အတိဒုက္ခကို လက်ခံပြီ
Vol. 54 Ch. 4.328
လုရွှမ်ရဲ့ ခန္ဓာကိုယ်မှ ဝိညာဥ်စွမ်းအင် အတက်အကျများ ပျံ့နှံ့သွားကာ သူ့ပတ်ဝန်းကျင်ရှိ တောက်ကျင့်စဥ် တိမ်တိုက်များကို ဖြစ်ပေါ်စေပြီး ကမ္ဘာကြီး၏ ယေဘုယျလမ်းကြောင်းကို တဖြည်းဖြည်း လှုံ့ဆော်ပေးနေသည်။ မိုးခြိမ်းသံများ ကောင်းကင်ယံ၌ မြည်ဟီးလာပြီးနောက် ရောင်စုံ တိမ်တိုက်များသည် လုရွှမ်ဆီသို့ လွင့်ပျံလာသည်။
သူ မိုးကြိုး အတိဒုက္ခကို ကျော်ဖြတ်တော့မယ်!
လုရွှမ်ရဲ့ ကျင့်ကြံထားမှုက လုံလောက်နေပြီ ဖြစ်သည်။ သူ နိယာမစွမ်းအင်လိုင်းများကို ကျွမ်းကျင်ပြီးနောက် အတိဒုက္ခကို ကျော်လွှားရန် မူလက စိတ်ကူးထားခဲ့သည်။ သေသေချာချာ လေ့ကျင့်ထားလေ အခြေခံအုတ်မြစ်က အားကောင်းလေပဲ။ ဒါပေမဲ့ အခုချိန်မှာတော့ အဲဒါကို ဆက်ပြီး ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။
ဒါ့အပြင် လုရွှမ်သည် သခင်ကျားဖြူထံမှ တတိယအဆင့် လေပြင်းနိယာမများကို လေ့လာခဲ့ပြီးသားမလို့ နောင်တရစရာ မရှိတော့ပေ။ သူ့စိတ်ထဲက ပြင်းထန်တဲ့ ခံစားချက်က ကောင်းကင်မှ မိုးခြိမ်းသံများကို ထွက်ပေါ်လာစေပြီး စပျစ်နွယ်ပင်ကို ခွဲထုတ်ပစ်လိုက်စေသည်။
ကံကောင်း ထောက်မစွာနဲ့ ဒီနေရာက စည်းမျဉ်းများသည် ထူးဆန်းသော်လည်း အနည်းဆုံး အတိဒုက္ခ ဖြတ်ကျော်မှုကို မထိခိုက်စေသေးချေ။ ဒီလိုမှမဟုတ်ရင် လုရွှမ် ကောင်းကင်နဲ့ မြေကြီး အကူအညီ တောင်းရင်တောင် အကူအညီမဲ့ ဖြစ်သွားလိမ့်မည်။
ဟုန်းဟုန်း!
မိုးခြိမ်းသံ နှင့် လျှပ်စီးသံတို့သည် ကောင်းကင်ကို ဖြတ်၍ စိတ်ဝိညာဥ်ကို တုန်လှုပ်သွားစေ၏။
ခပ်လှမ်းလှမ်းတွင် ဧကရာဇ် အင်ပါယာလေးခုနှင့် ရွှမ်ယွီဂိုဏ်းမှ လူနှစ်ဆယ်ကျော် ရှိသော နှစ်ကျိပ်တစ်စုသည် လုရွှမ်ရှိရာဆီသို့ ပြေးလာခဲ့ကြသည်။ သူတို့နောက်မှာ သူတော်စင် အဆင့်၉ ကျင့်ကြံသူတွေ အများကြီး တဖြည်းဖြည်း လိုက်လာကြ၏။
ထိုအခိုက်အတန့်တွင် ရှေ့တွင် ရပ်နေသော ဖန်းမင်ယန်သည် ရုတ်တရက် ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်ရာ တခြားသူများလည်း တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ကောင်းကင်ကို အမြန် လိုက်ကြည့်ကြသည်။
ကောင်းကင်ယံတွင် တိမ်တိုက်များဖြင့် ပြည့်နှက်နေပြီး မိုးခြိမ်းသံများက လှိမ့်ထွက်လာကာ ကောင်းကင်တခွင်လုံး လျှပ်စီးကြောင်းများ ဖြာထွက်နေသည်။ တစ်စုံတစ်ယောက် မိုးကြိုး အတိဒုက္ခကို ဖြတ်သန်းနေတာ ထင်ရှားပါသည်။
“အဲဒီမှာ သူတော်စင် သားရဲတစ်ကောင် အတိဒုက္ခ ကျော်ဖြတ် နေတာများလား”
လူတစ်ယောက်က မေးလာ၏။
