ယွမ်ရီး
Vol. 55 Ch. 4.341
"ဝူး!"
ကျားဖြူလေးက ရွှေကျီးကန်းကို သူ့လက်သည်းတွေနဲ့ ဒေါသတကြီး ရိုက်ချလိုက်ပြီး ရွှေကျီးကန်းအား ရစရာ မရှိလောက်အောင် တဝူးဝူးဖြင့် ကြိမ်းမောင်းတော့သည်။
ရွှေကျီးကန်းကလည်း သူ့တောင်ပံတွေ ပါးရိုက်လုမတတ် ဒေါသတကြီး ဟောက်လေ၏။
"ဦးနှောက်မရှိရင် ဦးနှောက်မရှိတဲ့ အတိုင်းနေပါဟ!! မင်းအခု ထွက်သွားသွားရင် မကူညီနိုင်တဲ့အပြင် ပိုဆိုးတာကိုပဲ လုပ်မိလိမ့်မယ်.... သူက ဓားသိုင်းကို သင်ယူနေတယ် မင်းနားလည်လား? သူတော်စင် နယ်ပယ်ကို ရောက်နေတာတောင် စကားမပြောနိုင်တာ အံ့သြစရာ မရှိတော့ပါဘူး"
ကျားဖြူလေးဟာ ဒေါသတွေ ထွက်လာပြီး ရုတ်တရက် သူ့ခြေဖဝါးကို လေထဲမှာဝေ့ယမ်းကာ ရွှေကျီးကန်းကို ပါးရိုက်လိုက်ပြန်သည်။ ရွှေကျီးကန်းမှာ သူ့ခန္ဓာကိုယ်က ရွှေသားမွေးတွေ ပေါက်ကွဲသွားတော့မလို ဒေါသ အလိမ့်လိမ့် တက်လာပြီး
"လာလေ..... နံစော်တဲ့ ကျားစုတ်!! ငါ မင်းကို သင်ခန်းစာတစ်ခု ပေးချင်နေတာ ကြာပြီ"
ရားရားက အမြန်ထလိုက်ပြီး သူတို့နှစ်ယောက်ကို ဆွဲခွာလိုက်သည်။
"ကို့ကိုကို ကြည့်ပါဦး!!"
ငှက်တစ်ကောင်နှင့် ကျားတစ်ကောင်သည် တစ်ကောင်နဲ့ တစ်ကောင် အသေအကြေ တိုက်ခိုက်ရန် အမှန်တကယ် စိတ်ပိုင်းဖြတ်ထားခြင်း မရှိပေ။ အချင်းချင်း ရန်စောင်လိုက်ပြီး လုရွှမ်ဘက်ကို အကြည့်လွှဲလိုက်ကြသည်။
သူတို့ လုရွှမ်ကို တစ်ကိုယ်လုံး သွေးတွေနဲ့ ဖုံးလွှမ်းနေသေးတာကို မြင်နေရသော်လည်း သူ့အခြေအနေက အလွန်ပေါ့ပါးပြီး ပြန်လည် ကောင်းမွန်လာခဲ့သည်။ လမ်းကြောင်းပေါ်ရှိ ဓားစွမ်းအင်က လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ဆက်လက် သတ်ဖြတ်နေသော်လည်း ၎င်း၏ စွမ်းအားမှာ အလွန်အားနည်းသွားခဲ့သည်။
အရင်က သူ့အရေပြားကို ခွာပစ်လိုက်သလို နာကျင်သွားစေနိုင်တဲ့ ဓားစွမ်းအင်က အခု သူ့အရေပြားပေါ်မှာ အဖြူရောင် အမှတ်အသားတစ်ခုပဲ ချန်ခဲ့နိုင်တော့သည်။
လုရွှမ်၏ ဓားစွမ်းအင်သည် တစ်ဖန်ပြန်လည် မြင့်တက်လာပြီး လမ်းကြောင်းမှ လှုံ့ဆော်ပေးသော ဓားစွမ်းအင်နှင့် မတိုက်မိတော့ဘဲ ထိုအစား သူသည် ဓားစွမ်းအင်ကို တစ်ဖက်သို့ ပို့ဆောင်ကာ ဓားလမ်းကြောင်းထဲသို့ ပေါင်းစပ်သွားသကဲ့သို့ ဖြတ်သန်းသွားစေသည်။ သို့နှင့် သူ့ဓားစွမ်းအင်သည် လမ်းကြောင်း၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။
"ကိုကို အောင်မြင်သွားပြီ!"
