← Chapters

ထိပ်ဆုံးကိုခြေချခြင်း

Vol. 55 Ch. 4.344

ထိပ်ဆုံးကိုခြေချခြင်း

Vol. 55 Ch. 4.344

ယွမ်ရီး၏ ဓားရည်ရွယ်ချက်သည် ဓားအလင်းများ အဖြစ် ချဲ့ထွင်ကာ လှိုင်းတစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ တခြားသူများ၏ လေပြင်းများ ထုတ်လွှတ်နေသော ဓားရှည်များ ကဲ့သို့ပင် ယွမ်ရီးမှ ဆွဲထုတ်လာသော လေပြင်းများသည် တဝုန်းဝုန်း တိုက်ခတ်သွား၏။ ထိုလေပြင်းများသည် လူများကို တည်ငြိမ်စွာ မရပ်တည်နိုင်စေရန် တွန်းအားပေးနေသော လေများသာဖြစ်သည်။

လုရွှမ် သူ့မျက်လုံးများက လေးစားမှုကို မပြဘဲ မနေနိုင်လိုက်ပေ။ သူ့အတိတ်ဘဝတွင် သူ့ကို အထင်ကြီး​စေသူ အနည်းငယ်သာ ရှိခဲ့သည်။ ကိုယ်ခံပညာအရ ယွမ်ရီးသည် လုရွှမ် နှစ်သက်သော ပထမဆုံးပုဂ္ဂိုလ် ဖြစ်နေဆဲပင်။

တခြားလူနှစ်ယောက်၏ ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်နေစဥ် လုရွှမ်က သူ၏ မိုးနတ်ဘုရားဓားကို ဆွဲထုတ်ပြီး ယွမ်ရီးဆီက လှုပ်ခတ်လာသော လေပြင်းများကို ကာကွယ်ထားရင်း လှေကားထစ်ကို ဆက်တက်လာခဲ့သည်။

"အရူး!"

ထို​နှစ်ယောက်သားက တိတ်တဆိတ် ကျိန်ဆဲကြသည်။

ရှည်လျားပြင်းထန်သော လေသည် လှိုင်းလုံးများအဖြစ် ဓားစွမ်းအင်အပေါ် ဖြတ်သန်းသွားသည်။ လုရွှမ်၏ အသွင်သဏ္ဌာန်သည် ဓားရှည်နှင့်တူ၏။ အရပ်ရှည်ပြီး ဖြောင့်ဖြောင့်ကြီး။ သူ့ကျော နောက်ဘက်ရှိ နဂါးအရိုးကြီးသည် တဆတ်ဆတ် တုန်ခါလျက် နဂါးပုံသဏ္ဌာန် ရောင်ဝါများကို လွင့်ထွက်နေသည်။

လှေကားထစ်များဆီသို့ တက်လှမ်းနေသော ခြေလှမ်းများသည် ပို၍ပို၍ ပြင်းထန်လာပြီး ခြေလှမ်းတိုင်းနှင့် အတူ ဆင်းသက်သွားရတဲ့ အသံများလည်း ထွက်ပေါ်လာသည်။

တစ်ဆင့်ပြီး တစ်ဆင့် တက်လာတဲ့အခါ နှေးကွေးပုံရပေမယ့် အရင်ကထက် အများကြီး မြန်လာ၏။ ခြေရာများသည် မိုးခြိမ်းသံကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွား​စေသည်။

"ကောင်းပြီ ငါ့ဝမ်းကွဲညီမ လူကြည့်မမှားဘူး ဆိုတာ အမှန်ပဲ.... မင်း ဒီအထိ​တောင် ရောက်နေပြီဆိုတော့ အပေါ်ထပ်ကို ငါခြေတစ်လှမ်း အရင်တက်ပြီနော်"

ယွမ်ရီးက ရယ်လျက် ဆိုလေ၏။

သူက ကျယ်လောင်စွာ ဟောက်လိုက်ပြီး သူ့ဓားကြီးကို ရှေ့သို့ ​ဝေ့ယမ်းလိုက်သည်။ မာနကြီးသော ရောင်ဝါများက သူ့ခန္ဓာကိုယ်ကို ရှေ့သို့ သယ်ဆောင်ကာ ပြေးတက်သွားခဲ့သည်။ ကြီးမားသော ဖိအားက သူ့အား ဖိနှိပ်ထားပုံ မပေါ်သော်လည်း ယွမ်ရီး၏ ကြွက်သားများ ဖောင်းကားနေပြီး သူ့အဝတ်အစားများထက် ဖောင်းကားနေတာကို လုရွှမ် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

