သူတော်စင်အတိဒုက္ခ
Vol. 54 Ch. 4.329
အရင်က ငြင်းခုန်ခဲ့တဲ့ လူတွေမှာ အခုအချိန်မှာတော့ ဘယ်လိုမှ မပြောရဲတော့ပါဘူး။
ဖန်းမင်ယန်က ချောင်းဆိုးလိုက်ပြီး
"လူတိုင်းပဲ ကျုပ်တို့အားလုံး လိုရာကို မြန်မြန်သွားသင့်တယ်လို့ ထင်တယ်... အဲဒီဘက်မှာ ဒီလို ကြီးမားတဲ့ လှုပ်ရှားမှုတွေ ရှိနေတာ ကျုပ်တို့ သတ်မှတ်ထားတဲ့ နေရာများ ဖြစ်နေမလား မသိနိုင်ဘူးလေ"
ဤစကားများသည် လူတိုင်း၏ နှလုံးသားထဲသို့ ဝင်ရောက်သွားကာ လူများသည် သူတို့စိတ်များကို လျင်မြန်စွာ စုစည်းကာ ဦးတည်ရာဆီသို့ ပြေးသွားကြသည်။
လုရွှမ်သည် တင်ပျဉ်ခွေပြီး လေထုထဲတွင် လွင့်မျောနေကာ သူ့ဘေးတွင် အနှစ်တစ်သောင်း အနက်ရောင် ရေခဲများဖြင့် ဝန်းရံထားသည်။ သူသည် စပျစ်နွယ်ပင်များကြားမှ အချိန်မရွေး ထွက်သွားရန် အဆင်သင့် ဖြစ်နေသောကြောင့် တရှိန်ထိုး ဖောက်ထွက်လိုက်တာနဲ့ လွတ်မြောက်နိုင်ပြီဟု မှန်းဆထားသည်။
"မဖယ်ပေးသေးဘူးပေါ့!"
မိုးခြိမ်းသံက တဟုန်းဟုန်း မြည်ဟီးနေသည်။ ၎င်း၏ စွမ်းအားသည် ယခင်ကထက် အဆများစွာ ပိုမိုအားကောင်းလာ၏။ စပျစ်နွယ်ပင်များကြားတွင်ရှိ လုရွှမ်သည် အပြင်ဘက်က မိုးခြိမ်းသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သို့သော် စပျစ်နွယ်ပင်များသည် သူ့နေရာကို တင်းတင်းကြပ်ကြပ် အကာအကွယ် ပေးထားပြီး နတ်လျှပ်စီးကြောင်းများကို ဖြိုခွင်းခွင့် မပြုထားချေ။
မိုးကြိုးပစ်ချက် ၇၂ချက် တို့သည် အရှိန်ပြင်းပြင်း အင်အားပြင်းပြင်းဖြင့် တစ်ချက်ပြီးတစ်ချက် ရိုက်ခတ်သွားသည်။ လုရွှမ် အနည်းငယ် တုန်လှုပ်သွားခဲ့တော့သည်။ အကယ်၍ ဤနတ်မိုးခြိမ်းသံက ယခုချက်ချင်း ရိုက်ခတ်လာမည်ဆိုလျှင် သူသည် ဘေးအန္တရာယ် ကင်းစွာ လွတ်မြောက် သွားနိုင်မည်ဟုပင် မသေချာတော့ပေ။
အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက် မိုးကြိုးပစ်ချက် အတိဒုက္ခက ပြီးဆုံးသွားခဲ့သည်။ လုရွှမ် သူ့ပတ်ဝန်းကျင်ရှိ နတ်မိုးခြိမ်းသံဆီက အငွေ့အသက်တွေကို ခံစားလိုက်ရသည်။ ထိုအငွေ့အသက်တွေက မကောင်းတဲ့ စွမ်းအားအချို့ကို ဖယ်ထုတ်ပစ်လုနီးပါး အစွမ်းထက်လှသည်။
အငွေ့အသက်တွေက သန့်ရှင်းပြီး ပေါ့ပါးလေသည်။
မိုးကြိုးအတိဒုက္ခ ပစ်ချက်များမှ စွမ်းအင်အရည်များ စိမ့်ဝင်လာပြီး လုရွှမ် သူ့ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားရန် ပါးစပ်ကို ဖွင့်လိုက်သည်။
