← Chapters

ဘယ်သူမှ ထွက်သွားလို့ မရဘူး..

Vol. 61 Ch. 905

ဘယ်သူမှ ထွက်သွားလို့ မရဘူး..

Vol. 61 Ch. 905

နောက်ဆယ်မိနစ်ခန့်လောက်အထိ သီးသန့်ခန်းမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

စားပွဲထိုး ဝိုင်နှင့်အတူ ပြန်လာသည့်အခါမှသာ ထိုတိတ်ဆိတ်မှုက ကျိုးပျက်သွားမည့် ပုံပင်။ မကြာမီ စားပွဲထိုးမှ လေးထောင့်ခြင်းကိုင်းတစ်ခုဖြင့် သော့သော့လေး ရောက်လာပြီး ထိုအထဲတွင်တော့ ဝိုင်ပုလင်း ဆယ်ပုလင်းကျော်ခန့် ရှိနေသည်။ ရိုးရှင်းစွာဖြင့် ၎င်းတို့အားလုံးက ဈေးကွက်ထဲ တစ်ပုလင်း ဆယ်ယွမ်ဖြင့် ရောင်းချလျက်ရှိသည့် အပြင်းစား ကောင်းလျန် အရက်ပုလင်းများ ဖြစ်ကြ၏။ ထိုအရက်ပုလင်းများ၌ ထူးခြားသည့် ဝိသေသရယ်လို့လည်း မရှိချေ။

“ ဝိုင်ကို ငဲ့လိုက်…”

စားပွဲထိုးမလေးမှ ကြောက်လန့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်၍ ဖန်ခွက်သုံးခွက်ကို အပြည့်ဖြည့်လိုက်၏။

လျန်ရူရွှယ်မှ ဦးစွာ ဝိုင်ခွက်ကို ဦးစွာ ကိုင်မြှောက်လိုက်ပြီး အန်ဒီဂရို့ဖ်အား ပြုံးပြကာ “ မစ္စတာဂရို့ဖ်… ကျိုးဟိုင်မြို့ရဲ့ ကိုယ်စား ကျွန်မကနေပြီး ရှင်တို့နှစ်ယောက်ကို ဆုတောင်းပေးပါတယ်… ရှင်တို့နှစ်ယောက် အောင်မြင်စွာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပြီးတော့ နောက်လည်း ကျိုးဟိုင်မှာ ရင်းနှီးမြုပ်နှံမှု အလားအလာကောင်းတွေ ရှိနိုင်ဖို့ မျှော်လင့်ပါတယ်နော်… အဲ့ခါကျ ကျွန်မဘက်ကလည်း ပါဝင်အားဖြည့်ပေးပါ့မယ်…”

“ ကျေးဇူးပါ မြို့တော်ဝန်လျန်… ကျုပ်ကလည်း ဒီရဲ့ ပူးပေါင်းမှုကို မျှော်လင့်နေပါတယ်..”

ဟွာရှန့် ညစာစားပွဲ၏ ထုံးတမ်းစဉ်လာကို အနည်းအကျဉ်းမျှ သိထားသည့် အန်ဒီဂရို့ဖ်မှ သူ၏ ခွက်ကို မြှောက်လိုက်၏။

သို့သော်လည်း လင်းရီ လက်ကို ဆန့်တန်း၍ လျန်ရူရွှယ်၏ ဝိုင်ခွက်ကို အောက်သို့ ဆွဲချလိုက်သည်။

“ ဒီ ဝိုင်ကို သောက်စရာမလိုဘူး… ငါပဲ သူနဲ့ သောက်ပေးလိုက်မယ်…”

အန်ဒီဂရို့ဖ် မျက်နှာ တစ်ချက်လေးမျှပင် ပျက်ယွင်းသွားခြင်း မရှိချေ။ သူ့ဘက်က ယခု အခြေအနေအပေါ် မကျေနပ်ခြင်း မရှိသကဲ့သို့ ရိုးရှင်းစွာဖြင့် ဝိုက်ခွက်ကိုမြှောက်လိုက်ပြီး “ မစ္စတာလင်း… ခင်များကတော့ ကျုပ် မြင်တွေ့ဖူးသမျှ သိပ္ပံပညာရှင်တွေထဲမှာ အတော်ဆုံး သိပ္ပံပညာရှင်ပါပဲ.. ချစ်ပ် ၃.၀ ရဲ့ အရင်းအမြစ်ကုတ်ကို တစ်ကိုယ်တော် တီထွင်နိုင်တယ်… ဒါက ကျုပ်တို့ စိတ်ကူးထဲမှာတောင် မယဉ်ဖူးတဲ့ အရာမျိုးပဲ… ဒါကြောင့်မို့ ကျုပ် ဒီတစ်ခွက်ကို မစ္စတာလင်းဆီ ဆုတောင်းပေးမယ်… ဒီခု ပူးပေါင်း‌ဆောင်ရွက်မှုက အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်..”

