← Chapters

ခွဲခြားမရနိုင်သော အမှန်တရား

Vol. 55 Ch. 4.345

ခွဲခြားမရနိုင်သော အမှန်တရား

Vol. 55 Ch. 4.345

လုရွှမ် ပြန်လှည့်ကြည့်လိုက်တော့ နတ်တောင်တန်းဟာ အရင် နတ်တောင်တန်းအတိုင်း တူညီသလို ရှိသော်လည်း ၎င်း ကြုံတွေ့ခဲ့ရတဲ့ နှစ်ပေါင်းများစွာသော အရာတွေကြောင့် ခြောက်သွေ့ တိတ်ဆိတ်သွားကာ ယခုအခါ မြုံ​နေသော တောင်တစ်လုံးလို ဖြစ်သွားသည်။

လုရွှမ်သည် သူ့ရှေ့က ဤမြုံ​​နေသော တောင်တန်းသည် စိုးရိမ်ခြင်းမဲ့ ပင်လယ်ထဲက တကယ့်တောင်တန်းကြီး ဖြစ်ကြောင်း သူ့စိတ်ထဲတွင် ခံစားမိသည်။ သူသွားခဲ့တဲ့ နတ်တောင်တန်းဟာ ဝိညာဥ်စွမ်းအင်တွေ အသွင်ပြောင်းပြီး တခြား ကမ္ဘာကို ရောက်သွားသလို ဖြတ်သန်းသွားခဲ့ကြောင်း ရိပ်မိသည်။

သူ့ရင်ထဲမှာ နားမလည်နိုင်တဲ့ တုန်လှုပ်မှုတွေနဲ့ အတူ ဝမ်းနည်းမှု အရိပ်အယောင်တွေက ပိုလို့တောင် တိုးလာခဲ့သည်။ ဒီနေရာက ဘယ်လောက် ကျက်သရေရှိပြီး ဘယ်လောက် နတ်ဘုရား ဆန်နေပါစေ အချိန်ကာလရဲ့ ဖျက်စီးမှုဒဏ်ကိုတော့ မခံနိုင်ပါ။ နတ်တောင်တန်းရဲ့ စွမ်းအင်များ နောက်ဆုံးမှာ ခန်းခြောက်သွားခဲ့သွားသည်။

အပြင်ဘက်မှ ကြည့်လျှင် စိုးရိမ်ခြင်းမဲ့ပင်လယ်သည် ဝိညာဥ်စွမ်းအင် ကြွယ်ဝပြီး စုပ်ယူနိုင်မှုက လျင်မြန်သော်လည်း ကျွန်း၏ အတွင်းပိုင်းကို အမှန်တကယ် မြင်သောအခါတွင် တစ်ချိန်က သာလွန်ခဲ့သော အရာအားလုံး ပျောက်ကွယ်သွားတာကို တွေ့ရလိမ့်မည်။

ရုတ်တရက် လုရွှမ်သည် နဂါးငါးတွေ ဘာလို့ ဝိညာဉ်စွမ်းအင်​တွေကို လျင်မြန်စွာ စုပ်ယူသွားနိုင်လဲ ဆိုတာကို နားလည်သွားသည်။ သူ့ကိုယ်ပိုင် တိုးတက်မှု အတွက်သာမက ဒီနေရာရဲ့ အကြောင်းကို သတင်းဖြန့်နိုင်ရန် နတ်တောင်တန်းဟာ တစ်စုံတစ်ဦး ရောက်လာမှာကို စောင့်မျှော်နေခဲ့ကာ ယခုအခါ ထိုလူသည် သူကိုယ်တိုင်ပင် ဖြစ်ကြောင်း သိသာလှသည်။

လုရွှမ် ခန့်မှန်းထားတာ မှန်ပါသည်။ လုရွှမ် အာကာသထဲကို ဖြတ်ကျော်ကာ တခြားအချိန်နှင့် တ​ခြားနေရာကို ရောက်သွားခဲ့၏။

တောင်အောက်ခြေမှာ လမ်းလျှောက် ထွက်လာရင်း ဖန်းမင်ယန်နဲ့ ဖန်းဟွာတို့ဟာ နောက်ဆုံးမှာတော့ ဧကရာဇ်ကျိုးရန် ချန်ထားခဲ့တဲ့ သင်္ကေတ အကူအညီနဲ့ တောင်ပေါ်ကို လျှောက်တက်ခဲ့ကြသည်။

ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ရှေ့မှာ မြုံနေတဲ့တောင်က နှစ်ယောက်စလုံးကို ထိတ်လန့်သွားစေခဲ့၏။ ဒါက နတ်တောင်တန်းလို့ ရေးထားခဲ့ပေမယ့် နှစ်တစ်ရာပဲ သက်တမ်း ရှိတော့တဲ့ မြုံတဲ့တောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။

"ဦးလေး.... ဒီနေရာက တကယ်ပဲ ဆရာ ချန်ထားခဲ့တဲ့ နေရာလား? ကြည့်ရတာ တစ်ခုခု မှားနေသလိုပဲ"

ဖန်းဟွာက တိုးတိုးလေး ပြောလာ၏။

"ဘာလို့လဲ မသိဘူး ဒါပေမဲ့ ဒီနေရာကိုမြင်နေရတာက သုသာန်တစ်ခုကို မြင်နေရသလိုပဲ"

ထိုအခါ ဖန်းမင်ယန်က ငေါက်ငမ်းလာလေသည်။

"မင်းဘာ မိုက်ရိုင်းတာ​တွေ ပြောနေတာလဲ? ဧကရာဇ်ကျိုးရန်က ဒီမှာ အမှတ်အသား ချထားကတည်းက သူ့မှာ ရည်ရွယ်ချက် ရှိရမယ်.... ဒါ့ပြင် မင်းကို ငါပြောပြီးပြီ မဟုတ်ဘူးလား? ငါ့မှာ အရန်အစီအစဉ် ရှိတယ် အန္တရာယ်ရှိရင်တောင် တတ်နိုင်သမျှ အမြန် ပြန်ပို့​ကေးနိုင်တယ်... အန္တရာယ် လုံးဝမရှိဘူး မင်းကဘာကို ကြောက်​နေတာလဲ?"

ဖန်းဟွာ ခါးသက်စွာ ပြုံးပြလိုက်ရသည်။ ယခု သူက မဟာသူတော်စင် ဖြစ်နေပြီ။ တခြားသူများ ရှေ့မှာ အနည်းငယ် လေးစားမှု ပြခံရသော်လည်း နောက်ကွယ်တွင် ဖန်းမင်ယန်က သူ မကြိုက်လျှင် ပြန်အရိုက်ခံရသည့် အငယ်တန်းပင် ဖြစ်သည်။

"ငါ့နောက်က လိုက်ခဲ့"

ဖန်းဟွာမှာလည်း ဖန်းမင်ယန်နဲ့အတူ တောင်ပေါ်တက်ဖို့ ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ သူ့ပတ်ဝန်းကျင်က လမ်းတွေကို ကြည့်လိုက်တော့ သံသယတွေကို ထပ်ပြီး မထိန်းနိုင်တော့ချေ။ ဟိုမှာ တစ်ယောက်ယောက် ရှိနေတယ်လို့ အမြဲလိုလို ခံစားမိပေမယ့် စကားကိုတော့ ထပ်မပြောရဲတော့ပါ။

ခပ်ဝေးဝေးက စိမ်းလန်းစိုပြေတဲ့ မြက်ခင်းပြင်မှာ ဟယ့်မင်ဖုန်းသည် လျန့်ထျန်းယင်နဲ့အတူ လင်ထျန်းဖောင့်နဲ့ ယွမ်ဖေးရှန်းတို့ကို ဦးဆောင်လာခဲ့သည်။

လူလေးယောက် မျက်မှောင်ကြုတ်၍ အကြာကြီး စောင့်ကြည့်နေကြသော်လည်း အန္တရာယ် အငွေ့အသက်ကို လုံးဝ မတွေ့ရသေးပေ။ လျန့်ထျန်းယင်ပင်လျှင် သူမ သေမသေကို သံသယ ဖြစ်မိလာသည်။

"အကြီးအကဲလုရွှမ် ဒီကို မရောက်သေးဘူး.... သူ တစ်ခုခုများ ဖြစ်နေပြီလား?"

