စပျစ်နွယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခြင်း
Vol. 54 Ch. 4.323
လုရွှမ် တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ ယုတ္တိနည်းအရ ပြောရလျှင် ဤစပျစ်နွယ်ပင်သည် သစ်သားဒြပ်စင်ဟု ဆိုရမှာ ဖြစ်ပြီး နေရောင်အောက်တွင် သတ္တုဓာတ်များ တောက်တောက် တောက်တောက်ဖြင့် တောက်နေသော စပျစ်နွယ်ပင်များသည် နတ်ဆိုးသားရဲများ သို့မဟုတ် အလွန်ရက်စက် ကြမ်းကြုတ်ပြီး အဆိပ်ပြင်းသော မြွေများကဲ့သို့ပင် အလွန်ရက်စက်လှသည်။
တွေးတောမနေဘဲ လုရွှမ်၏ ခန္ဓာကိုယ်မှ အနီရောင် မီးတောက်များ ထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်လာသော စပျစ်နွယ်များဆီ ဖြန့်ကျက်လိုက်သည်။
မျှော်လင့်ထားသည့် အတိုင်း ဤစပျစ်နွယ်ပင်များသည် ကြောက်ရွံ့ကြောင်း မပြသခဲ့ပေ။
စပျစ်နွယ်ပင်များသည် မီးလျှံထဲတွင် ပြေးလွှားနေပြီး မျက်နှာပြင်မှာ ရွှန်းလဲ့နေသော်လည်း အရည်သွားပျော်သည့် အရိပ်အယောင် မရှိပေ။ လုရွှမ်သည် စပျစ်နွယ်ပင် တခဏတာ ဆုတ်ခွာသွားတာကို အခွင့်ကောင်းယူကာ ပြေးထွက်သွားသည်။
စပျစ်နွယ်ပင်၏ မျက်နှာပြင်ပေါ်တွင် ပြေးလွှားနေသော နိယာမ လိုင်းများကို ယောင်ဝါးဝါး မြင်နေရသော်လည်း ပြင်းထန်သော အခြေအနေတွင်မူ လုံး၀ ကြည့်ရှုရန် မဖြစ်ပေ။
သူဒီမှာနေဖို့ သတ္တိရှိရင် သေလမ်းရှာနေသလို ဖြစ်နေမှာ ဖြစ်တာကြောင့် ဖီးနစ်တောင်ပံတွေကို အနောက်မှာ ဖြန့်ချလိုက်ပြီး အရှိန်ပြင်းပြင်းနဲ့ ပြေးထွက်သွားတော့သည်။
ဝိညာဥ်မီးတောက်သည် နှစ်ထောင်ပေါင်း များစွာ ငြိမ်သက်နေခဲ့လို့ ၎င်း၏ အရည်အသွေး ယိုယွင်းလာခဲ့သည်။ သို့သော် မီးတောက်က သူတော်စင်နယ်ပယ်ကိုတော့ ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်စေပါသေးသည်။
ဤနတ်ဆိုး စပျစ်နွယ်ပင်များသည် မီးကို လုံးဝ မကြောက်ကြတာကြောင့် အနည်းဆုံး ၎င်းတို့သည် မဟာသူတော်စင် နယ်ပယ်လောက် အစွမ်းသတ္တိ ရှိကြပေမည်။
သို့သော် ဘယ်လိုပဲ ရှိနေပါစေ လုရွှမ်သည် အနည်းဆုံး ယခုအချိန်၌ သူသည် ထိုနတ်ဆိုး စပျစ်နွယ်များကို လက်ရှိ ခွန်အားဖြင့် ဘယ်သောအခါမှ အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သိပါသေးသည်။ ထို့ကြောင့် ဗျူဟာသုံးဆယ့်ခြောက်ခုသည် အကောင်းဆုံး ဗျူဟာပဲ ဖြစ်သည်။
