← Chapters

လင်းရီ၏ နေသားမကျသေးသော နှလုံးသား…

Vol. 61 Ch. 907

လင်းရီ၏ နေသားမကျသေးသော နှလုံးသား…

Vol. 61 Ch. 907

“ နင်က ဒီလိုအချိန်မျိုးမှာတောင် ငါ့ကို ကျီစယ်နေသေးတုန်းပဲပေါ့..”

“ အိုကေ အိုကေ… ငါ မင်းကို ပြမယ်..”

လင်းရီ ရှပ်အင်္ကျီကို ချွတ်လိုက်ပြီး အထဲရှိ သူ့ဒဏ်ရာကို ပြလိုက်သည်။

လျန်ရူရွှယ် စူးစိုက်ကြည့်ရင်း မျက်မှောင်က ကြုတ်ရင်းသထက် ကြုတ်လာခဲ့ကာ “ ဒီလူတွေ အရမ်းလွန်သွားပြီ..” လျန်ရူရွှယ် ပြောလိုက်ရင်း “ ငါတို့ သေချာပေါက် ပြင်းပြင်းထန်ထန် ကိုင်တွယ်မှကို ဖြစ်မှာ…”

လျန်ရူရွှယ် ပြောရင်းဆိုရင်းဖြင့် သူမဖုန်းကို ထုတ်လိုက်၏။

သို့သော်လည်း လင်းရီမှ သူမကို တားရင်းဖြင့် “ မင်း ဘာလဲလုပ်နေတာ…”

“ အဘိုးဆီ ဖုန်းဆက်မလို့လေ…” “ ငါတို့ ဒီကိစ္စကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်လို့ ဘယ်ဖြစ်မှာ… အဆုံးစွန်ထိကို လိုက်ရမယ်…”

“ ပြီးသွားပါပြီကွာ… ဘာမှ စိတ်ပူမနေနဲ့တော့…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ မင်းမိသားစုကသာ ဒီအကြောင်း သိသွားခဲ့ရင် ငါ့ကို အသုံးမကျတဲ့ကောင်ဆိုပြီး ထင်နေပါဦးမယ်… တစ်ခုခု ဖြစ်လာပြီဆို လာပဲတိုင်တက်တဲ့ကောင်လို့ ထင်သွားလိမ့်မယ်…”

“ ဒါဆို နင့်ရဲ့ ဒဏ်ရာကို ဒီတိုင်း အလကား ဖြစ်ခံတော့မှာလား..” လျန်ရူရွှယ် မခံမရပ်နိုင်စွာ မေးလိုက်ပြီး “ သူတို့ နောင်ကျရင်လည်း ဒီလိုမျိုး ထပ်မလုပ်ပါဘူးလို့ မပြောနိုင်ဘူး.. အဲ့တာတောင် ငါက သူတို့ကို လူကိုယ်တိုင် ကြိုဆိုနေတာကို တွေးကြည့်ရင်……”

“ စိတ်ငြိမ်ငြိမ်ထားစမ်း…”လင်းရီပြောလိုက်ပြီ “ ခု လောလာဆယ် သူ့ကို ကိစ္စတုံးစရာ မလိုသေးဘူး… သက်ကျားအိုကြီးကို နောက်သုံးလေးနှစ်လောက် အသက်ရှင်ခိုင်းလိုက်စမ်းပါ.. ငါလိုချင်တာရဖို့ သူ့ကို လိုနေသေးတုန်းပဲ..”

လျန်ရူရွှယ် ခေါင်းအေးအေးထားပြီး ပြန်လည် သုံးသပ်ကြည့်လိုက်သည်။ လင်းရီ အသား နာပြီးမှတော့ သူ့ဘက်က စိတ်လက်ကြည်သာစွာဖြင့် လွှတ်ပေးလိုက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

သူမ သက်တောင့်သက်သာ မဖြစ်သလို ခံစားနေရသော်လည်း သူမဘက်က ဤကိစ္စကို ဆက်လက်ဇာချဲ့နေရန် အမှန်တကယ်လည်း မလိုအပ်ပေ။

မည်သို့ပင်ဆိုစေ ကိစ္စအားလုံးက ဖြစ်ပျက်ခဲ့ပြီး ဖြစ်သောကြောင့် သူမတို့က အချိန်နောက်ပြန်ဆုတ်၍လည်း မရချေ။