ယွမ်ဖေးရှန်းက ပိုထက်မြက်လေသည်။ ဟယ့်မင်ဖုန်းရဲ့ မျက်နှာမှာ တစ်ခုခုကို စိုးရိမ်နေတာ မြင်တော့ အကြီးအကဲလုရွှမ်ကို စိတ်ပူနေမှန်း သူသိလိုက်သည်။

"မပြောတတ်ဘူး... အကြီးအကဲက သူတော်စင်တစ်ပိုင်း အဆင့်၇မှာ သူတော်စင် အဆင့်၉ကို အနိုင်ယူနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ပြောရတော့မှာပဲ.... အခု ငါ ငါ မ​စောင့်နိုင်တော့မှာကို ကြောက်နေပြီ သူ့ကို ဟန့်တားနိုင်တဲ့ အန္တရာယ်တော့ မရှိနိုင်ဘူး... သူက အခက်အခဲ တစ်သောင်းကိုတောင် မကြောက်တတ်ဘူးလေ... စိုးရိမ်ရတာက...."

သူ့စကားများ ရုတ်တရက် ရပ်သွား၏။ သူ့ရှေ့က အရာအားလုံးသည် လျင်မြန်စွာ ပြောင်းလဲသွားတာ တွေ့လိုက်ရသည်။ အရင်က မြင်ဖူးတဲ့ စိမ်းလန်းစိုပြေတဲ့ တောတောင်တွေနဲ့ မြက်ခင်းပြင်တွေက တခဏချင်း အဝါရောင်ပြောင်းသွားပြီး ဝိညာဥ်စွမ်းအင်တွေ ပြည့်နှက်နေခဲ့တဲ့ အရိပ်အယောင်တွေဟာလည်း တခဏချင်း ပျောက်ကွယ်သွားတော့သည်။

ယခင်က ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်း ပြည့်လျှံနေသေးသည်ဟု ခံစား မိနိုင်သော်လည်း ယခုအခိုက်အတန့်မှာ အလွန်ကြောက်စရာ ကောင်းလာတဲ့ မြင်ကွင်းကြောင့် ငြိမ်ငြိမ် မနေနိုင်တော့ပေ။

လူလေးယောက်သည် နားမလည်နိုင်သော အကျပ်အတည်းမှ ကာကွယ်ရန် အပြန်အလှန် ကျောချင်းကပ်လျက် ရပ်တည်ခဲ့ကြသည်။

စိမ်းစိုနေတဲ့ မြက်ခင်း တစ်ခုလုံးကို သဲကန္တာရ အဖြစ်သို့ ချက်ချင်း ပြောင်းသွား​စေနိုင်တာက ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ။ သို့သော်လည်း သူတို့လေးယောက်က အချိန်အတော် ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း အန္တရာယ် တစ်စုံတစ်ရာ ဘာမှမတွေ့ရသဖြင့် ထိတ်လန့်သွားခဲ့​ပြန်သည်။

ထိုအခိုက်

"ကြည့်လိုက်... သူတို့ပြန်လာပြီ"

ဟယ့်မင်ဖုန်းနဲ့ တခြားသူတွေလည်း ခေါင်းကို မော့ကြည့်လိုက်တော့ မိတ်ဆွေဟောင်း တချို့ဟာ တစ္ဆေတစ်ကောင်ကို တွေ့လာခဲ့သလို အသည်းအသန် ပျံဝဲလာနေတာကို မြင်လိုက်ရတော့သည်။ သူတို့က ခပ်ဝေးဝေးမှာကတည်းက ကျယ်လောင်စွာ အော်ဟစ်လာ၏။

"တစ္ဆေတွေ့တယ်.... သရဲ တွေ့လိုက်တယ်!!"

နောက်ဆုံးတော့ ဟယ့်မင်ဖုန်းတို့လည်း ငြိမ်သက်သွားပြီး ဘယ်သူမှ မပျောက်ဘူးဆိုတာ သိလိုက်ရသည်။ အနည်းဆုံးတော့ သူတို့အားလုံး ဘေးကင်းစွာ ပြန်လည် စုရုံးနိုင်ခဲ့ကြသည်။