သို့သော်လည်း လုရွှမ် ထွက်သွားချင်ပေမယ့် နွယ်ပင်တွေက ဘယ်လိုမှ အရှုံးမပေးဘဲ သူ့ကို ဝိုင်းချုပ်ထားလိုက်သည်။
မှောင်မဲနေပြီး မြေသြဇာ ကောင်းပုံရသည့် မြေပြင်သည် စပျစ်နွယ်များ ထိုးထွက်လာသော ဖုန်မှုန့်များဖြင့် ပြည့်နေပြီး နွယ်ပင်များသည် လုရွှမ်ဆီသို့ အဆက်မပြတ် ဝိုင်းရံလျက် ထွက်လာကြသည်။
အရင်ကနဲ့ ယှဉ်ရင် အရှိန်က ပိုမြန်ပြီး လေထဲမှာ ရှိတဲ့ လုရွှမ်ရဲ့ နောက်ဆက်တွဲ ပုံရိပ်တွေကို ဆွဲထုတ်လုနီးပါးပါပဲ။ နေမင်း မျက်စိအောက်က လမ်းကြောင်း အရပ်ရပ်တွင် စပျစ်နွယ်ပင်များ၏ အရိပ်များရှိနေပြီး အလွန်ကြောက်စရာ ကောင်းနေသည်။
လုရွှမ်၏ မျက်လုံးများထဲတွင် ကောင်းကင်မီးတောက် အလင်းမှုန်များ စိမ့်ဝင်နေပြီး သူ့ခန္ဓာကိုယ်ရှိ ယွမ်ယန်ကျင့်စဥ်သည် ခွန်အားအပြည့်နှင့် နေရောင်ခြည်များကဲ့သို့ ဖြာထွက်လာသည်။ စပျစ်နွယ်ပင်များ၏ ပုံရိပ်သည် တောက်လောင်နေသော နေရောင်ခြည်ကို မြင်ပြီးနောက် ချက်ချင်းပင် ရပ်တန့်သွားကာ ရေခဲများ ဖြစ်သွားသည်။
လုရွှမ် နောက်ဆုံးတွင် ထိုစပျစ်နွယ်ပင်များ၏ နိယာမစွမ်းအင် လိုင်း၏ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၎င်းတို့သည် သစ်သားစစ်စစ် ဖြစ်ပြီး အသွင်အပြင်ကို ဘယ်သောအခါမှ အတု မယူနိုင်လောက်သော်လည်း နွယ်ပင်များပေါ်တွင် နိယာမစွမ်းအင် လိုင်းများ စီးဆင်းနေပြီး သံမဏိကဲ့သို့ မာကျောလေသည်။
လုရွှမ် သူ့စိတ်ထဲက အတွေးတစ်ခုဖြင့် နှစ်တစ်သောင်း သက်တမ်းရှိ အနက်ရောင် ရေခဲတစ်ပိုင်းကို ထုတ်ယူလိုက်သည်။ အပင်များအတွက် တစ်ခါတစ်ရံတွင် မီးသည် ပြဿနာကို မဖြေရှင်းနိုင်သော်လည်း အအေးဓာတ်ကတော့ ထိန်းထားနိုင်လောက်သည်။
သေချာတာပေါ့။ အနက်ရောင် ရေခဲချွန်ဟာ နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိတာကြောင့် ပတ်ဝန်းကျင် လေထုရဲ့ အပူချိန်ဟာ သိသိသာသာ ကျဆင်းသွားတော့သည်။ နွယ်ပင်တွေဟာ စိတ်ပျက်လက်ပျက် ဖြစ်သွားသလို လှုပ်လှုပ်ခတ်ခတ် အသံနဲ့အတူ ပင်မခန္ဓာကိုယ်ဆီ ပြန်ဆုတ်သွားတော့သည်။
ငါ့ကို လိုက်တုန်းက လိုက်ပြီးနောက် ဒီလောက် သနားစရာကောင်းတဲ့ အနေအထားမှာ မနေချင်ဘူးဆိုပြီး ထွက်သွားချင်လို့ ရမလား?
