ကြောက်စရာကောင်းတဲ့ငါး
Vol. 55 Ch. 4.335
ခြေဖဝါးအောက်ရှိ လေများနှင့်အတူ သန်မာသော ခန္ဓာကိုယ်ကို လုံးလုံး အားကိုးရုံဖြင့် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ကို အသုံးပြုရန် မလိုအပ်ချေ။ တခြားသူများ ထင်ထားသည့် အလွန်ကြောက်စရာ ကောင်းသော လေပွေသည် လုရွှမ်နှင့် ကျားဖြူလေးတို့အတွက် ခြေရာခံ ဖြစ်လာကာ စိုးရိမ်ခြင်းမဲ့ပင်လယ်ရဲ့ အလယ်သို့ ပြေးသွားခဲ့သည်။
“ဟိုမှာ ဘာကြီးလဲ”
မဟာသူတော်စင် များစွာက အော်လိုက်သည်။
စိုးရိမ်ခြင်းမဲ့ ပင်လယ်၏ ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာများကို မြင်တွေ့ပြီးနောက် ဝိညာဉ်စွမ်းအင် သို့မဟုတ် ယွမ်ချီ မရှိဘဲ ဤပင်လယ်၌ သက်ရှိသတ္တဝါများ မရှိနိုင်ဟု မဟာသူတော်စင်များက သဘာဝကျကျ တွေးထင်ခဲ့ကြသည်။
ဒါပေမဲ့ သူတို့မှားသွားပြီ။
တစ်ရက်လောက် ထွက်လာ ပြီးသောအခါတွင် တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်ရင်း ရှေ့ကို ဆက်လျှောက် သွားခဲ့ကြသည်။ နောက်ဆုံးမှာတော့ စိုးရိမ်ခြင်းမဲ့ ပင်လယ်ထဲမှာ ထူးဆန်းတဲ့ငါးတွေ ကူးခတ်နေတာကို တွေ့လိုက်ရပါပြီ။
ငါးတွေအားလုံးသည် သေးငယ်တယ်လည်း မဟုတ် ကြီးကြီးမားမားလည်း မဟုတ်ပဲ လက်တစ်ချောင်းစာခန့်သာ ရှိပြီး ၎င်းတို့သည် လုံးလုံးလျားလျား ဖောက်ထွင်း မြင်နိုင်သောကြောင့် ဂရုမစိုက်မိပါက သေချာပေါက် လွဲချော်သွားမှာ ဖြစ်သည်။
ဒါပေမဲ့ ဒီလိုငါးသေးသေးလေးတွေ အများကြီးရှိပြီး အရေအတွက် များလွန်းတာက သူတို့ကို ကြောက်စရာ ကောင်းတယ်လို့ ခံစားလာရစေသည်။
စိုးရိမ်ခြင်းမဲ့ပင်လယ်မှာ ဝိညာဉ်စွမ်းအင် မရှိတာ ဘာကြောင့်လဲ ဆိုတာကို နောက်ဆုံးတော့ သူတို့ သိသွားကြပါပြီ။ ဒါက အဓိက အကြောင်းရင်း မဟုတ်ရင်တောင် အချိုးအစား ကြီးကြီးမားမား ရှိနေမှာ သေချာပါ၏။
ငါးလေးတွေဟာ စိုးရိမ်ခြင်းမဲ့ ပင်လယ်ထဲမှာ ရှင်သန်နိုင်ရုံ သာမက သူ့ရဲ့ ခုန်နိုင်စွမ်းရည်က ပိုလို့တောင် အစွမ်းထက်ပါသည်။ တစ်ချက် ခုန်လိုက်တာနဲ့ မီတာဒါဇင်များစွာ မြင့်ပြီး ၎င်းတို့သည် အုပ်စုဖွဲ့ ခုန်နေကြခြင်း ဖြစ်သည်။