ကျောက်စိမ်းပြားထဲမှ ရားရားက သဘောကျစွာ အော်ဟစ်လိုက်သည်။ လုရွှမ်လည်း သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ကျေနပ်တဲ့ အပြုံးတစ်ပွင့် ပြလိုက်သည်။
သူ့ခန္ဓာကိုယ်နဲ့ ဓားကို နောက်ဆုံးမှာ ပေါင်းစည်းနိုင်ပြီး ဓားလမ်းကြောင်းထဲက ဓားစွမ်းအင်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။ သူ့နယ်ပယ်ကသာ လုံလောက်နေရင် သူ့ခန္ဓာကိုယ်ထဲကို ဓားစွမ်းအင် ပေါင်းထည့်ပြီး အသုံးချနိုင်မယ်လို့ ယောင်ဝါးဝါး ခံစားနေရသည်။
ဓားစွမ်းအင်ကို ရှောင်ရန် မလိုအပ်သော်လည်း ထိုအဆင့်သည် မြင့်မားလွန်းသဖြင့် လုရွှမ် အနည်းငယ်မျှပင် သဲလွန်စ မရသေးချေ။ ဘာပဲဖြစ်ဖြစ် တောက်ကျင့်စဥ်ကို အပြင်းအထန် လေ့ကျင့်ထားရင် တဖြည်းဖြည်း နားလည်လာမှာပဲ။
လမ်းတစ်လျှောက်တွင် လုရွှမ်ရဲ့ အရှိန်က ပိုမြန်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေဟာ အပြည့်အဝ ပြန်လည် ကောင်းမွန်လာပြီး ဓားရည်ရွယ်ချက် အပေါ် သူ့ရဲ့ ထိန်းချုပ်မှုကလည်း တဖြည်းဖြည်းပို၍ နက်နဲလာသည်။
ဓားစွမ်းအင်က လုရွှမ်အပေါ်မှာ သက်ရောက်မှု မရှိတဲ့အခါ လေပြေလေညင်းလို ဖြတ်သန်းသွားသလိုပင်။ ဓားစွမ်းအင်က သူ့ဆီ ဖြတ်သန်းသွားစဥ် ဆန့်ကျင်ဘက် အနေနဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေ အတွင်း လုရွှမ်ရဲ့ ကြံ့ခိုင်မှုလည်း အလွန်တိုးတက် လာခဲ့သည်။
ကံမကောင်းစွာပဲ လုရွှမ်သည် ဓားစွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲသို့ မိတ်ဆက်ပြီး သူ့ကိုယ်ပိုင် ဓားရည်ရွယ်ချက် အဖြစ်သို့ ပြောင်းလဲရန် ကြိုးစားခဲ့ရာ ရလဒ်အနေနဲ့ ဓားစွမ်းအင်ကြောင့် ဒန်တမ်တွေဟာ ပြတ်လုနီးပါး ဖြစ်သွားတာ သိလိုက်ရ၏။
တောင်ပေါ်သို့တက်ရာ လမ်းတစ်လျှောက်တွင် တောင်တန်းကြီးသည် မြင့်သထက် မြင့်လာကာ ဝိညာဉ်စွမ်းအင်များ ပို၍ပို၍ ပေါများလာသည်။လမ်းဘေးတွင် ရေတံခွန်များရှိပြီး အားလုံးက ဝိညာဉ်စွမ်းအင် အရည်များဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကာ သူ့ခန္ဓာကိုယ်ထဲက ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်ပြီး စိတ်ကြည်လင်လာစေသည်။