လင်းရီလည်း ဖန်ခွက်ကို ကောက်ကိုင်လိုက်၏။ သို့သော် သူတို့နှစ်ဦး ဖန်ခွက်ချင်း တိုက်သည့် အချိန်၌ လင်းရီဘက်က အပေါ်စီးမှ နေဟန်ဖြင့် အန်ဒီဂရို့ဖ်၏ ဖန်ခွက်ကို သူ၏ ခွက်အောက်ခြေဖြင့် ထိခတ်လိုက်လေသည်။

“ ဒီခု စားပွဲက ဟွာရှရဲ့ စည်းမျဉ်းတွေအတိုင်းပဲလို့ ကျုပ်ပြောပြီးသွားပြီ… ဒါကြောင့်မို့ ကျုပ်နဲ့ တန်းတူနေပြီး ခွက်ချင်းတိုက်ချင်နေတယ်ဆိုရင်တော့ မဖြစ်နိုင်မှာကို စိုးရွံ့မိတယ်… ခင်များရဲ့ အနေအထားက လုံလောက်အောင် မမြင့်မားသေးဘူး…”

ဤတစ်ကြိမ်တွင်တော့ အန်ဒီဂရို့ဖ် မည်သို့မျှ ဆက်လက်သည်းမခံနိုင်တော့ပဲ မျက်နှာ ပျက်ယွင်းသွားခဲ့တော့၏။

သူတို့ခွက်ချင်း တိုက်လိုက်ကြသော်လည်း မည်သူကမျှ ဝိုင်ကို မသောက်ကြပေ။ ဖြည်းညင်းစွာဖြင့် စားပွဲပေါ် ပြန်ချလိုက်ကြ၏။

“ မစ္စတာလင်း… ကျုပ်က ဒီကို စိတ်ရင်းအမှန်နဲ့ ရောက်လာခဲ့တာ… ဒီတော့ မစ္စတာလင်းကလည်း စိတ်ရင်းအမှန်နဲ့ ပြုမူဖို့ မျှော်လင့်တယ်… အဲ့လိုမှပဲ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အလားအလာရှိမှာပဲ…”

လင်းရီ ပြုံးပြီး ဖန်ခွက်ကို အောက်သို့ ချ၍ “ သက်ကျားအိုကြီး….. ခင်များထင်နေတာ မြို့တော်ဝန်လျန်ကို ဒီခေါ်လိုက်တာနဲ့ပဲ ခင်များ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်နေတာလား… ဒါမှမဟုတ် သေနတ်နဲ့ ပစ်ခံလိုက်ရတဲ့ ကိစ္စကို ကျုပ်က လွယ်လွယ်နဲ့ မေ့သွားမယ်လို့ ထင်နေတာလား…”

‘လင်းရီ သေနတ်နဲ့ အပစ်ခံရတယ်…’

လျန်ရူရွှယ်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့တော့၏။ သူမ အန်ဒီဂရို့ဖ်ကို အေးစက်စက် ကြည့်လိုက်ပြီး သူမအား ဖြေရှင်းချက် တစ်ခု ပေးနိုင်ရန် မျှော်လင့်နေသည်။

“ မစ္စတာလင်း ပြောနေတာတွေကို ကျုပ် နားမလည်ဘူး…” အန်ဒီဂရို့ဖ် ပြောလိုက်ပြီး “ ကျုပ် ဒီရောက်လာခဲ့တာက မစ္စတာလင်းနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ပဲ… တခြား ဘာရည်ရွယ်ချက်မှ မပါဘူး…”

လင်းရီ ဝိုင်ခွက်ကို ဖြည်းညင်းစွာ မွေ့နေ့ရင်း နှုတ်ခမ်းထောင့်စွန်းတို့က တွန့်ကွေး တက်သွားခဲ့ကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ အေးတိအေးစက် ကြောက်ဖို့ကောင်းသည့် အပြုံးတစ်ခု ဖြစ်ပျက်နေခဲ့တော့၏။

