← Chapters

ကျားဖြူ

Vol. 54 Ch. 4.324

ကျားဖြူ

Vol. 54 Ch. 4.324

ဝိညာဥ်မီး​တောက်၏ အဆင့်ကို မြှင့်တင်ရန်မှာ ခက်ခဲလွန်းပြီး လိုအပ်သော ကောင်းကင်နှင့် မြေကြီး၏ ရတနာများသည် အပူဓာတ် ရှိသော်လည်း သန့်စင်ရန်အတွက် အလိုအပ်ဆုံး အရာမှာ မီးရင်းမြစ် ဖြစ်သည်။ လိုအပ်တဲ့ ပစ္စည်းတွေက အရမ်း မသန်မာရင်တောင် လုရွှမ်ရဲ့ လက်ရှိတာဝန်မှာ မိုးနတ်ဘုရားဓားကို သန့်စင်ရန် ဖြစ်သည်။

မိုးနတ်ဘုရားဓားသည် မဟာသူတော်စင် လက်နက် ဖြစ်ခဲ့ဖူးသည်။ ယွီရှန်မှာ လက်နက်များကို သန့်စင်ခြင်းတွင် မကျွမ်းကျင်ပေ။ သူမ ကောင်းကင်ဘုံသခင် ဖြစ်လာလျှင်ပင် မိုးနတ်ဘုရားဓားက မဟာသူတော်စင် လက်နက် ဖြစ်နေဦးမှာ ဖြစ်သည်။

လုရွှမ် ယခုအချိန်တွင် မဟာသူတော်စင် လက်နက်ကို သန့်စင်ရန် အရည်အချင်း မရှိသော်လည်း ထက်ဝက်နီးပါး အသုံးပြုလို့ ရနေပြီ ဖြစ်သော မိုးနတ်ဘုရားဓားကို အဆင့်မြင့် သူတော်စင် လက်နက်အဖြစ် ပြောင်းလဲသန့်စင်ဖို့တော့ မခက်ခဲ​သေးပေ။

ယခုအချိန်တွင် မိုးနတ်ဘုရားဓား၏ တန်ခိုးနှင့် လူနှင့်ဓား ပေါင်းစည်းမှု ဓားပညာဖြင့် ကြောက်စရာ ကောင်းသော စပျစ်နွယ်ပင်ကို ထပ်မံကြုံတွေ့ရလျှင် လုရွှမ် ၎င်းကို အနိုင်ယူနိုင်မည် မဟုတ်ကြောင်း ယုံကြည်သော်လည်း အနည်းဆုံးတော့ သူလွတ်မြောက်နိုင်ဦးမည် ဖြစ်သည်။

လုရွှမ် လက်နက်ကို သန့်စင်ရန်အတွက် ပစ္စည်းများကို စုဆောင်းထားပြီးသား ဖြစ်သည်။ စိုးရိမ်ခြင်းမဲ့ပင်လယ်တွင် အချိန်အတော်ကြာ ပျံသန်းပြီးနောက်တွင် သူသည် ဝိညာဉ်စွမ်းအင်များ ပြည့်နေသော နေရာတစ်ခုဆီ ရောက်လာခဲ့သည်။ ထိုနေရာသည် လက်နက်ကို သန့်စင်ရန် နေရာကောင်း မဟုတ်သော်လည်း အနည်းဆုံး ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေလို့ သူတော်စင် စွမ်းအား ကုန်ခမ်းသွားမှာမျိုးကို စိတ်ပူစရာ မလိုပေ။

သူ့ပတ်ဝန်းကျင်တွင် အကာအကွယ် အခင်းအကျင်း ပုံစံတစ်ခုကို တည်ဆောက်ပြီး လုရွှမ် လက်နက်ကို ပြန်လည် စစ်ဆေးနေခဲ့သည်။ သူ့​စိတ်အာရုံသည် မိုးနတ်ဘုရား ဓားပေါ်တွင် အကြိမ်များစွာ ဝေ့ဝဲနေခဲ့သည်။

လုရွှမ် သူ့မျက်လုံးများကို မှိတ်ထားကာ အတွင်းပိုင်းက အခင်းအကျင်း ဖွဲ့စည်းပုံကို အာရုံ ခံလိုက်သည်။ စိတ်ဝိညာဉ်မီး လောင်ကျွမ်းသွားပြီး မိုးနတ်ဘုရားဓားကို ရစ်ပတ်ထားသည်။ မကြာမီတွင် မိုးနတ်ဘုရားဓားက အရည်ပျော်လာ၍ လုရွှမ် ပါဝင်ပစ္စည်းများကို တဖြည်းဖြည်းချင်း လေးနက်စွာ ထည့်ပေးခဲ့သည်။

