← Chapters

ခိုင်မာသောစိတ်နှလုံး

Vol. 55 Ch. 4.343

ခိုင်မာသောစိတ်နှလုံး

Vol. 55 Ch. 4.343

ယွမ်ရီးက သူ့ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေတာကို ရုတ်တရက် သိလိုက်ရတော့ လုရွှမ်ဟာ မြန်မြန်ဆန်ဆန်နဲ့ ဂရုတစိုက် ရှောင်ထွက်သွားလိုက်သည်။

"ငါ့ဝမ်းကွဲညီမက မင်းက မကောင်းဆိုးဝါး တစ်ကောင်လို့ ပြောသေးတယ်.... သူက ကြွားလုံးထုတ်နေတယ်လို့ ငါထင်ခဲ့ပေမဲ့ မင်းက ဓားပညာ နက်နက်နဲနဲကို နားလည်ပြီး နတ်တောင်တန်းကိုတောင် ဖောက်ထွက်လာမယ်လို့ မမျှော်လင့်ထားဘူး.... အံ့သြစရာပဲ"

ယွမ်ရီး၏ မျက်လုံးကြီးများသည် ရွှေရောင်အလင်းတန်းများ တောက်ပလာကာ

"ငါတို့ အချိန်ရရင် တစ်ပွဲလောက် ကောင်းကောင်း တိုက်ကြည့်ရအောင်"

"ကောင်းပြီ မင်းရဲ့ဓားကြီးကို ဘယ်လို သုံးရမလဲဆိုတာ ငါလေ့လာဖို့ ကြိုးစားနေတာနဲ့ အတော်ပဲ... အဲဒီဓားကလည်း အံ့သြစရာ ကောင်းပါတယ်"

ဓားကျွမ်းကျင်မှုနှင့်ပတ်သက်၍ ယွမ်ရီးက ရုတ်တရက် မာနကြီးလာပြီး

"မင်းက ပညာတတ်ကြီးပဲ.... အဲဒါက ငါ့ကိုယ်တိုင် လုပ်ထားတဲ့ သန်မာတဲ့ဓား တစ်လတ်ပဲ.... ကြမ်းတမ်းတဲ့အရာကို ဖြိုခွင်းနိုင်တဲ့ ဓားရှည်ပဲ.... သူက ငါ့ထက် သန်မာရင်တောင် ပိုအားကောင်းအောင် ငါလုပ်ဦးမှာ... ဓားသန်မာရင် ငါလည်း သန်မာလာမယ်.. ဒီဓားနဲ့ အရာအားလုံးကို တွန်းလှန်နိုင်တဲ့အထိ လုပ်မှာ... မင်းကငါ့ဓားကို စမ်းကြည့်ချင်တယ် ဆိုတော့ အရမ်းကြီးစိုးနေတာပဲ မဟုတ်ဘူးလား "

လုရွှမ် မတတ်နိုင်ဘဲ တံတွေး မျိုချလိုက်မိသည်။ ဒါက ဓားနဲ့ မိမိကိုယ်ကို လွှမ်းမိုးချုပ်ကိုင်ထားရုံမျှသာ ဖြစ်သည်။ ၎င်းသည် သူတို့ကြားထဲ ကြိုးတစ်ချောင်း ရှိနေလိုပင်။ ဒီအဆင့်ထိ ရောက်လာအောင် သူဘယ်လို ပြုစုပျိုးထောင်ခဲ့လဲ မသိပေ။

"မင်းရဲ့ဓားရည်ရွယ်ချက်ကို ငါအရင်က မြင်ဖူးပါတယ်... မင်းက သန်မာပြီး အလျှော့မပေးဘဲ လွှမ်းမိုးချုပ်ကိုင်ထားပေမယ့် နောက်ဆုံးတော့ မင်းကိုယ်မင်း မင်းရဲ့ ဓားတစ်လက်အဖြစ် ပြောင်းလဲပြီး ဓားရောင်ဝါထဲကို ပေါင်းထည့်လိုက်တာ.... မင်းက ထက်မြက်ပေမယ့် မင်းတခြားသူကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတယ်လို့ သံသယ ဝင်နေတုန်းပဲ"

လုရွှမ်၏ မျက်ခုံးများသည် မထိန်းနိုင်ဘဲ အနည်းငယ် မည်းမှောင်သွားခဲ့သည်။ ဒီကောင်က သူ့ကို လှောင်ပြောင်နေတာလား။ သူ့အစွမ်းအစကြောင့် အလွတ် မပေးချင်တာလား?

