နတ်တောင်တန်း
Vol. 55 Ch. 4.339
"အိုး တစ်ယောက်ယောက် အော်နေတဲ့ အသံပဲ!"
လုရွှမ် အခင်းအကျင်း အတွင်းမှ ခေါင်းမော့ပြီး အသံလာရာဘက်ကို နားထောင်ကြည့်လိုက်သည်။
"သူတို့ အရင်ရောက်နေပြီ ထင်တယ် ဟမ့် တော်တော် ဟုတ်တဲ့လူတွေပဲ!"
ကျားဖြူလေးသည် လုရွှမ်ကို မကျေနပ်တဲ့အတွက် ဝူးဝူးဟု ညည်းညူနေတော့သည်။ လုရွှမ်သာ ငါးဖမ်းမနေခဲ့ရင် သူတို့ ဟိုးအရင်ကတည်းက ရောက်ခဲ့ပေလိမ့်မည်။ လုရွှမ်က သူ့နောက်ကို ဂရုတစိုက်နဲ့ ကမန်းကတန်း လိုက်သွားသည်။ ကျားဖြူလေးဟာ တကယ်တော့ မောက်မာတတ်တဲ့ ကလေးတစ်ယောက်လိုပါပဲ။
"ဝူး!"
"ကောင်းပါပြီ ရွှေချိုနွားကို ဖမ်းမိရင် ငါမင်းအတွက် အသားကင် ထပ်လုပ်ပေးပါ့မယ်... ဟုတ်ပြီလား?"
လုရွှမ်သည် ရယ်စရာပုံစံဖြင့် ကျားဖြူခေါင်းကို ထိလိုက်ကာ အခင်းအကျင်းထဲမှ အမြန်ပြေးသွားခဲ့သည်။
မဟာသူတော်စင်များ အားလုံးကို ထိတ်လန့်လုနီးပါး ဖြစ်စေခဲ့သော အခင်းအကျင်းသည် လုရွှမ်၏ အမြင်တွင် မရိုးရှင်းသော်လည်း ဖွဲ့စည်းမှု၏ အဓိက အစိတ်အပိုင်းများစွာကို အသက် မဝင်စေတာက အချိန် ကန့်သတ်ချက်ကြောင့် ဖြစ်နိုင်သည်။
သူဝင်ရောက်လိုပါက အခင်းအကျင်းကို ရှာဖွေရန် ဆယ်ရက်ကျော် ကြိုးစား အားထုတ်ရပြီးမှ အခင်းအကျင်း မျက်လုံးကို ရှာတွေ့ကာ ဖြည်းဖြည်းချင်း ဖျက်စီးသွားရလိမ့်မည်။
ဒါက လုရွှမ်ကို တားဆီးထားလို့ မရပါဘူး။ တစ်ချိန်က အခင်းအကျင်းကို တည်ထောင်ခဲ့သော ပညာရှိကြီး အများစုသည် ဒီနေရာမှ ထွက်ခွာသွားကြလောက်ပြီ သို့မဟုတ် ကွယ်လွန်သွားလောက်ပြီ။
အချိန်ကတော့ အတော်ကြာသွားပြီ။ နဂါးငါးလေးတွေကို ထိုပညာရှင်ကြီး မွေးခဲ့တာ ဖြစ်နိုင်သည်။ သူမရှိတော့သည့် အချိန် အတွင်းတွင် နဂါးငါးလေးများသည် အသွင်ပြောင်းနေသော မကောင်းဆိုးဝါး နဂါးများအဖြစ် ကြီးပြင်းလာခဲ့သည်။
တစ်ချိန်က ပညာရှိကြီး တစ်ယောက် ဒီနေရာမှာ နေထိုင်ခဲ့သောကြောင့် လျှို့ဝှက်ဝှက်ထားသော သို့မဟုတ် ကျန်ရစ်ခဲ့သော ရတနာ အမွေအနှစ်တချို့ ရှိရမည်။
ကျိုးရန်တစ်ယောက် တစ်ခုခုကို ရှာတွေ့သွားတာ ဖြစ်ကောင်းဖြစ်နိုင်သလို အဲဒါကြောင့်လည်း သူရုတ်တရက် တိမ်ပင်လယ်နယ်မြေကနေ ထွက်ခွာသွားခဲ့တာ ဖြစ်နိုင်သည်။ သို့သော် ကျိုးရန်က ထွက်သွားပြီး နှစ်ပေါင်းတစ်ရာကျော် ရောက်တိုင်း ဒီကိုလာဖို့ ဖန်းမင်ယန်ကို မှာကြားခဲ့တာက ဘာကြောင့်များလဲ။
အမွေဆက်ခံထားတဲ့ ရတနာမှာ အလွှာတစ်ခုထက်ပိုပြီး ကျိုးရန်က အမွေဆက်ခံမှုရဲ့ အပြင်ဘက် အလွှာကိုသာ ရရှိခဲ့တာ ဖြစ်နိုင်မလား။
အရမ်းကြီး တွေးနေတာထက် သွားကြည့်တာ ပိုကောင်းပါ၏။
"ကျားဖြူလေး သွားရအောင်!"