မြေအဝါရောင် အလင်းဖျော့ဖျော့လေးသည် သူ့ခန္ဓာကိုယ်ပေါ်တွင် တဖျပ်ဖျပ် ခတ်နေကာ ဖိအားများကို မြေအောက်သို့ ရွှေ့ပြောင်းလိုက်သလို ခက်ခက်ခဲခဲ ခြေတစ်လှမ်း ချလိုက်စဥ် နက်နဲသော ခြေရာတစ်ခု ကျန်ခဲ့သည်။ သူ လျင်မြန်စွာ ပြန်ကောင်းလာသော်လည်း ဖိအားက အလွန် ကြီးမားလာ​ပြန်သည်။

လုရွှမ်သည်လည်း အနိုင်ယူလိုစိတ်ဖြင့် နိုးကြားလာခဲ့သည်။ စိမ်း​ပြာနဂါး နှလုံးက ပြင်းထန်စွာ ခုန်​ပေါက်နေပြီး နဂါးတန်ခိုးဟာလည်း အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။ ယခုအချိန်တွင် ယခင်က ခန္ဓာကိုယ်ထဲတွင် ခိုအောင်းနေသော နဂါးငါး၏ အငွေ့အသက်က တက်ကြွလာပြီး တဖြည်းဖြည်း နဂါးစွမ်းအင်အဖြစ် ပေါင်းစပ်သွားသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် စိမ်း​ပြာရောင် အရိပ်အယောင်များ ဖုံးလွှမ်းနေပြီး နောက်ကျောမှလည်း စိမ်းပြာနဂါး၏ အရိပ်အယောင်များ ရောထွေးနေသည်။ အငွေ့အသက်တချို့ လုရွှမ်ကိုယ်ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာကာ အနောက်မှ လှမ်းကြည့်လိုက်သောအခါတွင် ဧရာမ နဂါးကြီးတစ်ကောင်နှင့်ပင် တူ​နေသည်။

ဝူး!

ကျယ်လောင်သော နဂါးဟောက်သံကြီး ထွက်ပေါ်လာသည်။

လုရွှမ် နဂါးဟောက်သံကို ဂရုမစိုက်နိုင်သေးပေ။ သူ့နောက်ကျောမှ ဖီးနစ်အတောင်များ မထိန်းနိုင်ဘဲ အတောင်များ တဖြည်းဖြည်း ပုံပျက်လာပြီး ခရမ်းရောင်မှ စိမ်းပြာရောင် အဖြစ်သို့ ပြောင်းလဲသွားသည်။ အတောင်များ၏ အသွင်ပြောင်းမှုဟာ ဆက်လက် ချဲ့ထွင်​​နေကာ အရွယ်ရောက်ပြီးသော နဂါးငါး တစ်ကောင်၏ အရှိန်အဝါကို တိုးတိုးတိတ်တိတ် ခံယူနေသည်။

တိရွှမ်လှေကားပေါ်က ကြီးမားသော တွန်းအားသည် လုရွှမ်ကို အရှိန်မြှင့်တင်ရန် တွန်းအားပေးနေ၏။ သူ့အရှိန်မှာ ယွမ်ရီးထက်ပင် မြန်နေသေးသည်။ သူ ယွမ်ရီးကို ချက်ချင်း ကျော်ဖြတ်ပြီး အထပ် ၉၀ သို့ တက်သွားသည်။

ယွမ်ရီးလည်း ပြေးချလာ၍ သူတို့ နှစ်ယောက် လိုက်လုပ်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အထက်သို့ ပြေးတက်လာကြသည်။ အထပ်၉၀င ဘာမှ မဟုတ်သေးပါဘူး အဆုံးစည်းအထိကို အပြေးအလွှား သွားရမယ်။

လုရွှမ်သည် လက်ရှိအရှိန်က သူ့ခန္ဓာကိုယ်ထဲက စိမ်းပြာနဂါးရဲ့ တန်ခိုးအာဏာကို နှိုးဆွလိုက်သလို ခံစားမိသွားသည်။ သူ၏အရိုး၊ အသား၊ အရွတ်များနှင့် အရေ​ပြားတို့မှ စွမ်းအားများ ထွက်ပေါ်လာသည်။ သူ့နောက်ကျောမှ အတောင်ပံများသည် အလိုလို လွင့်ပျံသွားကာ လုရွှမ်အား တိုက်ရိုက် ပျံသန်းသွားစေတော့သည်။

