← Chapters

စိုးရိမ်​ခြင်းမဲ့ပင်လယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှု

Vol. 55 Ch. 4.332

စိုးရိမ်​ခြင်းမဲ့ပင်လယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှု

Vol. 55 Ch. 4.332

ဒီအခြေအနေကို မြင်တော့ တခြားသူတွေက ဒီလူသတ်ကြယ်ကို စော်ကားမှာ ကြောက်တာကြောင့် ခပ်ဝေးဝေးကို ထွက်ပြေးသွားကြသည်။

ရွှမ်ယွီရဲ့ ကျောင်းအုပ် နာမည်က ကျက်သရေရှိပေမယ့် ကြမ်းတမ်းသည်။ သူ့ကို မစော်မိကားတာက ပိုကောင်းပါ၏။ သူ့ကို စော်ကားမိရင် သေတဲ့အထိ တိုက်ခိုက် ခံရလိမ့်မယ်။ အရင်ကတော့ အရေးမကြီးပေမယ့် အခုတော့ ဧကရာဇ် လက်နက် အရောင်မဲ့တုတ် တစ်ချောင်းကို ရလိုက်တာနဲ့ သူ့ကို နှိုးဆွဖို့ ဘယ်သူကမှ မဝံ့ရဲကြတော့ပါဘူး။

ကြောက်ရွံ့နေချိန် အတွင်း တခြားသူများမှာမူ သူတို့မှာ ဘာလို့များ လုရွှမ်လို အကြီးအကဲမျိုး မရှိရတာလဲလို့ တွေးတောမိလာကြသည်။ စေတနာထားပြီး အခွင့်အရေးကို မယူတတ်သူပဲ ဖြစ်လေ၏။

"ဆရာတူအစ်ကို စိတ်မပူနဲ့.... မိုးကြိုးအတိဒုက္ခက အဆုံးမှာ ပျောက်ကွယ်သွားတာ မြင်လိုက်တယ်မလား? ဆိုလိုတာက အကြီးအကဲက မိုးကြိုးပစ်ချက် အတိဒုက္ခကို ဖြတ်ကျော်သွားပြီ.... အများဆုံး ဒဏ်ရာတချို့ ရခဲ့ရင်တောင် အဆင်ပြေလောက်ပါတယ်"

လင်ထျန်းဖောင့်က ကမန်းကတန်း အကြံပေး၍ အနည်းငယ် တင်းမာနေသော အခြေအနေကို ဝင်ဖြေလိုက်သည်။

"ဟုတ်တယ် ဆရာတူအစ်ကို.... အကြီးအကဲက နည်းမျိုးစုံနဲ့ အစွမ်းထက်တယ်... တစ်ယောက်ယောက်က ခိုးဝင်ပြီး တိုက်ခိုက်ရင်တောင်မှ အကြီးအကဲက အလွတ်ပေးမှာ မဟုတ်ဘူး... အစောက အလင်းတန်းတွေက ဒဏ္ဍာရီလာ ဓားတစ်​သောင်းစည်းလုံးမှု ဖြစ်နိုင်တယ်.... ရန်သူက ဘယ်လောက်ပဲ အားကောင်းနေပါစေ ဓားတစ်ချက်တည်းနဲ့ ထိုးသတ်ခံရမှာ သေချာတယ် စိတ်မပူပါနဲ့...."

ဟယ့်မင်ဖုန်းလည်း ဤအမှန်တရားကို သိသော်လည်း သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများက သူ့ကို တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ပေ။ သူက ဖန်းမင်ယန်ကို မုန်းတီးစွာ စိုက်ကြည့်ရင်း

"ဖန်းမင်ယန်.... မင်း ငါတို့ဂိုဏ်းရဲ့ အကြီးအကဲ ဘေးကင်းပြီး ဘာမှမဖြစ်ပါစေနဲ့လို့သာ ဆုတောင်းနေလိုက် မဟုတ်ရင် မင်းနဲ့ ငါဒီတစ်သတ် ဘယ်တော့မှ ပြီးသွားမှာ မဟုတ်ဘူး!!"

