← Chapters

ဓားတစ်သောင်းဖြင့် ဖြတ်ခြင်း

Vol. 54 Ch. 4.330

ဓားတစ်သောင်းဖြင့် ဖြတ်ခြင်း

Vol. 54 Ch. 4.330

သေခြင်းတရားကို ငြိမ်ငြိမ်​လေး ထိုင်ပြီး စောင့်မနေချင်တဲ့ လုရွှမ် လျင်မြန်စွာ တွေးလိုက်ရာ သူ့မျက်လုံးများ ရုတ်တရက် တောက်ပလာခဲ့သည်။

"နတ်ဆိုးစပျစ်နွယ်ပင်.... မင်းက ဒီဘေးဆိုးကြီးကို ငါ့ကိုကူပြီး ကျော်လွှားပေးချင်နေတာမလား? ဒါဆို မင်းရဲ့ ဝိညာဥ်စွမ်းအင်ကို ငါဖြတ်တောက်ပစ်လိုက်မယ်... ဟမ့် မင်းဘယ်လို ဆက်ပြီး မာနကြီးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"

လုရွှမ် ကျောက်စိမ်း​ပြားထဲမှ လက်ကောက်တစ်ကွင်းကို ထုတ်ယူလိုက်သည်။ ရွှမ်ခုန်းတောင် လျှို့ဝှက်အခန်းထဲရှိ တိုင်ထဲမှ သိမ်းလာခဲ့တဲ့ ပစ္စည်းဖြစ်သည်။ ၎င်းသည် အရောင်မဲ့တုတ်ကဲ့သို့ ရှားပါးသော ဧကရာဇ် လက်နက်တစ်ခု ဖြစ်​လေသည်။

အထဲမှာ သိမ်းဆည်းထားတဲ့ အရာကတော့ ကျင့်လင်ချွမ် တားမြစ်ဝိညာဥ်နွေဦး ဖြစ်ပေ၏။

"နတ်ဆိုးကြီး... ဒီအရသာကို မြည်းစမ်းကြည့်လိုက်စမ်း"

လုရွှမ် သူ့လက်ပေါ်တွင် လက်ကောက်ကို ဝတ်လိုက်ပြီး အတွေးတစ်ခုဖြင့်ပင် တားမြစ်ထားသော ဝိညာဥ်နွေဦး၏ ဝိညာဥ်စွမ်းအင်များက လက်တစ်ဆုပ်စာခန့် ထွက်လာပြီး စပျစ်နွယ်ပင်များဆီသို့ ပြေးဝင်သွား​ကြသည်။

စူးစူးဝါးဝါး အော်သံနှင့်အတူ တဝုန်းဝုန်း အော်သံများ ထွက်ပေါ်လာသည်။ စပျစ်နွယ်ပင်များ တဆတ်ဆတ် တုန်ခါလာကာ နေရာလွတ်တစ်ခု ချက်ချင်း ပွင့်ထွက်သွားသည်။ လုရွှမ် ယခုအခိုက်အတန့်တွင် ထွက်ခွာရန် အလျင်မလိုခဲ့ပေ။

ဝုန်းကနဲ ပေါက်ကွဲသံနှင့် အတူ စည်​ကြီးတစ်လုံးခန့် အထူရှိသော ခရမ်းရောင် နတ်မိုးခြိမ်းသံက ပြိုကျလာခဲ့သည်။ လုရွှမ်သည် စပျစ်နွယ်ပင်များ ဖန်တီးထားသည့် နေရာအလယ်၌ ပုန်းနေပြီး အကိုင်းအခက် တစ်ခုပေါ်တွင် အပေါက်ကြီးတစ်ခု ကွဲထွက်လာနေတာကို တွေ့လိုက်ရသည်။

လုရွှမ် အခွင့်အရေးကို မြင်တာနဲ့ အပေါက်ထဲမှ အမြန် ထွက်လာခဲ့သည်။ ပြီးနောက် မိုးကြိုးပစ်ခံထားရသော နေရာကို တားမြစ် ဝိညာဉ်နွေဦး၏ ဝိညာဥ်အရည်ကို လက်တစ်ဆုပ်စာ ပစ်သွင်းလိုက်သည်။

ခပ်ကျယ်ကျယ် အသံနဲ့အတူ လူတစ်ယောက်ရဲ့ လက်မောင်း အထူလောက်ရှိသော စပျစ်နွယ်သည် ပင်မကိုယ်ခန္ဓာမှ ကျိုးသွားခဲ့သည်။ လုရွှမ် တစ်ချက်လောက် ခပ်မြန်မြန် ရိုက်ထည့်လိုက်ပြီး ကျောက်စိမ်းပြားထဲ တိုက်ရိုက် ထည့်သိမ်းလိုက်သည်။

ဝုန်း!

