← Chapters

ငါးနဂါး

Vol. 55 Ch. 4.336

ငါးနဂါး

Vol. 55 Ch. 4.336

လုရွှမ် သူ့စိတ်တွေကို အလုပ်နှစ်ခု ခွဲပြီး လုပ်လိုက်သည်။ သူ့ခြေထောက်အောက်က လေ​ပွေကို အဆက်မပြတ် နင်းဖြတ်ရင်း ငါးလေးများကို လက်နှစ်ဖက်ဖြင့် အမိအရ ဖမ်းဆုပ်ကိုင်လိုက်သည်။

ကျားဖြူလေးက ရုတ်တရက် ပြေးလာပြီး အော်ဟစ် အပြန်အလှန် စကားများကြသည်။

"မင်းဘာတွေ ပြောနေတာလဲ? ဒီငါးတွေကို ဖမ်းလို့မရဘူးလား? သူတို့ရဲ့ ဝိညာဉ်စွမ်းအားတွေကို စုပ်ယူလိုက်တာက ခန္ဓာကိုယ်အတွက် မကောင်းဘူးလား?"

ကျားဖြူလေးက ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြပြီး ဤငါးငယ်များကို အလွန်ရွံရှာသော အကြည့်ဖြင့် ကြည့်​နေသည်။

မဖြစ်နိုင်တာ။ လုရွှမ် သူ့ဝိညာဉ်စွမ်းအားသည် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံလိုက်တဲ့အခါ တစ်ခုခု မှားယွင်းနေတယ်လို့လည်း လုံးဝမခံစားရပေ။

"ရှောင်ပိုင် မင်းအရမ်း စိတ်ပူနေသလိုပဲ... ဒီငါးလေးတွေက အရမ်းကောင်းပြီး ဘာဒုက္ခမှ မပေးပါဘူး"

စိမ်း​ပြာနဂါးရဲ့ စွမ်းအားကို သီးသန့် ခိုင်မာလာအောင်လုပ်ဖို့ ရှားရှားပါးပါး အခွင့်အရေး တစ်ခုမို့ လုရွှမ် လက်မလွှတ်လိုက်ချင်ပေ။ လုရွှမ် သတိထားရင်း ရွှေကျီးကန်းကိုလည်း ဆင့်ခေါ်လိုက်သည်။

ရွှေကျီးကန်းမှာ ကျောက်စိမ်းပြားထဲမှ မထွက်လာရဲခဲ့ပေ။ လုရွှမ် သူ့ကို လေပြင်းနိယာမတွေအကြောင်း အထူးတလည် သင်ပေးသော်လည်း နားလည်ရန် အလွန် နှေးကွေး​နေခဲ့သည်။ ကျားငယ်ဆီက ကဲ့ရီတာကို အကြိမ်ကြိမ် ခံရပြီးနောက် ရွှေကျီးကန်းက သင်ယူမှုကို ရပ်တန့်လိုက်သည်။

"ဒါ... ဒါ... မင်း ဒါကိုလည်း ရှာတွေ့နိုင်တယ်?? ရတနာလေး ရတနာလေးကွ!"

လုရွှမ် ထိုအခါမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ရွှေကျီးကန်းက ဒီလိုပြောတဲ့အတွက် ဒီငါးလေးတွေဟာ သဘာဝအတိုင်း ပစ္စည်းကောင်းလေးတွေ ဖြစ်လိမ့်မည်။

"ကျီးဖိုးဖိုး ဒီငါးက ဘယ်လို နတ်သားရဲ မျိုးစိတ်တွေလဲ?"

ရွှေကျီးကန်းက လုရွှမ်ကို မထီမဲ့မြင်ပြုတဲ့ အသံနဲ့ ပြန်အော်လိုက်သည်။

"မင်း ပညာမတတ်ဘူးလား? အဲဒါ ငါးမဟုတ်ဘူး! နဂါးကွ!"

