စပျစ်နွယ်တွေထဲ ပိတ်မိနေပြီ
Vol. 54 Ch. 4.327
"အဲ့ဒီစပျစ်နွယ်ပင်ကို သွားသတ်ရအောင်လား?"
လမ်းဟာ လုရွှမ် အရင်က လျှောက်လာခဲ့တဲ့ လမ်းအတိုင်းပါပဲ။ ရှေ့မှာက ကြောက်စရာကောင်းတဲ့ စပျစ်နွယ်ပင်တွေ ရှိလိမ့်မယ်။ လုရွှမ်က အန္တရာယ်အကြောင်း ရွှေကျီးကန်းနဲ့ ကျားဖြူလေးကို ထောက်ပြကာ ရားရားကိုလည်း ပြောပြလိုက်သည်။
ဒီနေရာမှာ ဘယ်သူမှ မရှိတာကြောင့် ဝိညာဉ်စွမ်းအားများက ပြင်းထန်လှသည်။ ရွှေကျီးကန်းနှင့် ကျားဖြူလေးတို့က တွေ့လိုက်တာနဲ့ ရန်စဖြစ်ကြပြီး ရားရားကတော့ ကျားဖြူကို စီးကာ ပျော်ရွှင်စွာ ဆော့ကစားရင်း ကျားနှင့် ငှက်တစ်ကောင်ကို ရန်မဖြစ်စေရန် ရံဖန်ရံခါ ဝင်တားမြစ်ရသေးသည်။
ရွှေကျီးကန်းသည် ကျားဖြူလေးကို အနိုင်မယူနိုင်ခဲ့ကြောင်း တွေ့ရသည်နှင့် ၎င်း အားကိုးထားသည့် မီးတောက်လေဖြင့် အလိုအလျောက် ပျံသန်းသွားခဲ့သည်။ ကံကောင်း ထောက်မစွာနဲ့ မီးတောက်ကို အမြန် ထိန်းထားနိုင်သည်။ မဟုတ်ပါက ကင်ပြီးသား ဖြစ်သွားမှာ ကြောက်ရ၏။
ယခုအချိန်တွင် လုရွှမ်က စပျစ်နွယ်ပင်များ၏ ကြောက်လန့်မှု အကြောင်း ပြောနေချိန်၌ ရွှေကျီးကန်းသည် သံသယစိတ်ဖြင့် အော်ကာ ကျားဖြူလေးကို ကြည့်လိုက်သည်။
“သွားဆို သွားတာပေါ့ ဘယ်သူက ကြောက်နေလို့လဲ?”
ကျားဖြူလေးသည် ရန်ဖြစ်စိတ်ဖြင့် ဟောက်ကာ ရားရားကို သယ်ဆောင်လျက် အလျင်အမြန် ပြေးထွက်သွားခဲ့သည်။
"ဒီမိုက်မဲတဲ့ ကျားကိုကြည့်စမ်း! ကျီးဖိုးဖိုးက လှည့်ကွက်လေး နည်းနည်း သုံးပြီး အရူးလုပ်လိုက်တာနဲ့ သူ့မှာ ဦးနှောက် မရှိတော့ဘူး... တုံးချက်ကလည်း.... ဝူး...."
