကာလရှိ သာမန် ကျင့်ကြံသူများပင်လျှင် သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

စိတ်စွမ်းအားဖြင့် ထောက်လှမ်းခြင်းရဲ့ ရလဒ်ကတော့ လုရွှမ်ကို ထိတ်လန့် သွားစေခဲ့သည်။

အဲဒါက ဘာလဲ?

မြင့်မားသော သစ်ပင်ကဲ့သို့ ကြီးမားသော စပျစ်နွယ်ပင် တစ်ပင်ဖြစ်ကာ မရေမတွက်နိုင်သော နွယ်ပင်များဖြင့် ဖွဲ့စည်းထားသည်။ ဘယ်လောက်မြင့်တယ် မသိနိုင်ဘဲ ကောင်းကင်သို့ တည့်တည့်တိုးဝင်ကာ ကောင်းကင်နှင့် နေကို ပိတ်ဆို့ထားသည့် မီတာရာနှင့်ချီ ကျယ်သော နံရံတစ်ခုလို ဖြစ်နေသည်။

မရေမတွက်နိုင်သော စပျစ်နွယ်ပင်များ အနားတွင် ကခုန်နေသော်လည်း အသံ မထွက်လာခဲ့ပေ။

ယခင်က သံချေးတက်နေသလို ထွက်လာသော အသံသည် အမှန်တကယ်ပင် စပျစ်နွယ်ပင်များဆီမှ သုတ်သင်ခံရသည့် နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်သည်။ နတ်ဆိုးသားရဲသည် စပျစ်နွယ်ပင်များရှေ့တွင် ဆယ်ပေမြင့်တဲ့အထိ ရှိသော်လည်း လူသေးသေးလေးနှင့်ပင် တူ​​နေသည်။

အလွန်လှပသော နှင်းဖြူ​ရောင် အမွေးများနှင့် ၎င်း၏နောက်တွင် အမြီးခုနစ်ချောင်း ရှိသော နတ်ဆိုးမြေခွေး တစ်ကောင်ပဲ ဖြစ်​ချေသည်။ ကျင့်ကြံမှု အဆင့်သည် သူတော်စင်နယ်ပယ် အဆင့်၅ တွင် ရှိသော်လည်း စပျစ်နွယ်ပင်များနှင့် ရင်ဆိုင်ရသောအခါတွင် ခံနိုင်ရည် လုံးဝ မရှိခဲ့ရှာပေ။

သေးငယ်သော လှုပ်ရှားမှုတစ်ခု ဖြစ်သည့် ကနဦးအသံမှလွဲ၍ လှုပ်ရှားမှု လုံးဝ မရှိ​တော့ပေ။

ကြောက်စရာကောင်းတဲ့ အချက်က လုရွှမ်ရဲ့ နှလုံးသားက တုန်ယင်နေပြီး သူ့ကို ပိုထိတ်လန့်စေတာက နတ်ဆိုးစပျစ်ပင်ရဲ့ ကျင့်ကြံမှု အဆင့်ကို သူလုံးဝ မခံစားနိုင်တာပါပဲ။

သူသိထားတဲ့ ကျင့်ကြံမှု အဆင့်ထက်ပင် ​မြင့်​နေနိုင်ပြီး အနည်းဆုံး မဟာသူတော်စင် အဆင့် ဖြစ်​နိုင်သည်။ သို့မဟုတ် စပျစ်နွယ်ပင်သည် သူ၏ ရောင်ဝါကို လုံးလုံးလျားလျား ထိန်းထားနိုင်တာ​ကြောင့် လုရွှမ် နတ်ဆိုးစပျစ်ပင်၏ ကျင့်ကြံမှုကို သဘာဝကျကျ မခံစားနိုင်ခြင်း ဖြစ်လိမ့်မည်။

ယခင်က ကြောက်စရာ ကောင်းသော်လည်း နောက်ပိုင်းက လုံးဝ ထိတ်လန့်​စရာ ကောင်း​လေသည်။

သူ့နှလုံးသားထဲမှာ ထိတ်လန့်လာတဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး အမြန် ငုံ့ကြည့်လိုက်သည်။ မျက်စိကန်းသွားတဲ့ ဝိညာဉ်စွမ်းအားက အာရုံ မခံစားနိုင်တော့ဘဲ စပျစ်နွယ်ပင်တွေ ရုတ်တရက် တိုက်ခိုက်လာမှာကို ကြောက်ရ၏။ ဒါဆို ရှင်သန်နိုင်မှုက လွန်စွာ လျော့ကျသွားလိမ့်မည်။

ထိုအချိန်တွင် မြေပြင်သည် ရုတ်တရက် ကွဲထွက်သွားပြီး စပျစ်ပင်တစ်ပင် ပေါက်ထွက်လာကာ လုရွှမ်ရဲ့ ခြေချင်းဝတ်ကို ရစ်ပတ်လိုက်တော့သည်။ လုရွှမ် တိတ်တဆိတ် ကျိန်ဆဲပြီး လေထဲကို လျင်မြန်စွာ ပြန်ပြေးသွားလေသည်။

လှိုင်းပုတ်သံများ ကြားတွင် စပျစ်နွယ်ပင်များသည် အရပ်ရပ်မှ ရောထွေးကာ ထွက်လာကြပြီး လုရွှန်အား အပိုင်းပိုင်း ဖြတ်ပစ်တော့မတတ် တိုက်ခိုက်လာကြသည်။

All Chapters