ဤဓားသည် သူနှင့် ယွီရှန်တို့ကြားက သင်္ကေတတစ်ခု ဖြစ်​လေသည်။ ပေါ့ပေါ့ဆဆ မလုပ်ချင်သလို ပေါ့လျော့မှုမျိုးနှင့်လည်း မသန့်စင်ချင်ပေ။

မိုးနတ်ဘုရားဓားသည် တဖြည်းဖြည်း ပေါင်းစပ်လာကာ အတွင်းပိုင်းရှိ အသွင်သဏ္ဌာန်များ တဖြည်းဖြည်း ပြောင်းလဲလာပြီး ကောင်းကင်နှင့် မြေကြီး၏ ရတနာများနှင့် တိတ်တဆိတ် ပေါင်းစပ်သွားခဲ့သည်။

ရက်အနည်းငယ် အကြာတွင် မိုးနတ်ဘုရားဓားဟာ သူ၏ ယခင်ပုံစံအတိုင်း တစ်ဖန် ပြန်လည်ပုံဖော်လာပြီး အတွင်းပိုင်း အခင်းအကျင်း ဖွဲ့စည်းပုံကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။

လုရွှမ် သူနားလည်ထားတဲ့ လေပြင်းနိယာမကို နည်းနည်း ထပ်ဖြည့်လိုက်သည်။ မိုးနတ်ဘုရားဓားဟာ အပြည့်အစုံ မဖွဲ့စည်းရသေးပေမယ့် လေ​ပြင်းသံများ တိုးဝင်သွားတဲ့အခါ ပိုပိုပြီး ပေါ့ပါးနေပုံရ၏။

မိုးခြိမ်းသံကို ဆွဲဆောင်ကာ ဒေါသအသွင်ကို ထည့်သွင်းလိုက်သည်။ ရက်အနည်းငယ် ထပ်ကြာပြီးနောက် မိုးနတ်ဘုရားဓားကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့​လေသည်။

၎င်းသည် ပကတိဖြူစင်နေဆဲ ဖြစ်ပြီး မဟာသူတော်စင် လက်နက်ရဲ့ စွမ်းအား မရှိသော်လည်း ၎င်းသည် ပိုမိုလျင်မြန်ပြီး ပေါ့ပါးလို့ အမျိုးသမီးတစ်ဦး ပိုင်ဆိုင်ထားဖို့ ပိုမိုသင့်လျော်သည်။

လုရွှမ် သူ့လက်ထဲတွင် ဓားကို ကိုင်ထားပြီး သူ့ပတ်ဝန်းကျင် လေထုထဲတွင် အသက်ရှူသံ အတက်အကျများကို ခံစားလိုက်ရသည်။ အနည်းငယ် အကြာတွင် မိုးနတ်ဘုရားဓားမှ လှုပ်ရှားလာသည်။

မိုးခြိမ်းသံကြောင့် အကာအကွယ် အခင်းအကျင်းများ ကွဲအက်သွားကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် စမ်းရေများမှာ ဝိညာဉ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်အထိ ပြည့်စေသော မြူမှိုင်းများ အဖြစ်သို့ ပြောင်းလဲသွားစေသည်။

လုရွှမ်သည် မိုးနတ်ဘုရားဓားကို ဆုပ်ကိုင်ထားရင်း သတိမပေါ့ထားဝံ့ပေ။ ဓား သန့်စင်ပြီးသွားတာနဲ့ သူ့ပတ်ဝန်းကျင်က သူတော်စင် စွမ်းအင် အတက်အကျများကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ တချို့သော သူတော်စင် သားရဲများသည် ဒီနေရာက မီးရောင်ဓားကြောင့် စွဲဆောင်ခံရကာ လက်ရှိအချိန်၌ ပုန်းအောင်းနေကြတာ ထင်ရှား​ပေသည်။

"ထွက်လာခဲ့...."