လုရွှမ် ရွှေကျီးကန်းကို ဖမ်းကိုင်လိုက်ပြီး ရှေ့သို့ အမြန် ပြေးထွက်သွားလဲ့သည်။ ဒီမှာ ကျားလေး တစ်ခုခု ဖြစ်သွားရင် သူ အကြီးအကျယ် ဒုက္ခ ရောက်လိမ့်မယ်။
အားလုံး ရုတ်တရက် ပျောက်ကွယ်သွားသလိုပဲ ရှေ့ကအသံက ရုတ်ချည်း ပျောက်ကွယ်သွားပြီး လေကလွဲလို့ တခြားဘာသံမှ မရှိတော့ပေ။ ရွှေကျီးကန်း၏ အမွေးများ ပေါက်ကွဲ ထွက်သွားသည်။ နောက်ဆုံးတွင် သူသည် ဒဏ္ဍာရီလာ သားရဲမှ ဆင်းသက်လာသူ ဖြစ်ပြီး အကျပ်အတည်းအပေါ် အထိခိုက် မခံနိုင်ဆုံးသော ခံစားချက် ရှိသည်။
အနည်းငယ် ပျံသန်းလိုက်ကာ ကျောက်စိမ်းပြားသို့ တိုက်ရိုက် ပြန်ဝင်သွားတော့သည်။
“ကောင်လေး မြန်မြန်ထွက်သွား ဒီနေရာက အရမ်းအန္တရာယ်များတယ်”
လုရွှမ် ဒီသေနာကျီးကန်းကြောင့် ဒေါသ အရမ်းထွက်သွားသည်။ ဒီမှာ အန္တရာယ်များတယ်လို့ ပြောထားပြီးသား မဟုတ်ဘူးလား? သည်းမခံနိုင်တော့တဲ့ အန္တရာယ်ကို သိလိုက်ရတော့ မင်းရဲ့ တင်ပါးတွေကို လှုပ်ပြီး ပြေးရောပဲမလား?။
ဒါပေမဲ့ ရွှေကျီးကန်းတောင် ကြောက်အားလန့်အားနဲ့ ပုန်းလိုက်ရတယ် ဆိုတော့ သူရော ဖျက်စီးနိုင်ပါ့မလား?
"အိုက်ယိုး.... ငါ့တပည့်လေး ရားရား အဲဒီကျားငတုံးရဲ့ နောက်မှာ ရှိနေတုန်းပဲလေ.... ဟိုကို မြန်မြန် လိုက်သွားရအောင်"
သူ့နှလုံးသားထဲကနေ ငှက်သေကောင်ကို ကျိန်ဆဲရင်း လုရွှမ် ဘာပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန် ပျံသန်းသွားခဲ့သည်။ တကယ်ပဲ တစ်ခုခု ဖြစ်သွားမှာကို စိတ်ပူနေပြီ။
တစ်ခုခုကို ဆိုတာကြီးကလည်း စိတ်ပူလေလေ ပေါ်လာလေလေပါပဲ။
ရှေ့ကို ဆက်ပြီး ပျံသန်းသွားနေပေမယ့် ကျားတစ်ကောင်နဲ့ လူတစ်ယောက်ရဲ့ ခြေရာလက်ရာတို့ကို မတွေ့ရတော့ပေ။ ကြောက်စရာကောင်းသော စပျစ်နွယ်ပင်များကို သာမန်မျက်စိဖြင့် မြင်နိုင်တဲ့အထိ ရှေ့သို့ အပြေးအလွှား ပျံသန်းသွားရာ လုရွှမ် နောက်ဆုံးတွင် ကျားငယ်နှင့်အတူ ရားရားသည် မရပ်မနား ပျံသန်းနေတာကို တွေ့လိုက်ရသည်။
အပေါ်၊ အောက်၊ ဘယ်၊ ညာ၊ နေရာတိုင်းတွင် ထူထပ်သော စပျစ်နွယ်ပင်များ ရှိပြီး သူတို့ကို လျင်မြန်စွာ ပတ်ရစ်ပစ်ချင်သည့် ပုံဖြင့် တိုက်ခိုက်နေသည်။ ကံကောင်း ထောက်မစွာနှင့် ကျားငယ်သည် လေကို ကျွမ်းကျင်စွာ နင်းဖြတ်နိုင်ဆဲ ဖြစ်သည်။ သို့သော် လေထုက ဖိသိပ် တင်းကျပ်လာရာ အချိန်ကလည်း ပြဿနာ တစ်ခုဖြစ်လာသည်။
