အတိဒုက္ခကို ကျော်လွှားပြီးပြီ
Vol. 55 Ch. 4.331
သူ့နောက်က နဂါးအရိုးကြီးသည် ယခုအချိန်တွင် ရွှေရောင် အလင်းတန်းများဖြင့် ဖြာထွက် လင်းထိန်နေပြီး လုရွှမ်၏ ခန္ဓာကိုယ်ကို ရွှေရောင် အနားသတ်များဖြင့် အနီရောင် နေလုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
နဂါးအရိုးက ဂုဏ်ယူစွာ မတ်တပ် ထရပ်လိုက်သလို လုရွှမ်သည် သူ့စိတ်ထဲသို့ ပြင်းထန်သော စွမ်းအားတစ်ခု တိုးဝင်လာတာကို ခံစားလိုက်ရပြီး နောက်တစ်ခုက သူ၏ ခြေလက်များအတွင်းသို့ အရှိန်ပြင်းပြင်း ဝင်ရောက်လာသည်။
ခြေလက်တွေက ပြန်လည်မွေးဖွားလာသလိုပဲ သူတို့နောက်က နဂါးအရိုးကြီးဟာ တစ်နေရာတည်းမှာ မဟုတ်တော့ဘဲ ခန္ဓာကိုယ် တစ်ခုလုံးကို ချိတ်ဆက်ပြီး နောက်ဆုံးမှာတော့ တစ်ကိုယ်လုံးနီပါးက လူတစ်ယောက် သီးသန့် မဟုတ်တော့သလိုပင်။
နဂါးအရွတ်များလည်း လျင်မြန်စွာ ဖွဲ့စည်းလာကြပြီး နတ်မိုးခြိမ်းသံ၏ စွမ်းအင်အရည်ကို တစ်လုံးပြီးတစ်လုံး စုပ်ယူကာ ခန္ဓာကိုယ်အနှံ့က အရွတ်များဆီကို လျင်မြန်စွာ ချိတ်ဆက်ပေးလာသည်။ လုရွှမ် သူ့လက်သီးများကို တင်းတင်းဆုပ်လျက် ခန္ဓာကိုယ်ထဲတွင် တောရိုင်းတိရစ္ဆာန် တစ်ကောင် ရှိနေသည့်နှယ် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ယခုလည်း သူသည် နတ်သားရဲ တစ်ကောင်ကို ဖြားယောင်း သွေးဆောင်နေပြီး ၎င်းလွတ်မြောက်လာမည့် အချိန်ကို စောင့်နေသူလိုပင်။
ကျောက်စိမ်းပြားထဲမှ ကျားငယ်၊ ရွှေကျီးကန်းနှင့် ရားရားတို့သည် ထိတ်လန့်တကြား လှိုင်းလုံးများကြားတွင် ပြင်ပက အခြေအနေကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။
လုရွှမ်ရဲ့ ခွန်အားက သူ့ထက်နိမ့်ကျနေတာတော့ မဟုတ်ကြောင်း ကျားငယ်က ပထမဆုံးအကြိမ် သဘောပေါက်သွားခဲ့ပြီး အလားအလာကလည်း သူ့ထက်သာ လွန်နေသေးသည်။ ဤသူတော်စင်အတိဒုက္ခကပင် ထိုအချိန်က သူမ ကြုံတွေ့ခဲ့ရသော အတိဒုက္ခ ထိတ်လန့်ခြင်းထက် သာလွန်သွားပြီ။
ရွှေကျီးကန်းက အော်လေ၏။
"ဟမ့်... ဟိုတုန်းကတော့ ငါ ဘယ်လို ဘီလူးမျိုးနဲ့များ တွေ့ခဲ့တာလဲဆိုပြီး စဥ်းစားနေတာ... အခုတော့ ငါ အရမ်းကံကောင်းတာပဲ..အခု ကြည့်စမ်း ဒီကလေးက နောင်မှာ သခင့်ကို ကျော်သွားမှာတောင် ကြောက်ရတယ်"
ရားရားက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးပြီး “ကိုကိုက အကောင်းဆုံးပဲ” ဟု အားပေးစကားများ အော်ဟစ်နေတော့သည်။