သို့သော် ယွမ်ရီးက မောက်မာစွာ ဆက်အော်နေဆဲပင်။

"မင်းကလူပါပဲ.... မင်း ယောက်ျားပီသပြီး ပြတ်သားရမယ်... တစ်ယောက်ယောက်က မင်းလမ်းကို ပိတ်ဆို့လာတဲ့အခါ မင်းသူ့ကို တွန်းချလိုက်.... ဓားပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် တားရဲတဲ့သူကို သတ်! သတ်! သတ်!"

ယွမ်ရီးက "သတ်" ဟူသော စကားလုံးကို သုံးကြိမ်ဆက်တိုက် ပြောပြီး သူ့အသံက ပိုကျယ်လောင်လာကာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြေးလာသော ပတ်ဝန်းကျင်ရှိ လူတိုင်းကို တုန်လှုပ်ချောက်ချားစွာ ရှောင်ရှားထွက်စေသည်။

"လာ လာ... မြန်မြန်သွားရအောင် အဲဒါက ရှေး​ဟောင်းယွမ်နယ်မြေက အရူးပဲ"

"ဟေး အဲဒီလူငယ်က ဘယ်သူလဲတော့ မသိဘူး... ယွမ်ရီး ဒေါသထွက်လာရင်တော့ သူပါ ဒုက္ခရောက်မှာ ကြောက်ရတယ်"

"မင်းဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ? မင်းကမသေသေးတဲ့ လူပါ အဲဲဒီနားက ကောင်လေး မဟုတ်ဘူး နားလည်လား!"

"ဟုတ်​ကဲ့ အကြံ​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ ​အစ်ကိုယွီ... ကျွန်တော်တို့ အမြန်​ထွက်​သွားရအောင်"

လုရွှမ်သည် အေးစက်သော ချွေးများဖြင့် ဖျတ်ခနဲ ထွက်လာသည့် ထိုကဲ့သို့ ပြင်းထန်ပြီး အစွန်းရောက်သော အတွေးမျိုး ရှိသူတွေက မိုက်မဲကြကြောင်း မှတ်ချက် ပေးလိုက်သည်။

လုရွှမ်က ချောင်းဆိုးရင်း

"ကောင်းပြီ အစ်ကို ယွမ်.... လျှို့ဝှက်ဆန်းကြယ်တဲ့ တိရွှမ်လှေကားကို အရင်တက်ရအောင်.... ကျန်တာကို နောက်မှ ဖြေရှင်းမယ် ဘယ်လိုလဲ"

ယွမ်ရီးက သူ့ခေါင်းကို ညိတ်လိုက်ပြီး

"မှန်ပါတယ်.... ဟေး ငါ အဲဒီကောင်တွေ စည်းကို ဘယ်လို ကျော်ဖြတ်နိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

အော်လိုက်ပြီး အပေါ်ကို လှမ်းတက်လိုက်သည်။ တစ်လှမ်းချင်း နှစ်လှမ်းပြီးနောက် သူတို့နောက်ကို အမြန်ပဲ လိုက်သွားတော့၏။

လုရွှမ် ပြောစရာစကား ပျောက်ရှကာ ခေါင်းသာ ခါယမ်းလိုက်သည်။ ပါရမီရှင်များက အမြဲတမ်း အနည်းငယ်​တော့ ကွဲပြား​ကြ​ပေသည်။ သူသည် တခြားသူများ၏ အမြင်တွင် အလွန်ကွာခြားနေခဲ့တာကို သူနည်းနည်းလေးမှ မသိခဲ့ချေ။

ငြိမ်သက်သွားပြီးနောက် လုရွှမ် ခုန်တက်လိုက်ပြီး ဒုတိယခြေလှမ်းကို လှမ်းတက်လိုက်သည်။

ကောင်းကင်မှ ကြီးမားသော အင်အားကြီး တစ်ခုကို ဖိကျလာသည်။ လုရွှမ် ယင်းအတွက် ပြင်ဆင်ထားပြီးလို့သာ မဟုတ်ပါက တက်သွားဖို့ မပြောပါနှင့် တစ်ချက် လွင့်သွားပြီးလောက်ပြီ။