ကျားဖြူလေးသည် ကရုဏာကို တောင်းနေသကဲ့သို့ တဝူးဝူး ညည်းတွားသော်လည်း အသံမှာ တိတ်သွားလုနီးပါးပင်။ သူသာ ဒီနေရာကို မရောက်လာခဲ့ရင်။
လုရွှမ်သည် ဆန်းကြယ် ရေခဲကို လက်တစ်ဖက်စီ၌ ကိုင်ကာ စပျစ်နွယ်ပင်များဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။ အနီးနားရှိ စပျစ်နွယ်ပင်များသည် ထိတ်လန့်တကြားနှင့် လုရွှမ်ကို ဝိုင်းရံထားပြီး နှစ်သောင်းချီ ဆန်းကြယ်ရေခဲကြောင့် အရှေ့ဘက်သို့ လမ်းလျှောက်ရန် တဖြည်းဖြည်း လမ်းဖောက်ပေးကာ အနောက်ဘက်မှာ ဝိုင်းထားကြသည်။
လုရွှမ် သက်ပြင်းတစ်ချက် ချလိုက်သည်။ နှစ်သောင်းချီရေခဲသည် အသုံးမဝင်သေးပုံ ရသည်။ သူသည် စပျစ်နွယ်ပင်များကို ခုခံနိုင်သော်လည်း စပျစ်နွယ်ပင်၏ ပင်မ ကိုယ်ထည်ကို ခုခံနိုင်မည်ဟု အနည်းငယ် ယုံကြည်မှု မရှိခဲ့ပေ။
တစ်ခုက မလုံလောက်ဘူး။ ဒါကြောင့် နှစ်ခု၊ နှစ်ခုကနေ သုံးလေးခုထုတ်ကာ အနက်ရောင် ရေခဲချွန် ခြောက်ချောင်းကို ထုတ်ပြီး သူ့ခန္ဓာကိုယ်မှာ ဆွဲထားလိုက်သည်။ ထို့နောက် ပိတ်မိနေတော့မယ့် ကျားဖြူလေးဆီ ပြေးသွားသည်။
သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်မီးတောက်များ တုန်ခါနေသော်လည်း ဆန်းကြယ်ရေခဲ၏ အနှစ်တစ်သောင်း အေးမြသော လေသည် လုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ အင်းဆက်ငယ်လေးများကဲ့သို့ စိမ့်ဝင်ကာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေစေသည်။ သူ့အသက်ရှုထုတ်လိုက်တိုင်း ဖြူဖွေးသော မြူတိမ်များ ထွက်ပေါ်လာ၏။
ဝိညာဉ်မီးတောက်ဖြင့် မဖုံးလွှမ်းထားနိုင်သော နေရာများသည် အေးခဲလာသည်။
မူလက ဝိညာဉ်မီးတောက်သည် အနှစ်တစ်သောင်း အနက်ရောင်ရေခဲ၏ ကျူးကျော်မှုကို ခုခံနိုင်ခဲ့သော်လည်း ခဏတာမျှသာ ဖြစ်သည်။ ယခု သူ့ခန္ဓာကိုယ်ပေါ်တွင် အနှစ်တစ်သောင်း ရေခဲချွန်များ ၆ ချောင်းတောင် တွဲလောင်းရှိနေပြီး အချိန်အတော် ကြာအောင် စွဲမြဲနေသောကြောင့် စိတ်ဝိညာဉ်မီးသည် သူ့ခန္ဓာကိုယ်ကို မကာကွယ်ပေးနိုင်တော့ချေ။
လုရွှမ် သူ့နောက်ကျောက တောင့်တင်းလာသလို ခံစားလာရသည်။ နောက်ဆုံးတွင် သူ ကျားဖြူလေး အနီးသို့ ပျံသန်းသွားပြီး နောက်ဆုံးတွင် စပျစ်နွယ်ပင်များလက်မှ လွတ်သွားခဲ့သည်။ သူ့စိတ်ထဲမှ ရွှေကျီးကန်းကို အမြန် ဆက်သွယ်လိုက်ပြီး
"ကျားဖြူလေးတို့ကို ကျောက်စိမ်းပြားထဲ မြန်မြန် ခေါ်ထည့်လိုက်တော့!"
