တိုက်ခန်းပိုင်ရှင်ရဲ့ ရူးနေတဲ့ သမီးလေး
Vol. 61 Ch. 908
ရှန်းရှူးရီ၏ အဖြေက လင်းရီ ယခင် တဒင်္ဂမျှ တွေးမိသွားခဲ့သည့် အတွေးစ အတွေးနလေး တစ်ခုနှင့် သွား၍ ထပ်တူကျနေလေသည်။
မျှော်လင့်မထားစွာဖြင့် ရှန်းရှူးရီက ထိုစကားကို အမှန်တကယ် ထုတ်ပြောလာလိမ့်မည်လို့တော့ လင်းရီ မမျှော်လင့်ထားခဲ့ပေ။
“ ဒါက ကျွန်တော့်ရဲ့ နှစ်သစ်ကူး လက်ဆောင်ဆိုတော့ တကယ်လို့ အန်တီသာ လက်မခံဘူးဆိုရင် ကျွန်တော်လည်း နှစ်သစ် ကောင်းကောင်းကူးနိုင်မှာ မဟုတ်တော့ဘူးဗျ…”
“ ကောင်စုတ်လေး ... ငါကကော နင့်ရဲ့ လက်ဆောင်ကို မယူပါဘူးလို့ ပြောနေလို့လား..”
“ ဒါဆို အတည်ဖြစ်ပြီနော်… အားလုံး ပြီးသွားတဲ့အချိန်ကျမှ ကျွန်တော် အန်တီ့ကို ပြန်ဆက်သွယ်လိုက်မယ်…”
“ ကောင်းပြီလေ..” ရှန်းရှူးရီ ပြောလိုက်ပြီး “ ဒါနဲ့ ဒါရိုက်တာရှန်း ဘက်က အခြေအနေကော ဘယ်လိုရှိလဲတဲ့…. သိပ်မကြာခင် ပြီးလောက်မယ်ထင်လား..”
“ နောက်ပိုင်းကျရင်တော့ အလုပ်တွေက ပိုပြီး မြန်ဆန်လာမှာပါ… ဒါပေမယ့် ဘယ်အချိန် ပြီးမလဲတော့ ကျွန်တော်လေး သေချာမပြောတတ်ဘူး..” လင်းရီ ပြောလိုက်ပြီး “ ဒါရိုက်တာရှန်းကိုလည်း လောခိုင်းလို့က မဖြစ်ဘူးလေ… ဒါပေမယ့် နှစ်သစ်ကူးရောက်ရင်တော့ ကျွန်တော်သူနဲ့ စကားသွားပြောဦးမှာပါ…”
“ အင်း… မြန်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဟယ်… ခု နိုင်ငံတကာရဲ့ အခြေအနေတွေက အရမ်းတင်းမာနေပြီ…. နင်လည်း အန်တီဆိုလိုချင်တာကို နားလည်တယ်မလား…”
“ ဟမ်ဘာဂါက မွှေနေပြန်ပြီလား....”