လုရွှမ် အသက်ရှူကြပ်သွားသည်။ ဒါက နဂါးလား။ ငါးတစ်ကောင်ဆိုတာ သိသာနေတာပဲလေ။

"ငါးကြင်းတစ်ကောင်က နဂါးတံခါးကို ကျော်ဖြတ်တဲ့အကြောင်း မင်း မကြားဖူးဘူးလား? နဂါးတံခါးကို ခုန်တက်တဲ့ ဒီငါးတွေက နဂါးဝိဥာဉ်ကို ပိုင်ဆိုင်ထားပြီးသား... နဂါးပုံသဏ္ဌာန် မပြောင်းသေးရုံပဲ ရှိတာ.. "

"ဟူး... ဒါပေမဲ့ သူတို့ ရုပ်ရည်က သိပ်​ကြည့်မကောင်းတာတော့ သနားစရာပဲ..... ကြီးပြင်းလာရင်တောင် အဆင့်နိမ့် နဂါးတစ်ကောင် အ​ဖြစ်ပဲ ပြောင်းသွားမှာ... အရေးကြီးတာက မင်းပဲ... မင်းအတွက်ပဲ ရှာတွေ့နိုင်တဲ့ ဒီကောင်းတဲ့ အရာတွေကို များများစားထား... ဒါပေမဲ့ သူတို့ နဂါးတံခါးကို ခုန်ချပြီးသွားပြီ ဆိုတော့ နှမြောစရာ ကောင်းလိုက်တာ.... သာမန်ငါးတွေ မဟုတ်တော့ဘူး ဆိုတော့ သားရဲတွေ ဖြစ်လာအောင် စုဆောင်းလို့ မရတော့ဘူး.... မဟုတ်ရင် အံသြစရာ ကောင်းလောက်တဲ့ ရတနာတစ်ခု ဖြစ်မှာပဲ"

လုရွှမ်သည် စိုးရိမ်ခြင်းမဲ့ ပင်လယ်​ပြင်ကို တစ်ဖန် ပြန်ကြည့်လိုက်ရာ ဒီနေရာသည် စိတ်ပျက်စရာ ကောင်းတဲ့ နေရာတစ်ခု ဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ဒါပေမဲ့လည်း ရတနာတစ်ခု ဖြစ်နေတာကတော့ ထင်ရှား​လေသည်။

"ဒါပေမဲ့.... ရှောင်ပိုင်က"

"သူ့ရဲ့ အရူး!! ကျားဖြူနဲ့ စိမ်း​ပြာနဂါးက ဒဏ္ဍာရီလာ သားရဲတွေ.... သဘာဝအရ ရန်လုပ်နေကြတဲ့ အကောင်တွေပဲ ထုံးစံအတိုင်း ဒါက ကောင်းတယ်လို့ သူထင်မှာ မဟုတ်ဘူးလေ... ပြောရရင် အခုချိန်မှာ သူက အားနည်းလွန်းပြီး သတ္တိမရှိဘူး... အဲ့တော့ ကြုံသလို မစားရဲဘူး... နောက်ပိုင်းကျရင်တော့ မင်းထက်တောင် ပိုကြိုက်မှာ သေချာတယ်"

လုရွှမ်လည်း ရုတ်တရက် အကြောင်းအရင်းကို သဘောပေါက်လိုက်သည်။ အဲ့တော့ ဘာလို့များ ရပ်နေရဦးမှာလဲ။ မြန်မြန် ဖမ်းလိုက်တာ အကောင်းဆုံးပဲ။

"ဒါပေမဲ့ ကောင်လေး မင်း အဆင်သင့် ဖြစ်ထားရမယ်.... ဒီကောင်လေးတွေက ဝိညာဉ်စွမ်းအင်ကို ကောင်းကောင်း စားနိုင်တယ်... ဒါပေမဲ့ ငါးနဂါးဆီမှာ အဖမ်းမခံရစေနဲ့ မဟုတ်ရင် မင်းအစားခံရလိမ့်မယ်"

လုရွှမ်လည်း ဒီငါးနဂါးတွေ ဘာကြောင့် အုပ်စုလိုက် ထွက်လာလဲဆိုတာ သဘောပေါက်ပါသည်။ အရူးတစ်​​ယောက်​ကသာ သူတို့ကို ထိပ်​တိုက်​ ရင်​ဆိုင်​လိမ့်မည်။ ကောင်းကင်ဘုံသခင် ​ရောက်​လာ​ရင်တောင် ဒီငါးနဂါးတွေက သူ့ကို ဒဏ်ရာအနည်းငယ် ရသွားစေနိုင်သည်။