ဖန်းမင်ယန်မှာ စိတ်ဓာတ်ကျပြီး သွေးအန်ချင်​နေသော်လည်း ဧကရာဇ်ကျိုးရန်ကို နှလုံးသားထဲကနေ မုန်းတီးဖို့လည်း မဝံ့မရဲဖြစ်နေသည်။ လက်ရှိ သူ့ရဲ့သဘောထားကတော့ လုရွှမ်ကို သေပစ်လိုက် စေခြင်းသာ ရှိ၏။

လုရွှမ် သူ့ခွန်အားများကို ဖြည်းညှင်းစွာ ပြန်လည် ကုသခဲ့သည်။ မိုးကြိုးပစ်ချက် အရည်သည် အမှန်တကယ်ပင် ဘေးဥပဒ်ကို ကျော်ဖြတ်ပြီးနောက် အမြန်ဆုံး ခွန်အားပြန်လည်ရရှိစေသည့် ရတနာဖြစ်သည်။ တစ်နာရီ ကြာပြီးနောက် သူ့​​ဒဏ်ရာများ အပြည့်အဝ ပြန်လည် ကောင်းမွန်လာပြီး သူ့ခွန်အားမှာလည်း သူတော်စင်အဆင့်အထိ တိုးတက်လာခဲ့သည်။

ရုတ်တရက် သင်းပျံ့သော မွှေးရနံ့လေး သင်းပျံ့လာသလို ခံစားချက်မျိုး ခံစားလာရစေသည်။ ဤနေရာတွင် ကောင်းကင်နှင့် မြေကြီး၏ နိယာမ တရားများရှိကြောင်းကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

အတွေး တစ်ချက်ဖြင့် တိုက်ကွက်တစ်ခုကို စမ်းသပ်ကြည့်လိုက်သောအခါ စည်းမျဉ်းများက ပြင်းထန်လွန်းသဖြင့် ယခင်က အင်အားပြည့် လက်သီးထက် အနည်းဆုံး နှစ်ဆထက်မနည်း အားကောင်းလာခဲ့သည်။

သူအရင်က လေပြင်းနိယာမ ကျောက်ပြားထဲတွင် ရှိသော နိယာမစွမ်းအင်လိုင်းများ အကြောင်း မသိခဲ့သော်လည်း ယခုအခါတွင် သူနှင့် အနည်းငယ် ရင်းနှီးမှုရှိလာကြောင်း တွေ့ရှိခဲ့ရသည်။ သခင်ကျားဖြူ သင်ကြား​ပေးခဲ့သော လေပြင်းနိယာမ နှင့် အချင်းချင်း ယှဥ်ကြည့်ပြီးနောက် လုရွှမ် အသိဥာဏ်များစွာ ရရှိခဲ့သည်။

ကျားလေးသည် သူ့နှင့် ပို၍ နီးကပ်လာတာ သိသာလာ၏။ သူ့မျက်လုံးများက တောက်ပ ဖော်ရွေကာ ပို၍ လိမ္မာရေးခြား ရှိလာလေသည်။

နဂါးအရိုးများနှင့် နဂါးအရွတ်များသည် ခန္ဓာကိုယ်အတွင်း လုံးလုံးလျားလျား ပေါင်းစပ်ထားပြီးပြီ။ ယနေ့ခေတ် အင်အားကြီး လက်နက်များထဲမှ အနည်းဆုံး ခုနစ်ခုမှာ ၎င်းတို့ထံမှ ထွက်ပေါ်လာ​​ခြင်း ဖြစ်သည်။

လုရွှမ်ရဲ့ အတွေးတစ်ချက်တည်းနဲ့တင် နဂါးပုံသဏ္ဌာန် လေပွေငယ်လေးက လက်ဖဝါးပေါ်တွင် ဖြစ်ပေါ်လာပြီး အလွန် လျင်မြန်စွာ ပြေးလွှားနေ၏။ သေချာ နားထောင်​​ကြည့်ပါက နဂါးဟောက်သံကို ဖျတ်ခနဲ ကြားရလိမ့်မည်။

"ဝူး!" ကျားငယ်လေးက ရုတ်တရက် အော်လိုက်သည်။

"မင်း တစ်ယောက်ယောက် လာနေပြီလို့ ပြောချင်တာလား?"