သူ့ပခုံးပေါ်မှ ကြီးမားသော စွမ်းအားများဖြင့် လုရွှမ် ဒုတိယခြေလှမ်းကို လှမ်းရပ်လိုက်သည်။ ယခင့်ယခင်ဘဝတွင် လုရွှမ် ဒီလိုစမ်းသပ်မှုကို တွေ့ကြုံခဲ့ရဖူးပြီး တောင်တံခါးသို့ ဝင်သောအခါက ဝင်ခွင့်စာမေးပွဲ တစ်ခုအနေနဲ့ စမ်းသပ်ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် ထိုအချိန်က တောင်တံခါးစာမေးပွဲဟာ ဒီနေရာနဲ့ မတူသည်မှာ ထင်ရှားပါသည်။

လုရွှမ် အေးအေးဆေးဆေး ဆက်လျှောက်လာခဲ့သည်။ အသက်တစ်ချက် ရှူလိုက်တိုင်း အရူးအမူး ထလုပ်လို့ မရကြောင်း သဘောပေါက်ထားသည်။ ဤလှေကား စမ်းသပ်မှုက အရှိန်ပိုလေ ဖိအားများလေ ဖြစ်သည်။

နှေးကွေးနေတာက အချိန်အများကြီး ယူမှာ ဆိုဟုတ်သော်လည်း ခဏတာ အနားယူပြီးနောက်တွင် သူ့အား ပိုမိုအားတက် လာစေမည်ဖြစ်သည်။

မကြာခင်မှာပဲ လုရွှမ် သူ့နောက်မှာ လှေကား၁၀ထပ်ကို ချန်ထားရင်း တက်လှမ်းလိုက်တဲ့ အခါမှာတော့ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိခဲ့သလို သူ့ကျောနောက်ကိုလည်း မမြင်ရတော့ပေ။

လုရွှမ် အလျင်စလို မဟုတ်ပဲ အေးအေးဆေးဆေး လမ်းလျှောက်နေဆဲဖြစ်သည်။

၁၁ထပ်က သိသာထင်ရှားစွာ ခြားနားပါသည်။ အရင်က ၁၀ဆင့်ထက် ဖိအားနှစ်ဆ တိုးလာခဲ့သည်။ အနည်းဆုံးတော့ ပထမ၁၀ထပ်က သူ့ဦးခေါင်းထိပ်မှာပဲ ဖိအားတစ်ခု ရှိလာတာ အခု၁၁ ထပ်ကနေစပြီး သူ့ခြေဖဝါးအောက်က လှေကားထစ်တွေမှာ ရွံရှာဖွယ် အင်အားတစ်ခု ရှိလာခဲ့သည်။

လှိုင်းလုံးကြီးများ ရိုက်ခတ်နေသော ပင်လယ်ပြင်ပေါ်တွင် မျောပါနေသော လှေငယ်လေးကဲ့သို့ အလွန်ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ခြေထောက်အောက်မှာ လှုပ်ခတ်နေသလို ဟန်ချက်က ထိန်းရခက်နေသည်။

ယခုအခါ လုရွှမ် ယခင်က ပျောက်ကွယ်သွားခဲ့သော လူများကို တွေ့လိုက်ရသည်။ သူတို့ရဲ့ ခြေလှမ်းများသည် သိသိသာသာ နှေးကွေးသွား​ကြကာ တစ်ဆင့်ပြီးတစ်ဆင့် ပိုသတိထားလာကြသည်။

သို့သော် ရံဖန်ရံခါတွင် တစ်စုံတစ်ယောက်သည် ရုတ်တရက် အော်ဟစ်ရင်း သူ့ခန္ဓာကိုယ်က နောက်ပြန်ပျံသွားခဲ့သည်။ တိရွှမ်လှေကားထစ်မှ ပစ်ချခံလိုက်ရပြီး ဝမ်းနည်းစွာ ထွက်ခွာသွားခဲ့ရသည်။

လုရွှမ်ရဲ့ ခြေလှမ်းများကတော့ တည်ငြိမ်နေပြီး သူ့အရှိန်သည် ယခင် အဆင့်ဆယ်ဆင့်နှင့် များစွာ ကွာခြားခြင်း မရှိပေ။ လူများစွာက သူ့ကို ဘေးတိုက်ကြည့်ကာ လျှို့ဝှက်စွာ ဆွေးနွေးလာကြသည်။

