← Chapters

နိယာမစွမ်းအင်နယ်ပယ်များ

Vol. 54 Ch. 4.326

နိယာမစွမ်းအင်နယ်ပယ်များ

Vol. 54 Ch. 4.326

"ကောင်းပြီ... ငါတို့ မင်းကို အခွင့်ကောင်းယူမှာ မဟုတ်ပါဘူး"

သခင်ကျားဖြူက အသက်ရှုသွင်းပြီး လုရွှမ်ဆီသို့ မှုတ်ထုတ်ရင်း ပြောလိုက်သည်။

လုရွှမ် အဲဒါကို ရှောင်ရမလားလို့ တွေးနေမိသည်။ ဘာပဲဖြစ်ဖြစ် သူတို့က သိပ်မရင်းနှီးသေးဘူးလေ။

လေထုက လုရွှမ်ကို ဖုံးအုပ်သွားသည်။ လုရွှမ်၏ ခန္ဓာကိုယ်သည် မတုန်မလှုပ်​ဖြင့် ရပ်​​နေသော်လည်း သခင်ကျားဖြူက သူ့ကို လေပြင်းနိယာမများ အကြောင်း သင်ပေးနေတာ ရိပ်မိလိုက်တော့ သူ့စိတ်တွေကို အမြန်စုစည်းပြီး နှလုံးသားနဲ့ သဘောပေါက်သွားအောင် ခံစားလိုက်သည်။

လေနုအေးတွေ မှိန်ဖျော့သွားပြီးနောက် လုရွှမ် မျက်လုံးများကို ဖွင့်လိုက်ချိန် အလွန် ဝမ်းသာသည်။ ယခုအချိန်တွင် သူသည် လေပြင်းနိယာမ၏ တတိယအလွှာကို လုံးလုံး နားလည်သွားသလို စတုတ္ထအလွှာကိုပါ အပေါ်ယံ နားလည်သွားလေပြီ။

လုရွှမ် ယခုတွင် လေပြင်းနိယာမ အကြောင်းကို နက်နဲစွာ နားလည်လာ​နေပြီ။ စုစုပေါင်း အဆင့် ခုနစ်ဆင့်ကို ကျောက်ပြားပေါ်တွင် ရေးထိုးထားကာ ၎င်းနောက်တွင် ပိုမိုနက်ရှိုင်းသော အဆင့်များ ရှိမရှိကို မသိသော်လည်း ယခုအချိန်အထိတော့ ကွာခြားချက် လုံးဝ ထွက်မလာသေးပေ။

လုရွှမ်သည် သူစောစောက နားလည်ခဲ့သော အဆင့်သုံးဆင့်နှင့် ပတ်သက်၍ မရေမတွက်နိုင်သော ခံစားချက်တစ်ခု ရှိနေသည်။

ဥပမာ ပထမအဆင့်ကို လုရွှမ် လေဖုံးကွယ်ခြင်း နယ်ပယ် အဖြစ် သတ်မှတ်ထားခဲ့သည်။ လေပြင်းနိယာမကို အပေါ်ယံ နားလည်မှုဖြင့် လေ၏ တည်ရှိမှုကို ခံစားရနိုင်ပြီး လေ၏ အကူအညီဖြင့် တခြားသူများ မသိနိုင်ဘဲ လေထဲတွင် မိမိ အသက်ရှုသံကို ဖုံးကွယ်ထားနိုင်သည်။

လေပြင်းနိယာမ ပိုပြင်းထန်လေ ထွက်သက်ဝင်သက်လေကို ဝှက်ထားနိုင်လေလေပဲ။

ဒါ့ကြောင့် ယွင်ထျန်းရှန်နှင့် ဟယ့်လွမ်ယင်းတို့သည် ထျန်းဝိုက်စွေ့ ကမ္ဘာကို စတင်ဝင်ရောက်စဉ်က ထိုလူများ၏ အရိပ်အာဝါသကို နားမလည်နိုင်ခဲ့ခြင်း ဖြစ်သည်။