လူအတော်များများက သူတို့မြင်တွေ့ ကြားသိခဲ့ရတာတွေကို ပြန်ပြောင်း ပြောပြကြသည်။ ခဏအတွင်းမှာပဲ နောက်ဆုံးမှာ သူတို့လက်နက်ချခဲ့တဲ့ အဆင့်မြင့် သူတော်စင် သားရဲတွေဟာ အရိုးတွေ ခမ်းခြောက်ပြီး ပျောက်ကွယ်သွားခဲ့ကြောင်း သိလိုက်ရ၏။

သူတို့လည်း ကံဆိုးတယ်လို့ ထင်ပြီး ထိတ်လန့်တကြား ပြန်ပြေးလာကြတာ ဖြစ်သည်။

"ကျုပ်တို့ ပတ်ဝန်းကျင်က ရောင်ဝါကို ကြည့်လိုက်.. ကျုပ်တို့ တလျှောက်လုံး အခင်းအကျင်းထဲမှာ ရှိနေကြတာပဲ... ဝိညာဥ်စွမ်းအင် ရောင်ဝါတွေ ရုတ်တရက် ပျောက်ကွယ်သွားတာက ဒီနေရာရဲ့ အရာအားလုံးကို ပြန်မြင်လာစေတာ အစောတုန်းက ငါတို့ ပုံရိပ်​ယောင်ထဲ ရောက်နေကြတာ!"

လူတိုင်းသည် မဟာသူတော်စင်များ ဖြစ်ပြီး ဤအရာကသာ အစစ်အမှန် ပုံပန်းသဏ္ဌာန် ဖြစ်ကြောင်း လျင်မြန်စွာ သဘောပေါက်လာခဲ့ကြသည်။

"အဲဒီတောင်က ဘယ်တုန်းက ပေါ်လာတာလဲ?"

တခြား မဟာသူတော်စင် အော်ဟစ်သံများ ထွက်ပေါ်လာပြီး အားလုံး လန့်ဖျပ်သွားကြသည်။ ယခုအချိန်တွင် လူတိုင်းရဲ့ စိတ်ဓာတ်များက လွန်ကဲစွာ တင်းမာသွားကြပြီ။

မြုံ​နေသော တောင်သည် ထူးခြားသော အသွင်အပြင် ရှိသော်လည်း ကျွန်း၏ အလယ်ဗဟိုတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

"ဒါက တစ်ကျွန်းလုံးရဲ့ လျှို့ဝှက်ချက် ဖြစ်နိုင်တယ်.... အဲဒီလူနှစ်ယောက်က ဖန်းမင်ယန်နဲ့ ဖန်းဟွာ မဟုတ်ဘူးလား?"

ဖန်းမိသားစုရဲ့ တူကြီး နှစ်ယောက်ကို လူတစ်ယောက်က တွေ့လိုက်သည်။

"ကျွန်မတို့ သူ့နောက်ကို လိုက်သွားရင် ဖန်းမင်ယန်ဆိုတဲ့ အဲဒီအကောင်က စိတ်ပုပ်နေတာ သိလိုက်ရတယ်... ဟမ့် ကျွန်မတို့ လျှို့ဝှက်ချက်တွေကို စူးစမ်းပြီး ယူသွားမှာစိုးလို့ သူတို့က လမ်းခွဲချင်ခဲ့တာ ဖြစ်နိုင်တယ်"

သခင်မလီက အော်ပြောရင်း သူမခန္ဓာကိုယ်ဟာ ဒေါသတွေကြောင့် အရမ်းကို တုန်နေတော့သည်။

သူမ အခင်းအကျင်းရဲ့ ပထမမျက်လုံး ပျက်စီးသွားတာကို မြင်တော့ မျှော်လင့်ချက်နဲ့ လှည့်ပတ်ကြည့်ပေမယ့် ဘယ်မှာမှ အသက်ရှင် ကျန်ရစ်ခဲ့သူတွေကို မတွေ့ခဲ့ရဘဲ အရိုးအရေ နည်းနည်းပဲ ကျန်တော့တာကိုသာ တွေ့လိုက်ရသည်။

လူတိုင်းက သူမရဲ့ဒေါသကို ခံစားမိတာကြောင့် အခြားဘာမှ မပြောဘဲ မြုံနေသော တောင်ပေါ်သို့ လျင်မြန်စွာ ဦးတည်သွားကြသည်။ သူတို့အားလုံးဟာ စိတ်ဝိညာဥ် စွမ်းအားကို သုံးနိုင်သူတွေချည်းသာ ဖြစ်သည်။