ဤနေရာသို့ မရောက်မီတွင် မဟာသူတော်စင်တို့သည် စိုးရိမ်ခြင်းမဲ့ပင်လယ် အကြောင်းကို အနည်းအကျဉ်းမျှ သိထားခဲ့သော်လည်း ဒီနေရာမှာ ဒီလောက် အန္တရာယ်ရှိလိမ့်မယ်လို့ မထင်ထားကြချေ။
ဒါပေမဲ့ ဒီနယ်မြေထဲ ပိုနက်ရှိုင်းစွာ တိုးဝင်လာခဲ့ပြီးတဲ့ နောက်မှာတော့ သူတို့ရဲ့ ခံယူချက်ဟာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ ဒီနေရာမှာ တကယ့်ကို အန္တရာယ် များလွန်းလှ၏။ မရေမတွက်နိုင်သော မဟာသူတော်စင်များ ရှိသော်လည်း ၎င်းတို့လည်း လမ်းတလျှောက်တွင် အန္တရာယ်များစွာ မြင်တွေ့ခဲ့ရပြီး နောက်ဆုံးတွင် သူတော်စင် သားရဲတချို့ကို တုန်လှုပ်စေခဲ့သော သတင်းတချို့ကိုလည်း သိရှိခဲ့သည်။
ဒီထဲမှာ ကောင်းကင်ဘုံသခင်တွေ အများကြီး ပုန်းနေကြပေ၏။
မဟာသူတော်စင်လောက်ကို သူတို့ ဂရုမစိုက်ပေမယ့် ကောင်းကင်ဘုံသခင်ကတော့ သူတို့ ခံနိုင်ရည်ရှိတဲ့ အရာ မဟုတ်ပေ။ အရေအတွက်နဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်စရာ မရှိပါဘူး။ သူတော်စင်တစ်ပိုင်းနဲ့ သူတော်စင်တွေဟာ လုံးဝ ကွဲပြားတဲ့ အဆင့်တွေပဲ။ အဲဒါကြောင့် လုရွှမ်ဟာ သူတော်စင်ကို သတ်နိုင်လိုက်ခြင်းက သူတော်စင်တွေကြား ကြီးမားတဲ့ တုံ့ပြန်မှု ဖြစ်စေခဲ့တာ ဖြစ်သည်။
သူတော်စင်နှင့် ကောင်းကင်ဘုံသခင် ကြားရှိ အဆင့်သည် စိတ်ကူးမယဉ်နိုင်သော အရာဖြစ်သည်။ ကောင်းကင်ဘုံသခင် ရှိနေတဲ့ နေရာမှာ မဟာသူတော်စင်တွေ လုံးဝ ရပ်တည်နိုင်မှာ မဟုတ်ပေ။ အရူးအမူး တိုးဝင်လိုက်ပါက သေလမ်းရှာနေတာ သေချာသွားလိမ့်မည်။
ထိုလူများကြား စကားများ ရန်ဖြစ်ပြီးနောက် နောက်ဆုံးတွင် သဘောတူညီမှု တစ်ခုရခဲ့ပြီး ရှေ့ဆက်သွားခဲ့သည်။ တကယ်တော့ ဒီစကားတွေဟာ မဟာသူတော်စင် သားရဲကြီးဆီက ဆင်းသက်လာတာပင်။
ကောင်းကင်ဘုံသခင် ရှိနေတာ အမှန်လား အမှားလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီး အခြေအမြစ်မရှိတဲ့ သတင်းကြောင့် လူတိုင်းဟာ ကြောက်လန့်တကြား ဖြစ်သွားတော့တာပါပဲ။
ဒါပေမဲ့ မညီညွတ်ချင်တဲ့ သူတွေကတော့ ပိုလို့တောင် သဘောထား ကွဲသွားကြပါသေးသည်။
ထိုအခိုက်တွင် ကောင်းကင်ယံက ထူးဆန်းသော မိုးခြိမ်းသံကို ကြည့်လိုက်တော့ အားလုံးရဲ့ မသိစိတ်က သဘောထားကွဲလွဲမှု တစ်ခု ရှိနေကြပြန်သည်။
သူတို့အားလုံးသည် မဟာသူတော်စင်များ ဖြစ်ကြပြီး သူတော်စင်များ ဖြစ်လာချိန်မှစ၍ မရေမတွက်နိုင်သော မိုးခြိမ်းသံ အတိဒုက္ခများကို တွေ့ကြုံခဲ့ကြသော်လည်း ဤခုနစ်ရောင်ရှိသည့် မိုးကြိုးအတိဒုက္ခကို တစ်ခါမျှ မတွေ့ဖူးကြပေ။ အရှိန်အဟုန်က အားကောင်းပြီး စွမ်းအားက လုံလောက်သော်လည်း မိုးကြိုး အတိဒုက္ခမှာ အဆင့်နိမ့်နေသေးသည်။
ဒီလိုအခြေအနေမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးဘူးလေ!
