← Chapters

ကျားဖြူမိသားစု

Vol. 54 Ch. 4.325

ကျားဖြူမိသားစု

Vol. 54 Ch. 4.325

သေသေချာချာ ရှင်းပြပြီးနောက် ကျားဖြူက ညည်းသံကို ရပ်လိုက်ပြီး ကျားခြေလှမ်းများဖြင့် ဂရုတစိုက် လျှောက်လာခဲ့သည်။

ရန်စချင်သည့် အငွေ့အသက် မရှိပေ။ တကယ်တော့ သူ့စိတ်ဝိညာဉ် စွမ်းအားက ဘာကိုမှ အာရုံ မခံစားနိုင်ပေမယ့် ကျားဖြူရဲ့ အသွင်အပြင်ကို ကြည့်လိုက်လျှင် အငြိုးအတေး ထားချင်တဲ့ပုံစံ မရှိဘူးဟု ထင်ရသည်။ ဒါကြောင့် လုရွှမ်လည်း သူရှိနေသည့် နေရာ၌ ရပ်တည်နေဖို့ သတ္တိအလုံအလောက်ရှိပြီး ထွက်ပြေး မသွားခဲ့ပေ။

ကျားဖြူနဲ့ နီးလေလေ အရွယ်အစား ပိုပြောင်းလေလေပဲ။ လုရွှမ်ရဲ့ ရှေ့ကို ရောက်တဲ့အခါမှာတော့ လုရွှမ်နဲ့ အရွယ်တူ ဖြစ်သွားတော့သည်။ ထိုအချိန်တွင် ကျားဖြူ၏ အမွေးများပေါ်ရှိ နိယာမစွမ်းအင်လိုင်း ပြေးနူန်းများသည် အလွန်အမင်း ပေါင်းစပ်ထားကာ ထူထပ်စွာ ပြည့်ကျပ်နေပြီး အလွန်တရာ လျှို့ဝှက်ဆန်းကြယ်နေကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။

လုရွှမ် ကျားဖြူ၏ အမွေးကို ရဲဝံ့စွာ တို့ထိလိုက်တဲ့အခါ ကျားဖြူက သူ့လျှာကို ထုတ်ကာ လုရွှမ်ရဲ့ လက်ဖဝါးကို နမ်းလိုက်​လေသည်။ လုရွှမ် အလွန် ဝမ်းသာသွားသည်။ သားရဲထိန်း ဆရာသမား တစ်ယောက်အနေဖြင့် ဒါဟာ ကျားဖြူက သူရဲ့ချစ်ခင်မှုကို ဖော်ပြနေကြောင်း သိပါသည်။

ဤအချိန်တွင် အရေးကြီးဆုံးမှာ သူ့ဘက်ကလည်း သူတော်စင် သားရဲကို ကျေးဇူးတင်ကြောင်း ပြဖို့ လျင်မြန်စွာ ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ဖို့ပါပဲ။

လုရွှမ် ဝိညာဉ်အသီး အနည်းငယ်ကို ထုတ်ပြီး ကျားဖြူကို ပေးလိုက်သည်။ ကျားဖြူက သစ်သီးများကို တစ်ကျိုက်တည်း မျိုချလိုက်ကာ ကျားမျက်နှာမှာ ရွှင်လန်းမှု အပြည့်ရှိဖြင့် အမှန်တကယ် ပြုံးနေသလို ထင်ရလာသည်။

"ဝူး!"

"မင်းကငါ့ကို မင်းနဲ့လိုက်​​စေချင်​လို့လား?"

"ဝူး!"