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သော် ​လေမုန်တိုင်း ဝင်ရောက်သွားသလို ပတ်ဝန်းကျင်မှ မြူများကို လွင့်စင်သွားကာ သူ့အမြင်အာရုံမှာလည်း ကြည်လင်လာသည်။

လှပသော တောင်တန်းများ၊ မြစ်များ၊ ကြီးကျယ်ခမ်းနားသော သစ်တောများမှာ သဘာဝတရား၏ ရှုခင်းများကို ဖော်ထုတ်ပြသလာသည်။

လေတိုက်သံမှလွဲ၍ တခြား အစွမ်းထက် သားရဲတစ်ကောင် ရောက်လာကြောင်း သက်သေပြနိုင်သော သားရဲ အငွေ့အသက်တွေ အရိပ်အယောင်တွေ မရှိချေ။

“ဝေါင်း!”

နောက်ဆုံးတွင် ကျား​ဖြူတစ်ကောင် ဟိန်းဟောက်ပြီး လေထုအလယ်မှ ထွက်ပေါ်လာသည်။

ကျားဖြူမှာ အဖြူရောင် အရိပ်ကဲ့သို့ လေထဲ၌ လွင့်ပျံနေသည်။ ပြင်းထန်သော စွမ်းအားများသည် ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေကာ ပြေးလာသောအခါတွင် ၎င်း၏ ကျားခြေရာများသည် လေစီးကြောင်းပေါ် တက်နင်းသွားခဲ့သလိုပင်။ သူ့ပုံစံမှာ ဤလောက၏ စည်းမျဉ်းများကို လုံးလုံးလျားလျား လျစ်လျူရှုကာ အလိုအလျောက် ဦးတည်ရာ ပြောင်းနိုင်ပုံ ရလေသည်။

လုရွှမ် ကျားဖြူပေါ်တွင် သူ့စိတ်စွမ်းအားကို မထိုးဖောက်နိုင်ကြောင်း တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားသည်။ ၎င်း၏ ကိုယ်ပေါ်တွင် သဘာဝအတိုင်း အလင်းတန်းများ စီးဆင်းနေပြီး အဲဒါက သူ့စိတ်စွမ်းအားကို တားဆီးထားသလို ခံစားရသည်။

စိုးရိမ်ခြင်းမဲ့ပင်လယ်မှာ မျှော်လင့်ထားတဲ့ အတိုင်း ယခင်က ကြောက်စရာ ကောင်းသော နတ်ဆိုးစပျစ်နွယ်ပင်များနှင့် ရင်ဆိုင်ရပြီး ယခုအခါ ကျားဖြူတစ်ကောင်က သူ့ရဲ့ ဝိညာဉ်စွမ်းအား အာရုံခံစားမှုကို အမှန်တကယ် တားဆီးနိုင်နေပြန်သည်။

ကျားဖြူမှာ ဝိညာဉ်သခင်ကို နှိမ်နှင်းရန် ရိုးရိုးရှင်းရှင်း မွေးသူလားဟုပင် ထင်ရသည်။ သာမန် ဝိညာဉ်သခင်သာဆိုလျှင် ဤနေရာတွင် အဆုံးသတ် ကောင်းပါစေလို့သာ ဆုတောင်းရပေတော့မည်။

ကျားဖြူကြီး ပျံသန်းလာနေစဉ် အချိန်အတွင်း လုရွှမ်မှာ သူတော်စင်တစ်ပိုင်း ကမ္ဘာထဲက အာကာသသားရဲနှင့် ရင်ဆိုင်​နေရသကဲ့သို့ ခံစားလာရသည်။ သူတော်စင် သားရဲနှစ်ကောင်သည် လုံးဝ ကွဲပြားသော်လည်း ၎င်းတို့က သူ့ကို တူညီသော ခံစားချက်ကိုတော့ ပေးနိုင်ခဲ့​သေးသည်။

အာကာသသားရဲသည် အာကာသ၏ နိယာမများကို ထိန်းချုပ်ထားပြီး ကျားဖြူသည် လေကိုသုံး၍ ထိန်းချုပ်ထားသည်။ တူညီမှု အနည်းငယ်သာ ရှိသော်လည်း ချဉ်းကပ်မှုများကတော့ အလားတူ ရလဒ်မျိုး ရှိလာတော့မလို ခံစားနေရသည

သူတို့နှစ်​ကောင်ကြားမှာ တကယ်ကို တူညီတာ တစ်ခုမှ မရှိဘူးလား?