“ အဲ့လို ပြောလို့ရတယ်… သူတို့ဘက်က သေးသေးလေးတွေပဲ လှုပ်ရှားနေတယ်ဆိုပေမယ့် တစ်နေ့ တစ်ခုခု ဖြစ်လာမှာကို စိုးရိမ်နေလို့…” ရှန်းရှူးရီ ပြောလိုက်ပြီး “ တကယ်လို့ အဲ့နေ့ရောက်လာတဲ့အချိန်ကျရင် နင်က နန်းတက်ပြီး ဟွာရှမှာ နင့်ရဲ့ လွှမ်းမိုးမှုကို တိုးမြင့်လို့ရတယ်… အန်တီဆိုလိုချင်တဲ့ သဘောတရားကို နင်နားလည်တယ်မလား..”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ နားလည်တယ်… ဒါပေမယ့် ကျွန်တော့်ဘက်က အကောင်းဆုံး ကြိုးစားပါ့မယ်လို့ပဲ ပြောနိုင်တယ်…”
“ အင်းပါ… နင့်အကောင်းဆုံးသာလုပ်.. တကယ်လို့ နင်ပိုက်ဆံလိုရင်လည်းပြော… ဘီလီယမ် နည်းနည်းပါးပါးလောက် ထောက်ပံ့ပေးဖို့က ပြဿနာမရှိပါဘူး…”
“ ဟီးဟီး … ဟုတ်.. ကျေးဇူးပါ အန်တီ…”
“ ဒါဆို ဒါပဲနော်.. နှစ်သစ်ကူးရောက်တော့မှာဆိုတော့ ဒီမှာ အလုပ်တွေ ရှုပ်နေတာ… နောက်မှ စကားဆက်ပြောကြတာပေါ့…”
“ ဟုတ်.. အန်တီရှန်း လုပ်စရာရှိသာ ဆက်လုပ်ပါဗျ…”
ဖုန်းချပြီးနောက် လင်းရီ ဆိုဖာနောက်သို့ မှီလိုက်သည်။
သူ့စိတ်ထဲတွင်တော့ အခြေအနေ သိပ်မဟန်ဟု ခံစားနေရ၏။ ရှန်းရှူးရီ၏ စွမ်းရည်ဖြင့် သူမက ကျိုးဟိုင်တွင် ဖြစ်ပျက်သမျှကို မသိပဲ မနေချေ။
သူ ကျီချင်းရန်အပြင် ဝမ်ရင်း၊ လီချူးဟန်တို့နှင့် ဆက်ဆံရေး ရှိနေသည်ကိုလည်း သူမ သတိထားမိလောက်၏။ ရှန်းရှူးရီ ဘက်က တမင်တကာ မဖော်ထုတ်ချင်ရုံမျှသာ ဖြစ်ပေလိမ့်မည်။
လင်းရီ တွေးရင်းဖြင့် မေးစေ့ကို ပွတ်သပ်လိုက်၏။
ဖြစ်နိုင်တာ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာကျ ဒီလိုကိစ္စမျိူးတွေဆိုတာ ပုံမှန်ဖြစ်နေလို့များလား....ဒါဆို ငါ့ကို အကြောင်းမဲ့ ကူညီပေးနေတာကလည်း လျန်ရူရွှယ်ကြောင့်ပဲပေါ့....
မည်သို့ပင်ဆိုစေ ၎င်းတို့က လင်းရီ၏ တစ်ဖက်သတ် အတွေးများသာ ဖြစ်ပေသည်။ သို့တိုင်အောင် သူ နည်းနည်းလေး စိတ်မရှုပ်ပဲနှင့်တော့ မနေနိုင်ချေ။
အလွန်တရာ ထက်မြက်လှသည့် ယောက္ခမတစ်ယောက် ပိုင်ဆိုင်ထားခြင်းက ကောင်းသည့် အရာမဟုတ်မည်မှာ လုံးဝ သေချာသလောက်ပင။
ထို့ပြင် ဟွာရှရှိ လျန်မိသားစု၏ အဆင့်အတန်းနှင့် စီးပွားရေးနယ်ပယ်ရှိ သူမ၏ လွှမ်းမိုးမှုတို့ ပေါင်းစည်းလိုက်သောအခါ သူ့ဘက်က မည်မျှပင် ကြိုးစားစေကာမူ ရှန်းရှူးရီအား အပြတ်သတ် ချေမှုန်းရန် မဖြစ်နိုင်ပေ။