ရုတ်တရက် ရေပေါ်ကနေ ခုန်ဆက်လိုက်တာ လေထဲမှာ တံတားတစ်စင်း ဆောက်ထားလိုက်သလိုပဲ။
ကံကောင်း ထောက်မစွာနဲ့ ဤဦးဆောင်သူများ အားလုံးသည် မဟာသူတော်စင်များ ဖြစ်ကြပြီး တခြားသူများကို ဘေးကင်းသော နေရာတွင် ထားခဲ့ကြသည်။ မဟုတ်ပါက သူတော်စင်တွေကို ကယ်ဆယ်ဖို့ မပြောနဲ့ သူတို့ကိုယ်တိုင်ပင် ငြိစွန်းနေပေမည်။
လူအုပ်ကြီးသည် အလွန်ထိတ်လန့် တုန်လှုပ်သွားကြသည်။ ယခုအခိုက်အတန့်တွင် အားလုံးသော မဟာသူတော်စင်များက ဟယ့်မင်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဥ်စွမ်းအင်များကို တစ်ယောက်ပြီး တစ်ယောက် တွန်းပို့ပေးရင် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ သူက လှေကို ထိန်းချုပ်ကာ ငါးငယ်များ အမဲလိုက်ရာမှ ရှက်ရွံ့စွာ ထွက်ပြေးခဲ့သည်။
ငါးသေးသေးလေးတွေက အရမ်းမြန်ပြီး လိုက်ဖမ်းပြီ ဆိုတာနဲ့ မရပ်တော့ပေ။ သုံးရက်ဆက်တိုက် ရိုင်းစိုင်းစွာ ပြေးလွှားနေကြရ၏။ လှေကိုသာ ဝင်တိုက်မိပါက ယခုအချိန်တွင် လှေပျက်ကျသွားသည်နှင့် အားလုံး သေဆုံး ကုန်ကြလိမ့်မည်။
မမျှော်လင့်ဘဲ လှေငယ်လေးက ဆက်လက် ရွေ့လျားနိုင်ခဲ့ပြီး ယခုအချိန်တွင် ဖန်းမင်ယန်မှလွဲ၍ လူတိုင်းက အကြီးအကဲလုရွှမ်ကို ချီးကျူးနေခဲ့ကြသည်။
"ဟေး.... နောက်ကငါးလေးတွေ မလိုက်လာတော့သလိုပဲ..."
နောက်ဆုံးတော့ လူတစ်ယောက်က သူတို့နောက်ကို ငါးလေးတွေ လိုက်မဖမ်းတော့ဘဲ တစ်နေရာမှာ ကူးခတ်နေနေတာကို တွေ့လိုက်ရ၏။ မထိန်းနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်ကြသည်။ သူတို့သာ ဆက်လိုက်နေမယ် ဆိုရင် လွတ်မြောက်နိုင်မလား ဆိုတာ သူတို့လည်း မသိပါဘူး။
"အပျော်မစောနဲ့ဦး... ငါးလေးတွေ လိုက်ဖမ်းတာ ရပ်သွားတာက ဖြစ်နိုင်...."
စကားမဆုံးခင်မှာ သူတို့ရှေ့မှာ ကျယ်လောင်တဲ့ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းရဲ့ မျက်စိရှေ့ကို နဂါးနဲ့တူတဲ့ ဧရာမ သားရဲကြီး တစ်ကောင် ပေါ်လာ၏။ အားလုံး ထိတ်လန့်သွားကြစဥ် နောက်ကျောမှာ အတောင်နှစ်ချောင်းနဲ့ ကြီးမားလှတဲ့ ထိုနဂါးခေါင်းကြီးက သူတို့လှေကို ကိုက်လာတော့သည်။
"မြန်မြန် သွားကြရအောင်!"