မီးလောင်နေသော အနံ့အနည်းငယ်က ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေသော်လည်း စပျစ်နွယ်ပင်မှာ လုံးဝ မထိခိုက်သကဲ့သို့ မလှုပ်မယှက် ဖြစ်နေဆဲ။
လုရွှမ်က
"အရမ်းကောင်းတယ်... ငါတို့ ဆက်ကစားကြရအောင်"
သူထိတ်လန့် မနေဘူးလို့ ပြောရင် လိမ်ညာပြောဆိုခြင်းသာ ဖြစ်ပါလိမ့်မည်။ ဒီစပျစ်နွယ်ပင်ရဲ့ နယ်ပယ်ဟာ မဟာသူတော်စင် အထက်မှာ ရှိတယ်ဆိုတာ သံသယဖြစ်နေစရာ အကြောင်း မရှိတော့ပေ။ သူတော်စင်ရဲ့ မိုးကြိုးအတိဒုက္ခက စပျစ်နွယ်ပင်ကို မဖြိုခွဲနိုင်ခဲ့ဘူး ဆိုရင် လုရွှမ် ဖောက်ထွက်ဖို့ တကယ်ကို ယုံကြည်မှု မရှိတော့ပါဘူး။
ကျားဖြူလေးရဲ့ မိဘတွေက သူမ အန္တရာယ်ထဲ ကျရောက်နေပြီ ဆိုတာကို သိလိုက်တာနဲ့ သူတို့ကို ကယ်တင်ဖို့ အရေးကြီးတဲ့ အခိုက်အတန့်မှာ ပေါ်လာပါလိမ့်မယ်။
"သူတော်စင် အတိဒုက္ခကို စတင်လိုက်ရအောင်"
သူတော်စင် စွမ်းအားများသည် ဖိနှိပ်ထားခြင်း မရှိတော့ဘဲ လုံးလုံးလျားလျား လွတ်ထွက်သွားသည်။ သူတော်စင် စွမ်းအားများ တဟုန်ထိုး တက်လာပြီး ကောင်းကင်နှင့် မြေကြီး၏ စည်းချက်အား လှုံ့ဆော်ပေးလိုက်သည်။
လုရွှမ်၏ ခန္ဓာကိုယ်မှ တောက်ကျင့်စဥ် ပုံစံများ သည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ထိုတောက်ကျင့်စဥ် ပုံစံများသည် သူ့ခန္ဓာကိုယ်အတွင်း ပျံ့လွင့်သွားကာ သူတော်စင် စွမ်းအားအပေါ် ထိန်းချုပ်ထားနိုင်မှုကို အပြည့်အဝ ပြသထားသည်။
သူတော်စင် အတိဒုက္ခကို ကျော်ဖြတ်ဖို့ အခြေအနေ သုံးမျိုး လိုအပ်သည်။
ပထမတစ်မျိုးမှာ သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသော ကာလ ဖြစ်ရမည်။ ယခုအခါ လုရွှမ်သည် အတိဒုက္ခ နှစ်ရပ်ဆက်တိုက် လွတ်မြောက်ခဲ့ပြီးပြီမလို့ သူ့နယ်ပယ်သည် သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံမှုသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
သူသည် သူတော်စင်တစ်ပိုင်း အဆင့်၇ ကာလ၌ ရှိစဉ်ကပင် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင် အားလုံးသည် သူတော်စင် စွမ်းအားအဖြစ်သို့ ပြောင်းလဲထားခဲ့ပြီးသား ဖြစ်လေသည်။