သူ့ခြေဖဝါးနဲ့ အလွန်မြန်သော ခြေလှမ်းများကို အဆက်မပြတ် ဖြတ်သန်းရင်း လုရွှမ်ရဲ့ နှလုံးသားက လှုပ်ခါသွား၏။ သူ ရုတ်တရက် မိုးနတ်ဘုရား ဓားကို ဆွဲထုတ်ပြီး အရှေ့ကို ဓားအလင်းတစ်ချက် ဝေ့ယမ်းလိုက်သည်။ အဆုံးမရှိ သတ်​ဖြတ်နိုင်သော စွမ်းအားနှင့် ရောနှောထားသော ပြင်းထန်သည့် ဓားရည်ရွယ်ချက်သည် လွယ်လွယ် ရပ်တန့်​စေ၍ မရနိုင်ချေ။

လုရွှမ် ခြေထောက်အောက်ရှိ နိယာမစွမ်းအင် လိုင်းများ နာကျင်နေပြီ။ သူသည် အပြေးအလွှား တက်ကာ နောက်ဆုံးအဆင့် သုံးဆင့်ကို တစ်လှမ်းပြီး တစ်လှမ်း ဖြတ်ကာ လှေကားတစ်ထပ်ကို နောက်ဆုံး ခြေတစ်လှမ်းဖြင့် နင်းချလိုက်သည်။

ယွမ်ရီးက သူ့ဓားကို ဝေ့ယမ်း၍

"ကောင်လေး.... မင်းငါ့ကို လှည့်စားတယ်!"

လုရွှမ်က ရယ်မောပြီး ယွမ်ရီးရဲ့ ဧရာမဓားစွမ်းအင်ကို တွန်းထုတ်ရန် သူ့နောက်ကျောဘက်ကို ဓားစွမ်းအင် တစ်ချက် ဝေ့ယမ်းလိုက်သည်။

"ယွမ်ရီး... ယောက်ျားဆိုတာ သတ္တိရှိရမယ်.... နိုင်ရင် နိုင်တယ် ရှုံးရင် ရှုံးတယ်ပဲပေါ့"

"မကျေနပ်ဘူး... ငါ မင်းနဲ့ တိုက်မယ်!"

လုရွှမ် သူ့ကို မတားလိုက်ပေ။ သူ့ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ဓားအလင်းက လုရွှမ်ရဲ့ အရိပ်ကို ဖြတ်သွားခဲ့သည်။

"စက်ဆုပ်စရာကောင်းတဲ့ ကောင်! မင်းအနိုင်ရရင် ပြေးတော့.... နောင်မှာ ငါမင်းကို မတွေ့မိစေနဲ့... ဒါမှမဟုတ် မင်းကိုတွေ့တာနဲ့ ငါရိုက်သတ်မိလိမ့်မယ်"

လုရွှမ် မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။ သူ့ရင်ထဲက အကြာကြီး ပျောက်ဆုံးနေသော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ လုရွှမ်ဟာ အရာအားလုံးကို အမြဲ စီစဉ်ထားတတ်ပြီး အရာရာကို သူ့စိတ်ထဲတွင် တွေးထားသော်လည်း ရုတ်တရက် အနာဂတ်တွင် သူမှန်းဆလို့ မရသော စိန်ခေါ်မှုတစ်ခုနှင့် ကြုံလာရတဲ့အခါ သူ့အရင်ဘဝက ခံစားခဲ့ရသော စိတ်လှုပ်ရှားသည့် ခံစားချက်ကို ခံစားရစေသည်။

သူ့ခြေဖဝါးများက ရာနှင့်ချီသော လှေကားထစ်များပေါ် ရောက်သောအခါ ယခင်က ထျန်းလန်ကို ချီးကျူးခဲ့သည့် အသံကဲ့သို့ လူအိုတစ်ယောက်ရဲ့ အသံကို လုရွှမ် ကြားလိုက်ရ၏။

လုရွှမ် ​လေထုထဲကို အလိုအလျောက် ဖြတ်ကျော်နိုင်စေသည့် နယ်စပ်ဖြတ်ကျော် ကမ္ပည်းပြားဖြင့် ဆုချီးမြှင့်ခြင်း ခံရသည်။ ဒါပေါ့ သိပ်ဝေးဝေးကိုတော့ သွားလို့ရမှာ မဟုတ်ချေ။