"ဒါက အတိဒုက္ခ ဖြတ်ကျော်တာ မဟုတ်ဘဲ ရတနာတချို့ မွေးဖွားတော့မယ့် လက္ခဏာများလား"
လူတစ်ယောက် ရုတ်တရက် ထအော်လိုက်သည်နှင့် လူတိုင်းရင်ထဲကို ပူလောင်သွားစေသည်။
"အဟမ့် လူတိုင်း စိတ်အေးအေးထားရင် ပိုကောင်းပါတယ်... ဒီမှာ ရတနာတွေ အများကြီးရှိပေမယ့် အဲဒါတွေကို ရဖို့ အသက်ရှိဖို့ လိုပါသေးတယ်... ပြီးတော့ ရတနာတွေအကြောင်း ထိထိမိမိ သိထားရမယ်.... တစ်စုံတစ်ယောက်က ဘယ်အချိန် စပြီး လုပ်ကြံလာမယ် ဆိုတာ မသိရသေးဘူးလေ...သတိမထားရင် ဘယ်လိုသေလို့ သေသွားမှန်းတောင် မသိဘဲနေမယ်"
စကားပြောသူမှာ ဟယ့်မင်ဖုန်း ဖြစ်ပြီး လင်ထျန်းဖောင့် နှင့် ယွမ်ဖေးရှန်းတို့ကလည်း သူ့အနားတွင် ရပ်နေခဲ့သည်။
လမ်းတစ်လျှောက် အန္တရာယ်များစွာကို တွေ့မြင်ခဲ့ရပြီး ကျိုးရန်ဧကရာဇ် အင်ပါယာအပေါ် ၎င်းတို့၏ မုန်းတီးမှုဟာလည်း ဆက်လက် နက်ရှိုင်းလာခဲ့သည်။ ဒီလို အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ အကြီးအကဲလုရွှမ်ရဲ့ ခွန်အားက အံ့သြဖွယ် ကောင်းသော်လည်း သူ့အဆင့်သည် နိမ့်လွန်းနေသောကြောင့် ဘေးဒုက္ခ ရောက်သွားမှာ စိုးရိမ်ရသည်။
ဖန်းမင်ယန်ရဲ့ မျက်နှာမှာ ပူလောင်နေပြီး လမ်းတစ်လျှောက်လုံးတွင် ရွှမ်ယွီဂိုဏ်းရှိ လူသုံးဦးထံမှ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ ထို့အပြင် ဟယ့်မင်ဖုန်း လက်ထဲတွင် မဟာသူတော်စင် လက်နက်တစ်ခု ရှိနေပြီး ၎င်းသည် အလွန်အစွမ်း ထက်သဖြင့် မဟာသူတော်စင်များ အနက် ၎င်းတို့မှာ ထိပ်တန်းသုံးဦး စာရင်းဝင်နေပြီ ဖြစ်သည်။
ပြီးတော့ ဟယ့်မင်ဖုန်းမှာ စည်းစည်းလုံးလုံးနဲ့ အသက်ကို စွန့်ရဲကြတဲ့ အကြီးအကဲ ညီအစ်ကို နှစ်ယောက်လည်း ရှိသေးသည်။ ဆန့်ကျင်ဘက် အနေနှင့် ကျိုးရန်ဧကရာဇ် အင်ပါယာတွင် သူတော်စင် ခုနစ်ယောက် ရှိသော်လည်း အဓိက မိသားစုလေးခုမှ အဖွဲ့ဝင်လေးဦးမှလွဲ၍ သူ့ကို ကူညီသော မျိုးနွယ်စု ညီအစ်ကို နှစ်ယောက်သာ ရှိသေးသည်။
ခင်မင်ရင်းနှီးမှု နဲ့ ပတ်သက်လာရင် အခုလိူ သက်ကြီးရွယ်အိုတွေ ကြားက ရင်းနှီးမှုကို ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရချေ။