လုရွှမ်ဟာ တစ်ခုခုကို တွေးမိလိုက်တယ်လို့ ခံစားမိပေမယ့် အခုအချိန်မှာတော့ ဒီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း မတွေးတောနိုင်တော့တဲ့ အတွက် အမြန် ဒီလမ်းကနေ ထွက်သွားဖို့သာ ဦးစားပေးလိုက်သည်။

စိတ်ဝိညာဉ် စွမ်းအားက ကျားဖြူကို မထိန်းချုပ်ထားနိုင်သလို မျက်လုံးတွေကို မှိတ်ထားလိုက်တာနဲ့ ကျားဖြူက သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားတော့သည်။ အခုအချိန်မှာတော့ လုရွှမ်မှာ ဓားတစ်ချောင်း ကိုင်ထားပြီး သူ့မှာ လူနှင့်ဓားပေါင်းစည်းမှု ဓားပညာ ရှိလျှင်ပင် ကျားဖြူကို လုံး၀ မတားဆီးနိုင်ပေ။

မျက်မမြင် တစ်ယောက်က မြှားပစ်သလိုပါပဲ။ သူသာ ပစ်ခတ်နိုင်ခဲ့ရင် တကယ့်ကို ထူးဆန်းသွားလိမ့်မည်။

ပြေး!

လုရွှမ်မှာ ဒီလောက် အစွမ်းထက်တဲ့ သူတော်စင် သားရဲကို ဆွဲဆောင်လာနိုင်တဲ့ သူ့ရဲ့ကံကောင်းမှုကြောင့် တိတ်တဆိတ် ကျိန်ဆဲလိုက်လေသည်။

တောင်များနှင့် မြစ်များ၊ ပန်းများနှင့် သစ်တောများ ထူထပ်သော တောနက်အထဲတွင် လုရွှမ် အနောက်က အတောင်ပံများဟာ တုန်ခါနေပြီး လေထုထဲတွင် အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးလွှားနေသည်။ သို့သော် သူ့နောက်မှ ကျားဖြူသည် လုံးဝ မနှေးကွေးသွားဘဲ ငြိမ်သက်စွာ ပြေးနေသလိုပင်။

သွေးနီရောင် မျက်လုံးကြီး တစ်စုံက လုရွှမ်ကို ရတနာ တစ်ခုခုကို ကြည့်နေသလိုမျိုး စိုက်ကြည့်နေ၏။

လူတစ်ကောင်နှင့် သားရဲတစ်ကောင်သည် တစ်ယောက်က ပြေးကာ တစ်ယောက်က လိုက်နေရာ သုံးရက်ကြာတဲ့အထိ ပြေးလွှား​နေခဲ့သည်။ နောက်ဆုံးတွင် ကျားဖြူသည် ရက်စက်ပုံရသော်လည်း ၎င်းသည် သူ့ကိုသတ်ရန် ကြံရွယ်ပုံမပေါ်ကြောင်း လုရွှမ် တွေ့လိုက်သည်။ မဟုတ်ရင် သူ့အရှိန်နဲ့သူဆို မိမိကို ကျော်တက်သွားတာ ကြာပြီပေါ့။

ကျားဖြူသည် သူ့ခန္ဓာကိုယ်ထဲက လေပြင်းနိယာမကို ခံစားမိတာကြောင့် သူ့ကို ရတနာတစ်ခုလို မှတ်ယူနေတာများ ဖြစ်နိုင်မလား?

လုရွှမ်သည် ဒီလိုနုံအတဲ့ အတွေးကြောင့်နဲ့ မရပ်ချင်ပေ။ ဒီလို ဆက်ပြေးနေတာကလည်း ပြဿနာ လုံးဝမဟုတ်ဘူးလေ။ နောက်ဆုံးတွင် သူသည် သူ့စိတ်နှင့် နှိမ့်ချလိုက်ကာ ကျားဖြူကလည်း နှေးကွေးလာတာကို တွေ့လိုက်ရသည်။

လုရွှမ် ရပ်လိုက်တော့ ကျူးဖြူကလည်း ရပ်လိုက်သည်။ ကျားဖြူက သူ့ရှေ့ ဆယ်မီတာအကွာမှာ ထိုင်လျက် လုရွှမ်ကို လူတစ်ယောက်လို စိုက်ကြည့်နေသည်။

လုရွှမ် သူ့လက်ဖဝါးပေါ်မှ လေ​ပြင်းတစ်ချက် ဆွဲရမ်းလိုက်ရင်း ကျားဖြူ၏ မျက်လုံးများကို စိုက်ကြည့်နေသည်။ ထိုအချိန်တွင် ကျူးဖြူရဲ့ မျက်လုံးများက တောက်ပလာပြီး လုရွှမ် လက်ဖဝါးပေါ်ရှိ လိုင်းများအတိုင်း လေထုအလယ်တွင် ပြေးပြသည်။

"မင်းကိုယ်တိုင် ဒီလျှို့ဝှက် ဆန်းကြယ်တွေကို ဖလှယ်ချင်နေတာလား?"