ထိုအကြောင်းများ တွေးတောရင်း လင်းရီ အညောင်းဆန့်လိုက်ကာ ဆက်လက် အတွေးမလွန်တော့ရန် ဆုံးဖြတ်လိုက်၏။
အနည်းဆုံးတော့ ယခုလောလောဆယ်၌ ရှန်းရှူးရီအား ကိုင်တွယ်နိုင်ရန် လုံလောက်သည့် အရည်အချင်းတို့က သူ့ထံ ရှိမနေသေးချေ။ တစ်ကြိမ်၌ ခြေတစ်လှမ်း လှမ်းဖို့ရန်သာ တတ်နိုင်ပေသည်။
ယခု သူ့လက်ထဲရှိ ကိစ္စများအား ကိုင်တွယ်ပြီး ဖြစ်သောကြောင့် စစ်ဖန်းမြို့ရှိ သူ၏ မြေကွက်လေးအား သွားကြည့်နိုင်ချေပြီ။
ထို့ပြင် အလုပ်အသစ် စသည်မှာ သုံးရက် ရှိနေပြီ ဖြစ်သောကြောင့် နောက်ထပ် ရက် အနည်းငယ်အတွင်း အလုပ်အသစ် တစ်ခုအား အသက်သွင်းနိုင်ပေဦးမည်။ တွေးကြည့်ရုံနှင့်တင် အလုပ်တို့က များလွန်းလှ၏။
သူ ည အိမ်ပြန်ရောက်တော့ လင်းရီ ကျီချင်းရန်ကို ကြည့်လိုက်ပြီး “ ကုမ္ပဏီက ခုဆို အလုပ်ရှုပ်နေရောပေါ့…”
“ အွန်း… သိပ်မကြာခင် နှစ်သစ်ကူးပွဲ ရောက်တော့မှာလေ… ငါတို့ရဲ့ ဝန်ထမ်းတွေလည်း အလုပ်နှစ်ဆ များနေပြီ… ဒါပေမယ့် ငါလည်း နောက်သုံးလေးရက်နေရင် နှစ်ချုပ် အစည်းအဝေး တစ်ခု လုပ်ဖို့ ပြင်ထားရဦးမှာ..”
“ ငါ မနက်ဖြန်ကြရင် စစ်ဖန်းမြို့ကို သွားပြီး မြေသွားကြည့်မလို့… လိုက်ဦးမလား..”
“ လိုက်မှာပေါ့…” ကျီချင်းရန် အားတက်သရော ပြောလာခဲ့ပြီး “ အဲ့ဒီအတွက်တောင် အကုန်ပြင်ဆင်ထားပြီးသွားပြီ… နင်ဒီစကားမျိုး ပြောမှာကို စောင့်နေတာ..”
“ ဟမ်.. ငါက ဒီတိုင်း သွားကြည့်မှာလေ… ဘာပြင်ဆင်စရာတွေ လိုလို့..”
“ ဒီမှာ စောင့်နေ.. ငါနင့်ကို ပြမယ်..”
ပြောပြီးနောက် သူမ ပန်းကန်နှင့် တူကို အောက်ချ၍ အပေါ်ထပ်သို့ ပြေးတက်သွားခဲ့လေသည်။
ဆယ်မိနစ်ကြာပြီးနောက် သူမ ပြန်ဆင်းလာခဲ့၏။
လင်းရီ ကြည့်လိုက်တော့ ချင်းရန် သူမ၏ ညအိပ်ဝတ်စုံအစား အနက်ရောင် သားရေ ဂျက်ကတ်နှင့် ပြောက်ကျား ဘောင်းဘီအား ဝင်ဆင်ထားပြီး ဖိနပ်နေရာတွင်တော့ အနက်ရောင် Dr.Martens boots တစ်ရံအား စီးနင်းထားကာ လူကို လန်းဆန်းတက်ကြွစေသည့် ခံစားချက်မျိုးအား ပေးစွမ်းနေတော့၏။
“ အဲ့ဒါ ဘာလုပ်တာ…”
“ နင်နဲ့ အတူ လယ်စိုက်ဖို့လေ…” ကျီချင်းရန် နေရာ၌ တစ်ပတ်လှည့်ပြလိုက်ပီဲး “ ဘယ်လိုလဲ....ငါတို့ ခုချက်ချင်း အလုပ်သွားလုပ်တော့မယ့် အသွင်မျိုး မခံစားမိဘူးလား..”