လုရွှမ်သည် သူ့ခန္ဓာကိုယ်မှာ မိုးခြိမ်းသံကို မရှောင်နိုင်တော့ကြောင်း သိလိုက်ရသဖြင့် သူ့ခေါင်းထက်မှ ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ လက်နှစ်ဖက်စလုံးမှ ယွမ်ယန် လက်ဖဝါးနှင့် ကောင်းကင်မီးလက်သီးတို့ ထုတ်လွှတ်၍ တစ်ပြိုင်တည်း ထိမှန်သွားသည်။

အလင်းတန်းများနှင့် ပြင်းထန်သော မီးတောက်များ ပျံဝဲလာသဖြင့် လုရွှမ် ထိုနေရာတွင် ရပ်နေနိုင်သေးသော်လည်း သူ့လက်များ တခဏလောက် ထုံကျင်သွားခဲ့သည်။

နတ်ဆိုး စပျစ်နွယ်ပင်ကြားမှာ ပိတ်မိ​နေသော အခါက အပြင်ဘက်ရှိ နတ်မိုးခြိမ်းသံ၏ တန်ခိုးသည် အလွန်ပြင်းထန်သည်ဟု ခံစားမိပါ၏။ ယခုမူကာစ ယခင်ဘဝက သူတော်စင် အတိဒုက္ခကို ဖြတ်သန်းခဲ့ရသည့် အချိန်ထက် များစွာပို၍ အစွမ်းထက်လှသည်။

ကိုယ်တိုင် ကြုံတွေ့ရမှသာ ကောင်းကင်နဲ့ မြေကြီးပေါ်က တကယ့်စွမ်းအားဟာ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ သိလိုက်ရတော့သည်။

"စပျစ်ပင် နတ်ဆိုးကောင်.... မင်းအရင်ကငါ့ကို ပိတ်ထားတာကြာပြီ.... အခု မင်း မိုးခြိမ်းသံနဲ့ ကောင်းကင်ပစ်ချက်ကို ခုခံဖို့ ကြိုးစားသင့်တယ်"

လုရွှမ် အော်ပြောပြီး လက်ကောက်ထဲက တားမြစ် ဝိညာဉ်နွေဦးဟာ နောက်တစ်ကြိမ်ထပ်မံ ထွက်ပေါ်လာကာ နတ်ဆိုး စပျစ်နွယ်ပင်ပေါ် ဖြန်းခနဲ ပတ်ဖြန့်လိုက်သည်။

လုရွှမ်သည် လက်ကောက်အပြင် တားမြစ် ဝိညာဉ်နွေဦး စွမ်းအင်နှင့် ပကတိရေစင် တချို့ကိုလည်း စုဆောင်းထားခဲ့ပြီး ၎င်းတို့အားလုံးကို သာမန်ကျောက်စိမ်း ပုလင်းများဖြင့် ထုပ်ပိုးထားခဲ့သည်။ ပမာဏက ကြီးကြီးမားမား မဟုတ်တဲ့အတွက် အားလုံးကို တစ်ပြိုင်နက် ထည့်ပြီး ပြင်းပြင်းထန်ထန် ဖြန်းချလိုက်၏။

နောက်ဆုံးမှာတော့ စပျစ်နွယ်ပင်၏ ပင်စည်ပေါ်တွင် အဘိုးအိုတစ်ဦး၏ ရုပ်ပုံကဲ့သို့ ပါးပြင်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် လုရွှမ်အား အသံတစ်သံက အော်ပြောလာသည်။

"ကောင်လေး...သိပ်အနိုင်ကျင့်မနေနဲ့"

လုရွှမ် တံတွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး နောက်ထပ် မိုးကြိုးပစ်သံကို လက်ခံလိုက်သည်။ သူ့တစ်ကိုယ်လုံး ပေါက်ကွဲသံကြောင့် ဆံပင်များ လွင့်စင်သွားကာ အလွန်အရှက်ကွဲသွားခဲ့သည်။

"နတ်ဆိုးအိုကြီး မင်းအရင် ငါ့ကို ရန်စဖို့ စဥ်းစားခဲ့တုန်းက အနိုင်ကျင့်နေတယ်လို့ ဘာလို့ မတွေးခဲ့တာလဲ? အခု မင်းကြောက်သွားပြီလား.... ဟမ့် ဒီသခင်လေးက ကြင်နာမှုကို ​ကြင်နာမှုနဲ့ ပြန်ပေးပြီး အမုန်းတရားကို လက်စားချေရတာ သဘောကျတယ်ကွ!!"