လုရွှမ် ယခုအခိုက်အတန့်တွင် ဧရာမဓားကြီးကို အင်အားအကြွင်းမဲ့ ကိုင်ဆောင်ထားသည်။ မိုးနတ်ဘုရားဓားသည် မိုးကြိုးပစ်ချက်များကို လက်ခံထားသော်လည်း ခံနိုင်တဲ့ ကန့်သတ်ချက်ကို ရောက်ရှိနေပြီ ဖြစ်၏။ လုရွှမ် သတိမပေါ့ဝံ့ပေ။ နောက်ဆုံးတော့ ဤအရာသည် သူတော်စင်အဆင့်ရှိ ဘီလူးတစ်ကောင် ဖြစ်သည်။ သူ၏ လက်ရှိခွန်အားနှင့်ပင် ဤဘီလူးကြီးကို သတ်နိုင်မည်ဟု မသေချာပေ။
စူးချန်နှင့် နှိုင်းယှဉ်ပါက ဧရာမနတ်ဆိုး၏ စိတ်ပိုင်းဖြတ်မှုသည် အလွန်ပြင်းထန်လှသည်။ သူ၏ နိယာမစွမ်းအင် လိုင်းများကို ထိန်းချုပ်နိုင်စွမ်းက ပိုမြင့်မားပြီး သူ့ခန္ဓာကိုယ်ဟာလည်း စူးချန်နဲ့ နှိုင်းယှဉ်စရာ မရှိလောက်အောင် အစွမ်းထက်သည်။
စူးချန် ဒီကိုရောက်ခဲ့ရင် လုရွှမ် သူ့အတွက် အသက်တစ်ရာလောက် ဖြတ်တောက်ပေးနိုင်မယ်လို့ ခန့်မှန်းမိထားသည်။
"ဖြတ်!"
လုရွှမ် သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ခမ်းခြောက်သွားတယ်လို့ ခံစားလိုက်ရပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ့လက်များကို ဝှေ့ယမ်းကာ မိုးနတ်ဘုရားဓားကို အားကြိုးမာန်တက် အစွမ်းကုန် ခုတ်လှဲလိုက်သည်။
ကောင်းကင်ကို ဖြတ်တောက်တော့မတတ် ဓားအလင်းသည် တဖျပ်ဖျပ် လွင့်သွားကာ နောက်အခိုက်အတန့်တွင် နတ်ဆိုးစပျစ်ပင်ရှေ့တွင် ပေါ်လာ၏။ မိုးရေနတ်ဘုရားဓား မလွှဲခုတ်ထွင်မီ တဟုန်းဟုန်း တောက်နေသော ဓားရောင်ဝါသည် ကြီးမားသော နတ်မိုးခြိမ်းသံကို သယ်ဆောင်လာပြီး နတ်ဆိုးစပျစ်နွယ်ကို ဦးခေါင်းမှ အရင်းအထိ ဖြတ်တောက်ပစ်ကာ ဓားအလင်းကြီးနဲ့အတူ ပြိုလဲသွားခဲ့သည်။
မိုးနတ်ဘုရားဓားဆီမှာ တချွင်းချွင်း ခုတ်ပိုင်းသံနှင့်အတူ နတ်ဆိုးစပျစ်နွယ်ပင်ကို နှစ်ပိုင်း ပိုင်းဖြတ်ခဲ့သည်။
စပျစ်နွယ်ထဲမှ သွေးများ စီးကျလာပြီး နတ်မိုးကြိုး ပစ်ချက်ကြောင့် ချက်ချင်း အငွေ့ပျံသွားသည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးသည် ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ ဗုန်းဆို လဲကျသွားလေ၏။ နိယာမစွမ်းအင် လိုင်းများက စပျစ်နွယ်ပင်များထဲသို့ စုစည်းမိကြသည်။ ထို့နောက် စပျစ်နွယ်ပင်များသည် မီးပြင်းပြင်းဖြင့် လောင်ကျွမ်းသွားကာ မကြာမီ ကောင်းကင်မီးကြောင့် ပြာဖြစ်သွား၏။
"ရွှေရောင် ပုစဉ်းရင်ကွဲ တစ်ကောင်လို အခွံထဲကနေ လွတ်မြောက်ချင်သေးတယ်ပေါ့လေ... ဘယ်ပြေးမလို့လဲ"
လုရွှမ် သွေးတဖျပ်ဖျပ် တောက်နေသေးသည့် မြေပြင်ဆီသို့ ပြေးလာ၏။ ကျန်ရှိနေသေးသော အရာမှာ နတ်ဆိုး စပျစ်ပင်နွယ် ဖြစ်သည်။ တော်တော် ရဲရင့်စွာနဲ့ သူ့ရဲ့ပင်မခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး သစ်ကိုင်းတစ်ကိုင်းပေါ် ခိုးကပ်ကာ ထွက်ပြေးဖို့ ကြံစည်နေခြင်းပင်။
"နတ်မိုးကြိုးခုတ်ထစ်ခြင်း!"
