← Chapters

လျှို့ဝှက်ဆန်းကြယ်သော တိရွှမ်လှေကား

Vol. 55 Ch. 4.342

လျှို့ဝှက်ဆန်းကြယ်သော တိရွှမ်လှေကား

Vol. 55 Ch. 4.342

သူနားလည်လိုက်ပြီ။ သူဒီလို မှော်ဆန်တဲ့ နေရာကို နားမလည်နိုင်စွာ ဝင်ရောက်လာခဲ့တာက ရွှမ်ခုန်းတောင်ကို ဝင်လာခဲ့မိသလိုပဲ ဆိုတာ သူ ရှင်းရှင်းလင်းလင်း သိလိုက်ပြီ။

ဤနတ်တောင်တန်းသည် စိုးရိမ်းခြင်းမဲ့ပင်လယ်၏ ကျွန်းပေါ်တွင် နှစ်ပေါင်းများစွာ တည်ရှိနေသော်လည်း တိမ်ပင်လယ် နယ်မြေ၏ အဆင့်နိမ့်မှုကြောင့် ၎င်းကို အမှန်တကယ် မြင်နိုင်ခြင်း မရှိခဲ့ပေ။

လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က ဒီကမ္ဘာပေါ်ရှိ ကြီးမားသော ပြောင်းလဲမှုများကြောင့် ဤနတ်တောင်တန်းက နောက်ဆုံးတွင် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ကျိုးရန် ဒီလိုနေရာကို ရှာတွေ့နိုင်ရခြင်းရဲ့ အကြောင်းရင်းမှာ ဒီနေရာမှာ အနှစ်နှစ်ရာကြာအောင် နေခဲ့လို့ပဲ ဖြစ်သည်။

လမ်းတစ်လျှောက်တွင် ဓားစွမ်းအင်များ ပြည့်နေသော်လည်း လုရွှမ်သည် အေးအေးဆေးဆေး လေနုအေးလေး တိုက်ခတ်နေသလို လျှောက်လာခဲ့သည်။ ယွမ်ရီးကို နှိုးဆွပေးပြီးနောက် သူ့ရှေ့မှ ခြေလှမ်းအနည်းငယ် လှမ်းကာ လမ်းကြောင်းမှ ထွက်ခွာသွားခဲ့သည်။

ယွမ်ရီးကို မလှောင်ပြောင်ခင် လုရွှမ််သူ့ရှေ့က ဧရာမလှေကားကြီးကို တွေ့ကာ ထိတ်လန့်သွားသည်။

သူ့ခြေထောက် အောက်မှာတော့ တိမ်တွေပေါ်အထိ ဖြန့်ထားပြီး တောက်ပစွာ ပြေးလွှားနေတဲ့ လှေကားရှည်ကြီး တစ်စင်းပါပဲ။ ဒီလှေကားက ဘယ်လောက် မြင့်လဲ ဘယ်လောက် ဝေးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။

ကောင်းကင်အထိ တက်နေတဲ့ လှေကားဘေးတွင် အက္ခရာ သုံးလုံးပါသော ကျောက်စာတန်း တစ်ခုရှိပြီး ယင်းမှာ လျှို့ဝှက်ဆန်းကြယ် လှေကား 'တိရွှမ်လှေကား' ဟူသော အက္ခရာများကို ​ရေးထိုးထားသည်။

လက်ရေးက ရှေးကျပြီး ကျောက်စာက ရိုးရှင်းပေမယ့် တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးတွေကို ဖယ်ခွာလို့ မရတော့ပေ။ ကျောက်ပြားပေါ်တွင် စီးဆင်းနေသော တောက်ကျင့်စဥ် ပုံစံများက ကျယ်ပြောလှပြီး သူ့​ခန္ဓာကိုယ်ထဲမှာ တုန်လှုပ်သွားတဲ့ ခံစားချက်ကို ခံလိုက်ရစေသည်။

"လျှို့ဝှက်ဆန်းကြယ်တဲ့ တိရွှမ်လှေကားလို့ကို မပြောရဘူး.... တကယ်ကို ထိတ်လန့်စရာပဲ ဟမ့် ဒီလှေကားထစ်ပေါ်မှာ ငါ့နာမည်ကို ချန်ထားခဲ့ရမယ်"

