← Chapters

ယောက်ျားလို့ခေါ်

Vol. 61 Ch. 909

ယောက်ျားလို့ခေါ်

Vol. 61 Ch. 909

“ ကောင်းသား.. ငါလည်း အိမ်မှာ လမ်းကြမ်းမောင်းလို့ ကောင်းမယ့် ကားတစ်စီးလောက် ရှိထားသင့်တယ်လို့ ထင်တယ်..”

သူမ လင်းရီနှင့် လက်ထပ်မှတ်ပုံတင်ခြင်း မပြုလုပ်ရသေးသော်လည်း ကျီချင်းရန်မှာ မသိလိုက်စွာဖြင့် သူမကိုယ်သူမ အိမ်ထောင်ကျပြီးသား အမျိုးသမီး တစ်ယောက်ကဲ့သို့ ပြုမူနေမိလေသည်။

ကျိုကျုံးဗီလာကား လင်းရီ၏ အပိုင်မဟုတ်တော့။ သူမတို့နှစ်ဦး၏ နေအိမ် ဖြစ်လို့လာချေပြီ။

“ ဒါဆို သွားကြမယ်…”

ကားအသစ်ဝယ်ရန် ဆုံးဖြတ်ပြီး ဖြစ်သောကြောင့် နှစ်ယောက်မှာ ကိုယ်ပိုင်ကား မမောင်းတော့ပဲ ကျီချင်းရန်မှ တက္ကစီတစ်စင်း ငှား၍ Lexus S စတိုးဆိုင်သို့ ဦးတည်လိုက်၏။

လင်းရီ ဝင်လာသည်ကို မြင်တော့ 4S ဆိုင်ရှိ ဝန်ထမ်း အမျိုးသမီးများမှ မျက်လုံး အရောင်လက်စွာဖြင့် အငမ်းမရ ကြည့်ရှုကြကုန်တော့သည်။

“ ကြည့်စမ်း… အဆင်လေး..”

“ ဆင်တော့ကော ဘာလုပ်ရမှာ… သူ့ဘေးမှာ ဇနီးကြီး ငုတ်တုတ် လိုက်လာတာ နင့်အလုံးက မမြင်နိုင်ဘူးလား…”

“ ဟုတ်တယ်… သူ့ကောင်မလေးကလည်း အရမ်းချောတယ်နော်… ငါတို့ သူ့ကို စနှိုက်ကျော်ချင်ရင်တောင် ဟိုက စိတ်ဝင်စားမှာတောင် မဟုတ်လောက်ဘူး..”

“ သေချာတာပေါ့ဟယ်..” ခေါင်းဆောင် ဖြစ်သူဟန်မှ ပြောလိုက်ပြီး “ နင်တို့ အဲ့ အစ်ကိုလေးကိုလည်း သေချာကြည့်လိုက်ဦး.. သူ ပတ်ထားတဲ့ နာရီက Richard Mille … ငါကြားဖူးတာတော့ ဈေးအပေါဆုံးကို ယွမ် သိန်းချီပေးရတယ်ဆိုပဲ… သူ့ကောင်မလေးက ငါတို့ကို ဖြားယောင်းဖို့ အခွင့်အရေး ပေးမှာတောင် မဟုတ်ဘူး..”

“ အဲ့လိုမျိုး ဥစ္စာပေါ် ရုပ်ချော အမျိုးသားလေးကို ဘယ်အမျိုးသမီးက စိတ်ချလက်ချ လွှတ်ထားနေနိုင်မှာလဲဟယ်… ငါသာ အဲ့လို လူမျိုးနဲ့သာ တွဲရလို့ကတော့ နေ့တိုင်း အိမ်ထဲမှာပဲ သော့ပိတ်ထားတယ်..”

“ ကဲ ကဲ … လေဖုတ်တာတွေ တော်လိုက်တော့… အလုပ်လုပ်ဖို့ အချိန်ကျပြီ…”

ပြောပြီးနောက် အရောင်းသမ တစ်ဦးမှ လင်းရီနှင့် ကျီချင်းရန်တို့ထံ ချိုသာသည့် အပြုံးလေးဖြင့် ချဉ်းကပ်လာပြီး “ ဆရာတို့က ဘယ်လို မော်ဒယ်လ်မျိုး ရှာနေတာလဲ မသိဘူး…”

“ မင်းတို့ဆီမှာ 570 ရှိလား…. အရည်အသွေးကောင်းတဲ့ဟာပေါ့..”