“ အဲ့တာ နင့်အမှားပဲလေ… ကျိုးဟိုင်မှာ ငြိမ်ငြိမ်မနေပဲ ဘာလို့ အဲ့ဒီ ရှိုးပွဲမှာ လျှာရှည်ပြီး သွားဝင်ပါတာ… နင်က သူတို့ကို လှုပ်ရှားဖို့ အခွင့်အရေး ပေးလိုက်တာပဲ..” လျန်ရူရွှယ်ပြောလိုက်ပြီး “ လီတိုဂရပ်ဖီစက် ပရောဂျက်က လျှို့ဝှက်ထားတဲ့ အခြေအနေမှာပဲ ရှိသေးတုန်းမို့… တကယ်လို့များ သုတေသန ပရောဂျက်သာ အောင်မြင်သွားလို့ကတော့ နင် နိုင်ငံရပ်ခြားတွေ ခရီးထွက်ဖို့တောင် လုံခြုံမှာ မဟုတ်တော့ဘူး…”

“ အေးပါ အေးပါ… ငါနားလည်ပါတယ်…. နောင်ကျရင် ထွက်မပြေးတော့ဘူး ဟုတ်ပြီလား…” လင်းရီ ပြောလိုက်ပြီး “ ကျိုးဟိုင်မှာပဲ နေတော့မယ်…”

“ ငါ နောက်နေတာ မဟုတ်ဘူးဟဲ့.. လာပြီး စပ်ဖြီးဖြီး မလုပ်စမ်းနဲ့… နင် ငါ့စကား နားမထောင်ဘူးဆိုရင် နင့် ပတ်စပို့ကို ချိတ်ပိတ်ပစ်မယ်… အဲ့လိုဆို နင်သွားချင်တောင် သွားလို့ရမှာ မဟုတ်တော့ဘူး…”

“ အေးပါဟ… ငါ လုပ်နေတာကို ငါနားလည်တယ်…” လင်းရီ ပြောလိုက်ပြီး “ ငါက ကျိုးဟိုင်လောက်မှာပဲ နာမည် နည်းနည်း ရှိတာပါကွာ… ဟွာရှတစ်နိုင်ငံလုံး အဆင့်နဲ့ စာရင် ဘာမှမဟုတ်သေးဘူး… တကယ်လို့ နိုင်ငံခြားတွေ သွားရင်တောင် ဘယ်သူမှ ငါ့ကို မှတ်မိမှာ မဟုတ်ဘူး… မင်းပဲ အဲ့လောက်ထိ အသည်းအသန်တွေ ဖြစ်နေတာ…”

“ လူတစ်ယောက် စွမ်းအား ကြီးခြင်းမကြီးခြင်းက ပိုက်ဆံနဲ့ ဆုံးဖြတ်တော့တာ မဟုတ်ဘူး..” လျန်ရူရွှယ် ပြောလိုက်ပြီး “ တကယ်လို့ ဟွာရှက ဒိတ်ဒိတ်ကျဲ သူဌေးကြီးနှစ်ယောက် နိုင်ငံပြင်ပ ထွက်ရင် ဘယ်သူကမှ သူတို့ကို ဖမ်းဆီးဖို့ ကြိုးစားကြမှာ မဟုတ်ဘူး… ဒါပေမယ့် ဒီခုက နည်းပညာခေတ်… သိပ္ပံပညာရှင်တွေရဲ့ အခန်း ကဏ္ဍက ကြွယ်ဝမှုထက်တောင် အများကြီး အများကြီး အရေးပါတယ်….”

“ ရပြီ ရပြီ… စိတ်မပူနဲ့တော့… ငါ လုပ်နေတဲ့ ကိစ္စ ငါနားလည်ပါတယ်…” လင်းရီ လျန်ရူရွှယ်၏ နဖူးကို ခပ်ဖွဖွနမ်းလိုက်ရင်း “ အန်ဒီဂရို့ဖ်အပြင်ကို အခန်းထဲက လူတွေကို ကိုင်တွယ်ဖို့ မင်း ခေါင်းဆောင်ချိန်ကို ခေါ်ရဦးမယ်…”

“ သူတို့က အန်ဒီဂရို့ဖ်ရဲ့ လူတွေမလား.. ငါတို့က ဘာလဲလုပ်ရမှာ…”

လင်းရီ မျက်တောင်ခတ်ပြလိုက်ပြီး “ ဘာလုပ်ရမလဲ မင်းသိပါတယ်…”

“ ကောင်းပြီ… ငါနားလည်ပြီ.. ခဏနေကျရင် သူတို့ကို ကိုင်တွယ်ဖို့ စီစဉ်လိုက်မယ်..”