ရွှေကျီးကန်းမှာ နည်းနည်းတော့ စိတ်ကောက်နေပေမယ့် ဒီအချိန်မှာ သူ သတိမထားဘဲ မနေရဲပေ။ ကျားဖြူလေးနဲ့ ရားရားတို့ နှစ်ယောက်ကို ကျောက်စိမ်းပြားရဲ နေရာထဲကို ခေါ်သွင်းလိုက်သည်။
လုရွှမ် အနှစ်တစ်သောင်း အနက်ရောင် ရေခဲချွန်များကို အမြန် ဖယ်ထုတ်လိုက်သည်။ ထိုစဥ် ယွမ်ယန်စွမ်းအင်များ ခုန်ထွက်လာကာ သူ့ခန္ဓာကိုယ်အနှံ့ နေရောင်ခြည်များ ဖြာထွက်သွားသည်။ ကောင်းကင်မီးတောက်ကိုပါ ထုတ်လွှတ်လိုက်သဖြင့် လုရွှမ်သည် နေလုံးငယ်လေး အဖြစ်သို့ ပြောင်းလဲသွားသည်။
အေးစက်သော လေစီးကြောင်းများကို နောက်ဆုံးတွင် ခုခံထားနိုင်ခဲ့ပြီး ရေခဲတုံးများ အက်ကွဲကာ သူ့ခန္ဓာကိုယ်က အတန်ကြာ တုန်လှုပ်သွားပြီးနောက် အေးစက်မှုများ မရှိတော့ပေ။ သို့သော် ထူထပ်သော စပျစ်နွယ်ပင်များက သူ့အား လုံးလုံးဖုံးလွှမ်းသွားတာကို ကူကယ်ရာမဲ့စွာ တွေ့လိုက်ရသည်။
သူ့အတွက် အံဝင်ခွင်ကျဖြစ်ရန် နေရာက တစ်ပေအောက်သာ ရှိပြီး လေထုအလယ်တွင် အနီရောင် အလင်းအနည်းငယ် ထွန်းလင်းတောက်ပနေသည်။
ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်သွားသလိုမျိုး ရုတ်တရက် ပတ်ဝန်းကျင်က ဘာသံမှ မကြားရတော့ပေ။ နားမလည်နိုင်သော နှလုံးခုန်သံများက အင်မတန် လျင်မြန်စွာ ဆက်တိုက် ခုန်တက်လာသည်။ ယခင်က ရေခဲချွန်၏ အအေးဓာတ်နှင့် နှိုင်းယှဉ်ပါက ယခုအခါ ပို၍ပင် အေးခဲလာပြီး သည်းမခံနိုင်တော့ပေ။
'ကောင်လေး... မင်းလည်း အပြင်မှာ ပုန်းလို့မရမယ့် အတူတူ ဝင်လာခဲ့ပါလား? အနည်းဆုံး မင်း အသက်ရှင်နေသေးတယ်လေ'
ရွှေကျီးကန်းရဲ့ အသံက ထွက်ပေါ်လာပြီး ရားရား နှင့် ကျားဖြူလေးတို့၏ စကားသံများလည်း သူ့ဘေးတွင် ထွက်ပေါ်လာသည်။
လုရွှမ်လည်း ဒီလိုတွေးမိပေမယ့် ကျောက်စိမ်းပြား နေရာလွတ်အကြောင်း သူပိုနားလည်လာလေ အခြေအနေကို ပိုရှင်းလင်းစွာ သိသာလေပဲ။
ကျောက်စိမ်းပြားရဲ့ သခင် အနေဖြင့် သူသာ ကျောက်စိမ်းပြားထဲ ဝင်လိုက်ရင် သူ့ခန္ဓာကိုယ်နေရာမှာ ကျောက်စိမ်းပြားက အစားထိုးသွားမှာမို့ ဒီကြောက်စရာ ကောင်းသော နတ်ဆိုးစပျစ်နွယ်ပင် ရှာတွေ့သွားမှာပဲ ဖြစ်သည်။
ထိုအချိန်တွင် သူတို့ ရှင်သန်နိုင်သေးသော်လည်း ဤနယ်မြေထဲကနေ ထာဝရ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
'ဝူး!' ကျားဖြူလေးဆီက တောင်းပန်တဲ့ အသံ ခပ်တိုးတိုးလေး ထွက်လာသည်။
"ဘာမှမဖြစ်ဘူး... အားလုံးက လူ့သဘော သဘာဝပေါ်မှာပဲ မူတည်တယ်... ငါဒီထဲကနေ မလွတ်မြောက်နိုင်ဘူးလို့ မယုံဘူး!!"