ခဏလောက် စဉ်းစားပြီးမှ လုရွှမ်လည်း နောက်က လိုက်သွားခဲ့သည်။

ထိုမှသာ ကျားဖြူသည် သူ့ထက် အနည်းဆုံး 30% ပိုမြန်သော အရှိန်ဖြင့် ပြေးနိုင်နေကြောင်း သဘောပေါက်ခဲ့သည်။ ကျားဖြူက သူ့ကို စောင့်ဆိုင်းဖို့ နောက်ကို လှည့်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ပြေးလာသည်။ အကြိမ်ကြိမ် စောင့်နေရတဲ့အခါ ကျားဖြူရဲ့ မျက်နှာမှာ မာနတွေနဲ့ ပြည့်နေသောကြောင့် လုရွှမ်လည်း ထိတ်လန့်သွားတော့သည်။

"မင်းရဲ့ မှော်အစွမ်းတွေက ထူးချွန်တယ်လေ... ငါတို့ အဲဒါတွေကို သဘက်ခါတစ်ကြိမ် လေ့ကျင့်ရမယ်မလား? မင်းကို ငါ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ?"

ကျားဖြူက သက်ပြင်းချလိုက်ပြီး သူ့နောက်ကို ယမ်းခါပြလာ၏။

"ဝူး ဝူး ဝူး"

"မင်းငါ့ကို​ မင်းနောက်​မှာစီးခွင့်​​ ပေးလိုက်​တာလား?"

"ဝူး!"

လုရွှမ် အလွန် ဝမ်းသာသွားပြီး ကျားဖြူ၏ လည်ပင်းကို ကိုင်ကာ ဂရုတစိုက်စီးလျက် စီးနင်းလိုက်ပါသွားလေသည်။

ဟိန်းသံနှင့်အတူ ကျားဖြူကြီးက အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားသည်။ လုရွှမ် သူ့ပတ်ဝန်းကျင်မှ လေပြင်းများကို ခံစားမိသော်လည်း ကျားဖြူက လေပြင်းများထဲ အလိုအလျောက် ပေါင်းစပ်သွားပုံပေါ်သည်။ သူ့လှုပ်ရှားမှုကို လေ​ပြင်း တိုက်ခတ်မှုက လုံးဝ မထိခိုက်​စေဘဲ လေ၏ စွမ်းအားကို အဆက်မပြတ် အားကိုးနိုင်ခဲ့သည်။

ဒါက လေပြင်းနိယာမစွမ်းအင် ​ဖြစ်ကာ ကျားဖြူက သူ့ထက် အနည်းဆုံး တစ်ဆင့်မြင့်​လေသည်။

နှစ်ရက်ကျော် ပြေးပြီးနောက် ကျားဖြူက နောက်ဆုံးတွင် ရပ်သွားခဲ့သည်။ လုရွှမ် အသက်ပြင်းပြင်း ရှူပြီး အနည်းငယ် ထိတ်လန့်သွားရသည်။ ဤသည်မှာ အဆုံးမရှိသော မြက်ခင်းပြင် တောအုပ်ဖြစ်ပြီး ၎င်း၏ ပတ်လည်တွင် ကျားသားပေါက်များစွာ နေထိုင်၏။ ကြီးမားသော အဖြူရောင် ကျားကြီးနှစ်ကောင်သည် ဒေါသအပြည့်ဖြင့် လုရွှမ်ကို စိုက်ကြည့်နေသည်။

လုရွှမ် ကျားဖြူ၏ နောက်ကျောမှ အမြန်ခုန်ဆင်းခဲ့သည်။ မဟုတ်ပါက ဤကျားဖြူနှစ်ကောင်၏ ဒေါသကို နှိုးဆွမိလိုက်လျှင် ဝမ်းနည်းဖွယ်ကောင်းသည့် နေ့တစ်နေ့ ဖြစ်သွား ​ပေလိမ့်မည်။

ဒီကျားဖြူနှစ်ကောင်ရဲ့ နယ်ပယ်ကို သူနားမလည်နိုင်ပေမယ့် သူတို့ဟာ မဟာသူတော်စင်တွေထက် မြင့်နေတာတော့ သေချာလေ၏။

"လေးစားရတဲ့ ကျားဖြူမျိုးနွယ်က အကြီးအကဲ နှစ်ဦးကို လူသားကျင့်ကြံသူ လုရွှမ်က ဂါရဝပြုပါတယ်"