ဒါကြောင့် လုရွှမ်အတွက် တောက်ကျင့်စဥ် ပုံစံများကို နားလည်ပြီး သူတော်စင် ဖြစ်လာရန် သူ့နည်းသူ့ဟန်အတိုင်း လျှောက်လှမ်းရခြင်းက ကျင့်ဝတ်တစ်ခုမျှသာ ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးမှ ကျယ်လောင်သော မိုးခြိမ်းသံများ မြည်ဟီးလာ၍ ကြယ်ရောင် တောက်ပနေသော ကောင်းကင်ထက်တွင် လျှပ်စီးများ ဖြာထွက်လျက် မိုးကြိုးတိမ်များလည်း လှိမ့်ဝင်ကာ တဖြည်းဖြည်း ကြီးမားသော အရောင် ကိုးရောင် မိုးကြိုးတိမ်များ အဖြစ် ပြောင်းလဲသွား၏။
မိုးကြိုး တိမ်တိုက်များသည် အလွန်ကြီးမားသော ဧရိယာကြီးကို ဖုံးလွှမ်းထားသဖြင့် နေနှင့်လကိုပင် ဖုံးလွှမ်းလုနီးပါး ဖြစ်နေပြီ။ အရောင်ကိုးရောင်မှာ တစ်လှည့်စီ ပြောင်းလဲနေစဥ် အရှိန်အဝါ အားကောင်းမှုကလည်း နှစ်ဆ တိုးလာခဲ့သည်။
နတ်မိုးခြိမ်းသံ မကျဆင်းလာမီ စိုးရိမ်ခြင်းမဲ့ ပင်လယ်တစ်ခုလုံးရှိ သူတော်စင် ဝိညာဉ်များအားလုံး ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွားသည့် စွမ်းအားကို ခံစားခဲ့ရသည်။ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သည့် သားရဲများမှာ တစ်ကောင်ပြီး တစ်ကောင် ဂရုတစိုက် ပုန်းအောင်းသွားစေရတဲ့ အထိ ကြောက်လန့်သွားစေသည်။
သို့မဟုတ်ပါက သူတို့ပါရော၍ မိုးကြိုးအတိဒုက္ခကို ထိတွေ့ရပေလိမ့်မည်။
လမ်းပေါ်တွင် ပျံသန်းလာနေသော လူအုပ်စုလည်း ရပ်တန့်သွားပြန်သည်။ ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားကို သူတို့လည်း ရှင်းရှင်းလင်းလင်း သိနိုင်တယ်လေ။
သူတို့အားလုံး ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်ခဲ့တာကတော့ ၎င်းသည် သူတော်စင်နယ်ပယ် မိုးကြိုးအတိဒုက္ခ ဖြစ်လေသည်။
အစကတော့ ရတနာတစ်ခု မွေးဖွားလာတာ ဒါမှမဟုတ် သူတော်စင် သားရဲတစ်ကောင် အသွင်ပြောင်းလို့ အတိဒုက္ခကို ဖြတ်သန်းနေရတာလ်ို့ လူတိုင်း နားလည်ထားခဲ့ကြသည်။ အရင်က သူတော်စင် အဆင့်၇နဲ့ အဆင့်၈မှာ ရှိခဲ့ရာမှ ယခုဆို သူတော်စင်တစ်ပိုင်း နယ်ပယ်ကို ၃ ကြိမ်ဆက်တိုက် လွတ်မြောက်ခဲ့ပြီး အခု သူတော်စင်တစ်ယောက်ရဲ့ အတိဒုက္ခကိုတောင် ကျော်ဖြတ်နေပြီ။
ရုတ်တရက် စိတ်ကြွဆေးပြားတွေ အားရပါးရ စားပစ်လိုက်ရသလို စိတ်လှုပ်ရှားမှုတွေက ဟယ့်မင်ဖုန်းရဲ့ မျက်နှာမှာ ထွက်ပေါ်လာပြီး သူ့အသံကို အကျယ်ဆုံး အော်ဟစ်လိုက်တော့သည်။
"ဒါ အကြီးအကဲပဲ... အကြီးအကဲလုရွှမ်ပဲ!"
လင်ထျန်းဖောင့် နှင့် ယွမ်ဖေးရှန်း တို့သည်လည်း အံ့သြ ဝမ်းသာသွားကြသည်။ အကြီးအကဲ လုရွှမ်မှ မဟုတ်ရင် ဘယ်သူကများ ဒီလိုကြီးကျယ် ခမ်းနားတဲ့ မြင်ကွင်းကို ဖန်တီးနိုင်မှာမလို့လဲ။
"အကြီးအကဲ အသက်ရှင်နေသေးတယ်ကွ!"