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် လုရွှမ် ထိုရေတံခွန်များထဲက ဝိညာဉ်စွမ်းအင် အရည်များကို ကျောက်စိမ်းပြားထဲသို့ မစုဆောင်းခဲ့ပေ။ ဝိညာဉ်စွမ်းအင်များသည် တောင်၏ပုံသဏ္ဍာန်နှင့် ရေ၏ ပုံသဏ္ဍာန်ပေါ်တွင် မူတည်ကာ ဖြစ်ပေါ်လာတာကြောင့် သူ့ပတ်ပတ်လည်တွင် ရှိနေမှသာ ဝိညာဉ်စွမ်းအင်ကို ထုတ်ပေးနိုင်သည်။
တစ်ချက် စုဆောင်းလိုက်တော့ ကျောက်စိမ်းပြားလို အာကာသ မှော်လက်နက်လို မှော်ဆန်သော အရာထဲတွင်ပင် စိတ်ဝိညာဉ်စွမ်းအင်များသည် တဖြည်းဖြည်း ပျောက်ကွယ်နေဆဲ ဖြစ်သည်။
သူ့ရှေ့တွင် စွမ်းအင် ခြေရာတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထောင့်နှစ်ဘက် လှည့်ပြီးနောက် လုရွှမ်သည် ပြင်းထန်သော ဓားစွမ်းအင်ဖြင့် အနက်ရောင် ၀တ်ဆင်ထားသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
လူငယ်သည် လုရွှမ်အား ထိတ်လန့်နေသော အကြည့်များဖြင့် ကြည့်နေ၏။
လုရွှမ် ပို၍ ထိတ်လန့်သွားသည်။ ထိုလူငယ်၏ ခန္ဓာကိုယ်သည် သူ့ထက်ပင်ပို၍ အစွမ်းထက်လှသည်။ သူသည် ဤနေရာတွင် သူ့ခန္ဓာကိုယ်နှင့် သာမန်သံဓား တစ်လက်ကဲ့သို့ တောက်လျှောက်ခုခံနိုင်ခဲ့သည်။
"မင်းက ဘယ်သူလဲ ငါမင်းကို ဘယ်လိုခေါ်ရမလဲ?"
လုရွှမ် မနေနိုင်ဘဲ မေးလိုက်သည်။
တိမ်ပင်လယ် နယ်မြေကြီးထဲမှာ ဒီလိုပါရမီရှင်မျိုး ရှိနိုင်မယ်လို့ သူတကယ် မမျှော်လင့်ထားခဲ့ဘူး။ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ကို အတိအကျ အကဲခတ် ကြည့်လိုက်တော့ ထိုသူဟာ နတ်ဆိုးတစ်ကောင် မဟုတ်ကြောင်း တွေ့လိုက်ရ၏။ နယ်ပယ်က သူတော်စင် တတိယအဆင့်သာ ဖြစ်ပြီး သူ့ထက် အနည်းငယ်မြင့်သည်။
အနက်ရောင် ၀တ်ဆင်ထားသည့် လူငယ်သည် သံဓားကို လှန်လိုက်ရာ ဓားစွမ်းအင်က ထွက်လာပြီး ပတ်ဝန်းကျင်ကို ဖြန့်ကြဲလိုက်သည်။ ထို့နောက်တွင် တချို့စွမ်းအင်တွေက လုရွှမ်ဆီကို ပြေးဝင်လာကြသည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်သည် အနည်းငယ် ပျော့သွားသလို ဓားစွမ်းအင်က သူ့ထံ တိုက်ရိုက် ဖြတ်သန်းသွားသည်။
"မင်းငါ့ကိုမသိဘူးလား?"
အနက်ရောင်ဝတ် လူငယ်က သူ့မျက်နှာမှာ ထိတ်လန့်သွားဟန်ဖြင့် ပြောလိုက်သည်။
"ငါ မင်းကို သိဖို့လိုလို့လား?"