အကြောင်းမှာ ထိုလူများ၏ နားလည်မှုမှာ သူတို့ကိုယ်တိုင် နားမလည်ထားဘဲ ထျန်းရှားဂိုဏ်း၏ ခေါင်းဆောင် စူးချန်မှ သင်ကြား​​ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက လုရွှမ်သည် ဒီအချက်ကို ဘယ်သောအခါမှ နားလည်လိမ့်မည် မဟုတ်ပေ။

လေကိုသိသော ဒုတိယအလွှာကို လုရွှမ်မှ လေသိကျွမ်းခြင်းနယ်ပယ်ဟု ခွဲခြား သတ်မှတ်ထားသည်။ လေကို သေချာနားလည်ပြီး လေဘယ်လောက် ပြင်းတယ် ဆိုတာ သိပြီးတာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လှုပ်ရှားမှုတချို့ကို လေတိုက်ခတ်မှုမှ တစ်ဆင့် ခံစားနိုင်သည်။

ယခင်က ကဲ့သို့ပင် ဆယ်ပေပတ်လည် အတွင်းက လှုပ်ရှားမှုတချို့ကို လုရွှမ် ခံစားနိုင်သည်။

တတိယအလွှာ အတွက် လုရွှမ်က လေလှည့်ပတ်ခြင်း နယ်ပယ် အဖြစ် သတ်မှတ်ခဲ့သည်။ လေကို နားလည်နိုင်မှုဟာ အောင်မြင်မှု တစ်ခုလို့ မှတ်ယူနိုင်လေသည်။ လေရဲ့အကူအညီနဲ့ မှော်ဆန်တဲ့အရာတွေကို သူလုပ်နိုင်ပြီ။ လေပေါ် လမ်းလျှောက်တဲ့အခါ အရင်က ကျား​ဖြူငယ်လေးလို အရှိန်မြန်လာပြီ။

အခုအချိန်မှာ လုရွှမ်ဟာ နယ်ပယ်တချို့ကို နားလည်လာပါပြီ။ သေချာတာပေါ့ ဒါကို ဖြေရှင်းဖို့ အချိန်လိုသေးပေမယ့် လျှို့ဝှက်ချက် အားလုံးကို သိပြီးသားမို့ သိပ်မခက်ခဲလောက်ပေ။ လုရွှမ် ခဏကြာပြီးနောက် တတိယအဆင့်ကို အပြည့်အ၀ နားလည်လာခဲ့ပြီး ကျားဖြူတစ်ကောင်လို ဖြစ်လာမည်ဟု ယုံကြည်ထား​လေသည်။

စတုတ္ထအဆင့် အနေနဲ့ကတော့ လုရွှမ်အတွက် အခုအချိန်မှာ နားလည်နိုင်တဲ့ အရာတော့ မဟုတ်သေးချေ။ လုရွှမ်သည်လည်း ပထမသုံးဆင့်နှင့် အဆင့်၄ဟာ လုံးဝ ခြားနားကြောင်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်လေသည်။

သူ့ အရည်အချင်းနှင့်ပင်လျှင် လေပြင်းနိယာမ စတုတ္ထအဆင့်ကို နားလည်ရန် အနည်းဆုံး ဆယ်စုနှစ်များစွာ အချိန်ယူရဦးမည် ဖြစ်သည်။ သူ့ခန့်မှန်းချက် မှန်ပါက ကောင်းကင်ဘုံသခင် ကျားဖြူနှစ်ကောင်သည် လေပြင်းနိယာမ စတုတ္ထအဆင့်တွင် ရှိနိုင်၏။

နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသော လေပြင်းနိယာမ စတုတ္ထအဆင့်ကို နားလည်နိုင်ခဲ့တာကြောင့် လုရွှမ်လည်း နောက်ထပ် အတင်းအကြပ် ထပ်မံ မပြုလုပ်ဝံ့တော့ပေ။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