လုရွှမ်စိတ်သည် တစ်ပြေးတည်း တည်​ငြိမ်နေပြီး အမြတ်အရှုံးအတွက် စိုးရိမ်မှု အနည်းငယ်ပင် မရှိပေ။ သူသည် အောင်ပွဲအတွက် ပျော်နေမှာ မဟုတ်သလို ရှုံးနိမ့်မှုကိုလည်း မစိုးရိမ်ချေ။ ကျားဖြူငယ်ရဲ့ဖခင် သခင်ကျားဖြူ ပြောတာကို ရုတ်တရက် သတိရမိသွားသည်။

'တစ်ခုခု ရနိုင်ခဲ့ရင် အဲဒါမင်းရဲ့ အခွင့်အလမ်းပဲ.... မင်းမလုပ်နိုင်ရင်လည်း ကံတရား အတိုင်းပါပဲ အတင်းအကြပ် မလုပ်နိုင်တဲ့ အရာကို ဘာလို့ အတင်းလုပ်ချင်​နေမှာလဲ?'

ပူပန်မှုမရှိ ပျော်ရွှင်မှု မရှိတာဟာ ဤကမ္ဘာမြေ လျှို့ဝှက်ဆန်းကြယ် တိရွှမ်လှေကားထစ်ကို တက်ခြင်းရဲ့ သော့ချက်ပဲ ဖြစ်သည်။ အမြတ်အစွန်းများကို စိတ်ပူနေသော ကျင့်ကြံသူများနဲ့ နှိုင်းယှဉ်ပါက လုရွှမ်ရဲ့ စိတ်နှလုံးက တည်ငြိမ်လာပြီး ခြေလှမ်းများကလည်သ အရင်ကထက် တည်ငြိမ်လာသည်။ မသိလိုက်ဘဲ သူပ လူအများစုကို သာလွန်သွားခဲ့သည်။

လှေကားထစ် အထပ် ၃၀ ကို လုရွှမ် ဖြည်းဖြည်းချင်းပဲ ဖြတ်ကျော်လာခဲ့သည်။

လုရွှမ် တစ်လမ်းလုံး ဖြည်းညှင်းစွာ လျှောက်လာခဲ့ရာ နောက်ဆုံးတွင် လူအများစု၏ အာရုံကို မလွဲမသွေ စွဲဆောင်နိုင်ခဲ့သည်။ ထိုလူများစွာဟာ လုရွှမ်အား ဘယ်က ပါရမီရှင်အသစ်လေးလဲ ဟူ၍ သူတို့အချင်းချင်း မေး​မြန်းလာကြသည်။

သူတို့ကို ယခင်က မထီမဲ့မြင်ပြုခဲ့သော်လည်း လက်ရှိအရှိန်အကြောင်း ယခုတော့ အနည်းငယ် ကြောက်လန့်သွား​ကြ​သည်။

"အရင်က သူနဲ့ယွမ်ရီးကို အတူတူ တွေ့လိုက်သေးတယ်"

"ဘာ? သူက အဲဒီအရူးရဲ့ သူငယ်ချင်းလား? သူ ဒီလောက် ရူးသွပ်နေတာ မဆန်းပါဘူး"

ဘယ်သူကမှ ရွဲ့စောင်းပြီး မပြောရဲကြတော့ပေ။ ဆိုလိုတာက သူတို့ နှလုံးသားထဲမှာ လှောင်ရယ်နေပေမယ့် လုရွှမ်တစ်ယောက် အမြင့်ကို တက်လှမ်းနေတုကိုပဲ မနာလိုစိတ်နဲ့ ရပ်ကြည့်နေကြရတော့သည်။

အထိ ငါးဆယ်၊ ခြောက်ဆယ်၊ ခုနစ်ဆယ်၊ နောက်ဆုံးတော့ သူ့ခြေလှမ်းတွေကို မမြင်ရတော့ပေ။ အထပ် ရှစ်ဆယ်သို့ သွားရာ လမ်းတစ်လျှောက်မှာတော့ လုရွှမ် အရှိန် လျှော့သွား​လေသည်။

ယခုအချိန်တွင် သူသည် တောင်တန်း ၁၀လုံးလောပ်ကို သူ့ပခုံးပေါ် ထမ်းတင်ထားရသလို ခံစား​နေရပြီး သူ၏ သန်မာသော ခန္ဓာကိုယ်နှင့်ပင် အနည်းငယ် သက်​ရောက်လာခဲ့သည်။ အထပ် ၉၀ကို ရောက်သွားတဲ့ သူတွေ ဘယ်လောက် အရည်အချင်း ရှိလဲဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက်ခဲနေပြီ။