“ ခု အခြေအနေတွေက ဒီအထိတောင် ရောက်လာခဲ့ပြီးမှတော့ ကျုပ် ခင်များကို သတ်ပစ်လိုက်ရင်တောင် ကျုပ်ရဲ့ သေနတ်ဒဏ်ရာက ရှိနေဦးမှာပဲ… ဆိုတော့ တကယ်လို့ မစ္စတာ အန်ဒီက လျော်ကြေးတစ်ချို့ ပေးဖို့ ဆန္ဒရှိနေတယ်ဆိုရင်တော့ ကျုပ်ဘက်က ပြီးခဲ့တာတွေကို ပြီးခဲ့တဲ့အတိုင်း ထားပေးဖို့ ဆန္ဒရှိပြီးသားပါ… ဒါပေမယ့် ကျုပ်ကို အရူးလို လာမကစားရင်တော့ အကောင်းဆုံးပဲပေါ့…”

ပြောပြီးနောက် လင်းရီ ဝိုင်ခွက်ကို ကောက်ယူရင် အန်ဒီဂရို့ဖ် နောက်သို့ ဖြည်းညင်းစွာဖြင့် လျှောက်သွားခဲ့လိုက်သည်။

“ ပြီးတော့ ခင်များ သမီးကလည်း ကျိုးဟိုင်မှာ ရှိနေသေးတုန်းပဲဆိုတာကို မမေ့နဲ့..ကျုပ် ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ ခင်များသမီး ခုချက်ချင်းပဲ ဘုရားသခင်နဲ့ တွေ့ခွင့်ရသွားလိမ့်မယ်… မယုံရင် ကြိုးစားကြည့်လို့ရတယ်..”

ပြောပြီးနောက် လင်းရီ ဝိုင်အား အန်ဒီဂရို့ဖ်၏ ဦးခေါင်းပေါ်သို့ လောင်းချလိုက်၏။

“ အိုးမိုင်ဂေါ့ဒ်… မင်း ဘာတွေ လုပ်နေတာတုန်းကွ… မိုက်ရိုင်းလှချည်လား…”

“ မစ္စတာ ဂရို့ဖ်ကို ကာကွယ်ကြ…”

ကလက်ခ် ကျယ်လောင်စွာ ဟိန်းသံပြုလိုက်ပြီး အန်ဒီဂရို့ဖ်အား သူ့နောက်ရှိ ကိုယ်ရံတော် ငါးယောက်နှင့်အတူ အကာအကွယ် ပြုထားပေးလိုက်၏။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာတွင် ၎င်းတို့မှ လျန်ရူရွှယ်အား အန္တရာယ်ပြုမည်ကို စိုးရိမ်သောကြောင့် လင်းရီ မည်သည့် လွန်ကဲသည့် အပြုအမူကိုမျှ ဆက်လက် မပြုလုပ်ချေ။ ထိုအစား သူမအား နောက်သို့ ဆွဲခေါ်ရင်း နောက်ရှိ စားပွဲထိုးကို ကြည့်၍ “ မြို့တော်ဝန်လျန်ကို ခေါ်ထုတ်သွား…”

“ လင်းရီ… နင်..”

“ ထွက်သွား… ဒါမင်း ဝင်ပါရမယ့် ကိစ္စမဟုတ်ဘူး…”

“ မြို့တော်ဝန်လျန် … သွားကြရအောင်လေနော်.. ရှင်လည်း ဥက္ကဌလင်းရဲ့ စရိုက်ကို နားလည်ပါတယ်..” စားပွဲထိုးမှ ဖြောင်းဖြလိုက်သည်။

လျန်ရူရွှယ် လင်းရီ၏ စရိုက်ကို သဘာဝအလျောက် ကောင်းစွာ နားလည်ပေသည်။ အကယ်၍ သူသာ ဒေါသတကြီး ဖြစ်လာပြီဆိုပါက ကျည် ဆယ်တောင့်ကပင် သူ့အား ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ချေ။

ယခုလို အခြေအနေမျိုးတွင် သူမ ဆိုသမျှ အခွန်းတိုင်းက အချည်းနှီးမျှသာ ဖြစ်ပေမည်။

ကူကယ်ရာမဲ့စွာဖြင့် လျန်ရူရွှယ် စားပွဲထိုးနှင့်အတူ အခန်းပြင်သို့ ထွက်ခွာသွားခဲ့ကာ လင်းရီအား တစ်ယောက်တည်း ချန်ထားရစ်ခဲ့လိုက်သည်။

“ အဘိုးကြီး.. ကျုပ် Intel နဲ့ Cymer အကြောင်း သိထားပြီးပြီ.. Intel က သူတို့ရဲ့ ရှယ်ယာ ၂၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်…. အဲ့ဒီ ပမာဏက ခင်များတို့ အသက်တွေရဲ့ တန်ဖိုးနဲ့ ညီမျှမယ် ထင်လား…”

“ မစ္စတာလင်း… မင်းဒီလောက်ရဲတင်းမယ်လို့ ငါ မမျှော်လင့်ထားဘူး..”