ထို့အပြင် သူသည် ဒီနေရာအထိ တက်လာခဲ့ပြီမို့ တိရွှမ်လှေကားကို ဆက်တက်ရန်နှင့် ပိုမြင့်သော ထျန်းရွှမ်လှေကားကို တက်ရန် အရည်အချင်းလည်း ရှိလာခဲ့သည်။

သို့သော် လုရွှမ်အား အကျေနပ်ဆုံးနှင့် သူမျှော်လင့်ထားသည့် အရာမှာ ထျန်းလန် ရရှိခဲ့တာထက် ပိုမိုပြည့်စုံပြီး မှန်ကန်သည့် နိယာမစွမ်းအင် စာမျက်နှာကို ဖြစ်သည်။ ခေတ္တကြည့်လိုက်ရုံဖြင့် လုရွှမ် ရတနာတစ်ခု ဖြစ်ကြောင်း သိလိုက်သည်။

ကျင့်ကြံမှု လမ်းကြောင်းများကို ထိုတံဆိပ်ပြား အထက်တွင် ထင်ရှားစွာ မှတ်တမ်းတင်ထားသည်။ ကျင့်စဥ် လမ်းပေါင်း သုံးထောင်ရှိပြီး အစွန်းရောက်သည့် ဘယ်ကျင့်စဥ်ကိုမဆို ကျင့်ကြံခြင်း လမ်းကြောင်းထဲသို့ ပို့ဆောင်နိုင်သည်။

၎င်းတို့အနက်မှ အမှန်ကန်ဆုံးနှင့် တိုးတက်မှု အဝေးဆုံး ဖြစ်နိုင်သည့် နည်းလမ်းလေးခု ရှိသည်။ ဒီကျင့်စဥ် လမ်းတွေအတိုင်း နောင်လာနောက်သား မျိုးဆက်တွေ ဒီထက်ပိုပြီး သွားနိုင်မလားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ကိုယ်ခံပညာ။ သိုင်းပညာကို အသုံးပြု၍ တောက်ကျင့်စဥ် လမ်းထဲသို့ ဝင်ရောက်ခြင်း ဖြစ်သည်။ ကိုယ်ခံပညာမှာ လေ့ကျင့်ရာတွင် ထိပ်တန်းအဆင့်သို့ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းခြင်းနှင့် အဆုံးစွန်အထိ တက်နိုင်ခြင်းတို့အပေါ် အလေးထားသည်။

စိတ်ဝိညာဉ်။ တောက်ကျင့်စဥ်ကို စိတ်ဝိညာဉ်ဖြင့် ဝင်ရောက်ခံစားခြင်း ဖြစ်သည်။ အရေးကြီးတာက ဝိညာဉ်ကို သန့်စင်ခြင်းပင်။ ကျင့်ကြံခြင်း လောကနှင့် သာမန်လူများကို ရိပ်မိစေရန် ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ထာဝရအသက်ကို လိုက်လျှောက်ခြင်း ဖြစ်သည်။

လက်နက်။ မှော်လက်နက်များကို အသုံးပြု၍ တောက်ကျင့်စဥ် အဆင့်ထဲသို့ ဝင်ရောက်ခြင်း ဖြစ်၏။ ဓားသိုင်းနည်း၊ ဓားပျံ​လမ်းစဥ်၊ လှံလမ်းစဥ် အစရှိတဲ့ မှော်လက်နက်တွေကို အလေးပေးထားတာ ဖြစ်ကာ လွန်လွန်ကဲကဲ လေ့ကျင့်နိုင်မယ်ဆိုရင် ကျင့်ကြံခြင်း လမ်းစဥ်တစ်ခု ဖြစ်နေပါပြီ။

နိယာမစွမ်းအင်လိုင်း။ နိယာမစွမ်းအင် လိုင်းများအပေါ် နားလည်၍ တောက်ကျင့်စဥ်ထဲသို့ ဝင်ရောက်ခြင်း ဖြစ်လေသည်။ ထိုကျင့်စဥ်၌ အလေးပေး ဖော်ပြသောအရာမှာ ယင်းယန်၊ ဒြပ်စင်ငါးပါးတို့ပင်။ ဒြပ်စင် ငါးပါးတို့သည် အပြန်အလှန် အားဖြည့် တင်းကြပ်နေကြပြီး ယင်းနှင့်ယန်တို့သည် အချင်းချင်း ချုပ်တည်းကာ ရောနှောထားလို့ နိယာမစွမ်းအင် လိုင်း၏ တရားဝင် အခြေခံမူများပဲ ဖြစ်သည်။