ယွမ်ရီးက အော်ပြောလိုက်ပြီး လုရွှမ်ကို လှည့်ကြည့်လိုက်သည်။

"အခုလေးတင် မင်း အခွင့်ကောင်း ယူလိုက်ပေမယ့် အခု မင်းရဲ့စစ်မှန်တဲ့ အလားအလာကို အားကိုးနေတာကိုး... ဟားဟား ငါမင်းကို ဆွဲထုတ်သွားမယ့် အချိန်ကိုသာ စောင့်နေလိုက်တော့"

လုရွှမ်ကတော့ ဒီယွမ်ရီးတစ်ယောက် ဒီလို ယုံကြည်ကိုးစားမှုတွေကို ဘယ်ကများ ရလာလဲ မသိပါ။ တစ်ဖက်လူ၏ နယ်ပယ်သည် သူ့ထက်အဆင့်နှစ်ဆင့် မြင့်မားသော်လည်း သူ့အင်အားသည် မိမိထက် သာလွန်နေမည်တော့ မဟုတ်ပေ။ သူသတ္တိကတော့ ရဲရင့်လွန်း​ပေသည်။

ယွမ်ရီး၏ ခန္ဓာကိုယ်သည် ရုတ်တရက် လေထဲသို့ တက်လာပြီး ပထမခြေလှမ်းကို လှမ်းလိုက်ပြီးနောက် ယင်တစ်ကောင်လို လျင်မြန်စွာ အထက်သို့ ခုန်တက်သွား​တော့သည်။

ကောင်းကင်သို့ တက်သည့် လှေကားထစ်များ၏ အမြင့်မှာ အလွန်မြင့်မားပြီး ခြေလှမ်းတစ်ခုစီ အတွက် ၃ပေ၃လက်မခန့် ကွာဝေးသည်။ နိယာမစွမ်းအင် လိုင်းများ တဖျပ်ဖျပ် ခတ်နေပြီး ကြီးမားသော ရောင်ဝါ၏ခြေရာများ ထွက်ပေါ်လာကာ လူတို့ကို မသိစိတ်က သဘောကျလာစေသည်။

လုရွှမ် အလျင်စလို မတက်​​​သေးဘဲ ကျောက်ပြားဆီသို့ လျှောက်သွားခဲ့သည်။ ကျောက်ပြားပေါ်တွင် လျှို့ဝှက်ထားတာ တစ်ခုခု မရှိကြောင်း အတည်ပြုပြီးနောက်မှ သူသည် လျှို့ဝှက်ဆန်းကြယ်သော လှေကားထစ်များဆီသို့ လျှောက်သွားပြီး တက်ခဲ့သည်။

သူရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သော်လည်း မတ်တပ် မရပ်နိုင်မီတွင် တွန်းအားကြီး တစ်ခုက တိရွှမ်လှေကားထစ်မှ ထွက်လာပြီး လုရွှမ်ကို အဝေးသို့ တွန်းထုတ်ရန် ကြိုးစားလာသည်။ လုရွှမ် နိယာမစွမ်းအင် တချို့ကို သူ့ခြေဖဝါးပေါ် အလျင်အမြန် တွန်းထုတ်လိုက်ပြီး သူ့ကိုယ်သူ အရူးမလုပ်မိအောင် အခိုင်အမာ ကြိုးစားခဲ့၏။

မဟုတ်ရင် ပထမအဆင့်တောင် မတက်နိုင်ခဲ့ရင် အရမ်းရှက်စရာ ကောင်းသွားလိမ့်မယ်။

လုရွှမ် သူ့ခန္ဓာကိုယ်ကို နားမလည်နိုင်သော စွမ်းအားတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရကာ သူ့အမြင်အာရုံမှာ ပြောင်းလဲသွားသည့် အတိုင်းပင်။ လုရွှမ် သူ တိရွှမ်လှေကားထစ်ပေါ်မှာ ရှိနေတာကို တွေ့လိုက်ရသော်လည်း ယခုအချိန်တွင် တိရွှမ်လှေကားပေါ်တွင် လူငယ် ကျင့်ကြံသူများစွာလည်း ရှိနေကြတာ တွေ့လိုက်ရသည်။