ပြောပြီးနောက် လျန်ရူရွှယ် လင်းရီကို ကြည့်ရင်း ခါးသီးစွာဖြင့် “ အနာက နာနေသေးတုန်းပဲလား..”

“ မနာပါဘူး..”

“ လူလိမ်.. သေနတ်ပစ်ခံထားရတဲ့ ဒဏ်ရာက မနာပဲ ဘယ်လိုနေမှာ…” လျန်ရူရွှယ် မကျေမနပ် နှုတ်ခမ်းစူလိုက်ပြီး “ ပြီးတော့ နင့်ရဲ့ စရိုက်နဲ့ဆိုရင် ဒဏ်ရာရပြီးရင်တောင် ငြိမ်ငြိမ်နေမှာ မဟုတ်ဘူး… မဟုတ်ရင် အနာက သက်သာပြီးတာ ကြာပေါ့…”

“ ဟားဟား… မြို့တော်ဝန်လေးက ငါ့ကို အသိဆုံးပဲ..”

“ ဒါဆို နောက်သုံးလေးရက်လောက်အထိ လှုပ်လှုပ်ရှားရှား မလုပ်နဲ့… ကောင်းကောင်းအနားယူ.. ငါ ပြန်ရောက်ရင် နင့်ဖို့ အထူးဆေးကုသမှုတွေ စီစဉ်ပေးမယ်… ဆေးရုံက လူတွေက လုံလောက်အောင် အရည်အချင်းမရှိသေးဘူး…”

“ မြို့တော်ဝန်လျန်ကတော့ မြို့တော်ဝန်လျန်ပါပဲ….”

“ ကျစ်..” လျန်ရူရွှယ် မျက်စောင်းထိုးလိုက်ရင်း “ သွားစို့… ဒီမှာ မနေနဲ့တော့… ငါတို့ အထဲမှာ အကြာကြီးနေပြီး တော်ကြာ တစ်ယောက်ယောက် မြင်သွားခဲ့ရင် မကောင်းတာတွေ လုပ်နေတယ်လို့ အထင်လွဲသွားကြဦးမယ်…”

“ အပြင်မှာက ငါ့လူတွေချည်းပဲလေ… ငါတို့ ဒီမှာ လုပ်ရင်တောင် ဘယ်သူမှ သိမှာ မဟုတ်ဘူး…”

“ အရူး…”

ထို့နောက် သီးသန့်ခန်းထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။

လင်းရီ ကျန်သည်များကိုတော့ လျန်ရူရွှယ်နှင့် ချီရှန်းကျောက်တို့ လက်ထဲ လွှဲခဲ့လိုက်လေသည်။

တကယ်တော့ Cymer ၏ ရှယ်ယာများ ရရှိရန်က ပြဿနာ မရှိချေ။ Cymer ရှယ်ယာရှင်များ၏ ဖွဲ့စည်းတည်ဆောက်ပုံအရ အကယ်၍ သင်က ရှယ်ယာ ၅ ရာခိုင်နှုန်းကို ကိုင်ဆောင်ထားနိုင်မည် ဆိုလျှင် အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးနိုင်စွမ်း ရှိလေသည်။

ထို့ပြင် ယခု ချစ်ပ် ၃.၀ နည်းပညာကလည်း Intel လက်ထဲသို့ ရောက်သွားပြီဖြစ်သောကြောင့် အနာဂတ်၌ သူ၏ ရှယ်ယာဈေးနှုန်းများမှာ ဒုံးပျံကဲ့သို့ မြင့်တက်လာပေဦးမည်။ ထို့အတူ သူ၏ ပိုင်ဆိုင်မှု တန်ဖိုးမှာလည်း မြင့်တက်လာပေမည်။ ယင်းက ရိုးရှင်းစွာဖြင့် ပြီးပြည့်စုံသည့် အစီအစဉ်တစ်ခုဖြစ်၏။ ထို့ကြောင့် အလင်းအရင်းအမြစ် ပြဿနာအား အောင်မြင်စွာဖြင့် ဖြေရှင်းနိုင်ခဲ့ပြီး ကျန်သည်ကတော့ ဒါရိုက်တာရှန်းအပေါ်သာ မူတည်နေတော့သည်။