ကောင်းကင်မှ နောက်ထပ် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး နတ်မိုးခြိမ်းသံသည် အလွန်တရာ တောက်ပ ဖြစ်နေသဖြင့် ကမ္ဘာကြီးတစ်ခုလုံး လင်းထိန်လုနီးပါး ဖြစ်နေသည်။ လုရွှမ် မိုးနတ်ဘုရားဓားကို ဆွဲထုတ်ကာ ရှည်လျားသော ဟောက်သံကို ထုတ်လွှတ်ရင်း ဓားနှင့်အတူ ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။

အလင်းတန်းများ တောက်ပလာစဥ် လုရွှမ်က "လျှပ်စီးဓား!" ဟု ကျယ်လောင်စွာ အော်လိုက်သည်။

ဓားရှည်သည် အရောင် ကိုးရောင်အဖြစ် လင်းလက်တောက်ပသွားပြီး ကောင်းကင်က မိုးကြိုး တိမ်တိုက်ကိုးရောင်နဲ့ အတူ အော်ဟစ် မြည်ဟီးလိုက်သည်။ ကောင်းကင်မှ မိုးကြိုးပစ်ချက်ဟာ မိုးနတ်ဘုရားဓားကို ရိုက်ခတ်သွားစဥ် မိုးနတ်ဘုရားဓားက ပြင်းပြင်းထန်ထန် မခံနိုင်သဖြင့် လုရွှမ်အား အသံတစ်ချက် ထွက်လာစေခဲ့သည်။

ဓားရှည်သည် အောက်ဘက်သို့ ဝေ့ယမ်းလိုက်တဲ့အခါ ကြောက်မက်ဖွယ် ကောင်းသော မိုးခြိမ်းသံသည် မိုးနတ်ဘုရားဓား နောက်သို့ လိုက်ကာ အောက်ဖက်ရှိ နတ်ဆိုးစပျစ်နွယ်ပင်ဆီသို့ ဦးတည်သွားလေသည်။

တဟုန်ထိုး မြည်သံများ၊ အက်ကွဲသံများနှင့်အတူ၊ နတ်မိုးခြိမ်းသံကြောင့် နောက်ထပ်ထူထပ်သော စပျစ်နွယ်ပင်များမှာ မီးသွေးခဲများအဖြစ် တိုက်ရိုက် ခုတ်ထစ်ခံလိုက်ရ၏။

လုရွှမ်၏ ဓားရှည်သည် ခက်ခက်ခဲခဲ ခုတ်ထစ်နေဆဲ ဖြစ်ပြီး ထူထဲသော နွယ်ပင်များမှာ ပိုင်းဖြတ်ခံလိုက်ရသည်နှင့် မီးသွေး ဖြစ်သွားတော့သည်။

နေရာတိုင်းတွင် သွေးများ ဖျန်းကျလာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ဝမ်းနည်းဖွယ် အူသံများ ပဲ့တင်ထပ်နေ၏။

လုရွှမ် အလျင်အမြန် ပြေးဆင်းလာပြီး ထိုစပျစ်နွယ်ပင်၏ အပိုင်းအစများကို ကျောက်စိမ်းပြားထဲ မဆိုင်းမတွ ထည့်သိမ်းလိုက်သည်။

"အိုက်ယိုးယိုး...."

စပျစ်နွယ်ပင်မှာ နောက်ဆုံးတွင် ရုန်းရင်းဆန်ခတ် ဖြစ်လာသည်။ နွယ်ပင်များက ပျံသန်းထွက်လာကာ လုရွှမ်ကို အရူးအမူး တိုက်ခိုက်ကြ​​တော့သည်။ အရှိန်အဟုန်က အလွန် အားကောင်းပြီး စွမ်းအားကလည်း ပိုကြောက်စရာ ကောင်းလာသည်။

သို့သော်လည်း အမြတ်အစွန်း ဆုံးရှုံးမှုများကို ၎င်းခမျာ ခံထားရသေးသည်။ နတ်ဆိုးစပျစ်ပင်၏ ပင်စည် ခုန်တက်လာသောအခါ လုရွှမ်သည် စပျစ်နွယ်ပင် ပုန်းအောင်းနေခဲ့သော ရောင်ဝါကို နောက်ဆုံးတွင် ထုတ်ဖော် ပြသသွားတာကို တွေ့လိုက်ရသည်။