တောတွင်းက ထင်ယောင်ထင်မှား အခင်းအကျင်း မျှသာဖြစ်သည်။ အခင်းအကျင်း လမ်းကြောင်းအတိုင်း လျှောက်နိုင်မှသာ ကျွန်းလေးထဲ ဝင်နိုင်ပေသည်။
မကောင်းဆိုးဝါး လှိုင်းလုံးကြီး လွှမ်းသွားသဖြင့် လုရွှမ် မတတ်နိုင်ဘဲ နောက်ပြန် ဆုတ်လိုက်ရသည်။ သူ့ခြေဖဝါးသည် ပြင်းထန်စွာ အလုပ်လုပ်ရင်း မြေကြီးထဲတွင် အလွန်နက်သော အပေါက်တစ်ခု ချန်ထားခဲ့သည်။ လုရွှမ် မိုးနတ်ဘုရားဓားကို အလျင်အမြန် ထုတ်ကာ သူ့ရှေ့တွင် အထပ်ထပ် အခါခါ ဝှေ့ယမ်းကာ ဓားကို ရုတ်တရက် တိုက်ခိုက်လာမှာ စိုးရိမ်သဖြင့် ဓားသွားကို ကောင်းကင်သို့ တည့်မတ်စွာ ထောင်ထားလိုက်သည်။
ကျောက်စိမ်းကို ဖြတ်ထုတ်ပစ်လိုက်သလို ဓားသည် နတ်ဆိုးလှိုင်းလုံးကို ဖြတ်ကျော်သွားသည်။ လုရွှမ် သူ့အသက်ရှူသံများ နှေးကွေးသွားသလို ခံစားလိုက်ရပြီးနောက် သူ့ရှေ့တွင် ရန်သူမရှိကြောင်း သတိပြုမိကာ ခိုးဝင်တိုက်ခိုက်လာမယ့် အရိပ်အယောင်မျိုးလည်း မရှိပေ။
ကျွန်း၏အလယ်ဗဟိုတွင် မြင့်မားသော တောင်တန်းကြီး တစ်ခုရှိသည်။ စိမ်းစိမ်းစိုစို သစ်တောများဖြင့် ဝန်းရံထားသော်လည်း ကောင်းကင်ယံသို့ ရောက်ခါနီးအထိ တောင်တန်းကြီးက ထိုးတက်သွား၏။
ပုံသဏ္ဌာန်က ထူးဆန်းပေမယ့် တောင်ထိပ်ကနေ အလုံးစုံ ခြုံငုံကြည့်နိုင်အောင် လုပ်ထားသလိုပင်။ ပထမတစ်ချက်တွင် ဓားရှည် တစ်ချောင်း တောင်ထွတ် အဖြစ်သို့ ပြောင်းလဲသွားလို ခံစားရသည်။
ဓားရည်ရွယ်ချက်မှာ ပြင်းထန်ပြီး လမ်းကြောင်းများသည် အံ့ဩလောက်အောင် အစွမ်းထက်သော ဓားရောင်ဝါများကဲ့သို့ပင်။ တောင်တန်းက ဓားရည်ရွယ်ချက်ဖြင့် ဖြတ်ကျော်ရန် ကြံရွယ်ထားသည့် မှော်ဓားနှင့်တူသော ဓားတစ်လက်လိုမျိုး တောင်လမ်းပေါ်ရှိ ကျယ်ပြန့်သော ကျောက်တုံးကြီးများကို ကြည့်ရသည်မှာ ကြောက်စရာ ကောင်းလှသည်။
နောက်တစ်ချက်ကတော့ တိမ်တွေကို ဖြတ်သန်းသွားတဲ့ လှံရှည်နဲ့ တူပြန်သည်။ သစ်ပင်ကြီးတွေ ကြားကနေ လှံရှည်ကို ဆွဲထုတ်ပြီး ဖောက်ထုတ်တော့မယ့် ပုံစံအတိုင်းပင်။