သူတော်စင် စွမ်းအားသည် တစ်ဖန် ပြန်လည် အားကောင်းလာကာ ဟယ့်မင်ဖုန်းသည် ယခုအချိန်တွင် သူ၏ ခွန်အားကို ထိန်းထားရန် မဝံ့မရဲ ဖြစ်နေပြီ။ အရေးကြီးသော အခိုက်အတန့် အတွက် ပြင်ဆင်ရန် သူ့တွင် ခွန်အားမရှိမှာကို စိုးရိမ်လာမိသည်။
လှေအရှိန် တိုးလာသော်လည်း လူတိုင်းကို ထိတ်လန့် တုန်လှုပ်သွားကြစေတဲ့ အရာတစ်ခု ဖြစ်သွားခဲ့သည်။ လှေအရှိန် ပြင်းပြင်းထန်ထန် တိုးလာသောအခါ အားလုံး ဖြောင်းကနဲ အသံတစ်သံ ကြားလိုက်ကြရသည်။ လှေအဆုံးတွင် ထိုင်နေသော မဟာသူတော်စင်က အော်ဟစ်လာ၏။
"လှေအမြီးပိုင်းက အက်ကွဲသွားပြီ!"
"ခွန်အားရှိသမျှနဲ့ အစွမ်းကုန် အရှိန်မြှင့်လိုက်တော့... အနည်းဆုံး သုံးရက်အတွင်း လိုရာခရီးကို အရောက်သွားနိုင်လောက်တယ်"
ဖန်းမင်ယန်က အော်ဟစ်လိုက်ပေမယ့် သူ့စိတ်ထဲတွင်တော့ ပျော်ရွှင်မှု အနည်းငယ် ခံစားလိုက်ရသည်။
ရှိသမျှခွန်အားနဲ့လား ဟမ့်! မြန်လေ လှေပျက်စီးလေလေပဲ။ သုံးရက်? ဟားဟား သုံးရက်အတွင်း ရောက်နိုင်ရင် သရဲတစ္ဆေတွေ ဖြစ်ကုန်လောက်ပြီ!
ဖန်းမင်ယန်ရဲ့ စကားများကို ကြားလိုက်ရသော်လည်း ဘယ်သူကမှ မှားတယ်လို့ မထင်ခဲ့ကြပေ။ အခု အလျင်စလို မလုပ်ရင် ဘယ်လောက်ကြာအောင့် တောင့်ခံထားနိုင်မလဲ မသိတော့ဘူးလေ။
ဟစ်အော်သံများကြားတွင် လှေနဲ့သားရဲကြား အကွာအဝေးသည် ကျယ်လာပြီး လှေရဲ့ အရှိန်မှာလည်း အမှန်ပင် မြန်ဆန်လာသည်။ လှေတစ်စင်းလုံးတွင် ပြေးလွှားနေသော အလင်းရောင်များက တောက်ပစွာ ထွန်းလင်းနေပြီး အလွန်လျင်မြန်လှသည်။ နောက်ကွယ်ရှိ နဂါးသားရဲသည် ၎င်း၏ အတောင်ပံများကို အကြိမ်အနည်းငယ် ခေါက်၍ ကျယ်လောင်စွာ ဟောက်လိုက်ရာ မီးတောက်တစ်လုံး ထွက်လာတော့သည်။
မီးတောက်ကြောင့် သူတို့အားလုံးရဲ့ မျက်လုံးတွေ နီရဲကုန်ကြသည်။ မီးတောက်ကို မခုခံနိုင်မီတွင် ထူးဆန်းသော မီးလျှံတစ်ခုထက် မနည်းသော မီးတောက်၏ အပူကို သူတော်စင်များအားလုံး ခံစားနိုင်သည်။ မဟာသူတော်စင်များ အနေနှင့် မီးတောက်ကို ခဏလောက် ခုခံထားရှိရန် ပြဿနာ မရှိသော်လည်း လှေငယ်မှာ သေချာပေါက် ပျက်စီးသွားမှာ ဖြစ်သည်။
"ပြေး!"