လုရွှမ်က ပြန်ပြုံးပြလိုက်သည်။ သူ့ကိုယ်သူနဲ့ ယှဥ်ရင် လုရွှမ် ထိုလူငယ်လေးကို ယုံကြည်မှု နည်းပါးနေသေးသည်။
အနက်ရောင်ဝတ် လူငယ်လေးသည် ရုတ်တရက် ရယ်မောကာ ဓားကို ပြင်းပြင်းထန်ထန် ဝေ့ယမ်းလိုက်သည်။
"ပြောတာ ကောင်းတယ်... မင်းငါ့ကို သိဖို့ မလိုပါဘူး.... ငါက လူငယ်ကျင့်ကြံသူ တစ်ယောက်ပဲ... ဘာကမ္ဘာပေါ်က အကောင်းဆုံး ပါရမီရှင်လဲ? ဘာကို ထင်ယောင်ထင်မှားတွေကို ဖျက်စီးနိုင်တဲ့ လူလဲ? အကုန်လုံး အဲဒီလူတွေ သူတို့ဘာသာ မလုပ်နိုင်လို့ တခြားလူတွေကို အတင်းအကြပ် လုပ်ခိုင်းနေတဲ့ တာဝန်တစ်ခုပဲ!"
"ငါ့နာမည် ယွမ်ရီး.... ဒီကညီအစ်ကိုကို ဘယ်လိုခေါ်ရမလဲ?"
ယွမ်ရီးက ပြောပြီး သူ့လက်ကို ဆန့်တန်းလိုက်ပါသည်။
ယွမ်ရီး၏ မာနကြီးသော အကြည့်သည် သူ့ယခင်ဘဝ ပုံစံနဲ့ အနည်းငယ် ကိုက်ညီတာကြောင့် လုရွှမ် ထိုလူငယ်ကို ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ သူလည်း မြန်မြန် လက်ဆွဲနှုတ်ဆက်ဖို့ လက်လွှဲပေးလိုက်သည်။
"လုရွှမ်!"
လူနှစ်ယောက်၏ လက်များသည် တစ်ယောက်ကို တစ်ယောက် မဆုပ်ကိုင်ထားနိုင်စဥ် လေထုကိုပဲ ဆုပ်ကိုင်ထားနိုင်သလို လွဲချော်သွားတာ တွေ့လိုက်ရသည်။
လူနှစ်ယောက်၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားကာ တစ်ယောက်ကို တစ်ယောက် အံ့အားသင့်စွာ ကြည့်ကာ တစ်ချိန်တည်းတွင် အော်လိုက်ကြသည်။
"မင်းနဲ့ ငါက တစ်ကမ္ဘာထဲမှာ အတူတူ ရှိနေတာ မဟုတ်ဘူး"
ထို့နောက် ယွမ်ရီးက
"လတ်စသတ်တော့ အဲ့လိုကိုး.... ငါက ငါတို့ ရှေးဟောင်းယွမ်ကမ္ဘာမှာ နံပါတ်တစ် ပါရမီရှင် ဖြစ်နေတုန်းပဲကိုး... ငါ နည်းနည်းတော့ စိတ်ပျက်မိပေမယ့်လည်း နည်းနည်းတော့ ကံကောင်းသလို ခံစားရတယ်"
လုရွှမ် လျင်မြန်စွာ လှည့်ပတ် ကြည့်လိုက်သည်။ သူသည် အထူးနေရာတစ်ခုသို့ ထပ်မံဝင်ရောက်လာပုံရတာကို ရုတ်တရက် သဘောပေါက်သွား၏။ သေတ္တာငယ်လေးထဲ ရောက်သွားသလို အခြား ကမ္ဘာငယ်လေးများမှ ထူးချွန်သူများနှင့် ဆုံတွေ့နေရသည်။
"တိမ်ပင်လယ်နယ်မြေက လုရွှမ်!"
"ငါ တိမ်ပင်လယ်နယ်မြေ အကြောင်း တခါမှ မကြားဖူးဘူး"
ယွမ်ရီးက လုရွှမ်ရဲ့ စိတ်ခံစားချက်တွေကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆပဲ ပြောလိုက်သည်။
လုရွှမ်လည်း မထင်ခဲ့ပါဘူး။ တိမ်ပင်လယ် နယ်မြေသည် ဝေးလံခေါင်သီပြီး မကြာသေးမီကမှ ဖွင့်လှစ်ထားပြီး အခြား ကမ္ဘာငယ်လေးများနှင့် ချိတ်ဆက်ထားခဲ့သည်။ ဒါကြောင့် ဘယ်သူမှ မသိတာ သဘာဝကျပါသည်။
"ငါတို့နှစ်ယောက် ဒီမှာ အတူတူရှိလာဖို့ အခွင့်အလမ်း ရှိထားတယ် ဆိုမှတော့ ဒီလှေကားကို ဘယ်သူက အရင်နားလည်နိုင်မလဲ တက်နိုင်မလဲ ပြိုင်ကြည့်ကြမလား?"