လုရွှမ်က မေးလိုက်သည်။ ရွှေကျီးကန်းနဲ့ ရားရားက ကျောက်ပြားထဲ ပြန်ဝင်၍ လုရွှမ်နဲ့ ကျားဘေးက ဆက်လက်၍ ခရီးဆက်လာခဲ့ကြသည်။

ရှည်လျားသော ​အော်သံတစ်ခု ထွက်ပေါ်လာပြီးနောက် မြေပြင်ပေါ်တွင် ထုရိုက်နေသလို အသံတစ်ခု ထွက်ပေါ်လာသည်။ လုရွှမ် လေပေါ်တွင် ရပ်တန့်လျက် အဝေးကို လှမ်းကြည့်လိုက်ရာ သူတို့ဘက်ကို ပြေးလာနေတဲ့ ရွှေချိုများဖြင့် ပေါက်နေသော နွားသုံးကောင်ကို တွေ့လိုက်ရသည်။

အရှိန်က အလွန်မြန်သည်။ ခြေနှစ်ဘက်လုံး၏ ဦးချိုများပေါ်တွင် တောက်လောင်နေသော နိယာမစွမ်းအင် လိုင်းတချို့ ရှိ​နေသည်။ နေရောင်အောက်တွင် အလင်းရောင်များ ဖြာထွက် စီးဆင်းနေကာ တိမ်တွေပေါ် ပြေးလွှားနေသလိုပင်။

နွားသုံးကောင်သည် အလွန်လျင်မြန်သော်လည်း လုရွှမ်နှင့် ကျားငယ်တို့၏ အမြင်တွင် ၎င်းတို့သည် ဘာမှမဟုတ်သေးချေ။ နွားသုံးကောင်ကို စောင့်နေတဲ့ လုရွှမ်က သူ့ဓားကို ဝေ့ယမ်းလိုက်တာနဲ့ အရှေ့ဆုံးက ရွှေနွားခေါင်းရဲ့ ခန္ဓာကိုယ်က မြေပြင်မှာ လဲကျသွားတော့သည်။

"မြန်မြန်သွားတော့... ငါတို့မှာ စားစရာတွေ အများကြီး မရှိဘူး မဟုတ်ရင် မင်းတို့အားလုံးကို သတ်ပြီး စားရလိမ့်မယ်"

လုရွှမ်က ဆိုလိုက်လေသည်။

ကျန်နွားနှစ်ကောင်သည် နှာခေါင်းမှ အသက်ပြင်းပြင်း ရှုထုတ်​နေသော်လည်း ကြောက်လန့်သွားသဖြင့် နောက်ပြန် မလှည့်နိုင်ဘဲ ထွက်ပြေးသွားကြသည်။

လုရွှမ်က ရယ်မောပြီး ရွှေချိုအမဲသားရဲ့ အရေခွံတွေကို ဖယ်ထုတ်ပြီး အသားကို ကင်လိုက်သည်။ မကြာခင်မှာပဲ သင်းပျံ့တဲ့ ရနံ့က လူတိုင်းရဲ့ နှလုံးသားကို လန်းဆန်းသွားစေ၏။ ကျီးဖိုးဖိုးနဲ့ ရားကားလည်း ပြေးထွက်လာကြကာ မီးဝိုင်းမှာ အသားကင်တွေကို ဝေမျှ​ကြတော့သည်။

လုရွှမ့နှင့် တခြားသူများ အသားကင်စားရင်း အေးအေးဆေးဆေး အနားယူနေကြစဉ် အင်ပါယာလေးခုနှင့် ၎င်းတို့၏ လူများသည် ပြဿနာများနှင့် ရင်ဆိုင်နေရ၏။ သူတို့ စိုးရိမ်ခြင်းမဲ့ပင်လယ်၏ အလယ်ဗဟိုသို့ တဖြည်းဖြည်း ရောက်ရှိခဲ့ပြီ။

သူတို့ရှေ့က အဆုံးမရှိသော အပြာရောင်ပင်လယ်ကြီးကို ကြည့်လိုက်တော့ တစ်အုပ်စုလုံး ရပ်တန့်သွားခဲ့သည်။

"အစ်ကိုမင်ယန်.... ကျွန်တော်တို့ အဲဒီကို ဘယ်လို ဖြတ်သွားကြမလဲ?"

စိုးရိမ်​ခြင်းမဲ့ပင်လယ်သည် ကျော်ကြားသည့် တားမြစ်ဝိညာဉ်နွေဦး စွမ်းအင်တစ်မျိုး ရှိသည်ဟုလည်း ဆိုနိုင်သည်။ စိုးရိမ်ခြင်းမဲ့ ပင်လယ် အထက်တွင် ဝိညာဉ်စွမ်းအင်ကို ထိန်းသိမ်းထား၍ မရချေ။

သူတို့အထဲတွင် လူအနည်းစုပင် နတ်မျက်စိ အမှတ်မရှိဘဲ ရှားရှားပါးပါး လူတစ်ယောက်သာ နတ်မျက်စိအမှတ် ရှိ​လေသည်။