လုရွှမ် စိတ်ဝိညာဉ် စွမ်းအားများ တဟုန်ထိုး တက်လာပြီး သူ့​အသက်ရှုသံက နတ်ဆိုးစပျစ်နွယ်ပင်ပေါ်သို့ ချိတ်ပိတ်ထားလိုက်သည်။ သူကိုယ်တိုင်က ကောင်းကင်သို့ ခုန်တက်သွားကာ မိုးကြိုးပစ်ချက်များကို သူ့အား တစ်ချက်ပြီး တစ်ချက် ရိုက်ခတ်လာ​စေပြီး သူ့ခန္ဓာကိုယ်ကို ဗုံးကြဲထားတာကြောင့် အလင်းရောင်က အင်မတန် တောက်ပနေသည်။

လုရွှမ် သူ့ကိုယ်သူ လျှပ်စီးကြောင်းများထဲ အဆက်မပြတ် ထိုးထွက်နေပြီး နောက်တော့ လျှပ်စီးကြောင်းတွေက သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်သွားသည်။ အကယ်၍ ဤမြင်ကွင်းကို တခြားသူများသာ မြင်ပါက ၎င်းတို့ အလွန်အမင်း ထိတ်လန့်သွားလိမ့်မည်မှာ သေချာပါသည်။ ဤအရာသည် သာမန်ကိုယ်ထည်ကို ကျော်လွန်ကာ အသွင်ပြောင်း ခန္ဓာကိုယ်ဆီသို့ ပြောင်းလဲသွားခဲ့​ပြီ။

အသွင်ပြောင်း ခန္ဓာကိုယ်မှာ ရုပ်ခန္ဓာ အလုံးစုံ မပျက်စီးသေးသရွေ့ အရာခပ်သိမ်းကို အသက်ဝင်အောင် အသွင်ပြောင်း၍ အမြင့်ဆုံးအဆင့်အထိ ပြုစုပျိုးထောင်နိုင်ပါက မသေနိုင်​တော့ပေ။ လုရွှမ်ရဲ့နယ်ပယ်က အဝေးမှာ ရှိနေဆဲဖြစ်သည်။ သို့သော် သူ့ခန္ဓာကိုယ်မှာ နတ်မိုးခြိမ်းသံနှင့် စတင်ပေါင်းစပ်နေပြီ ဖြစ်ပြီး အသွင်ပြောင်း ခန္ဓာကိုယ်ဆီသို့ ဆင့်ကဲပြောင်းလဲခြင်း၏ အစသို့ ရောက်ရှိ​နေ​ပြီ ဖြစ်သည်။

ကောင်းကင်မှ မိုးခြိမ်းသံက ဆက်လက် ပေါက်ကွဲနေပေမယ့် လုရွှမ်ရဲ့ ခန္ဓာကိုယ်ဟာ ဖြောင့်တန်းစွာ ရပ်ထားဆဲဖြစ်ပြီး သူ့လက်ထဲက ဓားဟာလည်း အလင်းရောင်တွေနဲ့ တောက်ပလို့ နေသည်။

"ဓားတစ်သောင်း ပေါင်းစည်းခြင်း!! ဖြတ်!"

လုရွှမ်ရဲ့ အော်သံ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ နတ်မိုးခြိမ်းသံများသည် ယခုအခိုက်တွင် မိုးကြိုးဓားများ အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွား၏။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ ပြောင်းလဲလာကာ သတ်ဖြတ်ချင်သည့် ပြင်းပြသော အငွေ့အသက်များက ပြည့်လျှံလာသည်။ မိုးကြိုးဓားများနှင့် ဝိညာဉ်စွမ်းအင် ဓားများသည် လုရွှမ်၏ အနောက်တွင် စုရုံးလာကာ သူ့လက်ထဲသို့ လျင်မြန်စွာ ပေါင်းစပ်သွားလေသည်။

"ဖြတ်!"

"ဖြတ်!"

"ဖြတ်!"