လှေသည် ရိုင်းစိုင်းစွာ ပြေးလွှားနေပြီး သူတော်စင်ကြီးများ အားလုံး ထိတ်လန့်သွားကြသည်။ ဒီခရီးသည် ခက်ခဲပြီး အန္တရာယ်များလွန်းသဖြင့် မဟာသူတော်စင်ကြီးများပင် ရောက်နိုင်သည့်နေရာ မဟုတ်တာ သေချာလေသည်။
ကံကောင်း ထောက်မစွာဖြင့် မီးတောက်များ အရှိန် တက်လာသောအခါတွင် လှေသည် မီးတောက်များနှင့် ကပ်သီးကလေး လွတ်သွားခဲ့သည်။ ပူပြင်းလှသော အပူဒဏ်ကို လှေပေါ်တွင် ထိုင်နေသော မဟာသူတော်စင်ကြီးများလည်း သူတို့ တင်ပါးတွေကို မီးလောင်သွားသလိုမျိုး ခံစားလိုက်ရသည်။
သဘာဝဘေးဒဏ်များကို အထပ်ထပ် ကြုံတွေ့နေရသည့် သာမန် လူသားများ၏ ထိတ်လန့်မှုနှင့် စွမ်းအားမဲ့မှုတွေလိုပဲ အခုအချိန်မှာ သူတို့စိတ်ဓာတ်များမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေ၏။
ကျားဖြူလေးက တက်ကြွလှသည်။ သူသည် လေပွေများကို ဆက်လက်စီးနင်းကာ လေထဲတွင် အလွန်လျင်မြန်စွာ ပြေးထွက်သွားသည်။ လုရွှမ် အစကတော့ အနည်းငယ် တုန်လှုပ် ချောက်ချားနေပေမယ့် လျင်မြန်စွာ နောက်မှ နီးကပ်စွာ လိုက်သွားခဲ့သည်။
ကျားဖြူလေးက လုရွှမ်နဲ့ ထပ်ပြိုင်ဖို့ ကြိုးစားရင်း ညည်းတွားပြီး ရှေ့ကို အမြန်ပြေးသွားသည်။
လုရွှမ်သာ ရယ်သာ ရယ်မောနေရင်း အနောက်ကနေ ဆက်လိုက်နေခဲ့သည်။ သူတို့နှစ်ယောက်ရဲ့ ရုပ်ပုံများသည် အလင်းတန်း တစ်ခုလို တခဏအတွင်း ပျောက်ကွယ်သွားသည်။
"အိုး.... ငါးသေးသေးလေးတွေ ရှိနေတာပဲ!"
လုရွှမ် အံ့အားသင့်စွာ ဆိုလိုက်သည်။ သူ့လက်ဖဝါးပေါ်ရှိ နိယာမစွမ်းအင်လိုင်းများ လင်းလက်လာပြီး လက်ထဲတွင် ခုန်တက်လာသော ငါးငယ်လေးကို ဖမ်းမိသွားသည်။
သူ့လက်ထဲက သူတော်စင် စွမ်းအားတွေ လျင်မြန်စွာ ပျောက်ကွယ်သွားတာကို ခံစားလိုက်ရသဖြင့် လုရွှမ် လန့်သွားသည်။ ဒီငါးလေးတွေက စွမ်းအင်စုပ်ယူမှု အရမ်းမြန်လွန်းတဲ့ လေပွေမုန်တိုင်းတွေလိုပင်။
ယခုအခါ လုရွှမ်သည် သူတော်စင်တစ်ဦး ဖြစ်နေပြီ ဖြစ်ပြီး သူ၏ သူတော်စင် စွမ်းအားသည် သာမန် သူတော်စင်များထက် အဆပေါင်းများစွာ အားကောင်းနေပြီ။ သို့သော် မျက်စိတစ်မှိတ် အတွင်းမှာပင် သူ့လက်ဖဝါးက သူတော်စင်စွမ်းအား အားလုံးကို စုပ်ယူသွားပြီး စုပ်ယူမှုစွမ်းအားက လက်ကောက်ဝတ်အထိ တိုက်ရိုက် ပျံ့နှံ့လာသည်။
"အရမ်းတော်တဲ့ကောင်ပဲ!"