လုရွှမ် ဦးညွှတ်လိုက်သည်။

သခင်ကျားဖြူသည် အနည်းငယ် မောပန်းစွာဖြင့် ကျားငယ်ကို သူ့ရင်ခွင်ထဲတွင် ဆုပ်ကိုင်ထားသည်။ ဉာဏ်အလင်း အနည်းငယ်ကို သူ့လက်ချောင်းများဖြင့် ကျားငယ်၏ စိတ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။

"ဒါက အသိစိတ်ပဲ... သမီး သေခြင်းတရားရဲ့ အန္တရာယ် ကြုံရင် ဒီဖေဖေ့ရဲ့ အသိစိတ်က သမီး အသက်ကို ကယ်ပေးလိမ့်မယ်.. ဒါပေမဲ့ လွယ်လွယ်နဲ့တော့ မသုံးနဲ့ သိလား?"

ကျားဖြူလေး ဝူးဝူးဟု နှစ်ကြိမ် ညည်းညူရင်း သူ့ခေါင်းလေးကို ဖခင်ရဲ့ ရင်ခွင်ထဲ တိုးဝင်ကာ မျက်ရည်တွေ စီးကျလာခဲ့သည်။

"ကောင်းပြီ....ရှေ့ကို ဆက်​လျှောက်လိုက်ပါ... သမီးအနာဂတ်မှာ သမီးရဲ့ ကိုယ်ပိုင်လမ်းကို လျှောက်လှမ်းရမယ်.... တစ်နေ့နေ့ကျရင် သမီးက ဖေဖေတို့ကို ကျော်သွားနိုင်မယ်လို့ မျှော်လင့်တယ်"

ကျားဖြူကလေးက ညည်းတွားပြီး ညီအစ်ကို မောင်နှမ အားလုံးကို နှုတ်ဆက်ရင်း ခဏလောက် ငိုပြီးနောက် လုရွှမ်နောက်ကို လိုက်သွားခဲ့သည်။

အဝေးကို လျှောက်သွားပြီးနောက် ကျားဖြူလေးသည် ရံဖန်ရံခါ နောက်ပြန် လှည့်ကြည့်သေးသည်။ လုရွှမ် လှည့်ကြည့် လိုက်သောအခါတွင် ကျားနှစ်ကောင်သည် အဝေးတွင် ရပ်နေဆဲ ဖြစ်ပြီး သူတို့ရှိတဲ့ နေရာကို အိပ်မက်ဆန်စွာ စိုက်ကြည့်နေတာကြောင်း ဖျတ်ခနဲ ခံစားလိုက်ရသည်။

သူ့ကိုယ်သူ မကူညီနိုင်တော့ဘဲ လုရွှမ် ကျားဖြူလေးရဲ့ ခေါင်းကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး

"စိတ်မပူပါနဲ့ နောင်တစ်ချိန်မှာ မင်းပြန်လာနိုင်မယ်လို့ ငါယုံကြည်တယ်.... မင်းရဲ့မိဘတွေ၊ ညီအစ်ကို မောင်နှမတွေက မင်းပြန်လာမှာကို စောင့်မျှော်နေကြမှာ"

ကျားဖြူလေးသည် နှစ်ကြိမ်ခန့် ညည်းတွားပြီး လုရွှမ် ကျောပြင်ပေါ်တွင် လှဲကာ အိပ်ပျော်သွားခဲ့သည်။

လုရွှမိ စကားနည်းနည်းမှ မပြောနိုင်ခဲ့ပေ။ သူဒီကိုရောက်လာတော့ ကျားကို စီးခဲ့တာ။ အခုတော့ သူ့ကျေးဇူးကို အမြန်ဆပ်ပြီး ကျားကို သူ့ကျောပေါ် ပြန်စီးခွင့်ပြုလိုက်သည်။