ဒဏ္ဍာရီတွင် ကျားဖြူသည် ပထမအဆင့် နတ်သားရဲထဲ ပါဝင်လေသည်။

လုရွှမ်သည် ဤကျားဖြူများသည် သန့်စင်သော သွေးရှိသူ ကျားဟုတ်မဟုတ် မသိသော်လည်း မဟုတ်လျှင်ပင် ၎င်းသည် အလွန်အမင်း မြင့်မားသော အမွေဆက်ခံမှုရှိတဲ့ သူတော်စင် သားရဲဖြစ်မှန်း သိသာသည်။

ကျားဖြူကြီးသည် ကျားအိုနှစ်ကောင် ရှေ့သို့ ပြေးလာကာ ခေါင်းကို ကျားအိုနှစ်ကောင်ရဲ့ ပေါင်ပေါ်တင်ကာ ညုတုတုဖြင့် ကြည့်နေလိုက်သည်။

သူ "ဝူး" လို့ အော်လိုက်ပေမယ့် ဒီအချိန်မှာ အသံက ပေါ့ပါးလွန်းလို့ လုရွှမ် မတုန်လှုပ်ဘဲ မနေနိုင်လိုက်ပေ။ ဒါက ကျားမတစ်ကောင်တော့ မဟုတ်ဘူး မလား။ သူ မသိခဲ့ဘူးလေ။

ကျားနှစ်ကောင်သည် ခြေလှမ်း အနည်းငယ် လှမ်းလိုက်တဲ့အခါ လူပုံစံအဖြစ်သို့ ပြောင်းလဲသွားကြသည်။ လူ့အသွင်ဖြင့်ပင် အရပ်ပို၍ ရှည်ကြသေးသည်။ ကျားမျက်လုံး တစ်စုံသည် လုရွှမ်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

ယောကျ်ားနှင့် မိန်းမ ဖြစ်သည်။ ယောက်ျားဖြစ်သူသည် ကြီးကျယ်ခမ်းနားပြီး မိန်းမဖြစ်သူကတော့ တင်းမာလှသည်။

“လေပြင်းနိယာမကို မင်း ဘယ်ကရခဲ့တာလဲ”

ယောက်ျားဖြစ်သူက မေးလာ၏။ အခြေအနေက လူထက် ပိုပြင်းထန်တာမို့ ခေါင်းငုံ့ထားရတော့မယ့်ပုံပင်။ သို့သော် လုရွှမ်သည် ကြောက်ရွံ့မနေရုံ သာမက ပျင်းရိနေပုံရပြီး လုံးဝ မကြောက်ပေ။

“လူ​ကြီးမင်းတို့ ကျားဖြူနှစ်ကောင်ကို ဘာခေါ်ရမလဲ မသိဘူး”

"သတ္တိကောင်းလိုက်တာ.... မင်း ငါတို့ကို မကြောက်ဘူးလား? မင်းရဲ့ ခွန်အားက ကောင်းပါတယ်... ဒါပေမဲ့ ကောင်လေး မင်းက ရှောင်ပိုင်ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"

ရှောင်ပိုင်သည် လုရွှမ်ကို ဤနေရာသို့ သယ်ဆောင်လာခဲ့သော ကျားဖြူ ဖြစ်​ပေ​သည်။ ကျားဖြူလေးများ ကြားတွင် ထိုကျားဖြူသည် အသန့်ရှင်းဆုံး အရောင်ရှိပြီး ဝိညာဉ်အသိစိတ် အကောင်းဆုံးဟုလည်း ထင်ရသည်။

"ကြောက်တယ် ဒါပေမဲ့... ခင်ဗျားတို့ ကျွန်တော့်ကို မကောင်းကြံရင် ကျွန်တော် လွတ်မှာမလို့လား? ဒါဆို ဘာလို့ကြောက်ရမှာလဲ? ကျွန်တော်က ခင်ဗျားတို့ သမီးရဲ့ သူငယ်ချင်းပဲလေ သက်ကြီးရွယ်အိုတွေကို ဂါရဝပြုတာ ဘာဖြစ်လို့ ကြောက်ရမှာလဲ?"