လုရွှမ်ကို စပျစ်နွယ်များက တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားဆဲ။ လုရွှမ် ဒေါသတကြီး ရယ်မောရင်း
"ကောင်းပြီ.... မင်းဘယ်လောက် ခံနိုင်ရည် ရှိလဲဆိုတာ ငါကြည့်ချင်သေးတယ် မိုးကြိုးအတိဒုက္ခ ကပ်ဆိုးကိုတောင် မကြောက်ဘူးပေါ့... အံ့သြစရာ ကောင်းသားပဲ"
နောက်ဆုံးတွင် နတ်မိုးခြိမ်းသံ၏ ပေါက်ကွဲသံနှင့်အတူ မိုးကြိုးပစ်ချက်က စပျစ်နွယ်ပင်များကို ထိမှန်သွားသည်။
လုရွှမ်ရဲ့ အကြံအစည်က စပျစ်နွယ်ပင်များကို မိုးကြိုး ထိမှန်သောအခါ တိတ်တဆိတ် ထွက်ပြေးသွားပြီးနောက် လွတ်မြောက်ရန် အခွင့်အရေးကို ရယူလိုက်ဖို့ပဲ ဖြစ်သည်။ မမျှော်လင့်ဘဲ စပျစ်နွယ်ပင်များသည် မလှုပ်မယှက်ဖြင့် မိုးကြိုးပစ်ခြင်းကို ခံနိုင်ရည် ရှိနေခဲ့သည်။
စပျစ်နွယ်ပင်တွေက လှုပ်ပင် မလှုပ်ချေ။ လုရွှမ် သူ့စိတ်ထဲမှာ ကောင်းကင်က မိုးခြိမ်းသံကို အာရုံမခံစားမိဘူး ဆိုရင်တော့ မိုးကြိုး လှုပ်ရှားမှုကို သူလုံးဝ သိခဲ့မှာမဟုတ်ဘူးလို့ တွေးလိုက်မိသည်။
"ကောင်းပြီ... နတ်ဆိုး စပျစ်ပင်နတ်ဆိုး.... မင်းမှာ သတ္တိရှိသားပဲ!"
သူ့ခန္ဓာကိုယ် တစ်ခုလုံးရှိ သူတော်စင် စွမ်းအားများသည် ကောင်းကင်နှင့်မြေကြီး၏ စည်းချက်အား လှုံ့ဆော်ပေးနေသည်။
ဗုန်း!
ကျယ်လောင်တဲ့ အသံတစ်ခု ထွက်လာပြီး ဒုတိယ မိုးကြိုးပစ်ချက် ကျဆင်းလာသည်။
မိုးကြိုးက ခုနစ်ရောင်။ အရောင်တစ်ရောင်မှာ အတိဒုက္ခ တစ်ခုမို့ အရောင်ခုနစ် ဖြစ်တာကြောင့် အတိဒုက္ခ ခုနစ်မျိုးဖြစ်သည်။ မိုးကြိုးတစ်ချက် ပစ်လျှင် ပစ်ချက် ကိုးချက် ဖြစ်ရာ အရောင်၇ရောင်ဖို့ မိုးကြိုးပစ်ချက်က စုစုပေါင်း ၆၃ချက် ဖြစ်လေသည်။
ကံကောင်း ထောက်မစွာဖြင့် လုရွှမ်သည် လေထုအလယ်၌ တင်ပျဉ်ခွေထိုင်ကာ မိုးကြိုးပစ်မည့် အချက်များကို သူ့စိတ်ထဲတွင် ရေတွက်နေ၏။
နတ်မိုးခြိမ်းသံနှင့် ပစ်ချက် ၆၃ချက် တို့သည် သာမန်လူတွေ အတွက် အနည်းငယ်မျှပင် အသက်ရှု မဝသလို ဖြစ်စေနိုင်သော်လည်း လုရွှမ်ကို ဝန်းရံထားသော စပျစ်နွယ်ပင်သည် လုံးဝ မထိမှန်သွားသလို လုံးဝ မလှုပ်ပေ။
"တကယ် အစွမ်းထက်တာပဲ မိုးကြိုးအတိဒုက္ခ တစ်ခုက အလုပ်မဖြစ်ဘူး ဆိုမှတော့ ဒုတိယတစ်ခုကို လုပ်ကြရအောင်!"