ဝူးဝူးဆိုတဲ့ ညည်းတွားသံက သူ့နားထဲ ရုတ်တရက် ဝင်လာတဲ့အခါ လုရွှမ်လည်း သတိဝင်လာခဲ့သည်။ တောင်တန်းရှိတဲ့ နေရာဖြစ်တဲ့ ကျွန်းရဲ့အလယ်ကို ကြည့်လိုက်တော့ ဘယ်မှာလဲ တောင်တန်း။ တောအုပ်တစ်ခုပဲ ထင်ထင်ရှားရှားပဲ မဟုတ်လား။
လုရွှမ် ယ သူ့စိတ်ကို လျင်မြန်စွာ စုစည်းလိုက်သည်။ သူ့မျက်လုံးထဲတွင် ကောင်းကင်မီးတောက်၏ အလင်းမှုန်များ စုပုံလာကာ နေမျက်လုံးမှတစ်ဆင့် အလင်းတန်း နှစ်စင်း လေထုထဲသို့ ဖြတ်ဝင်သွားလေသည်။
အရင်က သူမြင်ခဲ့ရတဲ့ နတ်တောင်တန်းကြီးဟာ တကယ့်ကို မှော်ဆန်နေသလို ခံစားလာရ၏။
"ရှောင်ပိုင်... မင်းအရင်က ကျွန်းရဲ့အလယ်မှာ နတ်တောင်တန်း ရှိနေတာကို မြင်ဖူးလား?"
"ဝူး!"
ကျားဖြူလေးသည် မြင်ဖူးကြောင်း ညွှန်ပြရန် သူ့ခေါင်းကို အကြိမ်ကြိမ် ခေါင်းညိတ်ပြသည်။
"မင်းအဖေက လူအနည်းငယ်ပဲ မြင်နိုင်တယ်လို့ ပြောတယ်မလား? အဲဒီကို ဘယ်လို တက်ရမယ်ဆိုတာရော ပြောပြခဲ့လား?"
လုရွှမ် ရုတ်တရက် သူ့နှလုံးသားထဲမှာ ပူလောင်တဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ သူမြင်ပြီးပြီ ဆိုမှတော့ ကျိုးရန်လည်း အစောကတည်းက မြင်ပြီးလောက်ပြီ။ ပြောလို့မရဘူး သူက တက်တောက်တက်သွားပြီလောက်ပြီ။
တစ်ဖက်မှာတော့ ဟယ့်မင်ဖုန်း၏ ဦးဆောင်မှုအောက်တွင် လူဆယ်ယောက်သည် ကျွန်းထဲသို့ အလွယ်တကူ ဝင်ရောက်ကာ ပုံရိပ်ယောင် အခင်းအကျင်းကို နောက်တွင် ချန်ထားခဲ့ကာ ကျွန်းအတွင်းရှိ သက်ရှိများကို မြင်တွေ့ခဲ့ရသည်။
စိမ်းစိုသော တောအုပ် မရှိသော်လည်း စိမ်းလန်းသော မြက်ခင်းပြင်ကြီး ရှိသည်။ မြက်ခင်းပြင်ပေါ်တွင် သက်ရှိ များစွာရှိပြီး သူတို့က ဟယ့်မင်ဖုန်းတို့ အုပ်စုကို မြင်တာနဲ့ ချက်ချင်းပဲ ထပြေးကြတော့သည်။
“တကယ်လို့ ကျုပ်ကြည့်တာသာ မမှားရင် ဒါတွေအားလုံးက သူတော်စင် သားရဲတွေပဲ.... သူတို့အားလုံး ပထမတန်း အဆင့်မှာ ရှိကြတယ်”
မဟာသူတော်စင် တစ်ယောက်က အော်လိုက်သည်။
"ဟုတ်တယ်... အဲဒါ ကောင်းကင်ကျားပျံ၊ လန်ယွဲ့ယုန်.... ဘုရားရေ အဲဒါက ယိုထျန်းသိမ်းငှက်ပဲ... "
"လူတိုင်း ကျေးဇူးပြုပြီး အရူးအမူး မလုပ်ကြပါနဲ့... အရင်ဆုံး ပတ်ဝန်းကျင်မှာ ထောင်ချောက်တွေရှိမရှိ သေချာကြည့်ရအောင်"