တချို့ကလူ၊ တချို့က နတ်ဆိုးများ ဖြစ်သလို တချို့တွေကလည်း သားရဲအသွင်ဖြင့် လှေကားထစ်များပေါ်တွင် တိုက်ရိုက် ပေါ်လာကြသည်။ သူတို့က အလွန် ထူးဆန်းနေပုံရပြီး လုရွှမ်အား ပို၍ပင် အံ့သြသွားသည်မှာ သားရဲများရော လူသားတွေရော လှေကားထစ်များကို သိမ်းပိုက်ထားခြင်း ဖြစ်သည်။

လုရွှမ် တခြားသူတွေကို မြင်သလို တခြားသူတွေကလည်း လုရွှမ်ကို မြင်ရသည်။ မထီမဲ့မြင်ပြုခြင်း၊ အားပေးခြင်း၊ လှောင်ပြောင်ခြင်းနှင့် ပြုံးခြင်းများ အမျိုးမျိုးပင်။

ရုတ်တရက် လုရွှမ် မျှော်ကြည့်လိုက်တဲ့အခါ တိရွှမ်​လှေကား ထိပ်ပေါ်မှာ ရွှေရောင် အလင်းတန်း တစ်ခုကို တွေ့လိုက်ရ​လေသည်။ ထိုအလင်းတန်းထဲမှ မိုးခြိမ်းသံလို အသံတစ်သံက သူ့နားကိုပင် တုန်လှုပ်သွားစေ၏။

"ဝမ့်ရှန့်ကမ္ဘာက နတ်ဆိုးကျင့်ကြံသူ ထျန်းလန်ဟာ အထပ် ၉၀ကို ရောက်ရှိလာတဲ့အတွက် ဆန်းကြယ်ကောင်းကင်နိယာမ စာမျက်နှာ ပထမအလွှာကို လက်ခံရရှိပါပြီ"

လုရွှမ် သူ့ပတ်ဝန်းကျင်ကို လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။ လူတိုင်းက ထိုအသံကို ကြားရသော် သူတို့ မျက်လုံးများထဲတွင် ငြူစူခြင်းများနှင့် ပြည့်နှက်လာခဲ့သည်။ အချိန်အတော်ကြာအောင် ကျယ်လောင်တဲ့ ဆွေးနွေးမှုတွေ ထွက်ပေါ်လာခဲ့သည်။

"ဟမ့်... အဲဒီထျန်းလန် လိမ်နေတာ သိသာတယ်.... သူက သူတော်စင်နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသောကာလကို ရောက်နေပြီလေ.. ဒါတောင် သူက မြေကြီးရဲ့ လျှို့ဝှက်ဆန်းကြယ် တိရွှမ်လှေကားထစ်ကို ချိုးဖျက်ဖို့ ဒီကို လာနေသေးတယ်... ငါကဆို လျှို့ဝှက်ဆန်းကြယ် ကောင်းကင်လှေကားထစ်ကို စိန်ခေါ်လိုက်မှာ!"

ကောင်လေး ယွမ်ရီးက ဘယ်အချိန် ပြန်ရောက်လာခဲ့မှန်း မသိဘူး။ သူက လုရွှမ်ရဲ့ မျက်စိလည်နေသလို ပုံစံကို အရမ်းသဘောကျနေပုံရ၏။ ထျန်းလန်အကြောင်း စကားနည်းနည်းလောက် ငေါက်ပြီး ဒေါသတကြီးနဲ့ လှည့်ပြန်လာခဲ့သည်။

"ဟေး.... မင်းလုပ်နိုင်ရဲ့လား? ဒါက ပထမအဆင့်ပဲ ရှိသေးတယ် မင်းကြည့်ရတာ မလုပ်နိုင်လောက်တော့တဲ့ ပုံပဲ.... မင်းရဲ့ အရည်အချင်းက မဆိုးဘူး မဟုတ်လား?"