လုရွှမ် ကျိန်ဆဲလိုက်သည်။
မိုးကြိုးအတိဒုက္ခ အရည်များသည် စပျစ်နွယ်ပင်များမှ တစ်ဆင့် စိမ့်ဝင်လာရာ လုရွှမ် သူ့ပါးစပ်ကိုဖွင့်ကာ ၎င်းတို့ကို စုပ်ယူလိုက်ပြီး မိုးကြိုးအတိဒုက္ခ၏ အရည်များကို သူ့ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။
လုရွှမ် အနည်းငယ် ဝမ်းနည်းမိသည်။ ဒီနေရာက ဆန်းကြယ်တယ်လို့ ထင်ရပေမယ့် ရွှမ်ခုန်းတောင်ထက် အနည်းငယ် ဆိုးရွားနေ၏။ မိုးကြိုးအတိဒုက္ခ အရည်ရဲ့ အရည်အသွေးနဲ့ ပမာဏမှာ အတော်လေး ညံ့ဖျင်းလှသည်။
အဝေးက ကြည့်နေသော အင်ပါယာလေးခုနှင့် သူတော်စင်ကြီး တစ်စုသည် မိုးခြိမ်းသံ ပျောက်ကွယ်သွားသည့် ဘေးဆိုးကြီးကို ကြည့်ပြီး ဒီအခွင့်အရေးက သူတို့နဲ့ မဆိုင်ဘူး ဆိုပေမယ့် ဝမ်းနည်းမှု အရိပ်အယောင်တို့ကို နားမလည်နိုင်စွာ ခံစားလိုက်ရသည်။
ဒါပေမဲ့ နောက်အခိုက်အတန့်မှာတော့ သူတို့အားလုံး အံ့ဩသွားကြသည်။ ဘာဖြစ်သွားတာလဲ? မိုးကြိုးအတိဒုက္ခက မပြီးသေးဘူးလား? ဘာလို့ ထပ်လာပြန်တာလဲ?
မိုးခြိမ်းသံက ကောင်းကင်မှာ အရင်ကထက် ပိုကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။ ကောင်းကင်မှာရှိတဲ့ လျှပ်စီးရောင်တွေ ကြားမှာ နောက်ထပ် တိမ်တိုက်တစ်ခု လွင့်ပျံလာခဲ့တယ်။ ၎င်းသည် ယခင်ပုံစံထက် များစွာ ပိုကျယ်ဝန်းပြီး ဝိညာဥ်စွမ်းအင် ကြွယ်ဝစွာ ပေါင်းစည်းထားသော ရောင်ဝါတစ်ခု ပါရှိလေသည်။
"ကြည့်စမ်း.... ဒီတိမ်တိုက်က ဒီတစ်ခါ ရှစ်ရောင်ပဲ အစောက ခုနစ်ရောင်မလား?"
နောက်ဆုံးတော့ သူတို့တွေလည်း ကွာခြားချက်ကို ရှာတွေ့သွားခဲ့သည်။ တကယ်တော့ တိမ်တိုက်တွေရဲ့ အရောင်က နောက်ထပ်တစ်ရောင် တိုးလာပေမယ့် မိုးကြိုးအတိဒုက္ခ တစ်ခုလုံးရဲ့ အရှိန်ဟာ လေထုအလယ်ကနေ ကိုးဆတိုးလာပုံပေါ်၏။
သူတို့တောင် ဘေးဆိုး တိမ်တိုက်တွေရဲ့ စွမ်းအားကို အနည်းငယ် ခံစားလိုက်ရသေးသည်။
"ဒါက မှော်လက်နက်တစ်ခု မဖြစ်နိုင်ဘူး... သူတော်စင် သားရဲတစ်ကောင် အသွင်ပြောင်းနေတာများ ဖြစ်နိုင်လား?"