အန်ဒီဂရို့ဖ် သူ့စိတ်ထဲရှိသည့် အတိုင်း ပြောချလိုက်သည်။ သူ အမှန်တကယ်လည်း အံ့အားသင့်သွားခဲ့ပြီး သူ့ရှေ့ရှိ လူငယ်လေးက သူဆုံးဖူးခဲ့သည့် အခြားလူများနှင့် တော်တော်ကြီးကို ကွဲပြားနေလေသည်။

ထိုသူက လုံးဝကို ကျိုးကြောင်းဆီလျော်ခြင်း မရှိသကဲ့သို့ စည်းမျဉ်းမူဝါဒတို့မှာ ၎င်းအား မထိန်းချုပ်ထားနိုင်သည့် နှယ်ပင်။

အန်ဒီဂရို့ဖ် ကိုယ်၌ကလည်း အဆိုပါ ကိစ္စ၏ အမှန်တရားမှာ ထွက်ပေါ်လာပြီး ဖြစ်ကြောင်း သိရှိထားသည်။ ထို့ကြောင့် သူ၏ အကြံသည်ကား ရိုးရှင်းလှသည်။ ယနေ့ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများ ဆွေးနွေးပြီးနောက် လျော်ကြေး ပမာဏတစ်ချို့ ပေးလိုက်သည်နှင့် အဆိုပါ ကိစ္စမှာ ပြီးဆုံးသွားပြီး ဖြစ်သည်။

သို့သော်လည်း ဤလူက သူ၏ ချက်စ်ခုံအတွင်းမှ ခုန်ပေါ်ထွက်သွားလိမ့်မည်လို့တော့ မျှော်လင့်မထားချေ။

“ ဒါက ဘာမှတောင် မဟုတ်သေးဘူး… ကျုပ် ဒီထက် ကြီးတာတွေတောင် လုပ်ဝံ့သေးတယ်..” လင်းရီ ပြောလိုက်ပြီး “ နောက်ပြီး ကျုပ်ရဲ့ အစွမ်းအစကို သံသယ ဝင်မနေနဲ့ဦး… ခင်များ သေသွားခဲ့ရင်တောင် ကျုပ် အပြစ်လွှဲချလို့ရသေးတယ်… ကျိုးဟိုင်က ကျုပ်ရဲ့ ပိုင်နက်.. ဒီမှာ ကျုပ်မလုပ်ဝံ့တာ ဘာမှမရှိဘူး…”

“ Cymer နဲ့ ပတ်သက်တဲ့ ကိစ္စကတော့ ငါ အစောကြီးကတည်းကနေ သိထားပြီးသား.. ဒါပေမယ့် သူတို့ရဲ့ ရှယ်ယာတွေပေးဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး…” အန်ဒီဂရို့ဖ် ပြောလိုက်ပြီး “ တစ်ယောက်ယောက်နဲ့ မင်းကို လုပ်ကြံဖို့ စီစဉ်ခိုင်းခဲ့တာ ငါ့အမှား..ငါ၀န်ခံတယ်.. အဲ့ဒီအတွက်လည်း ငါ လျော်ကြေးပေးဖို့ ဆန္ဒရှိတယ်… ဒီရဲ့ စိတ်ရင်းအမှန်နဲ့ စကားတွေကို မင်း ယုံကြည်နိုင်ဖို့ မျှော်လင့်ပါတယ်..”