လုရွှမ် လက်တစ်ဖက်စီတွင် ရေခဲတုံးနှစ်တုံးကို ကိုင်ကာ စပျစ်နွယ်ပင် အုပ်စုဆီသို့ ထိုးချလိုက်သည်။ ရေခဲတုံးများ စပျစ်နွယ်ပင်များ အတွင်းသို့ ထိုးဖောက် သွားသော်လည်း နွယ်ပင်များသည် ယခုအချိန်တွင် သေနေသကဲ့သို့ မလှုပ်မယှက်ဖြစ်နေ၏။
နွယ်ပင်များပေါ်တွင် ရေခဲများ လျင်မြန်စွာ ပျံ့နှံ့သွားပြီး နွယ်ပင်များကို ရေခဲအဖြစ် လျင်မြန်စွာ အေးခဲသွားစေသည်။ ဆန်းကြယ်ရေခဲသည် စပျစ်နွယ်ပင် တစ်ခုလုံးကို ရေခဲပုံဆောင်ခဲများအဖြစ်သို့ လျင်မြန်စွာ အေးခဲသွားတာကို မြင်လိုက်ရသဖြင့် လုရွှမ် နတ်ဆိုးစပျစ်နွယ်ပင်ကို တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ဒီအပင်က သူ့အား အသက်ရှင်လျက် ထောင်ဖမ်းဖို့ ကြိုးစားခဲ့လေ၏။
သူသည် ရေခဲတုံးများကို ချိုးဖျက်၍ စပျစ်နွယ်ပင်များကို ဖောက်ထွက်ခဲ့သည်။ လုရွှမ် ညှိုးနွမ်းနေသော စပျစ်နွယ်ပင်အလွှာကို တွန်းဖယ်လိုက်ပေမယ့် တစ်ဖက်က သူ့အား သေချာပေါက်ကို အထပ်လိုက် ဖုံးအုပ်ထားပြီးသား ဖြစ်နေသည်။
နှစ်သောင်းချီ ဆန်းကြယ်ရေခဲကို အသုံးပြုဖို့ အတွက် သူတော်စင် စွမ်းအားကို လိုအပ်ပြီး စပျစ်နွယ်ပင်နတ်ဆိုးကို သူတကယ် တိုက်ခိုက်ရပါက သူ့မှာ အနိုင်ရရန် လုံးဝအခွင့်အရေး မရှိကြောင်း ကောင်းစွာသိသည်။
ဝုန်းကနဲ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး စပျစ်နွယ်ပင်များကို ပြင်ပအင်အားတစ်ခုက ဖိကပ်လိုကိပုံဖြင့် လုရွှမ်အား အထပ်ထပ် ပိတ်ထားလာ၏။
လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲလိုက်မိပြန်သည်။ ဒီနတ်ဆိုးစပျစ်နွယ်ပင်က အတော် ရက်စက်ပေသည်။ စပျစ်နွယ်ပင်များပေါ်တွင် စီးဆင်း ပြေးလွှားနေသော နိယာမစွမ်းအင် လိုင်းများကို လုရွှမ်သည် ၎င်းတို့ နောက်တစ်ကြိမ် လုံးထွေးသွားလိမ့်မည်ဟု စိတ်ကူးကြည့်နိုင်သည်။
အရင်က အမြီး ခုနစ်ချောင်းရှိတဲ့ မြေခွေးဟာ စပျစ်နွယ်ပင်တွေနဲ့ မြုပ်နှံခံလိုက်ရပြီး မံမီတစ်ကောင်လို ဖြစ်သွားခဲ့တယ် မဟုတ်ပါလား။
သူကတော့ အဲဒီ တူညီတဲ့အမှားကို ထပ်ပြီး ကျူးလွန်မခံနိုင်ဘူး။
"ငါဒါကိုအရင်က မလုပ်ချင်ခဲ့ပေမယ့် မင်းငါ့ကို အတင်းအကျပ် ဖိအား ပေးလာမှတော့ သေဖို့ စောင့်နေလိုက်တော့!"
သူ့ခန္ဓာကိုယ်ထဲက ခွန်အားတွေ ဖိနှိပ်မထားတော့ဘဲ သူတော်စင် စွမ်းအားတွေ ရုတ်တရက် ဖြာထွက်လာလေ၏။