လေပွေများပေါ်တွင် လျှောက်လှမ်းရင်း လုရွှမ်၏ ခန္ဓာကိုယ်သည် ပြင်းထန်သော လေကဲ့သို့ မုန်တိုင်းကြားထဲ ရောနှောကာ သူ့ဘာသာသူ စတင် လုပ်ဆောင်ခဲ့သည်။ သူသည် ငါးများကို ခုန်တက်လာစေကာ ဘေးသို့ အသာရှောင်ထားလိုက်သည်။

ထို့နောက် ငါးပြုတ်ကျလာမည့် အချိန်ကို စောင့်ဆိုင်းပြီးနောက် လေထဲမှ အမြန်ဖမ်းယူရန် သူ့လက်များကို ဆန့်ထုတ်လိုက်သည်။

လက်နှစ်ဖက်လုံးကို ပြင်းပြင်းထန်ထန် အသုံးပြု၍ ဖျစ်ညှစ်လိုက်သည်နှင့် အက်ကွဲသံတစ်ခုစီ ထွက်ပေါ်လာပြီး ငါးနဂါးများသည် ပါးပါးလှီးထားသော အသားကဲ့သို့ ကြေမွသွားခဲ့သည်။ သန့်စင်သော ဝိညာဉ်စွမ်းအင် ကြိုးများသည် ငါးနဂါး၏ ခန္ဓာကိုယ်မှ လွင့်ထွက်လာပြီး သူ့လက်ဖဝါး တစ်လျှောက် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။

သူ့ခန္ဓာကိုယ်ထဲက သန့်စင်သော ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်ရသဖြင့် သူ့တစ်ကိုယ်လုံးမှ ထွက်ပေါ်လာသော ပျော်ရွှင်မှုသည် လုရွှမ်အား သီချင်း အော်ဆိုချင်စိတ်ပင် ပေါက်စေ၏။ ဝိညာဉ်စွမ်းအင်များ ပြန့်နှံ့သွားပြီးနောက် နဂါးငါး၏ အသွေးအသားက သူ့အတွက် ထိပ်တန်းဟင်းလျာ အဖြစ် ရှိနေဆဲပင်။ ဝိညာဉ်စွမ်းအင်ဖြင့် သန့်စင်ပြီးနောက် ငါးအသားက သာမန်အသား မဟုတ်တော့ပေ။

သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားထဲက စိမ်းပြာနဂါးရဲ့ စွမ်းအားများ လျင်မြန်စွာ တိုးလာခဲ့သည်။ လုရွှမ် ငါးလေးများကို ပျော်ပျော်ရွှင်ရွှင် ဖမ်းစားရင်း သူ့ခန္ဓာကိုယ်ထဲက စိမ်းပြာနဂါးရဲ့ စွမ်းအားများကို အရှိန်အဟုန်ဖြင့် တိုးလာအောင် လုပ်ဆောင်ရင်း ကျေနပ်နေမိသည်။

“ဝူး!”

ကျားဖြူလေးက ရုတ်တရက် အော်ဟစ်လ၏။ လုရွှမ် လန့်သွားပြီး

"မင်း အကောင်ကြီး တစ်ကောင် လာနေပြီလို့ ဆိုလိုတာလား?"

ကျယ်လောင်သော ဟောက်သံနှင့်အတူ လုရွှမ် ခပ်ဝေးဝေးသို့ လျင်မြန်စွာ လှမ်းကြည့်လိုက်ရာ သားရဲကြီးသည် သူတို့ရှိရာဘက်ကို ပြေးလာနေတာ တွေ့လိုက်ရသည်။ မူလက ငြိမ်သက်နေသော ရေမျက်နှာပြင်သည် လှိုင်းလုံးများဖြင့် ပြည့်နှက်လာပြီး မကောင်းဆိုးဝါး စွမ်းအင်များက ကောင်းကင်သို့ ခုန်တက်လာသည်။

၎င်းသည် ဒဏ္ဍာရီလာနဂါးနှင့် အလွန်တူသော အရပ်တစ်ရာ မြင့်သည့် နဂါးတစ်ကောင် ဖြစ်သော်လည်း ၎င်း၏ အနောက်ကျောတွင် အတောင်များ ရှိ​နေသည်။ နဂါးကြီး၏ စွမ်းအားပြည့် မျက်လုံးကြီးများက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လျက် ရှိသည်။

၎င်း၏ပါးစပ်ကြီးက ကျယ်လာပြီး တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်က သူ့ဆီသို့ ပြေးဝင်လာသည်။