သုံးယောက်သား တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ပြီး ထိုနေရာအထိ ချက်ချင်း ပြေးသွားချင်တော့သည်။
တခြားသူများကလည်း တုံ့ပြန်လာကြသည်။ အမှန်မှာ အတိဒုက္ခကို သုံးကြိမ်ဆက်တိုက် လွတ်မြောက်နိုင်သည့် စွမ်းရည်ကို သူတို့ မကြားဖူးသော်လည်း ဘယ်သူမှ မလုပ်နိုင်ရင်တောင် လုရွှမ်ကတော့ သေချာပေါက်ကို လုပ်နိုင်လိမ့်မည်။
သူတော်စင် မိုးကြိုးအတိဒုက္ခရဲ့ လက်ရှိ အရှိန်အဟုန်ကို ကြည့်လျှင် လုရွှမ်ဆိုတာ သံသယ ဖြစ်နေစရာပင် မလိုတော့ပေ။
တချို့က ပျော်ပြီး တချို့က ဝမ်းနည်းနေ၏။
ဟယ့်မင်ဖုန်း နှင့် တခြားသူများက ပျော်ရွှင်နေကြစဉ် ဖန်းမင်ယန်နှင့် သူ့လူများကတော့ မျက်နှာများက မှင်ကဲ့သို့ မည်းနက်နေလေသည်။
တစ်ဖက်လူသည် မသေသေးတဲ့အပြင် ဒီလို ကြီးကြီးမားမား ကောင်းကင် ဖြစ်စဉ်ကိုတောင် အမှန်တကယ် ဖြစ်ပေါ်စေခဲ့သည်။ ဤမိုးကြိုး အတိဒုက္ခကို အောင်အောင်မြင်မြင် ကျော်လွှားပြီးသည်နှင့် သူ့ခွန်အားသည် ကမ္ဘာမြေကြီးကိုပါ ကွဲအက်သွားစေမယ်လို့ စိတ်ကူးကြည့်နိုင်သည်။
သူတော်စင်တစ်ပိုင်း ဖြစ်လာစဥ်က သူတော်စင်နယ်ပယ် အဆင့်၉ကို အောင်မြင်စွာ သတ်နိုင်ခဲ့သည်။ ယခုမူကား သူတော်စင်အဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်ပြီးတာနဲ့ မဟာသူတော်စင်ကြီးရဲ့ ရန်သူ ဖြစ်သွားမယ်လို့ မဆိုလိုပေဘူးလား။
ဒီဖြစ်နိုင်ခြေကို သူ အကြိမ်ကြိမ် ငြင်းဆိုချင်ပေမယ့် ဒါက အမှန်တရားတစ်ခု ဖြစ်နိုင်တယ် ဆိုတာ သူ့စိတ်ထဲမှာ အသိအမှတ် ပြုနေမိသည်။
နောက်ဆုံးတွင် ပထမဆုံး နတ်မိုးခြိမ်းသံ ကျဆင်းလာသောအခါ သူ့နားထဲတွင် ကျယ်လောင်သော ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်ကိုလည်း တုန်လှုပ် သွားစေခဲ့သည်။ မိုးခြိမ်းသံက နားအူသွားစေတဲ့အထိ တုန်လှုပ်သွားစေမယ်လို့ မထင်ထားခဲ့ဘူးလေ။
သူ့ရဲ့ ယခင်အတိဒုက္ခ နှစ်ခုကို စပျစ်နွယ်ပင်မှ လုံး၀ ခုခံထားခဲ့ပြီး ဒါက ကောင်းကင် အတိဒုက္ခကို ဒေါသထွက်စေခဲ့ပုံရသည်။ အတိဒုက္ခနှစ်ခုကို သူက အချည်းနှီး လွတ်မြောက်သွားခဲ့ရာ ကောင်းကင်ကို မခံမရပ်နိုင် ဖြစ်စေပြီး သူတော်စင် အတိဒုက္ခ ပိုမိုပြင်းထန်လာစေခဲ့သည်။
လျှပ်စီးကြောင်းများ ကျဆင်းလာစဥ် လုရွှမ် စပျစ်နွယ်ပင်များ မှတဆင့် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ အလင်းရောင်သည် ကမ္ဘာကြီးကို ဖျက်ဆီးတော့မည့်နှယ် စူးရှတောက်ပနေသည်။
ဝုန်းကနဲ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လုရွှမ် သူ့ကိုယ်သူ သေတ္တာထဲတွင် သော့ခတ်ထားသလို ခံစားရလေသည်။ လုရွှမ် ဟန်ချက်ကို ထိန်းရန် အားသွန်ခွန်စိုက် ကြိုးစားရင်း အပိုင်းပိုင်း ပြတ်တောက်သွားတော့မလို ခံစားနေရသေးသည်။
"စပျစ်ပင်စုတ်.... ဒါတောင် မင်းက မလွှတ်ပေးသေးဘူးလား!!"