တစ်ခုတည်းသော အားနည်းချက်က cyemr ၏ ရှယ်ယာများကို သူ့လက်ထဲ သိမ်းထားရန် မလုံခြုံခြင်းပင်။ အနာဂတ်၌ သူ အလင်းအရင်းအမြစ် နည်းပညာကို ပိုင်ဆိုင်လာသည့် အခါ၌ သေချာပေါက် သံသယများအား နှိုးဆွပေးလာမည် ဖြစ်ပြီး ဤ အာလူးပူပူကြီးအား အတင်းလွှဲပြောင်းပေးရန် ဖိအားပေးမှုတို့ ဖြစ်ပေါ်လာနိုင်သည်။ ကံကောင်းစွာဖြင့် သူ့ရှေ့၌ ကူ၍ ထိန်းသိမ်းထားပေးမည့် လူတစ်ယောက်က အသင့်ရှိနေသောကြောင့်ပင်။ အကယ်၍ ထိုလူကသာ သူ့အား ဤကိစ္စ ကူညီပေးမည်ဆိုပါက မည့်သည့်အရာတို့ကမျှ ချွတ်ချော်မှားယွင်းသွားလိမ့်မည်မဟုတ်ပေ။

နောက် သုံးလေးရက်များတွင်တော့ နှစ်သစ်ကူး၏ အငွေ့အသက်တို့က ပိုမိုပြင်းထန်လာလေသည်။

အချို့သော သာမန်မိသားစုများမှာ နှစ်သစ်ကူးရန်အတွက် ပစ္စည်းပစ္စယများအား ကြိုတင်ဝယ်စုဆောင်းနေကြပြီး ဖြစ်၏။

လင်းရီ ရုံးခန်း မှန်ပြတင်းပေါက် ရှေ့တွင် ရပ်ရင်း လူသူတို့ဖြင့် ယောက်ယပ်ခပ် စည်ကားနေသည့် လမ်းတို့အား ငေးကြည့်နေလျက် ရုတ်ချည်းသလို ခံစားချက် လှိုင်းတံပိုးတို့က လှိုင်တက်လာလေသည်။

ယခင်နှစ် ယခုလို အချိန်၌ သူက ပါမွှားဘောနပ်စ်လေး ရရန်အလို့ငှာ အချိန်ပို ဆင်းပြီး အလုပ်ကြိုးစားနေခဲ့ရ၏။

ယခုတော့ အချိန်တိုအတွင်း ယခုလို မတ်တပ်ရပ်ကာ အပေါ်စီးမှ ကြည့်ရှုနေနိုင်လေပြီ။ သို့တိုင်အောင် လင်းရီကို တစ်ခု စိတ် မသက်မသာဖြစ်စေသည်က စနစ်မပါဘဲနှင့်ကော ယခုသူ၏ လက်ရှိ အဆင့်အတန်းအား ရရှိနိုင်မည်လော။

ကလင် ကလင် ကလင် …

လင်းရီ ထိုအကြောင်းများ တွေးတောနေစဉ် စားပွဲပေါ်ရှိ ဖုန်းမှာ အသံမြည်လာလေသည်။

အန်ဒီဂရို့ဖ်မှ ဆက်သွယ်လာခဲ့ခြင်းပင်။

“ မစ္စတာလင်း..ကျုပ်တို့ ဆွေးနွေးပြီးသွားပြီ.. သူတို့ဘက်က ချစ်ပ် ၃.၀ နည်းပညာကို Cymer ရဲ့ရှယ်ယာ ၁၂ ရာခိုင်နှုန်းနဲ့ လဲလှယ်ပေးဖို့ ဆန္ဒရှိတယ်…”

“ ကောင်းပြီ.... အသေးစိတ် ဆွေးနွေးဖို့ ကျုပ် လူတွေကို လွှတ်လိုက်မယ်..”

ရှယ်ယာကိစ္စ ပြောဆိုပြီးနောက် လင်းရီ ဖုန်းကို လက်ထဲ ကစားရင်း မိနစ်အနည်းငယ်ကြာအောင် တွေးတောပြီးနောက် သူ ရှန်းရှူးရီထံ ဖုန်းခေါ်လိုက်သည်။

“ ပျော်ရွှင်ဖွယ် နှစ်သစ်ကူးပါ အန်တီရှန်း…”

“ ကောင်စုတ်လေး… နှစ်သစ်ကူးရောက်ဖို့က လိုသေးတာကို ခုလိုမျိုးပြောဖို့က အရမ်း စောလွန်းမနေဘူးလား…”