လုရွှမ်သည် မဟာသူတော်စင် အဆင့်ရှိ ကျားဖြူနှစ်ကောင်ကို တွေ့သောအခါ ၎င်းကို ရိပ်မိသွားခဲ့သည်။ လွတ်မြောက်ဖို့ ကြိုးစားတာက သေခြင်းတရားကို ရှာဖွေခြင်းပင် ဖြစ်သည်။

တကယ်တော့ ဘာလို့ ထွက်ပြေးရမှာလဲ ဒါမှမဟုတ် ဘာလို့ ကြောက်လန့်နေရမှာလဲ? သူတို့က ရန်ငြိုးရန်စရှိတဲ့ အငွေ့အသက်တွေကို မထုတ်လွှတ်ဘဲ မိမိကို ခြောက်ဖို့ ကြိုးစားကြည့်လိုက်သည်။

"ဟာဟား!" ကျားဖြူယောက်ျားက ရယ်လိုက်ပြီး

"မင်းက လူသားဆိုပေမယ့် တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ"

"မင်း ငါတို့ကို သခင်ကျားဖြူနဲ့ နတ်သမီးကျားဖြူလို့ ခေါ်နိုင်တယ်။"

လုရွှမ် သူ့နှလုံးသားထဲမှာ မိုးခြိမ်းသံ တစ်ချက်ကို ခံစားလိုက်ရသည်။ ကျားဖြူသခင်က ထားပါတော့ နတ်သမီး ကျားဖြူက?? ဒါပေမဲ့ သူ မရယ်ရဲတော့ဘဲ လက်ကိုဆုပ်ကာ အမြန်ငုံ့လိုက်သည်။

"သခင်ကျားဖြူနဲ့ နတ်သမီး ကျားဖြူကို နှုတ်ဆက်ပါတယ်"

ကျားနှစ်ကောင်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအခါ ကျားဖြူနတ်သမီးက ပြုံးပြီး ပြောလာ၏။

"မင်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ ကောင်လေး.... မင်းကို ရှောင်ပိုင် ကြိုက်တာ မဆန်းပါဘူး"

လုရွှမ် သူ့နောက်ကျောဘက်ကို ပြေးဆင်းလာတဲ့ အေးစက်တဲ့ ချွေးတွေကို ခံစားလိုက်ရသည်။ သူ့ရဲ့ ကျက်သရေက ဘယ်အချိန်ကတည်း ကျားတစ်ကောင်ကိုတောင် စွဲဆောင်နိုင်လိုက်တာလဲ။

"မင်းက ​လေ​​ပြင်း​ကျောက်ပြားကို ရယူနိုင်တဲ့အထိ တကယ်ကို ကံကောင်းသူ တစ်ယောက်ပဲ... မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ အပြုအမူနဲ့ အရှိန်အဝါကို ကြည့်ရတာ မင်းလူသားတွေ ကြားမှာ နာမည်ကောင်း ရထားတယ် မဟုတ်လား"

ထိုအခါ လုရွှမ်က

"နာမည်က သေးငယ်တဲ့ အရာလေးပါပဲ ဒီကလူကြီးနှစ်ယောက်က တကယ်ကို ထက်မြက်ပြီး ပိုင်းခြားတတ်တာပဲ!"

သူက ချော့မော့ပြီး ကျားနှစ်ကောင်ကို ပြန်ပြုံးပြလိုက်သည်။

"ငါတို့ ရှောင်ပိုင်ကို မင်းနဲ့လိုက်သွားဖို့ သဘောတူတယ်!"

လုရွှမ် ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်မိလုနီးပါး ဖြစ်သွားသည်။

"ခင်ဗျားတို့ ဘာပြောလိုက်တယ်? ရှောင်ပိုင်ကို ကျွန်တော်နဲ့ ထွက်သွားခိုင်းမယ် ဟုတ်လား?"