လုရွှမ် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ လုရွှမ် နတ်ဆိုးသားရဲ၏ ပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရသောအခါ သူဘာကို ထိလိုက်မိပြီမှန်း သိလိုက်သည်။ ဒီငါးနဂါးသားရဲရဲ့ ရင့်ကျက်တဲ့ ပုံပန်းသဏ္ဌာန်ကို ကြည့်ရတာ သူငါး​လေးတွေကို ပြင်းပြင်းထန်ထန် အနိုင်ကျင့်နေတာကြောင့် ငါးအကြီးအကဲကို ဆွဲဆောင်နိုင်ခဲ့မိတာ ဖြစ်နိုင်သည်။

အခုအချိန်မှာ ဘာလုပ်ရမလဲ ဆိုတော့ မြန်မြန်ထွက်ပြေးဖို့ပဲ ရှိတော့တယ်လေ။

လုရွှမ် သူ့လက်ထဲက ငါးသေးသေးလေးကို မြန်မြန် ပစ်ချလိုက်ပြီး ကျားဖြူလေးကို ခေါ်ကာ ထွက်ပြေးသွားတော့သည်။

မီးတောက်များက ပတ်ဝန်းကျင် ဧရိယာကို ခပ်မြန်မြန် ဖုံးလွှမ်းသွားခဲ့ရာ တခဏအတွင်းမှာပင် ပင်လယ် ရေမျက်နှာပြင်သည် ယခင်ကထက် နိမ့်ကျသွားခဲ့သည်။ ရေငွေ့များ လေထုထဲသို့ ပြည့်နှက်သွားရာ အရာအားလုံး မှုန်ဝါးသွားခဲ့သည်။

ကျားဖြူလေးက လုရွှမ်အား အလွန်လောဘကြီးသည်ဟု ပြစ်တင် ညည်းညူလိုက်သည်။ လုရွှမ်လည်း အနည်းငယ် ရှက်သွားသော်လည်း ရှားပါးသော အခွင့်အရေး တစ်ခုမို့ လက်မလွှတ်ချင်ခဲ့ရုံပင်။

ပတ်ဝန်းကျင် အခြေအနေက မှုန်ဝါးနေပြီး ဘယ်သူက ဘယ်သူလဲဆိုတာ မမြင်နိုင်တော့တာကြောင့် ဆက်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ချေ။ ပြောင်းလဲသွားတဲ့ ဧရာမနဂါးကြီးဟာ မဟာသူတော်စင်ရဲ့ အထက်မှာ သူတော်စင် သားရဲတစ်ကောင် ဖြစ်တယ်ဆိုတာ သေချာနေပြီ။

လုရွှမ်နှင့် ကျားဖြူလေးတို့သည် ဦးတည်ရာ တစ်ခုကို သတ်မှတ်ပြီး ထွက်ပြေး သွားကြသည်။ နဂါးကြီးသည် ၎င်းတို့ကို လုံးဝ လက်မလွှတ်လိုက်မီ အထိ လိုက်လာခဲ့ပြီးမှ ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။

သူတို့နောက်မှာ ဧရာမနဂါးကြီးရဲ့ အရိပ်အယောင် မရှိတော့တာကို မြင်လိုက်ရသဖြင့် လုရွှမ်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။ တစ်ဖက်သားရဲကို ပြဿနာ သွားမပေးဝံ့ဘဲ ကြုံရာကျပန်း အရပ်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးသွားခဲ့သည်။

"အနောက်က သားရဲကြီး ပျောက်သွားတာလား?"

ထိတ်လန့်တကြားနဲ့ မဟာသူ​တော်စင်ကြီး တစ်ယောက်က မေးတယ်။

"အဲ့လို​တော့ မဟုတ်​​ဘူးထင်​တယ်​!"