လုရွှမ် အချိန်အတော်ကြာ စူးစမ်းလေ့လာခဲ့ပြီးနောက် ယခုအခါ သူသည် ထိုလမ်းကြောင်း လေးခုကို တစ်ပြိုင်နက်တည်း လျှောက်လှမ်းနေခဲ့ကြောင်း တွေ့ခဲ့သည်။ ကျင့်စဥ်လမ်းကြောင်း သုံးထောင်ရှိကြောင်း ဖော်ပြထားသော်လည်း ဘယ်လူသား ဘယ်နတ်ဆိုးကမှ ကျင့်စဥ်လမ်းကြောင်း၏ အဆုံးစွန်ထ မရောက်ဖူးဘဲ ထာဝရအသက် အတွက် စစ်မှန်သောလမ်းကြောင်းကိုသာ ရှာတွေ့ခဲ့​ကြသည်။

ထို့အပြင် လမ်းကြောင်း လေးခုသည် ပြိုင်တူပြေး​နေလျှင် အချိန်ကုန်သွားနိုင်ပြီး ဘယ်အရာမှ ပြီးမြောက်မည် မဟုတ်သလို တစ်သက်လုံး နောင်တ ရသွားနိုင်သည်။

ယခုအချိန်တွင် လုရွှမ် ရယ်မောလိုက်ကာ စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော် ပြန်လည် မွေးဖွားလာပြီးနောက်တွင် လုရွှမ် လူတစ်ဦးကို စွန့်လွှတ်နိုင်မှာ မဟုတ်ကြောင်း သိလာခဲ့သလို တခြားလူ အားလုံးကိုတော့ စွန့်လွှတ်နိုင်လေသည်။

အရင်ဘ၀တုန်းက သူဟာ လှောင်အိမ်ထဲက ငှက် ဒါမှမဟုတ် ရေတွင်းထဲက ဖားလိုပါပဲ။ သူ မြင်နိုင်သမျှ တွေးတောမိသမျှက တိမ်ပင်လယ်နယ်မြေထဲက အရာတွေချည်းပဲ။

ယခု သူသည် ထိုအရာတွေထဲက လွတ်မြောက်သွားပြီ။ ကောင်းကင်ယံမှာ အမြင့်ဆုံး ပျံသန်းနိုင်သော ငှက်တွေလို ပင်လယ်ထဲမှာ လွတ်လွတ်လပ်လပ် ခုန်ကူးနိုင်သော ငါးတွေလို ဖြစ်လာပြီ။

ဘယ်သူမှ သူ့ကို မထိန်းချုပ်နိုင်ဘူး! နည်းလမ်း မရှိဘူးလား? ဒါဆို နည်းလမ်းရှာရမှာပေါ့! ဘယ်သူမှ မသွားနိုင်တဲ့ လမ်းကြောင်းကို သူကရော မသွားနိုင်တော့ဘူးလား?

လုရွှမ် နတ်တောင်တန်းအပေါ် ဆက်မတက်တော့ပါ။ အနည်းဆုံးတော့ သူ့ လက်ရှိအင်အားနဲ့ဆို အထက်ကို ဆက်တက်လို့လည်း မလိုက်နိုင်တော့ပေ။

ထို့ကြောင့် လုရွှမ် အပြင်လောကမှ ပါရမီရှင်များကို တိုက်ရိုက် တွေ့ပြီး ပြန်လှည့်လာခဲ့သည်။ လုရွှမ်ရဲ့ အတန်ငယ် သေနေခဲ့သော ရည်မှန်းချက်သည် နောက်ဆုံးတွင် မီးထတောက်သွားပြန်သည်။ အနာဂတ် ကမ္ဘာကြီးဟာ အလွန်ကျယ်ပြန့်လာမှာ ဖြစ်ပြီး အနာဂတ်မှာ ထူးချွန်သူများလည်း ရှိလာမည်မှာ သေချာပါသည်။

သူ့ခြေဖဝါးတွေ မြေပြင်ပေါ်ကို ပြန်လည် ခြေချလိုက်တဲ့အခိုက် ပတ်ဝန်းကျင်ကို တစ်ဖန် လှည့်ကြည့်လိုက်မိ၏။ လက်ရှိနေရာသည် နတ်တောင်တန်းနဲ့ ကွဲပြားသည်။ အဆင်းသဏ္ဌာန်က တူသော်လည်း ဝိညာဉ်စွမ်းအင်က မတူပေ။

All Chapters