လုရွှမ် အော်ဟစ်လိုက်သည်။
လုရွှမ်သည် စပျစ်နွယ်ပင်များ မိုးကြိုးအတိဒုက္ခ နှစ်ခုကို ခံစားခွင့်ပေးလိုက်တာကို သိပ်ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒါကသာမန် မိုးကြိုးအတိဒုက္ခတစ်ခုပဲ ဖြစ်သည်။ ဒါပေမဲ့ ဒါက သူတော်စင် တစ်ယောက်ရဲ့ အတိဒုက္ခ တစ်ခုဖြစ်ကာ ဘယ်သူမှ မကူညီနိုင်ပေ။ ဒီစပျစ်ပင်က သူ့အတွက် မိုးကြိုးဒဏ်ကို ကိုယ်စား ခံပေးလိုက်လျှင် သူ သူတော်စင်ဖြစ်လာရင် မွေးရာပါ ချို့တဲ့မှုတစ်ခု ဖြစ်သွားလိမ့်မည်။
သူတော်စင် မဖြစ်လာလျှင် ပုရွက်ဆိတ်ပင် ဖြစ်နေဦးမှာ ဧကန်မလွဲပေ။ အကြောင်းမှာ သူတော်စင် ဖြစ်ရခြင်းမှာ ကံတရားကို အမှန်တကယ် ပြောင်းလဲပစ်ရန်၊ လူ့သဘာဝနှင့် လူသားတို့၏ နိယာမများကို လုံးဝ ပြောင်းလဲပစ်နိုင်သောကြောင့်ပင်။
ဒီကောင်းကင်နှင့် မိုးကြိုးကို သူလက်မခံခဲ့ရဘူး ဆိုရင် သူတော်စင်ဖြစ်လာရင်လည်း သူ့နယ်ပယ်လည်း မပြည့်စုံနိုင်တော့ချေ။
စပျစ်နွယ်ပင်များသည် မတုန်မလှုပ် ဖြစ်နေဆဲပါပဲ။ စပျစ်နွယ်ပင်များရဲ့ အပြင်ဘက်မှာတော့ နေရာတိုင်းတွင် ကောင်းကင်မီးများ တောက်လောင်နေပြီး နတ်မိုးခြိမ်းသံများကို လုရွှမ် ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်သည်။ စပျစ်နွယ်ပင်များ၏ စွမ်းအားဖြင့်ပင် မိုးကြိုးက အပေါက်ကြီးများကို ထုလုပ်ပေးနိုင်သည်။
လုရွှမ် သူ့စိတ်ထဲတွင် ချမ်းစိမ့်စိမ့် အရသာတစ်ခု ခံစားလိုက်ရသည်။ ဒီနတ်ဆိုးစပျစ်နွယ်က အားအင်တွေ ဖြုန်းတီးပြီး သူ့ကို သေတ္တာတစ်ဘူးထဲ ချုပ်နှောင်ထားကာ သတ်ပစ်ချင်နေ၏။
သူတော်စင် ဖြစ်လာပြီးနောက် ဇာတိပကတိ မလုံလောက်ပါက စပျစ်နွယ်ပင် နတ်ဆိုးကောင်က သူ့ကိုသတ်ရန် လွယ်ကူသွားလိမ့်မည်။
ဒုက္ခပဲ!
လုရွှမ် ရုတ်တရက် တုံ့ပြန်လိုက်မိသည်။ ဒီလိုမြင့်မားသော စျေးနှုန်းပေးနေပြီဆိုတော့ နတ်ဆိုး စပျစ်နွယ်ပင်ဟာ သူ့ဆီကနေ တစ်စုံတစ်ရာကို ရယူလိုကြောင်း ထင်ရှားလာသည်။ သူ့ခန္ဓာကိုယ်မှာ ရတနာတွေ အရမ်းများပြီး နတ်ဆိုးစပျစ်ပင်တွေရဲ့ မျက်လုံးတွေကို ဖမ်းစားနိုင်တဲ့ ပစ္စည်းတွေကတော့ ကျောက်စိမ်းပြားနေရာ ဒါမှမဟုတ် လေပြင်းနိယာမ ကျောက်တုံးပဲ ဖြစ်လေ၏။
"သတ္တိရှိလိုက်တာ.... မင်းရဲ့ ရည်ရွယ်ချက်က မသေးဘူးပဲ"
လုရွှမ် ကျယ်ကျယ်လောင်လောင်နဲ ကျိန်ဆဲလိုက်တော့သည်။ သူ့ကိုယ်သူ ဉာဏ်ကောင်းတယ်လို့ ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ နတ်ဆိုး စပျစ်ပင်ဆီက လှည့်စားတာကို ခံခဲ့ရသည်။