မူလ လာရာလမ်းအတိုင်း လူတစ်​​ယောက်​နဲ့ ကျားတစ်​​ယောက်​သည် မြက်​ခင်းပြင်​က​နေ ထွက်​လာခဲ့သည်။ ကျားငယ်မှာ နောက်ဆုံးတွင် သူ၏ဝမ်းနည်းမှုမှ ပြန်လည် သက်သာလာခဲ့သည်။ သူသည် အိမ်မှထွက်လာခါစ ကလေးနှင့်တူစွာ စိတ်မငြိမ်မသက်ဖြင့် လုရွှမ်ကို ဆွဲခေါ်သွားခဲ့သည်။

လုရွှမ်သည် ယခုအချိန်တွင် မဖမ်းဆုပ် နိုင်လောက်သော အရှိန်အဟုန်ကို အသုံးချကာ နှစ်ယောက်သား ဘာကိုမှ မကြောက်ဘဲ ပြေးလွှား သောင်းကျန်းကာ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။

လူတစ်​​ယောက်​နဲ့ ကျားတစ်​​ယောက်​ တစ်လ​ကျော်​​လောက်​​ ​ပြေးလွှားလာရာ အန္တရာယ်​​တွေမြင်​ရင်​ ​ပြေးထွက်​သွားကြကာ ရတနာ မြင်​လိုက်​ရရင်​တော့ ​အကုန် ရိတ်​သိမ်းပြီး အကြိမ်​ကြိမ်​​ သေ​ခြင်းတောင်ကြား ကျဉ်းကျဉ်း​လေးထဲကလည်း လွတ်​​မြောက်​လာဖူးခဲ့သည်။

နောက်ဆုံးတွင် ကျားလေးသည် ရိုးသားလာပြီး လုရွှမ်စကားကို နာခံစွာ နားထောင်ခဲ့သည်။

လုရွှမ် နောက်ဆုံးတော့မှ ကျားလေးရဲ့ အသက်ကို မေးကြည့်မိတော့သည်။ သူက အသက်ငါးဆယ်ကျော်ပဲ ရှိသေး၏။ တိမ်ပင်လယ် နယ်မြေထဲက လူသားတွေရဲ့ အသက်နဲ့ တွက်ကြည့်တော့ သူက အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်ပဲ ရှိသေးရာ သူက ဒီလောက် ရိုးသားနေတာ အံ့သြစရာ မရှိတော့ပါ။

သူတို့၏ ကျင့်စဉ်နှင့်လည်း လူသား ကျင့်ကြံသူများနှင့် တူညီပေရာ ယခုအခါ သူတော်စင် နယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ လုရွှမ် မတတ်နိုင်ဘဲ သူ့လျှာကို ကိုက်ထားမိ၏။ ဒီအစွမ်းသတ္တိနဲ့ ဒီစွမ်းရည်ကြောင့် သူသည် ဒဏ္ဍာရီလာ သားရဲမှ ဆင်းသက်လာသူ ​ဖြစ်ထိုက်သူ​ပေသည်။

ရှောင်ပိုင်သည် ဒဏ္ဍာရီလာ ကျားဖြူ၏ သွေးစစ်စစ် မဟုတ်သော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ ကျားဖြူသွေးသည် ၅၀%တော့ ကျော်လွန်နေသည်။ ဒါကလည်း ရှောင်ပိုင်ရဲ့ အရည်အချင်းက သူ့ညီအကို မောင်နှမတွေထက် အများကြီး သာလွန်ရတဲ့ အကြောင်းရင်းပဲ ဖြစ်လေသည်။

ရှောင်ပိုင်က စကား မပြောနိုင်သေးသလို စိတ်ချင်းဆက်စကား ပြောဖို့ကလည်း အသုံးမဝင်သေးပါဘူး။ တစ်လလောက် လိုက်ကြည့်ပြီးတဲ့ နောက်မှာတော့ လုရွှမ်တို့ဟာ တစ်ယောက်စကား တစ်ယောက် နားလည်လာခဲ့သည်။ အဆက်မပြတ် ဝူးဝူးဝူးလို့ မေးနေမယ့်အစား စိတ်ချင်းဆက် စကားပြောတာကို အသုံးပြုနိုင်ခဲ့သည