လင်းရီ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

“ ဟိုဘက်မှာပါ ဆရာ… LX570 အထွတ်အထိပ် အထူး အက်ဒီရှင် … ဈေးနှုန်းကတော့ ၁.၄၁ မီလီယမ် ကျသင့်ပါတယ်…”

လင်းရီမှ ထိပ်တန်း 570 ကို ဝယ်လိုနေသည်ကို သိတာ့ အမျိုးသမီး အရောင်းသမလေးမှ ထွေထူးလုပ်၍ အံ့အားမသင့်သွားခဲ့ချေ။

Richard Millle ကြီး ဝတ်ထားပါလျက်နှင့် ဈေးပေါသည့် ကားများ ဝယ်ယူနေမှသာလျှင် ထူးဆန်းနေပေမည်။

“ ဒါဆို အရောင်းစာချုပ် ပြင်ပေးဦး.. ငါတို့ ခုပဲ မောင်းသွားမယ်…”

“ ကောင်းပါပြီ.. ခဏလောက် စောင့်ပေးပါဆရာ…”

မကြာမီ အမျိုးသမီး အရောင်းသမလေးမှ စာချုပ် ဘောပင်နှင့်တကွ ရောက်ရှိလာခဲ့၏။

လင်းရီ ဖောင်တိန်ကို ကျီချင်းရန်ထံ ကမ်းပေးလိုက်ပြီး “ လက်မှတ်ထိုးလိုက်…”

“ ငါထိုးရမှာလား…”

“ အင်း… ဂိုဒေါင်ထဲမှာ ငါ့ကားတွေချည်းပဲ ပြည့်နေတာလေ… မင်းမှာ ရှိတာဆိုလို့ မာစီးတီး တစ်စင်းတည်းရယ်.. တော်နေကြာ ငါကပဲ အနိုင်ကျင့်နေသလို ဖြစ်နေပါဦးမယ်…”

“ အဲ့တော့ကော ဘာဖြစ်လဲ… နင့်နာမည်ပဲ သုံးလိုက်လေ…. ငါတစ်ယောက်သုံးဖို့ဆို မာစီးတီးနဲ့တင် ရနေပြီ..”

အရောင်းသမလေးမှာတော့ ကျီချင်းရန်ကို ရင်ထုမနာစွာဖြင့် ကြည့်နေလိုက်တော့သည်။

ကောင်မ …. ဟိုက ကားပေးဖို့ သဒ္ဓါပိုနေတာကို ညဉ်းက လက်မခံချင်ဘူးပေါ့လေ…. ဒင်းနဲ့တော့ ငါ နေရာချင်းတာ လဲပစ်လိုက်ချင်တယ်…

“ ထိုးသာ ထိုးလိုက်စမ်းပါကွာ…. ဟိုလို ကြီးကျယ်နေတာကြီးလည်း မဟုတ်…”

“ အဲ့လိုလုပ်လိုက်ရင် သူများတွေ နင့်ကို ငါ့ရဲ့ သကြားဖေဖေဆိုပြီး ထင်ကုန်မှာပေါ့..” ကျီချင်းရန် လက်မှတ်မထိုးမီ ရွှတ်နောက်နောက် ပြောဆိုလိုက်၏။

ထို့နောက် သူမ အိတ်ထဲမှ ဘဏ်ကတ်အား ထုတ်လိုက်ကာ “ နံပါတ်က 011011 ….”

“ အမ်…. တစ်စိတ်လောက်နော် … ဆရာကတော်က ရှင်းမှာလား…”

ကျီချင်းရန် သူမ ကတ်နှင့် ရှင်းမလို လုပ်နေသည်ကို မြင်တော့ အရောင်းသမလေးမှ အံ့အားသင့်သွားခဲ့လေသည်။ ကြည့်ရသလောက်တော့ အနှီမိန်းကလေးသည်လည်း ပိုက်ဆံ ချို့တဲ့မနေပုံ ရ၏။

“ဟုတ်တယ်…” ကျီချင်းရန် အတည်ပြုပေးလိုက်သည်။

“ ဟုတ် ဟုတ်… ခဏလောက်လေး စောင့်ပေးပါနော်…”