ကောင်းကင်မှ နတ်မိုးခြိမ်းသံများက ဆက်လက် ထွက်ပေါ်လာခဲ့သည်။ လုရွှမ်၏ ဓားရှည်သည် ကောင်းကင်ကို ဖြတ်ကျော်ကာ နတ်မိုးကြိုး ပစ်ချက်များကို လမ်းညွှန်ပြနေသလို မြေပြင်ကို ဆက်တိုက် တိုက်ခိုက်လိုက်သည်။
လုရွှမ် ပါးစပ်မှ သွေးများ ထွက်ကျလာပြီး ကောင်းကင်မှ မိုးကြိုးပစ်ချက်များကို သူ့ကိုယ်ထဲသို့ စွဲဆောင်ကာ မြေပြင်ကို အဆက်မပြတ် ဗုံးကြဲနေသေးသည်။
အချက်ပေါင်းများစွာ အဆက်မပြတ် ဗုံးကြဲပြီးနောက် နောက်ဆုံးတွင် ရွှေနွယ်ပင် အုပ်စုတစ်စု မြေကြီးထဲမှ ခုန်တက်လာ၏။ ထို့နောက် ခြေထောက်တစ်ဖက် ကျိုးသွားသော အဘိုးကြီးအဖြစ်သို့ ပြောင်းသွားပြီး မြေပြင်ပေါ် လဲကျသွားသည်။
"ကောင်လေး... ငါမင်းနဲ့ ရန်ငြိုးရန်စ မရှိဘဲနဲ့ ဘာလို့ငါ့ကို ဒီလောက်ထိတောင် တိုက်ခိုက်နေရတာလဲ?"
အဖိုးအိုက ကျိန်ဆဲပြီး သူ့မျက်နှာက စိမ်းစိမ်းစိုစို အရောင်ပြောင်းသွားကာ နောက်တစ်ဖန် ရွှေရောင် ပြောင်းသွား၏။ တစ်ခါနှစ်ခါ အသွင်ပြောင်းပြီးရးနောင် အဘိုးအိုရဲ့ မျက်နှာက ပိုကောင်းလာခဲ့သည်။
"ရန်ငြိုးရန်စ မရှိဘူး? အဘိုးကြီး.... မင်းက အရှက်မရှိတုန်းပဲလား? မင်းငါ့ကို တိုက်ခိုက်ဖို့ အစမပျိုးခဲ့ဘူးဆိုရင် ငါ မင်းကို ဒုက္ခလာပေးလိမ့်မယ်လို့ ထင်နေလား?"
လုရွှမ်က အော်ပြောပေမယ့် သူ့လက်ထဲက လှုပ်ရှားမှုတွေက ရပ်တန့်မသွားဘဲ မိုးနတ်ဘုရား ဓား၏ အလင်းတို့က မြေပြင်ပေါ်သို့ ပြေးလွှားလျက် ရှိသည်။ အဘိုးအိုက ထိတ်လန့်တကြား ရှောင်တိမ်းကာ ဘယ်ညာ ပတ်ပြေးနေရသည်။
"ဒါဆို မင်းဘာလိုချင်လဲ?? နင်ငါ့အသက်ကို ချမ်းသာပေးရင် ငါအကုန် ပြောပြမယ်!!"
စကားမဆုံးခင်မှာ အဘိုးအိုရဲ့ တုန်လှုပ်ချောက်ချားနေတဲ့ လည်ပင်းကို ထိုးဖောက်ထားတဲ့ မိုးနတ်ဘုရားဓားကို ငုံ့ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက မယုံနိုင်မှု များစွာဖြင့် ပြည့်နှက်နေပေမယ့် စကားမပြောနိုင်တော့ပေ။
လုရွှမ် သူ့လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး အဘိုးကြီးရဲ့ ဝိညာဉ်ကို အပိုင်းပိုင်း ကွဲထွက်သွားစေသည်။
"ဟမ့် ငါ့ကို ငတုံးများထင်နေလား? ဒီသခင်လေးက အခုထိ အတိဒုက္ခကို ဖြတ်သန်းနေရတုန်းပဲကွ!"