ဟယ့်မင်ဖုန်း၏ မျက်လုံးများမှာလည်း တောက်ပနေပေမယ့် သူက လူတိုင်းကို တည်ငြိမ်စွာ သတိပေးနေသေးသည်။ အားလုံးက ချွေးတွေ စီးကျလာရင်း သူတို့ရင်ထဲမှာ တစ်ခုခု ထူးဆန်းနေသလို ခံစားလိုက်ရသည်။
သူတို့အားလုံးသည် မဟာ သူတော်စင်များ ဖြစ်ကြသည်။ ဒီသူတော်စင် သားရဲများက အလွန်ရှားပါး နေသော်လည်း သူတို့ အလွယ်တကူ စိတ်လှုပ်ရှားလိမ့်မည် မဟုတ်ကြောင်း မိမိကိုယ်ကို အကြောင်းပြချက်များ ပေးကြသည်။ ဒါပေမဲ့ ကျွန်းထဲကို ဝင်ပြီးနောက်ပိုင်း သူတို့ အမြဲတမ်း စိတ်မြန်ပြီး ခေါင်းတွေ ပူထူလာသလိုပင်။
"ကျောင်းအုပ်ကြီး စိတ်အေးအေး ထားနိုင်လို့ပေါ့... ကျုပ်တို့ ခင်ဗျားနောက်လိုက်မယ်.... ကျောင်းအုပ်ကြီးက လမ်းညွှန်ပေးပါ"
တခြားသူတွေက ဘာမှမပြောပေမယ့် ဟယ့်မင်ဖုန်းကို ပို၍ရိုသေစွာ ကြည့်နေခဲ့သည်။ ဟယ့်မင်ဖုန်းလည်း တိတ်တဆိတ် ပျော်နေပြီး ပြုံးလိုက်သည်။
"အားနာနေပါပြီဗျာ... ဒါပေမဲ့ ဒီမှာ ကျုပ်တို့ စည်းစည်းလုံးလုံး လုပ်ရမယ် ပြဿနာ တစ်ခုခု ရှိရင် အတူတူ ဆွေးနွေးလို့ ရတယ်.... ရတနာ တစ်ခုခုတော့ ရနိုင်တယ်လို့ မပြောနိုင်ပေမယ့် အနည်းဆုံးတော့ ကျုပ်တို့ အေးအေးဆေးဆေး နောက်ဆုတ်သွားနိုင်တယ်"
"ဒါပေမဲ့ ကျုပ် သေချာပေါက် အာမခံနိုင်တာ တစ်ခုက ဘိုးဘေးအကြီးအကဲ လုရွှမ် ဒီကိုလာနေပြီဆိုတာပဲ.... ခင်ဗျားတို့ကို ဒီကျွန်းကထွက်ပြီး အင်ပါယာကို ပြန်ခေါ်သွားမှာမလို့ အဲဒါအတွက်တော့ စိတ်ပူစရာမလိုဘူးလို့ ထင်ပါတယ်"
မဟာသူတော်စင်ကြီးများ အားလုံးသည်လည်း ဤအမှန်တရားကို သိကြပြီးပါပြီ။ တချို့က လုရွှမ် ရောက်လာသောအခါတွင် သူတို့ကိုပါ ပြန်ခေါ်သွားပါစေဟု မျှော်လင့်လျက် ဟယ့်မင်ဖုန်း ပေါင်ကို ဖက်ထားခဲ့ကြသည်။
ဒါပေမဲ့ သူတို့ သိပါတယ်။ ဟယ့်မင်ဖုန်း ကတိပေးခြင်းရဲ့ အကျိုးဆက်က လုံးဝကို ကွဲပြားပါ၏။ သူတော်စင်တို့သည် ခပ်ကျယ်ကျယ်ပြုံးပြီး ဟယ့်မင်ဖုန်းအား ယဉ်ကျေးကြောင်း ပြသရန် လက်မြှောက်၍ ဦးညွတ်လိုက်သည်။