“ Cymer ရဲ့ ရှယ်ယာတွေ မပေးချင်ဘူးဆိုလည်း အဆင်ပြေပါတယ်… “ လင်းရီ ပခုံးတွန့်လိုက်ပြီး “ ကျုပ် Intel ရဲ့ ရှယ်ယာဆိုလည်း လက်ခံပေးနိုင်တယ်.. “

Intel က Cymer ၏ အဓိက ရှယ်ယာရှင် ဖြစ်နေသောကြောင့် အကယ်၍ လင်းရီထံတွင် Intel ၏ ရှယ်ယာများ ရှိနေမည် ဆိုပါက Cymer ၏ ရှယ်ယာများအား သွယ်ဝိုက်၍ ကိုင်ဆောင်ထားသည်နှင့် အတူတူပင်။

“ အဲ့တာလည်း မဖြစ်နိုင်ဘူး… ငါ့ဘက်က မှားခဲ့ရင် မှားခဲ့မယ်… ဒါပေမယ့် ဒီလိုမျိုး ကျိုးကြောင်းမညီညွှတ်တဲ့ တောင်းဆိုမှုမျိုးကိုတော့ လက်မခံနိုင်ဘူး…”

“ ကောင်းပြီလေ.. ဒါဆိုလည်း မျှမျှတတပဲပေါ့.. ကျုပ်က ခင်များလူတွေဆီကနေ ကျည်တစ်ချက် အမှန်ခံခဲ့ရတယ်ဆိုတော့ ခု ပြန်ပေးမယ်..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ကျုပ်ကတော့ ရွေးချယ်စရာ ပေးမှာပါ… ကျည်ဆံကို ခင်များအမှန်ခံမလား… ဒါမှမဟုတ် ခင်များသမီးလား..”

“ မစ္စတာလင်း.. ငါတို့ ဒီလောက် အတိုင်းအတာထိ သွားမှ ဖြစ်မှာလား…ငါတို့ အားလုံးက စီးပွားရေး သမားတွေကိုပဲ အေးဆေးထိုင်ပြီး အကျိုးအမြတ်တွေအကြောင်း ပြောကြတာ ပိုမကောင်းဘူးလား…”

“ ကျုပ် လင်းရီက အငြိုးကြီးတဲ့ လူစားမျိုး… ပိုက်ဆံပေးရုံနဲ့ ရန်ငြိုးတွေကို ကျေအေးပေးနိုင်မယ်လို့ ခင်များထင်နေတာလား…”

“ ဒါဆို ဆွေးနွေးလို့ မရတော့ဘူးပေါ့..”

“ မရဘူး..”

“ ကောင်းပြီလေ… ဒါဆိုလည်း ငါသွားမယ်…” အန်ဒီဂရို့ဖ် ပြောလိုက်ပြီး “ ဒါပေမယ့် ငါက တရားရုံးကို သွားမှာ… မင်းငါ့ကို တစ်ခုခု လုပ်ဝံ့ရင် နှစ်နိုင်ငံကြား ပဋိပက္ခကို စတင်လိုက်တာပဲ… မင်းမှာ အခွင့်အရေး မရှိပါဘူး..”

“ ဒီနေ့ ဒီအခန်းထဲကနေ ဘယ်သူမှ မထွက်သွားရဘူး..”

“ ဟွာရှန့်ကောင်… ဒါက မင်းဟိုတယ်ဆိုတာ ငါတို့သိတယ်.. ဒါပေမယ့် လုံခြုံရေးတွေက ငါတို့ကို တားနိုင်မယ်လို့ မျှော်လင့်နေတာလား..” ကလက်ခ်မှ ပြောလိုက်၏။

လင်းရီ ခေါင်းခါရမ်းလိုက်ရင်း “ လုံခြုံရေး ခေါ်စရာ မလိုပါဘူး… ငါတစ်ယောက်တည်းနဲ့တင် ကိစ္စပြတ်တယ်…”

“ တက်ကြ..”

ကလက်ခ် သူ့လက်ဖြင့် အချက်ပြလိုက်ပြီး သူ့လက်အောက်ရှိ လူဖြူ လက်အောက်ငယ်သားတို့အား လင်းရီထံ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ပြေးဝင်လာကြ၏။

လင်းရီ နေရာတွင် တည်ငြိမ်စွာ ရပ်တန့်နေပြိး ပြေးဝင်လာသူတိုင်း၏ ရင်ဝကို ခြေထောက်ဖြင့် မိတ်ဆက်ပေးလိုက်ကာ ပြတင်းပေါက် အပြင်ဘက်သို့ ပြုတ်ကျသွားစေသည်။

အား……………

အခန်းထဲရှိ လူတိုင်း စူးဝါးကျယ်လောင်သည့် အော်သံများကို ရှင်းလင်းစွာ ကြားလိုက်ကြရ၏။

All Chapters