မကြာမီ လွယ်ကူချောမွေ့စွာဖြင့် ကားတစ်စီး ဝယ်ယူပြီးစီးသွားခဲ့ချေသည်။ စာချုပ် လက်မှတ်ထိုးပြီးနောက် နှစ်ယောက်မှာ ကားသွားရွေးကြ၏။ ထို့နောက် ဆီအပြည့်ဖြည့်၍ စစ်ဖန်းမြို့သို့ ဦးတည်လိုက်ကြလေသည်။

နာရီဝက်ခန့် ကြာသော်

နှစ်ယောက်မှာ စစ်ဖန်းမြို့သို့ ဆိုက်ရောက်လာကြလေသည်။

လင်းရီ ကားကို မြို့လယ်ခေါင် လူစည်သည့် နေရာ၌ ရပ်တန့်လိုက်၏။

ဘေးပတ်ဝန်းကျင်ကို တစ်ချက်စူးစမ်းကြည့်လိုက်တော့ အခြေအနေမှာ သူစိတ်ကူးထားသည်နှင့် အနည်းငယ် လွဲချော်နေကြောင်း လင်းရီ သတိပြုမိလိုက်လေသည်။

ကျိုးဟိုင်ကဲ့သို့ စီးပွားရေး အချက်အချာကျသည့် ဧရိယာတွင် တည်ရှိသောကြောင့် စစ်ဖန်းမြို့ရှိ အခြေအနေမှာ အတော်အတန် ကောင်းမွန်မည်ဟု မျှော်မှန်းထားခဲ့သော်လည်း သူအနည်းငယ် မျှော်လင့်မိသွားပုံရ၏။

သူ မြင်တွေ့နေရသည့် စစ်ဖန်းမြို့၏ အခြေအနေမှာ ယခင် သူသွားရောက်ခဲ့ဖူးသည့် ပေချောင်မြို့ထက် မဆိုသလောက်လေး သာသည်ဟုသာ ဆိုနိုင်ပေသည်။ သို့သော်လည်း လွန်စွာမှဖြင့် အကန့်အသတ်နှင့်ရှိကာ အကုန်လုံးကလည်း လူတန်းစေ့ နေနိုင်ကြသူများ မဟုတ်ကြပေ။

လမ်းပေါ်ရှိ လူတို့၏ အခြေအနေကို ကြည့်လိုက်တော့ အများစုမှာ ဝမ်းစာ ဖူလှုံရုံမျှသာ ရှိကြလေသည်။ ချမ်းသာသည်ဟူသော စကားလုံးနှင့် အဝေးကြီးဖြစ်၏။

စနစ်ကတော့ သူ၏ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ယခုလိုနေရာမျိုးအား သူ့အတွက် ရွေးချယ်ပေးခဲ့လေသည်။

“ ငြိမ်သားကောင်းလှပါလားကွ..” ကျီချင်းရန် နှုတ်ဆိတ်နေသည်ကို မြင်တော့ လင်းရီ မေးမြန်းလိုက်သည်။

“ ဒီနေရာက ငါ စိတ်ကူးထားတာနဲ့နည်းနည်းလေး လွဲနေလို့ပါဟာ…” ကျီချင်းရန် စိတ်အားလျော့စွာ ပြောလိုက်ပြီး “ သူတို့ အခြေအနေက ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့တောင် ထင်မထားဘူး… ဒါပေမယ့် ခုလေးတင် တစ်ခုခုကို သတိပြုမိသွားလို့…”

“ ပုံမှန်ဆို ငါတို့ TV ဖန်သားပြင်ပေါ်မှာ တောင်ပေါ်ဒေသတွေ ဘယ်လို နွမ်းပါးကြောင်း အမြဲတမ်း မြင်ရတယ်မလား… ဒါပေမယ့် ကိုယ်တိုင် ရောက်လာပြီး ခံစားကြည့်တော့ လုံးဝကို မတူညီတဲ့ ခံစားချက်မျိုး ရတယ်….”

“ အဲ့တာကတော့ မင်း တစ်ခါမှ နွမ်းပါးခြင်း အစစ်အမှန်ကို မခံစားဖူးလို့လေ…”

“ အဲ့ဒါဆို နင်ကော… နွမ်းပါးတယ်ဆိုတဲ့ ခံစားချက်ကို နားလည်လား…”

“ မင်းမှတ်မိသေးလားတော့ မသိဘူး… ငါ ဟွာရှန်း ဆေးရုံမှာ ဆရာဝန်လုပ်တုန်းက ရှားပါး ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးတစ်ယောက်ကို ခွဲစိတ်ပေးလိုက်တယ်လေ..”