လူဆယ်ယောက်သည် ဂရုတစိုက်ဖြင့် ရှေ့သို့ တိုးလာကာ အခင်းအကျင်း၊ နိယာမစွမ်းအင်များကို ဂရုတစိုက် ကြည့်ကာ ထောင်ချောက်များကို ရှာဖွေသော်လည်း ဘာမျှမတွေ့ကြပေ။ အန္တရာယ် မရှိသောကြောင့် သဘာဝအားဖြင့် လူတိုင်းကို အတူတူရှိနေဖို့ တွန်းအားပေး၍ မရပေ။
ဟယ့်မင်ဖုန်းလည်း တစ်ခုခု မှားနေတယ်လို့ ခံစားမိပေမယ့် ဒီနေရာမှာ ဒီအရာအားလုံးက အဓိပ္ပာယ်ရှိရှိ တည်ရှိနေသလိုပင်။ စိမ်းလန်းစိုပြေသည့် ဝိညာဉ်ကျွန်းပေါ်တွင် ဒီလို အဆင့်မြင့်သော သူတော်စင် သားရဲများ ရှိနေခြင်းမှာ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုလိုပဲ ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် အားလုံး သတိထားကြပါ!"
မဟာသူတော်စင်ကြီးများသည် ရုတ်တရက် လူစုခွဲကာ သူတို့နှစ်သက်သော သူတော်စင် သားရဲများကို လိုက်လံရှာဖွေရန် ထွက်သွားကြသည်။
ယွမ်ဖေးရှန်းနဲ့ လင်ထျန်းဖောင့်တို့ကတော့ ဟယ့်မင်ဖုန်းနောက်မှ အနီးကပ် လိုက်ခဲ့ကြသည်။ သူတို့ သုံးယောက် အံ့သြသွားသည်မှာ လျန့်ထျန်းယင်က မထွက်ခွာသွားဘဲ သူတို့နဲ့အတူ လိုက်လာခဲ့ခြင်းပဲ ဖြစ်သည်။
"အဆင့်မြင့်တဲ့ သူတော်စင် သားရဲတွေက တကယ်ကို ဆွဲဆောင်မှုရှိပါတယ် ဒါပေမဲ့ ကျွန်မအသက်က ပိုအရေးကြီးတယ်လို့ ခံစားမိနေတုန်းပဲလေ.... အဲဒါက ထင်ယောင်ထင်မှား ဖြစ်နိုင်တယ် အဲဒီ သူတော်စင် သားရဲတွေကို မြင်လိုက်တာနဲ့ ကျွန်မ ရင်တုန်သွားသလို ခံစားရတယ် ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး"
ယခုအချိန်တွင် မဟာသူတော်စင်များ အားလုံး ထွက်ခွာသွားကြပြီး အန္တရာယ်အကြောင်း ရှင်းပြရန် အလျင်စလို ပြေးလိုက်ကြသော်လည်း ဘယ်သူကမှ မယုံကြဘဲ စိတ်အနှောင့်အယှက် ဖြစ်ကုန်ကြသည်။ ဟယ့်မင်ဖုန်းလည်း ခဏလောက် စဉ်းစားလိုက်ပြီး
"ဒါဆို ခဏလောက် စောင့်ကြည့်ရအောင်..... အကြီးအကဲလုရွှမ် ရောက်လာပြီးရင် အရာအားလုံးက သဘာဝကျကျ ပြေလည်သွားလိမ့်မယ်လို့ ကျုပ်ထင်ပါတယ်"
လျန့်ထျန်းယင်လည်း အနည်းငယ် စိတ်ဓာတ်ကျနေပေမယ့် ဒီနည်းလမ်းက အလုံခြုံဆုံးဖြစ်ကြောင်း သူမ သိပါသည်။