လုရွှမ် စကားတစ်ခွန်းတည်းကိုသာ အော်ပြောလိုက်သော်လည်း ရုတ်တရက် ကမ္ဘာပေါ်တွင် မရေမတွက်နိုင်သော ပဲ့တင်သံများ ထွက်ပေါ်သွားစေတဲ့အထိ အလွန် ကျယ်​လောင်သွားသည်။ အသံလှိုင်းများ အောက်တွင် မြက်ပင်များနှင့် မြေပြင်ပေါ်ရှိ သစ်ပင်များ၏ အရွက်များပေါ်တွင် ဓားသွားများ ရုတ်တရက် ထွက်ပေါ်လာတာကို တွေ့လိုက်ရသည်။

သူတို့ရဲ့ ယွမ်ချီတွေဟာ တဖြည်းဖြည်း စုစည်းလာရင်း ဓားသွားများနှင့်အတူ တင်းကျပ်စွာ ပေါင်းစည်း၍ ငါးဖမ်းပိုက်အဖြစ် ပြောင်းလဲသွားသည်။

"အာ......"

နတ်ဆိုးစပျစ်ပင်၏ ပင်စည်ပေါ်တွင် အဘိုးအို၏ မျက်နှာသည် တစ်ဖန် ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော စပျစ်နွယ်များသည် ၎င်းကို ထိန်းထားသည့် ဓားများကို ဖယ်ထုတ်ရန် ကြိုးစားရင်း ရိုင်းစိုင်းစွာ ကခုန်နေ​တော့သည်။

သို့သော် ကွဲအက်နေတဲ့ အသံတစ်ခုက ထွက်လာ၏။ စပျစ်နွယ်ပင်တွေပေါ်က နိယာမစွမ်းအင် လိုင်းတွေဟာ ဒီအချိန်မှာ သူတို့ရဲ့ ယခင်စွမ်းအားတွေကို ဆုံးရှုံးသွားရသလို ဓားနဲ့ အခုတ်ခံလိုက်ရတာနဲ့ ပြတ်တောက်သွားတော့သည်။

ဖြတ်တောက်ပြီး မြေပြင်သို့ မပြုတ်ကျမီတွင် ဓားသည် ကျိုးနေသော စပျစ်နွယ်ပင်များ​ကြားမှ ထွက်လာပြီး စပျစ်နွယ်၏ ပင်စည်ဆီသို့ ပြေးထွက်သွား၏။

နဆ်စပျစ်နွယ်ပင်မှာ ရုတ်တရက် ဆွံ့အသွားပြီးမှ ကျယ်လောင်စွာ ဟောက်လိုက်သည်။ အသံလှိုင်း ရိုက်ခတ်မှုကြောင့် ဓားတစ်ချောင်း ပြတ်သွားသည်။

နှစ်ဖက်စလုံးက ရုန်းရင်းဆန်ခတ်ဖြင့် လွန်ဆွဲ​နေပုံ ပေါက်​နေ၏။ စပျစ်နွယ်ပင်များ ကျိုးသွားသောအခါတွင် ဓားရည်ရွယ်ချက်က ကြီးထွားလာကာ ဓားကျိုးသွားသောအခါ နွယ်ပင်များက အသည်းအသန် တိုက်ခိုက်တော့သည်။

လုရွှမ်မှာ သူ့ခွန်အားကို စုဆောင်းနေရဆဲ ဖြစ်သည်။ ယခုအချိန်တွင် သူသည် အနီရောင် နေလုံးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့လက်ထဲတွင် ရှိသော မိုးနတ်ဘုရားဓားက သူ၏အတောက်ပဆုံး အချက်ဖြစ်သည်။

အင်မတန် ထူထဲသော နတ်မိုးခြိမ်းသံနဲ့အတူ မိုးကြိုးပစ်ချက်က ဆက်လက် ကျဆင်းလာသည်။ ယခုအခါတွင် မိုးကြိုးပစ်ချက်က တစ်မိုင်ခန့်ကျယ်သော နေရာအထိ လွှမ်းခြုံသွားလေပြီ။

လုရွှမ် ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များ ကွဲထွက်သွားပြီး သိုလှောင်အိတ်များပင် ပေါက်ထွက်သွားခဲ့သည်။ ကံကောင်း ထောက်မစွာနဲ့ သူသည် ကျောက်စိမ်းပြားထဲမှာ ပစ္စည်းတွေကို အချိန်မီ သိမ်းဆည်းထားနိုင်ခဲ့သည်။

ခန္ဓာကိုယ်ပေါ်က ပစ္စည်းတွေ ကွဲထွက်သွားသောအခါ စိမ်းပြာနဂါးရဲ့ နှလုံးကလည်း ပြင်းပြင်းထန်ထန် ခုန်ပေါက်လာသည်။ သန့်ရှင်းသော စိမ်းပြာနဂါး၏ စွမ်းအားများသည် လုရွှမ် ခန္ဓာကိုယ်ထဲမှ ထွက်​ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို အမြန် ပြုပြင်ကုသပေး​လေသည်။

All Chapters