ယွမ်ရီးက လုရွှမ်ကို တင်းမာသောမျက်လုံးများဖြင့် စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။ လုရွှမ်က ရယ်လျက်။
"ပြီးမှ ရုပ်ဆိုးဆိုးနဲ့ မငိုနေနဲ့..."
"ငါ့ကို အဲ့လောက် အထင်မသေးနဲ့ကွ!"
ကျိန်ဆဲကာ ပြောပြီးသည်နှင့် သူသည် သံဓားကို လက်ထဲတွင် ဝှေ့ယမ်းကာ ရုတ်တရက် အလင်းတန်းတစ်ခု လင်းလက်လာသွားသည်။ သံဓားက ရှေ့လမ်းမှ ဓားစွမ်းအင်ကို ဖြတ်တောက်ပစ်လိုက်သည်။
လုရွှမ် သူ့မေးစေ့ကို ပွတ်သပ်ရင်း
"စွမ်းသားပဲ!"
လုရွှမ် တိတ်တဆိတ် သဘောကျသွားတာက ထိုဓား၏ စွမ်းအားသည် သာမာန် မဟာသူတော်စင်နှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။
လုရွှမ်သည် ပြိုင်ဆိုင်ရန် နှိုးဆော်ခဲ့သည်။ ပြောင်မြောက်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော ဓားဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ခုန်ထွက်ကာ ပတ်ပတ်လည်တွင် လှုပ်ယမ်းနေသည်။ သူသည် လှေကား လမ်းကြောင်းမှ ပစ်လွှတ်သော ဓားစွမ်းအင်ကို ရင်ဆိုင်ကာ ရှေ့သို့ ပြေးသွားခဲ့သည်။
ဓားစွမ်းအင်က လုရွှမ်ကို လျစ်လျူရှုထားပုံရသည်။ လုရွှမ် ထိခိုက်မှု မရှိဘဲ တိုက်ရိုက်ပဲ လျှောက်သွားလေသည်။ ထိုမြင်ကွင်းကို မြင်တော့ ယွမ်ရီးမှာ ပါးစပ်အဟောင်းသားလေး ဖြစ်သွား၏။
"လူနဲ့ဓားပေါင်းစည်းမှု အမြင့်ဆုံးနယ်ပယ်... ငါ့ခန္ဓာကိုယ်က ဓားပဲ... ငါ့ကိုယ်ထဲက ဓားစွမ်းရည် ထွက်လာတဲ့အခါ တစ်ဖက်က ဓားစွမ်းအင်က ရပ်သွားလိမ့်မယ်"
"ယွမ်ရီး... ငါ ပထမခြေလှမ်းကို လှမ်းလိုက်မယ်နော်"
လုရွှမ်က ပြုံးပြီး ရှေ့ကို လှမ်းသွားရာ ယွမ်ရီး အနောက်ကနေ အမြန် လိုက်သွားရတော့သည်။ သူက လုရွှမ်ကိုကြည့်ကာ အရှက်မဲ့စွာ အော်လေ၏။
"မင်းက ဓားကျင့်စဥ်ကို လေးလေးနက်နက် နားလည်ထားပြီးပြီကို ဘာကိစ္စ ခက်ခက်ခဲခဲ လျှောက်လာရတဲ့ ပုံစံ လုပ်နေတာလဲ? လျှို့ဝှက်ဆန်းကြယ်တဲ့ လှေကားကို တိုက်ရိုက် တက်လို့ရတာပဲမလား? မင်း အရမ်းများသွားပြီ!"
ခက်ခဲတဲ့ လမ်း၊ လျှို့ဝှက်ဆန်းကြယ်တဲ့ လှေကား? ထိုစကားကြောင့် လုရွှမ်စိတ်တွေ ရုတ်တရက် တက်ကြွလာခဲ့သည်။