“ မှတ်မိတယ်… ငါတောင်မှ ပိုက်ဆံလှူလိုက်သေး..”

“ အဲ့ဒီအချိန်တုန်းက ကောင်လေးရဲ့ အသက်ရှင်နိုင်စွမ်းက ၁ ရာခိုင်နှုန်းတောင်မှ မရှိဘူး.. ငါ ဘာလို့ လူနာကို စွန့်စားပြီး ခွဲစိတ်ပေးခဲ့တယ်လို့ထင်လဲ…”

“ ဘာလို့ဆို နင်က ကြင်နာတတ်တဲ့ လူမို့လေ… ခွဲစိတ်မှု မအောင်မြင်ရင်တောင် မဟုတ်တဲ့ ကောလဟာလတွေကို ကြောက်ရွံ့နေစရာမှ မလိုတာ…”

“ အဲ့တာကလည်း အကြောင်းပြချက် တစ်စိတ်တစ်ပိုင်းပေါ့ကွာ….” လင်းရီ ပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းများအား‌ ငေးမောရင်း “ ငါ့မှာ ညီမလေး တစ်ယောက်ရှိခဲ့ဖူးတယ်… အဲ့ကလေးလိုမျိုး အခြေအနေတူတဲ့ ညီမလေးပါ့….”

“ ဟူး….” လင်းရီ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး “ ငါ မှတ်မိတာ အသက်ခုနစ်နှစ်လောက်တုန်းက … ဘာရောဂါမှန်းလဲ ငါလည်း မသိဘူး… ငါသိတာဆိုလို့ အဲ့အချိန် အစားဆင်းရဲခဲ့တယ် ဆိုတာပဲ… နေ့တိုင်း သနပ်ချဉ်နဲ့ ဗန်းမုန့်တွေကို မမြင်ချင် တစ်ဆုံး ရေမျှောပြီး ဗိုက်ဖြည့်ခဲ့ရတဲ့ နေ့ရက်တွေပေါ့…. နောက်ပိုင်းကျ မေမေဝမ်က သူ့ပိုက်ဆံတွေ အကုန်လုံး ထုတ်ပြီး ညီမလေးကို ကုပေးဖို့ လုပ်တယ်… အဖေဆိုလည်း တိတ်တိတ်လေး သွေးဖောက်ခိုးရောင်းပေါ့… ဒါပေမယ့်လည်း နောက်ဆုံးကျ မကယ်တင်နိုင်ခဲ့ပါဘူးကွာ..”

“ ရွှတ် ရွှတ် .... နင်နောက်ဆို အဲ့လို ကိစ္စမျိုးတွေ မပြောလို့ မရဘူးလား… ငါ့ မိတ်ကပ်တွေ ပျက်ကုန်ပြီ…” ကျီချင်းရန် မျက်ရည်များကို သုတ်ရင်း ပြောလိုက်၏။

“ ဒါဆို မင်းက ဘာပြောစေချင်တာ..”

“ အဲ့ဒါကတော့….. နင် တခြား ကိစ္စတွေ ပြောလို့ရတယ်…. အရမ်း ဝမ်းနည်းဖို့ကောင်းတဲ့ ကိစ္စတွေ ပြောပြလို့လည်း ငါ မပြောဘဲနဲ့…”

“ တခြား ကိစ္စ ပြောရမယ်ဆိုရင် သုံးရက်သုံးည ထိုင်ပြောတောင် ပြီးမှ မဟုတ်ဘူး..” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့များ ငါသာ ဂေဟာကို ပြန်မကြည့်ဘူးဆိုရင် ခုအဲ့ဒီကလေးတွေရဲ့ ဘဝ ဘယ်လိုအခြေအနေမျိုး ရောက်နေမလဲ ငါမပြောတတ်ဘူး….”