လုရွှမ် မိုးနတ်ဘုရားဓားကို သူ့နောက်ကျောဘက်မှ ထုတ်ယူကာ အနက်ရောင် ဆန်းကြယ်ရေခဲကို တခြားလက်ဖြင့် ကိုင်ကာ စပျစ်နွယ်ပင်ဆီသို့ ခုတ်ချလိုက်သည်။ မိုးနတ်ဘုရားမဓားသည် သူ၏ဓား ရည်ရွယ်ချက်များက အစွမ်းထက်ကာ သူတော်စင်များကိုပင် သတ်ပစ်နိုင်သည်။
ဓားတစ်ချက်တည်းဖြင့် စပျစ်နွယ်ပင်က နှစ်ပိုင်းခွဲထွက်သွားကာ လူတစ်ယောက်ရဲ့ သွေးတွေလို နီရဲသော အရည်များ ထွက်ကျလာသည်။
စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး သွေးများက လေထဲ ထိတွေ့လိုက်သည်နှင့် လျင်မြန်စွာ လောင်ကျွမ်းကာ အငွေ့အဖြစ်သို့ ပျံ့နှံ့သွားခဲ့သည်။ လုရွှမ် သူ့နှာခေါင်းကို အမြန် ပိတ်လိုက်သော်လည်း သူ့ဦးနှောက်က မထိန်းနိုင်ဘဲ မူးဝေသွားသလို ခံစားလိုက်ရသည်။
စိတ်ကူးယဉ်ဆန်သော ပုံရိပ်များက သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့၏။ သူ ပြန်လည် မွေးဖွားလာတဲ့ အဖြစ်မှန်နဲ့ ထင်ယောင်ထင်မှား ပုံရိပ်တွေက ယောင်ဝါးဝါး ပေါ်လာခဲ့လေသည်။
အံ့သြစရာ ကောင်းလောက်အောင် လုရွှမ်မှာက သံသတ္တိ ရှိနေပြီ။ ရွှမ်ခုန်းတောင်ကို စမ်းသပ်ပြီးနောက်တွင် သူသည် ပို၍ပင် ဇွဲလုံ့လ ရှိလာသည်။ ရုတ်တရက် အအေးဓာတ်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး သူ့မျက်လုံးတွေက ချက်ချင်း ကြည်လင်လာကာ မြေပြင်ဆီ လျင်မြန်စွာ ဟောက်၍ ပြန်ဝင်သွားသော စပျစ်နွယ်ပင်ပေါင်း တစ်ဒါဇင်ကျော်ကို မြင်လိုက်ရသည်။
"ထွက်သွားဖို့ စဥ်းစားနေတယ်ပေါ့? အဲ့လောက် မလွယ်ဘူးကွ"
လုရွှမ် အော်လိုက်ပြီး လက်နှစ်ဖက်ကို ဝေ့ယမ်းကာ ရေခဲတုံးငါးတုံးကို သူ့လက်ထဲမှာ ကိုင်လျက် နွယ်ပင်တွေဆီ ပြင်းပြင်းထန်ထန် မှုတ်ထုတ်လိုက်သည်။
ဝုန်းကနဲ တစ်ခု ထွက်ပေါ်လာပြီး အာကာသအတွင်း ဖြတ်သွားနိုင်သော စပျစ်နွယ်ပင်များသည် ရေခဲပုံဆောင်ခဲ အလွှာများဖြင့် ထုပ်ပိုးခံလိုက်သည်။ လေထုထဲမှာပဲ ချည်နှောင်ခံလိုက်ရသလို မြေပြင်ပေါ် လဲကျသွားကာ ယခင်လို မသွက်လက်နိုင်တော့ပေ။
လုရွှမ် အသက်ရှုထုတ်ရင်း စပျစ်နွယ်ပင်များကို ဓားဖြင့် ခုတ်ပိုင်းပစ်ရန် ရှေ့သို့ တိုးလာခဲ့သည်။ ဒီတစ်ခါမှာတော့ သွေးနီတွေ မထွက်လာတော့ဘဲ သပ်ရပ်တဲ့ ဖြတ်ပိုင်းတစ်ခုပဲ ကျန်ခဲ့သည်။
သူ့စိတ်ထဲတွင် ထိတ်လန့်သွားပြီး ဤစပျစ်နွယ်ပင် အပိုင်းအစကို ဖယ်ထုတ်လိုက်သည်။ လုရွှမ် သူ့ခန္ဓာကိုယ်ကို နှစ်သောင်းချီရေခဲဖြင့် ကာကွယ်ကာ အမြန် ထွက်ခွာသွားခဲ့သည်။