မဟာသူတော်စင်များက သက်ပြင်းချလိုက်သော်ငြား ဖန်းမင်ယန်ကတော့ တိတ်တဆိတ် နောင်တရနေမိသည်။ လှေအမြီးကို ငုံ့ကြည့်လိုက်တဲ့အခါ လျစ်လျူမရှုနိုင်သော ကွက်လပ်တစ်ခုကို တွေ့လိုက်ရသည်။

"လှေပျက်သွားပြီ.... ငါတို့ ကျွန်းကို ရောက်နိုင်ပါ့မလား"

"​ကံကြမ္မာရဲ့ အလိုပေါ်မှာပဲ မူတည်တယ်"

အဘယ်သူမှ စကားမပြောတော့ပေ။ လှေပေါ်တွင် အလွန်အကျွံ ရွေ့လျားသွားကာ ဆက်လက် ယိုယွင်းသွားစေမည်ကို စိုးရိမ်၍ အားလုံးက သတိထားပြီး ထိုင်နေကြသည်။

"ကြည့်လိုက်.... ရှေ့မှာ ကျွန်းလေး တစ်ကျွန်းရှိတယ်!!"

"နောက်ဆုံးတော့ ငါတို့ရောက်ပြီ.... ကောင်းကင်က မစတာပဲဟေ့!"

ဖန်းမင်ယန် အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရပြီး တစ်ဖက်ကို တွေးကြည့်ပြီးနောက် သူ့မျက်လုံးများက ဆိုးရွားတဲ့ အရိပ်အယောင်များ ပေါ်ထွက်လာပြန်သည်။

ဟမ့် ဒီကိုရောက်လာတော့လည်း ကောင်းပါတယ် ဒီမှာသူ့ကိုကူပြီး အရင်းအမြစ်တွေ ရှာခိုင်းရမယ်။ ပြီးရင်တော့ သူတို့ ဘယ်လိုပြန်သွားမလဲ ကြည့်ရသေးတာပေါ့။

မဟာသူတော်စင် များစွာ၏ တိုက်တွန်းမှုအောက်တွင် ဟယ့်​မင်ဖုန်သည်လည်း အနည်းငယ် အရှိန်မြှင့်လာခဲ့သည်။ နောက်ဆုံးတွင် လှေလုံးဝ ကွဲထွက်မသွားမီ ကျွန်းပေါ်သို့ အပြေးအလွှား ရောက်လာခဲ့၏။ လူတစ်စုက ကျွန်းပေါ်သို့ အသည်းအသန် ပြေးတက်သွားကြသည်။

"လှေပျက်သွားပြီ ငါတို့ ဘယ်လို ပြန်သွား​ကြမလဲ"

"စိတ်မပူပါနဲ့... ပြီးပြည့်စုံတဲ့ လမ်းကြောင်းဆိုတာ နေရာတိုင်းမှာ မရှိပါဘူး.... ဒီကျွန်းငယ်လေးမှာ ကောင်းကင်ဘုံသခင် ဧကရာဇ်ကျိုးရန်က ငါတို့အတွက် အခွင့်ကောင်းတစ်ခု ချန်ထားခဲ့ပေးနိုင်တယ်"

ဖန်းမင်ယန်ကတော့ သူ့နှလုံးသားထဲမှာ အကြီးအကျယ် လှောင်ရယ်နေမိသည်။

'ကျန်ခဲ့တဲ့ အရင်းအမြစ်တွေက မင်းတို့နဲ့ ထိုက်တန်လို့လား?'

လမ်းတလျှောက်မှာ အတားအဆီးတွေ မရှိတော့ပေ။ တကယ်တော့ ကျားဖြူလေးရဲ့ ကြိုတင် ထင်မြင်ချက်ကြောင့် အန္တရာယ်တွေ ထပ်မကြုံရတော့ဘဲ အန္တရာယ်ကင်းတဲ့ ကျွန်းငယ်လေးကို ရောက်လာခဲ့ခြင်း ဖြစ်သည်။

"ဒါ မင်းပြောနေတဲ့ ကျွန်းလေးလား? ကျွန်းတစ်ကျွန်းထက် မပိုတဲ့ မြေကွက်လေး တစ်ကွက်သာသာပါပဲ"

လုရွှမ် မြေပြင်ပေါ်သို့ နင်းလိုက်ခါမှ သူ့ကိုယ်သူ မြေကြီးပေါ် ဆင်းသက်လာခဲ့ပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။

"ဒါက အဲဒီကောင် ကျိုးရန် မကြာခဏ နေထိုင်တတ်တဲ့ နေရာလား? ကောင်းပြီ.... သူတွေ့ခဲ့တဲ့ လျှို့ဝှက်ချက်တွေက ဘာလဲဆိုတာ ငါကြည့်ချင်ပါ​သေးတယ်"

All Chapters