“ မေမေဝမ်လည်း တကယ်ပင်ပန်းခဲ့ရှာမှာ…. ငါတို့ အနာဂတ်ကျရင် ပိုပြီး ကောင်းကောင်းဆက်ဆံ ပေးဖို့လိုတယ်…”

“ ခုလည်း ကောင်းကောင်းမွန်မွန် နေနေတာပဲလေ… နင်ယွဲ့ မနေ့ညက ငါ့ဆီစာပို့လာခဲ့တာ အမေက သူနဲ့ အတူ ဆံပင်သွားလုပ်ဖို့ ခေါ်လာတယ်တဲ့… နောက်ဆုံးကျ အရမ်းရက်ရောပြီး အမေပဲ ပိုက်ဆံ ရှင်းလိုက်တယ်ဆိုပဲ…”

ကျီချင်းရန် တသိမ့်သိမ့်တုန်အောင် ရယ်မောလိုက်ပြီး “ ငါ့အမေလည်း အဲ့အတိုင်းပဲ… နှစ်သစ်ကူးရောက်တော့မယ်ဆို အမြဲ ဆံပင်သွားလုပ်ပြီ…. သူ့အတွက် မလုပ်မဖြစ်တဲ့ ကိစ္စကြီးလိုတောင်မှ ဖြစ်သွားပြီလားမသိ…”

“ ဟုတ်ပါ့… ပြီးတော့ လုပ်လာလိုက်ရင် အဲ့ဒီ အရုပ်ဆိုးဆိုး ကောက်ကောက်ကွေးကွေးတွေချည်းပဲ.. “

“ ခစ်ခစ်.. ကြည့်ရတာတော့ ဟွာရှန့်အမေတွေ အကုန်လုံးက အတူတူပဲထင်တယ်….” ကျီချင်းရန် အားရပါးရ ရယ်မောလိုက်လေသည်။

“ တော်ပြီ တော်ပြီ.. ခု ဒီက အခြေအနေတွေလည်း မြင်ပြီးသွားပြီဆိုတော့ ဟွမ်ရှီးကျေးရွာဆီ သွားကြစို့… ငါ့ အိမ်နဲ့ ယာက အဲ့ဒီမှာ…. “

“ ကောင်းပြီလေ…”

ဟွမ်ရှီးကျေးရွာမှာ စစ်ဖန်းမြို့နှင့် သိပ်မဝေးပဲ ခြောက်ကီလိုမီတာမျှသာ ဝေးကွာလေသည်။ သက်လုံအား ကောင်းသည့် သက်လတ်ပိုင်း အမျိုးသားများ အဖို့တော့ ကုန်းကြောင်း ခြေလျင်လျှောက်၍ သို့မဟုတ် စက်ဘီးစီး၍ဖြင့်ပင် အလည်တကူ ရောက်လာနိုင်ပေသည်။

ဆယ်မိနစ်ကျော်မျှ ကားမောင်းပြီးနောက် နှစ်ယောက်မှာ ရွာအဝင်ဝသို့ ရောက်ရှိလာကြ၏။

မြင်ကွင်းမှာတော့ ယခင် ရွှမ်းဟုန်မြို့နှင့် မတိမ်းမယိမ်း အထွေအထူး ကြည့်ရှုစရာ မည်သည်တို့မျှ ရှိမနေချေ။

အိမ် တော်တော်များမှာ အုတ်စီ တစ်ထပ် တိုက်ပုလေးများ ဖြစ်ကြပြီး နေအိမ်တိုင်းကလည်း ခြံအကျယ်ကြီးနှင့် ဖြစ်၏။

“ လင်းရီ.. နင့်အိမ်က ဘယ်မှာ… ငါ့ကို မြန်မြန်လိုက်ပြလေ…” ကျီချင်းရန်မှ ပြောလိုက်သည်။

“ ဟော.. လုပ်ပြန်ပြီ… ငါ ဘာပြောထားလဲ… ငါ့ကို နာမည်အပြည့်တပ်ပြီး မခေါ်ပါနဲ့လို့…”

“ ဒီကလည်း တမင်တကာ ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူးနော်….” ကျီချင်းရန် မလုံမလဲ ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်ပြီး “ အပြင်မှာ မစ္စတာလင်းလို့ ခေါ်ဖို့ကျ အရမ်းကြီး ယဉ်ကျေးလွန်းနေလို့… တကယ်လို့ မသိတဲ့သူတွေ ကြားကုန်ရင် ငါ့ကို နင့်ရဲ့ အတွင်းရေးမှူးဆိုပြီး ထင်ကုန်ကြလိမ့်မယ်….”

“ ဒါဆိုလည်း ယောက်ျားလို့ ခေါ်လေ….”

All Chapters