စိုးရိမ်ခြင်းမဲ့ ပင်လယ်ကြီးဟာ အင်မတန် ငြိမ်းချမ်းနေသလို ပင်လယ်ရေ မျက်နှာပြင်ဟာ မှန်တစ်ချပ်လိုတောင် ချောမွေ့နေတာကို မြင်ရလေ၏။ သို့သော် စိုးရိမ်ခြင်းမဲ့ပင်လယ် အထက်က ကောင်းကင်တွင် မိုးသက်မုန်တိုင်းများက နေရာပေါင်းစုံမှ ကြုံရာကျပန်း အရှိန်အဟုန်ဖြင့် ရွေ့လျားနေပြီး ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ​ဖြတ်တောက်ပစ်သလိုမျိုး အရှေ့စူးစူးကို မမြင်နိုင်လုနီးပါး ဖြစ်နေသည်။

ကျင့်ကြံသူ တစ်ယောက်သည် လမ်းမှာ ဖမ်းလာခဲ့သော ဝိညာဉ်သားရဲ တစ်ကောင်ကို စိုးရိမ်ခြင်းမဲ့ပင်လယ် အထက်ကို လှမ်းပစ်လိုက်သည်။ ဝိညာဥ်သားရဲမှာ လေထုအလယ်တွင် လုံးဝ မလှုပ်ရှားနိုင်ဘဲ စိုးရိမ်ခြင်းမဲ့ ပင်လယ်ထဲသို့ ထိုးကျသွား​တော့သည်။

ထင်ယောင်ထင်မှား ပုံရိပ်ယောင် တစ်ခုထဲ ​ပြုတ်ကျသွားသလိုပဲ ဝိညာဉ်သားရဲဟာ ရုန်းကန်မှု မရှိဘဲ ငြိမ်သက်စွာ မျောပါနေ၏။

သို့သော် ၎င်း၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။ ၎င်း၏ ဆံပင်၊ အရေခွံနှင့် အသား စသည်ဖြင့် နောက်ဆုံးတွင် အရိုးစု အဖြစ်သို့ ပြောင်းလဲသွားရာ မဟာသူတော်စင်ကြီးများ အချင်းချင်း ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

အရိုးများသည် ရေအိုင် အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ လုံးဝ မမြင်နိုင်တော့ဘဲ ပင်လယ်ထဲ နှစ်မြှုပ်သွားခဲ့သည်။ ဖြစ်စဉ် တစ်ခုလုံး ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် လှိုင်းလုံးကြီး တစ်ခုမျှပင် မရှိခဲ့ပေ။

"ပင်လယ်ထဲမှာ ဝိညာဉ်စွမ်းအင် မရှိဘူး.... ကောင်းကင်က တိမ်တိုက်တွေကလည်း လှုပ်ရှားနေတယ်... ငါတို့ မပျံနိုင်ဘူးဆိုတော့ အခု ဘယ်လို လုပ်ကြတော့မလဲ?"

"အစ်ကိုမင်ယန်.... ကောင်းကင်ဘုံသခင် ဧကရာဇ်ကျိုးရန် ချန်ထားတဲ့ နေရာက ပင်လယ် အလယ်က ကျွန်းငယ်လေးမှာ ဆိုတာ တကယ်ပဲလား?"

ဖန်းမင်ယန်က ပြောလာသော လူကို ပြန်ကြည့်ကာ။

"ဟုတ်တယ် မမှားနိုင်ဘူး.... မင်းက ဧကရာဇ်ကျိုးရန် ဘယ်လို ရောက်သွားတာလဲလို့ မေးချင်နေတာလား? ဟမ့် သူက ကောင်းကင်ဘုံသခင်လေ"

ဖန်းမင်ယန်မှာ စိတ်ဓာတ်ကလည်း ကျနေခဲ့ရာ ဒေါသတကြီး အော်လိုက်တော့သည်။

ဆူပူကြိမ်းမောင်းခြင်း ခံရပြီးနောက် တစ်ဖက်လူကလည်း စိတ်အေးအေးထားပြီး စိုးရိမ်ခြင်းမဲ့ ပင်လယ်ကို ဘယ်လို ဖြတ်ကျော်ရမလဲ ဆိုတာ စဉ်းစားလာရတော့သည်။ သူ့ရင်ထဲမှာ နာကြည်းမှုတွေက တိတ်တဆိတ် ရှိနေခဲ့ပြီး တည်နေရာကို ချန်ထားခဲ့ပေမယ့် ပင်လယ်ကို ဘယ်လို ဖြတ်ကျော်ရမယ် ဆိုတာ ဘာမှ မပြောပြခဲ့ဘူးလေ။