“ မခံစားရပါဘူး… ငါတော့ တိုက်ခန်း သူဌေးရဲ့ တစ်ခန်းလွတ်နေတဲ့ သမီးနဲ့ပဲ တူတယ်လို့ ခံစားမိတယ်…”
“ ပေါက်တတ်ကရ… ငါ ဒီဝတ်စုံကို အင်တာနက်ပေါ်မှာ အကြာကြီး ရှာဖွေပြီးတော့မှ ဝယ်လာခဲ့တာနော်… နင်တို့ လယ်ကွင်းထဲသွားရင် ဒီလိုပုံစံပဲ ဝတ်ကျစားကျတာ မဟုတ်ဘူးလား…” “ဟူး... အစကတော့ ပြောက်ကျား ယူနီဖောင်း တစ်စုံ ဝယ်မလို့ပါပဲ…. ဒါပေမယ့် top က နည်းနည်း ဆိုဒ်သေးနေတော့ သူတို့ကို ပြန်ပြောလိုက်တာ.. top အသစ်က ခုထိကို ရောက်မလာသေးဘူး..”
“ ဒီရဲ့ ပြောက်ကျားနဲ့ဆိုရင်တောင် မင်းပုံစံက လယ်တောသူနဲ့ နည်းနည်းလေးမှ မအပ်စပ်သေးဘူး..”
“ ဒါဆို ဘယ်လို ဝတ်ရမှာလဲလို့… ငါတို့ ဘာအလုပ်ပဲ လုပ်လုပ် လေးလေးနက်နက် လုပ်ရမယ်လေ… လယ်ထဲ မဆင်းရင်တောင် အနည်းဆုံးတော့ ဟန်ဆောင် ပန်ဆောင်ရှိဖို့တော့ လိုတာပေါ့…”
“ ဒါဆို ငါ့နောက်လိုက်ခဲ့…” လင်းရီ ကျီချင်းရန်ကို မီးဖိုချောင်ထဲ ခေါ်သွားလိုက်ပြီး ဒယ်အိုးဖင်မှ အိုးမည်းတစ်ချို့ယူကာ သူမ မျက်နှာပေါ် သုတ်လိမ်းပေးလိုက်၏။
“ ဟောကြည့်… ခုဆို တူသွားပြီ..”
“ အူး… ညစ်ပတ်ပြီး ရုပ်ဆိုးလွန်းတယ်…နည်းနည်းလေးမှတောင် မလှတော့ဘူး….”
“ ဘယ်သူက မင်းလို မိတ်ကပ်လိမ်း ဝတ်စုံပြည့်နဲ့ လယ်ထဲ အလုပ်လုပ်လို့…”
“ မိတ်ကပ်မလိမ်းရလည်း ဘာမှ မဖြစ်ပါဘူးနော်..” ကျီချင်းရန် ယုံကြည်ချက် အပြည့်ဖြင့် ခေါင်းမော့လိုက်ပြီး “ ငါက မိတ်ကပ်မပါလည်း ကြည့်ကောင်းပြီးသား… ဟုတ်တယ်မလား..”
“ ဟုတ်ပါ့ ဟုတ်ပါ့… မစ္စလင်းက အလှဆုံးပဲ… ဒါပေမယ့် လယ်တောသူရုပ်တော့ မပေါ်ဘူး…”
“ ဒါဆိုလည်း ငါ အပင်မစိုက်တော့ဘူး… နင့်ကို ဘေးကနေပဲ လမ်းညွှန်မယ်လေ….”
“ ပြောချင်တာ ငါ့ကို ဘေးကနေ ဆရာကြီး လုပ်ပြီး အလုပ်တွေ အကုန်ခိုင်းမယ်ပေါ့…”
“ အတိအကျပဲလေ…”
“ မစ္စတာလင်းက ကျွန်မကိုယ်စား အသီးတွေ စိုက်ပေးမှာကို လိုချင်နေပါပြီသတဲ့.. “
“ ဒါဆိုရင်လည်း ဆောင်းဦးရောက်တဲ့ထိ စောင့်ပေဦးပေါ့ကွာ…”
“ ခစ်ခစ်…ဒီကလည်း စကားအဖြစ် ပြောတာပါ…”
“ ဒါနဲ့ ငါတို့ ထူးခြားတဲ့ အပင်တွေ စိုက်ရင် ပိုကောင်းမယ်လို့ ထင်တယ်...သာမန်အသီးအရွက်တွေပဲ စိုက်ရင် ဖြုန်းတီရာကျတယ်...."
“ ဘယ်လိုမျိုးလဲ..”