ဒီကလေးက မှုန်ကုပ်ကုပ် ဖြစ်နေတတ်မှန်း သိပေမယ့် သူ့ကို ခရီးသွားဖော် တစ်ယောက်လို့ ယူဆနိုင်တာကြောင့် လုရွှမ်လည်း အခြေအနေကို အမြန်မေးလိုက်သည်။

ဒီနေရာနဲ့ ပတ်သတ်ပြီး သူဘာမှမသိပါဘူး။ သူနည်းနည်းပဲ သိလို့ ဆုံးရှုံးနစ်နာသွားမှာကို မကြောက်ပါဘူး။ ဒါပေမဲ့ သင်ပိုသိလေ အကျိုးအမြတ် ပိုများလေဆိုတာ သိသာနေတာပဲ မဟုတ်လား။

သူအရင်က ကြားလိုက်တဲ့ ဆန်း​​ကြယ်ကောင်းကင် နိယာမဆိုတဲ့ စကားအပေါ် လုရွှမ် အလွန်တပ်မက်နေခဲ့သည်။ တကယ်လို့သူသာ ဆန်းကြယ်ကောင်းကင်နိယာမ ပထမအလွှာကို ရလိုက်ရင် သူ့ကျင့်ကြံမှုက ထပ်တိုးလာနိုင်လောက်လား။

"မဟုတ်​သေးပါဘူး.... မင်းဘာမှ မသိဘူးလား? ဒါဆို မင်းဒီကိုဘယ်လိုလုပ် ရောက်လာတာလဲ?"

ယွမ်ရီးက ထိတ်လန့်စွာ အော်လိုက်ပြီး ရုတ်တရက် တုံ့ပြန်မိလိုက်ပုံကြောင့် သူ့အသံကို အမြန် ပြန်နှိမ့်ချလိုက်ကာ။

"ဒါနဲ့များ ဘာကိစ္စ လူနဲ့ဓားပေါင်းစည်းမှု နယ်ပယ်ကို အတင်း အားကိုးပြီး ဒီလမ်းထဲဝင်လာရတာလဲ?"

"ဟေး .... နေပါဦး လုရွှမ်... ဒီနာမည်က နည်းနည်းရင်းနှီးနေသလိုပဲ"

ယွမ်ရီးက ဆက်သွယ်ရေး ကျောက်စိမ်းသင်္ကေတကို ထုတ်ကာ ခဏကြာ စကားစမြည်ပြောပြီး လုရွှမ်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လာသည်။

"ငါ့ဝမ်းကွဲညီမက မင်းအကြောင်း ပြောနေတာပဲကွ.... မင်းတို့ ရွှမ်ခုန်းတောင်မှာ တွေ့​ကြတာ မဟုတ်လား? မင်းကျင့်ကြံတာ အရမ်းမြန်တာပဲ.. ယ မင်းရဲ့နေရာက အရမ်းဝေးပြီး ဝိညာဉ်စွမ်းအင်တွေ ကင်းမဲ့နေတယ်လို့ ငါကြားမိပါတယ်... ဒီနယ်ပယ်အထိ မဖြတ်ကျော်ခင် အနည်းဆုံး တစ်နှစ်လောက် ဖိနှိပ်ခံရမှာပဲလို့ ထင်ထားတာ မင်းက သူတော်စင်တောင် ဖြစ်နေပြီ.... မင်းရဲ့ အရည်အချင်းက အရမ်း အစွမ်းထက်တယ် မင်းမှာငါ့လို့ အရည်အချင်းတွေ ရှိတယ် ဟားဟား...."

လုရွှမ် မျက်တောင်ခတ်လိုက်ပြီး

"မင်းရဲ့ဝမ်းကွဲညီမက နတ်သမီးအောင့်ယွဲ့လား?"

"ဟုတ်တယ်.... ငါ့ဝမ်းကွဲညီမက အရမ်းလှတယ်မလား? ဒါပေမယ့် သူက ငါ့ဝမ်းကွဲဖြစ်နေတာ သနားစရာပဲ မဟုတ်ရင် ငါသူမကို ချစ်မိသွားလိမ့်မယ်....မင်းအတွက် အခွင့်အရေး ရမှာတောင် မဟုတ်ဘူး... ဒါပေမဲ့ မင်းလည်း မဆိုးပါဘူး... မင်းက ငါ့လောက် လိမ္မာ... ခွန်အားကြီးပြီး ချောနေတာ မဟုတ်ပေမယ့် ဝမ်းကွဲညီမနဲ့တော့ ထိုက်တန်ဖို့ လုံလောက်ပါတယ်"

ယွမ်ရီး သူ့ကို ပွေ့ဖက်လိုက်သည်။ လုရွှမ်က သူတို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ရမယ်လို့ ထင်ခဲ့ပေမယ့် မထင်မှတ်ပဲ ယွမ်ရီးက သူ့ကို တိုက်ရိုက် ပွေ့ဖက်လာခဲ့သည်။