ခဏလောက် စဉ်းစားပြီးတဲ့အခါ ဘယ်လိုမှ နည်းလမ်း စဥ်းစားမရတော့တဲ့ အတွက် သူက တခြားလူတွေဘက်ကို ကြည့်လိုက်ပြီး

"မိတ်ဆွေတို့.... ငါတို့ရဲ့ လက်ရှိ အခြေအနေကို မင်းတို့လည်း မြင်ပြီးပြီပဲ... အခု ဘာနည်းလမ်းတွေများ စဥ်းစားမိကြလဲ မသိဘူး..."

လူတိုင်းက စကားမပြောဘဲ ခေါင်းသာ ခါပြကြသည်။ ကောင်းကင်ကို ပျံသန်းလို့ မရ၊ ပင်လယ်ထဲလည်း ဝင်လို့မဖြစ်၊ ဝိညာဥ်စွမ်းအင်ကလည်း ချိတ်ပိတ်ခံထားရမှတော့ ဘယ်လိုလုပ် နည်းလမ်း ရှိပါတော့မလဲ။

"ကောင်းကင်ဘုံသခင်က စာတစ်စောင် ရေးထားခဲ့တယ်.... ကျွန်းပေါ်မှာ စိုက်ထားတဲ့ သဘာဝပစ္စည်းနဲ့ ​ကောင်းကင်မြေကြီးရဲ့ ရတနာတွေ အများကြီး ရှိတယ်... အဲဒီနေရာကို ပထမဆုံး ရောက်အောင် လျှောက်လှမ်းနိုင်ရင် အဲဒီလူ ကျွန်းကိုရောက်တဲ့အခါ ပထမဆုံး ရှားပါးအပင်ကို ရွေးနိုင်လိမ့်မယ်တဲ့!"

ဖန်းမင်ယန်က သူ့သွားတွေကို အံကြိတ်ပြီး ဆိုနေသည်။ သူ့မျက်လုံးတွေက လူအုပ်ကို အကဲခတ်ရင်း သူ့နှလုံးသားထဲမှာတော့ ဒီလူတွေကို လင်းတတွေဟုသာ တိတ်တဆိတ် ကျိန်ဆဲနေတော့သည်။ သူတို့အားလုံးက ဘာအကျိုးမှ မမြင်ရ​သေးဘဲ မစမ်းသပ်ချင်ကြတဲ့ လင်းယုန်တွေလို အရှင်သခင်တွေပါပဲ။

“ကျွန်မ စမ်းကြည့်မယ်”

တစ်စုံတစ်ယောက်က ချက်ချင်း ပြန်ဖြေလာသည်။ ဖန်းမင်ယန် သူ့စိတ်ထဲက ဒေါသ ထွက်နေသော်လည်း ပြုံးလိုက်သေး၏။

"အိုး... ဟုန်ရစ်ဧကရာဇ် အင်ပါယာထဲက နတ်သမီးချင်းယိုးကိုး... ကျေးဇူးပြုပြီး ကြွပါ"

နတ်သမီးချင်းယိုးက ရုပ်သေးရုပ် တစ်ရုပ်ကို ထုတ်လိုက်၏။ ၎င်းမှာ လူမျက်နှာ သဏ္ဌာန်ရှိ ပင့်ကူဖြစ်သည်။ ၎င်း၏နောက်ကျောရှိ ကွက်ကွက်ကွင်းကွင်း လူသားမျက်နှာသည် ပင့်ကူနှင့် တွဲကပ်ထားလျက် ရှိကာ ဖော်မပြနိုင်လောက်အောင် ရွံရှာစရာ ဖြစ်နေသည်။

"ကျွန်မရဲ့ လူမျက်နှာပင့်ကူရုပ်က ရေပေါ် ပြေးတဲ့နေရာမှာ အ​တော်ဆုံးပဲ.... အရှိန်မြန်ပြီး ကြီးကြီးမားမား ပြဿနာ မဖြစ်စေ​လောက်ပါဘူး... ဒါဆို ကျွန်မတို့ကို ဖြတ်ကျော်သွားနိုင်အောင် ကူညီပေးနိုင်လောက်တယ်"

All Chapters