ဒီစကားကိုသာ တခြားသူများကြားလျှင် သွေးအန်ကြလိမ့်မည်။ သူက ရန်သူကို သတ်ချင်နေတာ ထင်ရှားနေတာပဲ မဟုတ်ဘူးလား။
လုရွှမ် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်တွင် မိုးကြိုးအတိဒုက္ခ၏ တိမ်တိုက်များ ပျံ့လွင့်သွားတော့မည် ဖြစ်သောကြောင့် သူ အခွင့်အရေးကို ဆုပ်ကိုင်ကာ နတ်ဆိုးစပျစ်ပင်ကို မဆိုင်းမတွ သတ်ပစ်လိုက်ခြင်းပဲ ဖြစ်သည်။
မိုးကြိုးအတိဒုက္ခကို အားကိုး၍ စပျစ်နွယ်ပင် နတ်ဆိုးကို နှိမ်နင်းနိုင်ခဲ့သော်လည်း ယခုအခါ မိုးကြိုးအတိဒုက္ခက ပျောက်ကွယ်တော့မှာ ဖြစ်သည်။ မနှိမ်နင်းနိုင်ဘဲ စပျစ်နွယ်ပင် နတ်ဆိုးက လွတ်မြောက်သွားခဲ့ရင် စွမ်းအားတွေ ပြန်ကောင်းလာလိမ့်မယ်။ လုရွှမ်ကတော့ လျှို့ဝှက်ထားနိုင်တဲ့ အန္တရာယ်တွေကို ချန်မထားခဲ့ချင်ပါဘူး။
မိုးခြိမ်းသံ ဘေးအန္တရာယ် အနည်းငယ်ကို ခံနိုင်ရည်ရှိပြီးနောက် ကောင်းကင်က တိမ်တိုက်များ ပျောက်ကွယ်သွားခဲ့သည်။ လုရွှမ် နှလုံးသားမီး သစ်သီးကို ချက်ချင်းထုတ်ကာ အတွင်းနတ်ဆိုး ရောက်လာချိန့ကို စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက် အချိန်တိုလေး အတွင်းမှာပင် လုရွှမ် ကောင်းကင်မီးတောက်ကို အသုံးပြုကာ အတွင်းနတ်ဆိုးများ အားလုံးကို လောင်ကျွမ်းသွားစေခဲ့သည်။
ထိုအချိန်မှ စ၍ သူတော်စင် မိုးကြိုးအတိဒုက္ခ ဘေးဆိုးကြီးလည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်နှင့် မြေကြီးကြားရှိ မိုးကြိုးစွမ်းအင် အရည်လိုင်းများသည် စမ်းချောင်းများကဲ့သို့ လုရွှမ်ဆီ စီးဆင်းသွားသည်။ လုရွှမ် သူ့ပါးစပ်ကို ဖွင့်ဟကာ တစ်စက်မျှပင် မဖြုန်းတီးဘဲ သူ့ခန္ဓာကိုယ်ထဲသို့ လှိုက်လှိုက်လှဲလှဲ စုပ်ယူလိုက်သည်။
ရုပ်ခန္ဓာထဲတွင် ခွန်အားလှိုင်းများ တက်လာသည်။ အသက်ရှုသံများ တိုးလာကာ ကြွက်သားများလည်း သန်မာလာပြီး အရွတ်များ တောင့်တင်းကာ အရိုးများပင် သန်မာလာသည်။ သူ့ခန္ဓာကိုယ်မှ ဝုန်းကနဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲသံ ထွက်လာကာ အလင်းရောင်များ ဖြာထွက်သွားသည်။
လုရွှမ် စိတ်ဝိညာဉ် ဆေးလုံးတစ်လုံးကို တစ်လုံးပြီးတစ်လုံး ထုတ်ကာ သူ့ခွန်အားကို ပြန်လည်ရရှိအောင် လုပ်ဆောင်စေသည်။ မတ်တပ်ရပ်လိုက်သောအခါ သူ့ရှေ့တွင် ရွှေရောင် စပျစ်နွယ်ပင်တစ်ပင် ပေါ်လာ၏။ လုရွှမ် ကောက်ကိုင်လိုက်ရာ ၎င်းမှာ နတ်ဆိုး စပျစ်နွယ်ပင်၏ အရင်းအမြစ် ဖြစ်ကြောင်း သိလိုက်သည်။