လုရွှမ် သူတော်စင် စွမ်းအားကို မသုံးတော့ဘဲ ရုပ်ခန္ဓာရဲ့ ကြံ့ခိုင်မှုကို ထုတ်လွှတ်ရင်း ပြောလိုက်သည်။ လုရွှမ် ခုန်တက်လာသော ငါးလေးများကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။
ဝိညာဉ်စွမ်းအင်များ အရှိန်အဟုန် ပြင်းပြင်း ထွက်လာရာ လုရွှမ် သူ့ပါးစပ်ကို ဖွင့်ကာ ရှူသွင်းလိုက်တာနဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။ ထိုအေးမြသော စွမ်းအားသည် သူ့ခန္ဓာကိုယ်ကို မထင်မှတ်ဘဲ တုန်လှုပ်သွားစေပမယ့် အလွန်သန့်ပေ၏။
လုရွှမ် အစကတော့ ရွှမ်ခုန်းတောင်မှာရှိတဲ့ အဘိုးကြီးရွှမ်ဟွမ်ရဲ့ အဆုံးမရှိ ဖိသိပ်ထားနိုင်သော ဝိညာဉ်စွမ်းအင်က အလွန်သန့်စင်တယ်လို့ ထင်ခဲ့သော်လည်း ဒီငါးလေးရဲ့ ဝိညာဉ်စွမ်းအင်နဲ့ နှိုင်းယှဉ်ပါက နောက်ကျ ကျန်နေသေးသည်။
ဤငါးသေးသေးလေးများ၏ ဝိညာဉ်စွမ်းအင်သည် ဤကမ္ဘာကြီးကို စတင် ဖွင့်လှစ်ခဲ့သည့် မူလစွမ်းအားနှင့် တူလေသည်။ ၎င်းသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ သူတော်စင် စွမ်းအားဖြင့် သန့်စင်ပေးရုံသာမက သူ့ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ စိမ်းပြာနဂါးရဲ့ စွမ်းအင်အဖြစ်လည်း ပြောင်းလဲသွားသည်။
သူ့ခန္ဓာကိုယ်ထဲရှိ စိမ်းပြာ နဂါး၏ စွမ်းအားနှင့် ပတ်သက်၍ လုရွှမ်သည် ထိုအရည်အသွေးကို မြှင့်တင်ရန်နှင့် စွမ်းအင် အရေအတွက်ကို တိုးမြင့်ရန် နည်းလမ်းများစွာကို တွေးတောခဲ့ဖူးသည်။ ဒါပေမဲ့ နည်းလမ်း အားလုံးကို စမ်းကြည့်ပြီးတာတောင် စိမ်းပြာနဂါးရဲ့ စွမ်းအားနဲ့ နယ်ပယ်နဲ့ ဖြည်းဖြည်းချင်း တိုးလာတာ အလွန်နှေးကွေးလွန်း၏။
စိမ်းပြာနဂါး၏ စွမ်းအင်အဆင့်သည် သူတော်စင် စွမ်းအင်ထက် အဆင့်တစ်ဆင့် မြင့်နေသော်လည်း ၎င်းကို အချိန်အကြာကြီး အသုံးမပြုနိုင်ပေ။ ဆိုလိုသည်မှာ အရေးပါသော အခိုက်အတန့်တွင်သာ အသုံးပြုနိုင်ပြီး တစ်ကြိမ်အသုံးပြုပြီးနောက် ကြာမြင့်စွာ ပြန်ကောင်းလာဖို့ အချိန်ကြာပေမည်။
ဒီလျှို့ဝှက် ဆန်းကြယ်တဲ့ စိုးရိမ်ခြင်းမဲ့ပင်လယ်ထဲက ငါးလေးများဟာ စိမ်းပြာနဂါးရဲ့ စွမ်းအားကို မြှင့်တင်ရန် နည်းလမ်း ရှာပေးလာမယ်လို့ လုရွှမ် အမှန်တကယ် မမျှော်လင့်ထားခဲ့ပါ။
"ရှောင်ပိုင် ဒီငါးသေးသေးလေးကို များများလေး ဖမ်းလိုက်ကြရအောင်"
လုရွှမ် စိတ်ကြွဆေးပြားတွေ အားရပါးရ စားထားတဲ့ လူတစ်ယောက်လို မျက်နှာနဲ့ လှမ်းအော်လိုက်လေသည်။