"မင်းက ကြီးကျယ်ခမ်းနားတဲ့ ကောင်းချီးပေး ခံထားရသူ တစ်ယောက်ပါ.... ရှောင်ပိုင်မှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိတယ်... ငါတို့နောက်ကို လိုက်တာ သူမကို နှောင့်နှေးစေလိမ့်မယ်... မင်းနောက်ကို လိုက်ရင် မင်း ကောင်းကင်ဘုံသခင်ကို ကျော်ဖြတ်ပြီးရင် ရှောင်ပိုင်လည်း အနာဂတ်မှာ ပိုမြင့်တဲ့ နယ်ပယ်တစ်ခုကို အောင်မြင်နိုင်မှာပါ"

ဆိုလိုတာက ဒီကျားနှစ်ကောင်က ကောင်းကင်ဘုံသခင် နယ်ပယ်ကို ရောက်နေပြီလား။

လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲလိုက်တော့သည်။ ကောင်းကင်ဘုံသခင် နယ်ပယ်က ဘယ်တုန်းက ဒီလောက် တန်ဖိုးမရှိ​တော့တာလဲ။

ကျားဖြူက ညည်းတွားရင်း သူ့မျက်လုံးထဲက မျက်ရည်တွေ စီးကျလာပြီး ကျားနတ်သမီးရဲ့ လက်ဖဝါးကို နမ်းလိုက်သည်။ ကျားနတ်သမီးက ချက်ချင်းပင် သူမကို ကောက်ကိုင်လိုက်ပြီး နမ်းလိုက်ရာ သူမ၏ မျက်လုံးများလည်း နီရဲလာခဲ့သည်။

အမေနဲ့သမီးကြားက နက်နဲတဲ့ ချစ်ခြင်းမေတ္တာဟာ လူသားတွေမှာပဲ ရှိတယ်လို့ ဘယ်သူက ပြောလို့လဲ။

သူ့ကိုကူညီဖို့ ကျားဖြူတစ်ကောင် ရှိတာက ကောင်းပေမယ့် နောက်ဆုံးတော့ ကောင်းကင်ဘုံသခင် အဆင့်ရှိတဲ့ သူတို့နှစ်ယောက်စလုံးဆီက အချိန်မရွေး စောင့်ကြည့်ခံနေရမှာ ဖြစ်သည်။ လုရွှမ် သူ့လည်ပင်းထက်မှာ ဓားနှစ်ချောင်း ချိတ်ဆွဲထားရသလို ခံစားရပြီး အချိန်မရွေး ခေါင်းပြတ်သွားတော့မလိုပင်။

"မင်းအနာဂတ်မှာ အောင်မြင်နိုင်မလား ဆိုတာ စိတ်ပူနေစရာ မလိုပါဘူး... အရာအားလုံးက ကံကြမ္မာပါပဲ ငါတို့ဘာတွေးနေလဲ ဆိုတာ အတွက်လည်း မင်းစိတ်ပူနေစရာ မလိုဘူး မင်းအနာဂတ်မှာ ရှောင်ပိုင်ရဲ့ စိတ်ကူးကို ရိုက်ချရဲလို့ကတော့ ငါတို့မင်းကို ကမ္ဘာအဆုံးအထိ လိုက်ရှာရရင်တောင် လိုက်ခဲ့မယ်!!"

လုရွှမ် သူ့လက်ကို အထပ်ထပ် အခါခါ ဝှေ့ယမ်းပြလိုက်သည်။ မဝံ့မရဲပါဘူး။ သူမကို တိုက်ခိုက်ဖို့ ဒီစိတ်ကူးက တကယ်ကို မရှင်းမလင်း ဖြစ်နေတယ် မဟုတ်လား။ သူမခန္ဓာကိုယ်ကို အခွင့်ကောင်းယူဖို့ ကြိုးစားတာကို ပြောတာလား ဒါမှမဟုတ် သူ့ခန္ဓာကိုယ်ကို ဆန့်ကျင်ဖို့ ကြံစည်​တာကို ပြောတာလား။

ဒါပေါ့ လုရွှမ် အဲဒါကို မမေးဝံ့ပါဘူး။ တွေးကြည့်မိတော့ ကျားဖြူက အရမ်းလှပေမယ့် လူတော့မဟုတ်ဘူးလေ!

All Chapters