လုရွှမ် အလွန်အံ့အား သင့်သွားခဲ့သည်။ သူတော်စင် ကျားဖြူသားရဲရဲ့ ကျင့်ကြံမှု အဆင့်မှာ မရှင်းလင်းသော်လည်း သူ့စွမ်းရည်မှာ သာမန် သူတော်စင် သားရဲများထက် အဆပေါင်းများစွာ မြင့်မား​လေသည်။

သူသည် လေပြင်းနိယာမ လိုင်းများကို ဆက်လက် ကစား​ပြခဲ့သည်။ သေချာသည်မှာ ထိုကျားဖြူသည် ၎င်းတို့နှစ်ဦးကို နှိုင်းယှဉ်ကာ အလားတူ ကစား​ပြခဲ့သည်။

လုရွှမ်လည်း သူ့စိုးရိမ်မှုများကို ဖြေလျှော့လိုက်ပြီး သူသိထားသော လေပြင်းနိယာမ လိုင်းများကို တစ်ခုပြီးတစ်ခု ရိုက်ထည့်လိုက်သည်။ ကျားဖြူက တူညီတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပေမယ့် သူထုတ်လာတဲ့ နိယာမစွမ်းအင် လိုင်းတွေက လုရွှမ် နားလည်ထားတာထက် ပိုလေသည်။ လုရွှမ် သူရဲ့ မျက်လုံးတွေကို သေချာအာရုံစိုက်ကာ ကျားဖြူရဲ့ လိုင်းတွေကို အမြန် လိုက်မှတ်ထားလိုက်သည်။

"ဝူး!"

ကျားဖြူက အကြိမ်အနည်းငယ် ဟောက်လာသည်။ လုရွှမ် သူ ခံစားလိုက်ရတာကို ရှင်းရှင်းလင်းလင်း သိပါ၏။ ကျားဖြူက သူ့ကို အပြစ်တင်ပြီး အခွင့်ကောင်း ယူချင်နေပုံရသည်။

လုရွှမ်က ခေါင်းယမ်းပြီး

"ဒီလောက်ပဲ ငါသိတယ်.... ငါနားမလည်သေးတဲ့ တခြားအရာတွေ ရှိသေးတယ်"

ဒါပေမဲ့ ကျားဖြူက ကူကယ်ရာမဲ့ ဖြစ်သွားတဲ့ ပုံစံနဲ့ ညည်းတွားလာသည်။ သူက ခေါင်းကို လက်ညိုးထိုးပြပြီး ကျားခြေသည်းတွေနဲ့ ထပ်ခါထပ်ခါ ပုတ်ပြလေသည်။

လုရွှမ် မအံ့သြဘဲ မနေနိုင်တော့ပေ။ ဒီကျားဖြူက တကယ်ကို ဝိညာဥ်အသိစိတ် ရှိပြီး သူ့စိတ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်ပြား ရှိနေတာကို ကောင်းကောင်း ခံစားနိုင်နေ၏။

လုရွှမ် သက်ပြင်းချလိုက်မိသည်။ ကံကောင်း ထောက်မစွာပင် တုန်လှုပ် ချောက်ချားစရာ ကောင်းသော ကျောက်စာ အပျက်အစီးများမှာ ပြိုကျ ပျက်စီးသွားခဲ့​ပြီ။ သူ့စိတ်ထဲ ဝင်လာသည့်အရာမှာ လေပြင်းနိယာမ၏ လျှို့ဝှက်ချက်သာ ဖြစ်သည်။

တကယ်လို့သာ သူ့ကိုယ်ပေါ်မှာ ကျောက်ပြား ရှိနေသေးရင် ကျားဖြူက သူ့ကိုတစ်ခါတည်း သတ်ပစ်လိုက်မှာ ကြောက်ရ၏။

All Chapters