ဝေးနိုင်သမျှ ဝေးဝေးကို ပြေးထွက်လာပြီးနောက် နောက်ဆုံးတွင် ရပ်လိုက်သည်။ ထို့နောက် စပျစ်နွယ်ပင် နှစ်ပိုင်းကို ထုတ်ယူ၍ ကြည့်လိုက်သော် အပိုင်းတစ်ပိုင်းသည် သွေးများ ထွက်နေပြီး ကျန်အပိုင်းမှာ သွေးမထွက်ချေ။
အနီးကပ် မကြည့်လျှင်ပင် စပျစ်နွယ်ပင် နှစ်ပိုင်းဟာ ကွဲပြားတယ် ဆိုတာ တွေ့နိုင်လောက်သည်။ ဖြတ်လိုက်သော စပျစ်နွယ်ပင်၏ ပထမအပိုင်းသည် ဝိညာဥ်စွမ်းအင်နှင့် ပြည့်နှက်နေသေးသည်။ ၎င်းက သူ့ကိုထိန်းချုပ်လို့ မရအောင် အဆက်မပြတ် တုန်ယင်နေကာ ဒုတိယအပိုင်းသည် ပုပ်နေသော သစ်သား အပိုင်းအစနှင့် တူပြီး ခြားနားမှု လုံးဝမရှိပေ။
ပိုနီးနီးကပ်ကပ် ကြည့်လိုက်တော့ စပျစ်နွယ်ပင်တွေရဲ့ ပထမအပိုင်းမှာ နိယာမစွမ်းအင် လိုင်းတွေ စီးဆင်းနေမှန်း သိသာပေမယ့် နောက်တစ်ပိုင်းမှာတော့ မှုန်ဝါးနေ၏။ လုရွှမ် တစ်ခုခုကို သတိထားမိလိုက်ရာ မီးတောက်ငယ် တစ်ခု ထုတ်လွှတ်လိုက်သည်။
စပျစ်နွယ်ပင်၏ ပထမအပိုင်းမှာ မီးတောက်ကို မကြောက်သော်လည်း ဒုတိယအပိုင်းကတော့ ပြာအဖြစ် တိုက်ရိုက်ပဲ လောင်ကျွမ်းသွားသည်။
"သေချာတာပေါ့ ပြဿနာက ဒီစပျစ်နွယ်ပင်တွေရဲ့ မျက်နှာပြင်ပေါ်က နိယာမစွမ်းအင် လိုင်းတွေမှာ ရှိနေတာ"
လုရွှမ် ဝမ်းသာအားရဖြင့် လေပြင်းကျောက်ပြားကို ထုတ်ယူလိုက်သည်။ ကျောက်ပြားထဲ ဝင်လိုက်တာနဲ့ သူ့ကမ္ဘာမှာ တံခါးတစ်ချပ်ကို တွန်းဖွင့်ပြီး တခြား ပိုကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာထဲကို ၀င်သွားရသလို ပြောင်းလဲသွားသည်။
စပျစ်နွယ်ပင်ပေါ်ရှိ နိယာမစွမ်းအင် လိုင်းများသည် သိသိသာသာ ထူးခြားလှသည်။ သူ ရွှမ်ခုန်းတောင်ပေါ်က သူတော်စင် စပျစ်နွယ်ပင်ကနေ နိယာမစွမ်းအင် လိုင်းတချို့ကို လေ့လာခဲ့ဖူးသော်လည်း ရှုပ်ထွေးမှုအရ ၎င်းတို့သည် နတ်ဆိုး စပျစ်နွယ်ပင်၏ နောက်တွင် ဝေးကွာနေပါသည်။
နိယာမစွမ်းအင် လိုင်းလို့ ပြောမယ့်အစား နည်းနည်းရှုပ်ထွေးတဲ့ နိယာမတစ်ခုလို့ ခေါ်တာက ပိုကောင်းပါ၏။
လုရွှမ်သည် ဤစပျစ်နွယ်ပင်ရှိ နိယာမစွမ်းအင် လိုင်းများကို လျင်မြန်စွာ အလွတ် ကျက်မှတ်လိုက်သည်။ လေပြင်းနိယာမ စွမ်းအင်လိုင်းများကို နားလည်ပြီးနောက် အနည်းဆုံး ထိုနိယာမစွမ်းအင် လိုင်းများအကြောင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနိုင်သည်။
သို့မဟုတ်ပါက စပျစ်နွယ်ပေါ်က လိုင်းတွေကို ၎င်းတို့ကို မှတ်မိဖို့ နေနေသာသာ ၎င်းတို့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ပင် မဟုတ်ပေ။