“ စောပြီးပြောလေ.. ပိုပြီး အလေးအနက်ထားရာ ရောက်လေပဲလေ… တခြားသူတွေ ကျွန်တော့်ထက် အရင်ကြိုပြောခွင့်ပြုလိုက်လို့ ဘယ်ဖြစ်မှာ…”

ဖုန်းအစွန်း တစ်ဖက်တွင်တော့ ရှန်းရှူးရီမှာ သဘောကျစွာဖြင့် တခစ်ခစ် ရယ်မောလိုက်ရင်း

“ နင့်ရဲ့ လေးနက်မှုကို ပြချင်နေရင် နှစ်သစ်ကူးကြ လာခဲ့လေ… ငါ နင့်ကို ဟုန်ပေါင်းကြီးကြီးတောင် ပေးလိုက်ဦးမယ်…”

“ ဟီးဟီး.. ဒါဆိုလည်း အန်တီရှန်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါပဲ…” လင်းရီ ပြောလိုက်သည်။

“ ဒါပေမယ့် ဟုန်ပေါင်းကိုတော့ အန်တီ ကျွန်တော့်ကို ပေးမှဖြစ်မှာ…”

“ အိုး… နင်က ငါ့နား အတင်း ပိုက်ဆံ တောင်းချင်နေတယ်ပေါ့..”

“ အဲ့လို ပြောလို့လည်း ရတယ်…” လင်းရီ ပြုံးလိုက်ပြီး “ တကယ်တော့ ကျွန်တော် အန်တီ့ကို စီးပွားရေး တစ်ခုနဲ့ မိတ်ဆက်ပေးဖို့ စီစဉ်နေတာ…”

“ နင် ဘာလဲ ပြောချင်နေတာ..”

ရှန်းရှူးရီ၏ အမူအရာမှာ ဖြည်းဖြည်းချင်း လေးနက်လာလေသည်။ လင်းရီ၏ အကျင့်စရိုက်အရ တစ်ခုခု အရေးကြီး ကိစ္စ မဟုတ်လျှင် ဆက်သွယ်လာလိမ့်မည် မဟုတ်ချေ။

“ ကျွန်တော့်မှာ အခု Cymer ရဲ့ ရှယ်ယာ ၁၂ ရာခိုင်နှုန်း ရှိထားတယ်… အန်တီရှန်း အဲ့တာကို စိတ်မဝင်စားဘူးလား….”

“ နင် Cymer ရဲ့ ရှယ်ယာတွေကို ရထားတယ်…” ရှန်းရှူးရီ အံ့အားသင့်နေသည့် လေသံဖြင့် မေးမြန်းလိုက်ပြီး “ ချစ်ပ် ၃.၀ နည်းပညာနဲ့ လဲလှယ်လိုက်တာလား…”

“ အင်း…” လင်းရီ ခေါင်းညိမ့်လိုက်သည်။

“ ဒါပေမယ့် ကျွန်တော်ကျတော့ ရှယ်ယာတွေကို လက်ထဲကိုင်ထားဖို့ မသင့်တော်ဘူးလေ… အန်တီရှန်းက ကျွန်တော့်ကိုယ်စား ဂရုစိုက်ပေးနိုင်မလားလို့ပါ..”

“ နင်က လီတိုဂရပ်ဖီစက်အကြောင်း လူတွေ ရိပ်မိသွားမှာကို စိုးရိမ်နေတာမလား…”

“ ဟုတ်တယ်..” လင်းရီ ခေါင်းညိမ့်လိုက်သည်။

“ ဒါပေမယ့် နိုင်ငံပိုင် ကုမ္ပဏီတစ်ခုအနေနဲ့ CITIC အုပ်စုရဲ့ အဆင့်အတန်းက အရမ်းနဲ့ သန်မာအားကောင်းနေတော့ ရှယ်ယာရှင်ကို ကုမ္ပဏီ သေးသေးလေး အနေနဲ့ပဲ သွားတာ ပိုကောင်းမယ် ထင်တာပဲ…” ရှန်းရှူးရီ ရယ်မောရင်း ပြောဆိုလိုက်ပြီး “ ပုံမှန်ဆို အန်တီနင့်ရဲ့ လက်ဆောင်ကို လက်ခံနိုင်မှာ မဟုတ်ဘူး… ဒါပေမယ့် Cymer ရဲ့ ရှယ်ယာတွေက ထူးခြားပြီး ဆွဲဆောင်မှု ရှိလွန်းနေတော့ ရွေးချယ်စရာ ဘယ်ရှိတော့မှာ… လက်ခံရတော့မှာပေါ့…”

All Chapters