ကျီချင်းရန် လင်းရီ မေးစေ့ကို ကိုင်ရင်း အပြုံးလေးဖြင့် “ နင့်ကို မြေကြီးထဲ စိုက်ထားမယ်လေ… အချိန်ကျလာရင် လင်းရီတွေအများကြီး ဖြစ်လာမယ်…. အဲ့ခါကျ တစ်ယောက်က ငါ့ကိုယ်စား ချက်ပြုတ်ပေး.. တစ်ယောက်က ငါ့ကို ကားအကြိုအပို့လုပ်ပေး… တတိယ တစ်ယောက်ကတော့ အိမ်သန့်ရှင်းရေး လုပ်ပေါ့…. ခစ်ခစ်.. နောက်ထပ် လင်းရီ တစ်ယောက်ကိုတောင် နေ့တိုင်း ငါ့အိပ်ရာနွေးအောင် လုပ်ခိုင်းလို့ရတယ်… တွေးကြည့်လိုက်ရုံနဲ့ ဇိမ်ပဲ…”
“ အဲ့လိုပြောကြေးဆို မင်းကိုထည့်စိုက်ထားလိုက်တာ အကောင်းဆုံးပဲ နေမယ်.. အဲ့လိုဆို ချင်းရန်အများကြီးနဲ့ ညတိုင်း အတူအိပ်လို့ရပြီလေ…”
“ လင်းရီ… နင် မကောင်းတဲ့ကောင်… အဲ့လို အရှက်မရှိတဲ့ စကားမျိုး ဘယ်လိုတောင် ပြောထွက်နေတာ…” ကျီချင်းရန် ခါးလေးထောက်လျက် မာန်မဲလိုက်၏။
“ ဘယ်တတ်နိုင်မှာ… ငါလည်း သူများတွေလို ဇိမ်ခံချင်တယ်လေ…. “
“ ဟွန့်… နင့်မှာ အခွင့်အရေးမရှိဘူး… စဉ်းတောင်မစဉ်းစားနဲ့..”
………………….
နောက်တစ်နေ့ နံနက်တွင်တော့ ကျီချင်းရန် အိပ်ယာမှ စောလျှင်စွာဖြင့် ထလာခဲ့သည်။
ကျီချင်းရန်ကတော့ ပျော်ပွဲစားထွက်တော့မည့် ပုံစံဖြင့် ပစ္စည်းပစ္စယ များစွာကို သူမနှင့်အတူ သယ်ဆောင်လာခဲ့လေသည်။
သို့သော်လည်း လင်းရီကတော့ နေသားကျနေပြီးဖြစ်၏။
သူမ စိတ်ချမ်းသာရင် ပြီးရောပဲမလား….
အားလုံးပြင်ဆင်ပြီးနောက် နှစ်ယောက်မှာ ကားဂိုဒေါင်ရှေ့သို့ ရောက်ရှိလာကြလေသည်။ ထိုအခါကျမှ လင်းရီ သူ့ထံတွင် ပြိုင်ကားနှင့် သာမန် မြို့တွင်းစီးကားတို့သာ ရွေးချယ်စရာ ရှိကြောင်း သတိပြုမိလိုက်၏။
အဆိုပါ မော်တော်ယဉ်များက ကျေးတောရွာဘက်များသို့ မောင်းရန် လုံးဝ မသင့်လျော်ချေ။ ဂရုမစိုက်ပါက ကား၏ ကိုယ်ထည်ပိုင်းအား ထိခိုက်သွားနိုင်လေသည်။
" ငါ ယွမ်ယွမ်နား ငှားလိုက်ရင်ကော…”
“ တော်တော်… အဲ့ဟာမလေးနား ကားငှားလိုက်ရင် တစ်နှစ်လုံး ပြောလို့ မပြီးတဲ့ ကိစ္စ ဖြစ်သွားလိမ့်မယ်…” လင်းရီ နာရီကို ကြည့်လိုက်ပြီး “ စောသေးတယ်… တစ်စီးလောက် သွားဝယ်ကြတာပေါ့.. ဘာပဲဆိုဆို အနာဂတ်ကျရင် သွားဖို့လာဖို့ သုံးရဦးမှာပဲလေ…”