စပျစ်နွယ်ပင်ထဲသို့ ဝိညာဉ်စွမ်းအင် အနည်းငယ်ကို ထိုးသွင်းလိုက်တဲ့အခါ စပျစ်နွယ်ပင်သည် ပြင်းထန်စွာ ရွေ့လျားလာတာကို မြင်လိုက်ရပြီး တချို့ အမြစ်များက လေထဲတွင် တိုက်ရိုက် အမြစ်တွယ်ကာ ဝိညာဉ်စွမ်းအင်များကို တဖြည်းဖြည်း စုပ်ယူသွားတာ တွေ့လိုက်ရလေသည်။
"ဒီအပင်မျိုးက တကယ်ကို ကြောက်စရာ ကောင်းတာပဲ... စိုးရိမ်ခြင်းမဲ့ ပင်လယ်ထဲမှာ ရှိနေတာ ကံကောင်းသွားတယ်.. ဒီဧရိယာထဲက ဖောက်ထွက်လာရင်တော့ တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံး ဒုက္ခရောက်သွားမှာ ကြောက်ရတယ်"
ဝိညာဉ်စွမ်းအင်ကို သိမ်း၍ လုရွှမ် စပျစ်နွယ်ပင်များကို နှစ်သောင်းချီရေခဲဖြင့် ပြုလုပ်ထားသည့် သေတ္တာငယ် တစ်ခုထဲသို့ ထည့်လိုက်သည်။ ဤအနက်ရောင် ရေခဲများသည် အနှစ်တစ်သောင်းသာ သက်တမ်းရှိကာ အနှစ် ၂၀၀၀၀ ထက် အအေးဓာတ် နည်းပါးသော်လည်း လက်ရှိစပျစ်နွယ်ပင် ငယ်များကို ဖိနှိပ်ထားရန် လုံလောက်ပါသေးသည်။
ထိုသားရဲတွေရဲ့ လှုပ်ရှားမှု အသံတွေဟာ ပတ်ဝန်းကျင်မှာ ပြည့်နှက်လာတော့သည်။ လုရွှမ် စဥ်းစားကြည့်လိုက်သည်။ သူ အရင်က ရက်အတော်ကြာ ပျံသန်းနေခဲ့ပေမယ့် သားရဲတွေရဲ့ လှုပ်ရှားမှုကို မခံစားခဲ့ရဘူး။ အခု ဒီလောက်ဝေးဝေးကို ပြေးလာတော့မှ နောက်တစ်ကြိမ် ခံစားမိပြန်သည်။
လုရွှမ် အသည်းအသန် ပြေးလာလို့သာ မဟုတ်ရင် ကြောက်မက်ဖွယ် ကောင်းသော စပျစ်နွယ်ပင်များ တိုက်ခိုက်နိုင်သည့် အကွာအဝေးသို့ ကျရောက်သွားမှာ ဖြစ်သည်။ ကံကောင်း ထောက်မစွာနဲ့ သူ့မှာ နှစ်သောင်းချီရေခဲ ရှိနေခဲ့၏။ မဟုတ်ပါက ဤတစ်ကြိမ်တွင် သူ ဒီနေရာတွင် ပိတ်မိနေလိမ့်မည်။
ကောင်းကင်ဖီးနစ်မီး ဖြစ်ဖြစ် ဒါမှမဟုတ် ဝိညာဥ်မီးတောက်ပဲ ဖြစ်ဖြစ် အဆင့်က နည်းနည်း နိမ့်နေပါသေးသည်။ ဝိညာဉ်မီးတောက်သည် မူလက အဘိုးကြီးရွှမ်ဟွမ်၏ မီးတောက် ဖြစ်ခဲ့လို့ စွမ်းအားသည် အလွန်မြင့်မားနေသင့်သည်။ သို့သော် အဘိုးကြီးရွှမ်ဟွမ် ကွယ်လွန်သွားပြီးနောက် နှစ်ပေါင်းထောင်ချီ ငြိမ်သက်နေခဲ့ရာ မီးတောက်ရဲ့ အဆင့်ကို ကျဆင်းသွားစေခဲ့သည်။
ဝိညာဉ်မီးတောက်ရဲ့ အဆင့်ကို တစ်ဆ တိုးနိုင်ပြီး မဟာသူတော်စင်အား ခြိမ်းခြောက်ရန် အင်အားအပြည့်ဖြင့် အသုံးပြုနိုင်ပါက မီးတောက်ဟာ ကြီးမားသော အကူအညီ ဖြစ်လာလိမ့်မည်။
သူ့လက်ထဲက မိုးနတ်ဘုရား ဓားကို ကြည့်လိုက်တော့ လုရွှမ်စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသည်။ မိုးနတ်ဘုရားဓားကို နောက်တစ်ကြိမ် သန့်စင်ဖို့ အချိန်တန်ပြီ။ လက်နက်ကောင်း တစ်ခုကြောင့် သူရဲ့ရှင်သန်ရန် အခွင့်အလမ်းမှာလည်း တိုးလာနိုင်မယ် မဟုတ်ပါလား။