"ကောင်းပြီ... ငါ့ဝမ်းကွဲညီမက မင်းလာရတဲ့ နေရာက ဝေးလွန်းတယ်လို့ ပြောပါတယ်.. အဲ့တော့ ငါမင်းကို ကောင်းကောင်းရှင်းပြမယ်"

ဤ​လောကကြီးသည် ကမ္ဘာငယ်လေးများဖြင့် ပြည့်နှက်နေပြီး ဒဏ္ဍာရီများသည်လည်း ကမ္ဘာကြီး တစ်ခုလုံးတွင် လည်ပတ်နေသည်။ ပင်မကမ္ဘာကြီးနဲ့ ပိုနီးလေလေ သဘာဝကျကျ ဝိညာဉ်စွမ်းအင်က ပိုပေါများလေပါပဲ။

အလယ်အလတ် ကမ္ဘာကြီး၏ အပြင်ဘက်တွင် ကမ္ဘာငယ်လေးများကို အဆင့်အရ ၎င်းကို ကောင်းကင်နှင့် မြေကြီးအဖြစ် ထာဝရ ခွဲခြားထားပြီး ရှေး​ဟောင်းလျှပ်စီးကမ္ဘာနှင့် ရှေးဟောင်းယွမ်ကမ္ဘာတို့ ကဲ့သို့ ကမ္ဘာများက စတုတ္ထအဆင့် ဖြစ်သည်။

ထိုစတုတ္ထအဆင့်ကို လျှော့မတွက်ပါနှင့်။ ၎င်းသည် အခြားရှုပ်ထွေးသော ကမ္ဘာငယ်လေးများ၏ ဗဟိုချက် ဖြစ်နေပြီ။ ဥပမာအားဖြင့် နတ်သမီးရှန်းရှဲ့နှင့် ရှန်ယီးတို့ နေထိုင်သည့် ကမ္ဘာငယ်လေးများသည် ရှေးဟောင်း လျှပ်စီးကမ္ဘာနှင့် ရှေးဟောင်း ယွမ်ကမ္ဘာတို့ကို ဗဟိုပြုထား​ကြတာ ဖြစ်သည်။

ဒါက ရှေးခေတ်ကတည်းက ကျင့်သုံးခဲ့တဲ့ စည်းမျဉ်းတစ်ခုပါပဲ။ ဒါပေမဲ့ အခု ကမ္ဘာငယ်လေးများစွာမှာ တန်ခိုးကြီးတဲ့ ကျင်ကြံသူတွေ ပေါ်ထွက်လာပြီး ကမ္ဘာငယ်လေးတွေက သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ နာမည်ပေးလာကြ၏။

ဥပမာအားဖြင့် နတ်သမီးရှန်းရှဲ့ တည်ရှိရာ ထျန်းရှန်ကမ္ဘာသည် တစ်ချိန်က အလွှာပေါင်းစုံ ဘက်ပေါင်းစုံ ကျော်ကြားခဲ့သော ထျန်းရှန်ဟူသည့် နတ်သမီးတစ်ဦး ပေါ်ထွန်းခဲ့ခြင်းကြောင့် ဖြစ်သည်။ ကောလဟာလများအရ သူမသည် ထျန်းရှန်ကမ္ဘာကို သာလွန်ခဲ့​စေသော စီနီယာတစ်ဦး ဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် ထိုကမ္ဘာငယ်လေးသည် ထျန်းရှန်ကမ္ဘာ အဖြစ် တဖြည်းဖြည်း လေးစားလာခဲ့ပြီး ၎င်း၏ အဆင့်အတန်းသည်လည်း တိုးမြင့်လာခဲ့သည်။ အခြေအနေအရ ထိုကမ္ဘာသည် ရှေးဟောင်းလျှပ်စီးကမ္ဘာနှင့် ရှေးဟောင်းယွမ်ကမ္ဘာကို အမှီလိုက်နိုင်ခဲ့သည်။

လုရွှမ် ရုတ်တရက် နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။ ပြောစရာမလိုအောင် တိမ်ပင်လယ် နယ်မြေကမ္ဘာသည် ထိတွေ့လို့ပင် မရနိုင်သော အဝေးဆုံး တစ်နေရာက ကမ္ဘာငယ်လေး ဖြစ်နေရှာ၏။

All Chapters