ရွှေရောင်စပျစ်နွယ်ပင်ပေါ်မှာ ပြေးလွှားနေသော နိယာမစွမ်းအင် လိုင်းအမျိုးအစား အားလုံး ရှိသည်။ လုရွှမ် ဝမ်းသာအားရ ပြုံးလိုက်ပြီး
"ဒါ ငါ့ဟာ.... ငါ့ဟာပဲ ထွက်ပြေးလို့တောင် မရစေရဘူး"
ရွှေကျီးကန်း၊ ရားရားနှင့် ကျားဖြူလေးတို့ နှစ်ယောက်စလုံး ကျောက်စိမ်းပြားထဲမှ ပြေးထွက်လာကြပြီး ပတ်ဝန်းကျင် မြင်ကွင်းကို ထိတ်လန့်တကြား ကြည့်ကာ လုရွှမ်ရဲ့ အောင်ပွဲအတွက် အော်ဟစ် အားပေးနေကြသည်။
ကျားဖြူလေးနှင့် ရွှေကျီးကန်းတို့ကို အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် ထိုကလေးနှစ်ဦးသည် မကျေနပ်မှုများ မရှိတော့ဘဲ အံ့အားသင့်စရာ ကောင်းလောက်အောင် ပြောစကား နားထောင်ခဲ့ကြသည်။ လုရွှမ် တိတ်တဆိတ် စိတ်လှုပ်ရှားနေခဲ့၏။ အခက်အခဲများ အားလုံးပြီးသောအခါ နောက်ဆုံးတွင် ပျော်ရွှင်မှုက ရောက်လာတာပါပဲ။
ရွှေစပျစ်နွယ်ရဲ့ သစ်သားကို စစ်ဆေးကြည့်သောလည်း ရှင်းရှင်းလင်းလင်း နားမလည်နိုင်တာကို တွေ့ရလေ၏။ ကျားဖြူလေးက ပြေးလာပြီး သူ့ရင်ဘတ်ကို ကလေးကဲ့သို့ ခေါင်းလေးဖြင့် ပွတ်သပ်ကာ နှစ်ကြိမ်ခန့် အော်ညည်းလိုက်သည်။
"ဒါက ရွှေနဲ့ သစ်သားနိယာမက ရောစပ်နေတယ်လို့ မင်းပြောနေတာလား? အံသြစရာပဲ... ဒါပေမဲ့ ငါအခုထိ နားမလည်နိုင်သေးဘူး"
လုရွှမ် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ချုပ်နှောင်ထားပြီးနောက် ကျားငယ်လေးဆီကနေ သခင်တစ်ယောက်လို ဆက်ဆံခံလာရသည်။ အဝေးက မဟာသူတော်စင် အုပ်စုကြီးတစ်စုက လုရွှမ်ရဲ့ ဦးတည်ဘက်ကို လှမ်းကြည့်နေကြသည်။
"အကြီးအကဲကို တစ်ယောက်ယောက် တိုက်ခိုက်ချင်နေသေးလား? ဘယ်သူက ဒီလောက် အရှက်မဲ့ပြီး အကြီးအကဲကို ဘေးဆိုးတွေ ကြုံလာရအောင် တံခါးလာခေါက် ရဲသေးလဲ? ရှိရင်တော့ ငါ တစ်ခါတည်း ရှင်းထုတ်ပစ်မယ်"
ဟယ့်မင်ဖုန်းက အရောင်မဲ့တုတ်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြီး ပတ်ဝန်းကျင်က လူတွေကို ရူးသွပ်စွာ ရိုက်ချိုးပစ်ချင်သည့် မျက်နှာထားဖြင့် ဆိုလိုက်သည်။ အရောင်မဲ့တုတ်ဆီက အရိုက်ခံလိုက်ရတဲ့ မြေဆီလွှာတွေ အားလုံး အမှုန်အမွှားတွေ အဖြစ် ပျံထွက်သွားခဲ့သည်။