မြင့်မားတဲ့ အဆင့်သို့ ရောက်ရှိလာပြီးနောက် သူ့ကျင့်ကြံမှုက သူ့အား အမှန်တကယ် အခွင့်ကောင်း ယူ​ပေးခဲ့ကြောင်း လုရွှမ် သိသော်လည်း အချိုးအစားမှာ ကြီးမားခြင်း မရှိပေ။ ထိုကောင်းကင် ဝိညာဉ်စွမ်းအင်သည် အထပ်၉၀ သို့ ရောက်ရှိ​စေနိုင်ကာ အမှန်တကယ် လေးစားဖွယ် ကောင်းသော အရည်အချင်းတစ်ခု ရှိနိုင်​လောက်သည်။

လုရွှမ်ရဲ့အထက် အဆင့်သုံးဆင့်မှာ ယွမ်ရီး ဖြစ်သည်။ ယခုအခိုက်အတန့်တွင် သူသည် ဓားရှည်ကြီးကို လက်ဖဝါးထဲ၌ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး လေထဲတွင် မြင့်မားစွာ လွှင့်ထုတ်ထားကာ ဓားသွားလို ရည်ရွယ်ချက်ဖြင့် ကောင်းကင်သို့ ခုန်တက်ချင်နေရာ သူ၏ သတ်ဖြတ်မှု အရှိန်အဝါကလည်း ပြင်းထန်လှသည်။

"ငါ့ကို တားရင် သတ်ပစ်မယ်!"

"မြေ​ကြီးတားရင် မြေကြီးကို သတ်ပစ်မယ်!"

"ကောင်းကင်က တားရင်လည်း သတ်ပစ်မယ်!"

သူသည် မန္တန်တစ်ပုဒ်ကို ရွတ်နေသလို သို့မဟုတ် ခွန်အားတွေ စုဆောင်းနေသလို ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ပြတ်သားသော မျက်နှာပေါ်တွင် ရူးသွပ်မှုအရိပ်အမြွက်မျှ မရှိသယောင် ထင်ရသော်လည်း ရူးသွပ်တာထက်ပင် ပို၍ ရူးသွပ်သွားခဲ့သည်။

အထပ်၈၀တွင် ကျင့်ကြံသူ ယောက်ျားတစ်ယောက်နှင့် မိန်းကလေး တစ်ယောက် ရှိသည်။ယွမ်ရှးသည် သူတို့​ကို အန္တရာယ်ပြုလာမှာ စိုးရိမ်သောကြောင့် ယခုအချိန်တွင် ဂရုတစိုက် ရှောင်နေကြသည်။

ခြေတစ်လှမ်းမှာ တစ်ခါအော်ကာ တစ်ခါအော်တိုင်းလည်း သတ်ဖြတ်တော့မယ့် အငွေ့အသက်တွေကို ထုတ်လွှတ်လိုက်သည်။ သူ့ပုံစံက အနည်းငယ် တုန်ရီနေသော်လည်း သူ့လက်ထဲမှ ဓားသည် ဖြောင့်ဖြောင့်တန်းတန်း ရှိနေပြီး ဓား ရည်ရွယ်ချက်မှာ ရှေ့သို့ တိုးသွားတိုင်း ထက်မြက်လာသည်။

ထိုအရှိန်အဟုန်ကြောင့် လုရွှမ် အနည်းငယ် တုန်လှုပ်သွားသည်။ သူ့စိတ်ထဲမှာ နိဂုံးလေးတစ်ခုနဲ့ သံသယ အရိပ်အမြွက် တစ်ခုတောင် ရှိနေသလို ခံစားလာရသည်။

'ယင်' မတည်မြဲ 'ယန်'လည်း ဖြစ်ပေါ်လာမည် မဟုတ်ပေ။ ယန်က ယင်ကို ထုတ်လွှတ်ပေးသလို ယင်ကလည်း ယန်ကို မွေးထုတ်ပေးနိုင်သည်။

အင်အား ကန့်သတ်ချက်က ဘယ်မှာလဲဆိုတာ ဘယ်သူပြောနိုင်မှာလဲ? ဒါကြောင့် ယွမ်ရီးက စမ်းသပ်ချင်နေတာ ဖြစ်နိုင်ပေ၏။

All Chapters