ရွှေကျီးကန်းလည်း ခုန်ထွက်လာရာ ရှောင်ပိုင်ကို အံ့အားသင့် သွားစေခဲ့သည်။ သူတို့နှစ်ဦးတွေ့ဆုံ သောအခါတွင် ပျော်ရွှင်နေသော ရန်သူများ ဖြစ်တော့မလိုပင်။ သို့သော် ကျားဖြူလေးသည် ရွှေကျီးကန်းကို နှစ်သက်ကြောင်း လုရွှမ် မြင်နိုင်​သေးသည်။

သို့သော်လည်း ရွှေကျီးကန်းသည် ကျားဖြူဖြူလေး၏ သွေးစစ်သည် ၎င်းကို သာလွန်သွားသည့်အတွက် အနည်းငယ် မနာလိုဖြစ်ကယ ကျောက်စိမ်း​ပြားထဲသို့ ဝင်ခွင့်မပြုပေ။

အားလပ်ချိန်များတွင် ရားရားသည် ကျားဖြူလေးနှင့်အတူ ဆော့ကစားရန် ခုန်ထွက်လာတတ်သည်။ ရားရားသည် နတ်သူငယ်ကလေးငယ် ဖြစ်ရာ သဘာဝတရား၏ အထိခိုက် မခံနိုင်ဆုံးသော ခံယူချက်ရှိပြီး ဖြူစင်သော စိတ်ထားရှိတာကြောင့် ကျားဖြူလေးနှင့် အကောင်းဆုံး ကစားဖော် ဖြစ်လေသည်။

ကျားဖြူလေးသည် လုရွှမ်အား သူ့ကျောပေါ် စီးခွင့်မပြုသော်လည်း ရားရားကိုတော့ ကျောပေါ်တင်ကာ ပျော်ရွှင်စွာ ကစားနေလေသည်။

ရွှေကျီးကန်းက လုရွှမ်အား ဟင်းချိုချက်စားရန် ရှောင်ပိုင်ရဲ့ သွေးအနည်းငယ် အကြံဥာဏ် ပေးလိုက်ချိန် လုရွှမ် အချိန်အတော်ကြာ စကားမပြောနိုင်ဘဲ ဆွံ့အသွားခဲ့သည်။ ဒီရွှေကျီးကန်းက နှလုံးသား မည်းတူးနေတဲ့ ကျီးအတစ်ကောင်ပဲ။

သူတို့သွားနေတဲ့ နေရာဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခု ဖြစ်တယ်လို့ ကျားဖြူလေးက ဆိုသည်။ သူ့အဖေက အဲဒီနေရာမှာ လေ့ကျင့်နေတဲ့ တန်ခိုးကြီးတဲ့သူ တစ်ယောက်ကို အကြိမ်ပေါင်းများစွာ မြင်ဖူးပြီး အဲဒီမှာ ရတနာတစ်မျိုး ရှိပုံရကြောင်း ပြောပြသည်။

လုရွှမ် အလွန် ပျော်ရွှင်နေ၏။ ကောလဟာလတွေအရ ကျိုးရန်ဟာ ​​လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာရဲ့ စိုးရိမ်​ခြင်းမဲ့ ပင်လယ်ထဲမှာ သုံးကြိမ်လောက် နေခဲ့ပြီး အခုချိန်မှာတော့ ကျိုးရန်ဧကရာဇ် အင်ပါယာက လူတော်တော်များများဟာ စိုးရိမ်​​ခြင်းမဲ့ပင်လယ်ကို လာဖို့ ပြင်းပြင်းထန်ထန် ပြင်ဆင်နေကြပြီ။

ဆိုလိုသည်မှာ ထိုလူများသည် ထိုနေရာသို့ အနှေးနှင့် အမြန်ဆိုသလို ရောက်သွားပေလိမ့်မည်။ ထို့ကြောင့် ယုန်ကို ထောင်ဖမ်းဖို့ စောင့်ဆိုင်းရုံဖြင့် အဆင်ပြေပြီ။

All Chapters