အခင်းအကျင်း ပျက်ပြယ်သွားပြီး ထိုတူကြီး နှစ်ယောက်ဟာ မြုံ​နေတဲ့ တောင်ပေါ်မှာ ပေါ်လာကတည်းက မြုံနေတဲ့ တောင်ပေါ်မှာ လျှို့ဝှက်ချက် တစ်ခုရှိရမယ် ဆိုတာ သိသာလေသည်။ ကောင်းကင်ဘုံသခင် ကျိုးရန် ချန်ထားခဲ့တဲ့ ပစ္စည်းကောင်းတစ်ခု ဖြစ်နိုင်သလို ကျိုးရန်ကိုတောင် ပျော်ရွှင်စေခဲ့တဲ့ ကောင်းတဲ့အရာလည်း ဖြစ်နိုင်ပါတယ်။

"ဟေး.... မြုံနေတဲ့ တောင်တွေ စိမ်းလန်းနေပြန်ပြီလား?"

"မြန်မြန်လုပ်.... ဒီနေရာက မကြာခင် အခင်းအကျင်း ပြန်ဖွဲ့စည်းတော့မှာ.... အဲဒီ့အချိန်ကျမှ ငါတို့ဘယ်လိုမှ ထွက်သွားနိုင်မှာ မဟုတ်​တော့ဘူး"

ထိုလူအုပ်စုသည် လျှပ်စီးသွားသလို အရှိန်မျိုးဖြင့် ရွေ့လျားသွားကာ နောက်ဆုံးတွင် ဝိညာဉ်စွမ်းအင်များ ထပ်မံ မပြည့်လာမီတွင် နတ်တောင်တန်းသို့ ဝင်ရောက်လာခဲ့သည်။

"ဒီလမ်းက ဓားစွမ်းအင်နဲ့ ဓားရည်ရွယ်ချက်တွေနဲ့ ပြည့်နေတယ်"

"ဒီကျောက်မျက်နှာပြင်ကို ကြည့်လိုက်ဦး ဒါဓားပဲ...!"

"သစ်ပင်ကို ကြည့်လိုက်... အဲဒါက လှံရှည်နဲ့ တူနေတယ်.... ဘုရားရေ ဒါတွေ အားလုံးက ထင်ယောင်ထင်မှားတွေ ဖြစ်ခဲ့မှန်း ငါသိသင့်ခဲ့တာ... အခုဒါတွေ အားလုံးက တကယ် အစစ်အမှန်တွေပဲဟ!! ဒါပေမယ့် အဲဒီတုန်းက ဘယ်လောက်တောင် သာယာဝပြောနေလဲ စဉ်းစားကြည့်ပါဦး.... ငါအသည်းအသန် ဖြစ်နေတာ ရှက်စရာကြီး!"

ဟယ့်မင်ဖုန်းလည်း ဒါကို ခံစားမိပါသည်။ သူ ရှေ့ကို လျှောက်သွားနေပေမယ့် တဖြည်းဖြည်း သူ့အမူအရာ ပြောင်းသွားပြီး အော်လိုက်၏။

"အားလုံး.... သတိထားပါ ဒါတွေအားလုံး အမှန်တွေပဲ!"

ရုတ်တရက် ထူထဲတဲ့ ဓားစွမ်းအင်က အပေါ်ကနေ လှိမ့်ဆင်းလာပြီး သူ့မျက်နှာကို ရိုက်ခတ်လာသည်။

ဟယ့်မင်ဖုန်း အရောင်မဲ့ တုတ်ဖြင့် လျင်မြန်စွာ ပိတ်ဆို့လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ ဓားစွမ်းအင်များ ကွဲအက်သွားသည်။ ဓားစွမ်းအင်က သိပ်မပြင်းထန်ပေမယ့် မဟာသူတော်စင်ကြီးရဲ့ နှလုံးသားကို ကမောက်ကမ ဖြစ်သွားစေသည်။

ဒါတွေအားလုံးက အစစ်အမှန်တွေလား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

သူတို့အခုထိ ထင်ယောင်ထင်မှား ပုံရိပ်ယောင်ထဲ ရောက်နေတုန်းမျာလား? သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း လုံးလုံး တုန်လှုပ်သွားကြသည်။

All Chapters