← Chapters

မင်းတို့ ဒီမှာ ငါးမျှားနေကြတာလား..

Vol. 61 Ch. 910

မင်းတို့ ဒီမှာ ငါးမျှားနေကြတာလား..

Vol. 61 Ch. 910

ယောက်ျားဟူသည့် အသံလည်း ကြားတော့ ကျီချင်းရန်၏ မျက်နှာ ရဲမှည့်လို့ နီရဲလာချေသည်။

စကား နှစ်လုံးမျှသာ ရှိသော်လည်း လူကို နှုတ်မှပြောထွက်နိုင်ရန် ခက်ခဲနေစေတော့၏။

“ ဒီလိုဆိုကော…. ငါတို့ အပြင်သွားတဲ့အချိန်ဆို နင့်ကို ကိုကိုလို့ ခေါ်မယ်လေ…. ငါ့အတန်းဖော်တွေထဲမှာလည်း သူတို့ ကောင်လေး ဒါမှမဟုတ် ခင်ပွန်းတွေကို ကိုကိုလို့ ခေါ်တဲ့သူတွေ ရှိတယ်….”

“ မင်းက ကိုကို ဆိုတော့ ငါက နှမငယ်ဆိုပြီး ပြန်ခေါ်ပေးရမှာလား..”

“ ခေါ်နဲ့…. မစ္စလင်းလို့ခေါ်တာကတောင် ပိုနားထောင်လို့ကောင်းသေး…..”

“ ဒါဆိုလည်း ငါခေါ်ခိုင်းတဲ့အတိုင်း မြန်မြန်ပြောလေ… မဟုတ်ရင် ငါကလည်း မခေါ်ဘူးပဲ…”

“ နင်... နင် ဒါ လူကို အနိုင်ကျင့်နေတာပဲ….” ကျီချင်းရန် မကျေမနပ်ဖြစ်စွာဖြင့် ပါးဖောင်းလိုက်ပြီး “ ငါတို့ကဖြင့် လက်တောင် မထပ်ရသေးတာကို ဘယ်လိုလုပ်ပြီး ယောက်ျားလို့ ခေါ်လို့ရမှာ…”

“ ချင်းရန်… မင်းအဲ့လို ပြောမယ်ဆို နည်းနည်းလေး မမျှတလွန်းရာ မကျဘူးလား… ငါကျတော့ လက်မထပ်ရသေးတာတောင် မင်းကို မစ္စလင်းလို့ ခေါ်ရမယ်.. ငါကျတော့ ယောက်ျားလို့ အခေါ်ခံလို့ မရဘူးပေါ့…. အဲ့တာ ဘယ်လို လောဂျစ်ကြီးတုန်း…”

“ ငါက မိန်းကလေးမို့လေ…”

“ ဘာကို မိန်းကလေးမို့တုန်း… ဒီဘက်ခေတ်မှာ လူတိုင်းက ကျား/မ တန်းတူညီမျှမှုအကြောင်း ပြောနေကြတာချည်း မဟုတ်ဘူးလား…”

“ အဲ့လိုဆိုရင်တောင် နင် ငါ့ကို နည်းနည်းလေး ပိုနားလည်ပေးရမယ်လေ..” ကျီချင်းရန် ပြောလိုက်ပြီး “ ငါ ခုလေးတင် နင့်ကို ကားဝယ်ထားပေးတာနော်…. ယွမ် တစ်သန်းတောင်‌ ကျော်တယ်..”

“ ဟောကြည့်… မင်း ကားဝယ်တာ နှစ်နာရီတောင် မပြည့်သေးဘူး ထုတ်ပြောနေပြီ… ဟမ့်… အမျိုးသမီးတွေများ အကုန် အတူတူပဲ…. “

“ အဲ့လိုမဟုတ်ပါဘူး… ငါက ဒီတိုင်း ပြောရမှာ ရှက်လို့….”

“ အဲ့တာတွေ မသိဘူး… ရွေးချယ်စရာက မင်းလက်ထဲမှာပဲ…”

“ ယောက်ျား..” ကျီချင်းရန် တိုးတိုးလေး ခေါ်လိုက်သည်။

“ ဘာပြောလိုက်တယ်… ကျယ်ကျယ်လေး…. ကျယ်ကျယ်ပြောလို့ မီတာ မတက်ပါဘူးဟ…”

“ ယောက်ျားလို့….” ဤတစ်ကြိမ်တွင်တော့ သူမအသံမှာ အနည်းငယ် ကျယ်လောင်လာလေသည်။

“ မကြားရသေးဘူး.. ထပ်ကျယ်ကျယ်လေး….”

“ အိုက်ယား.. အရမ်းဆိုးတာပဲ….” ကျီချင်းရန် ချစ်စဖွယ် စိတ်ကောက်သွားခဲ့ပြီး “ နင် အဲ့လောက် ရှင်းရှင်းလင်းလင်းကြီး ကြားနေရဲ့သားနဲ့ လူကို အများကြီး ပြောရအောင် လုပ်နေတယ်..”

“ အိုကေ အိုကေ… ငါ ဒီတစ်ကြိမ်တော့ အလွှတ်ပေးလိုက်မယ်…”

လင်းရီ ခေါင်းခါရမ်းလိုက်သည်။ ကျီချင်းရန်ထံ၌ မိန်းမငယ်လေးစိတ်က မပျောက်ကွယ်သေးသလို ခံစားနေရ၏။

တစ်နေ့ သူ့ဘက်က အမျိုးသမီး တစ်ယောက်အသွင်သို့ ပြောင်းလဲချိန်၌ အဆိုပါ အကျင့်ဆိုးကြီးမှာ ပြောင်းလဲသွားလောက်ပေသည်။

“ သွားစို့… သွားစို့… နင့်အိမ်ဘယ်လိုမျိုးလဲ ဆိုတာ ငါအရမ်း ကြည့်ချင်နေပြီ…”

“ အိုကေ… သွားစို့…”

လင်းရီ ကားကို အနည်းငယ် ဆက်မာင်းလိုက်ပြီး ရွာ၏ အရှေ့ဘက်စွန်ဆုံးပိုင်းသို့ ရောက်ရှိလာလေသည်။

သူအစက တွေးထင်ထားသည်မှာ စနစ်မှ အမှိုက်လို နေရာမျိုးပေးပြီး ပြန်လည်မွမ်းမံ ပြင်ဆင်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။

သို့သော်လည်း မျှော်လင့်မထားစွာဖြင့် ဤတစ်ကြိမ်ပေးလာသည့် နေရာကတော့ တော်တော်လေးကို ကောင်းမွန်နေလေသည်။ တံခါးရှေ့ စတုရန်းမီတာ ဒါဇင်ကျော်မျှ ကျယ်ဝန်းသည့် ခြံ အသေးစားလေးနှင့် အုတ်စီအိမ်လေး တစ်လုံးပင်။

နွေဦးရောက်လာသည်နှင့် ဤနေရာ၌ ဟင်းသီးဟင်းရွက်တစ်ချို့ စိုက်မည်ဆိုပါက တော်တော်လေး ကောင်းမွန်မည်ဖြစ်၏။

လင်းရီ ကားကို ခြံဝန်းထဲ မောင်းသွားလိုက်ကာ နှစ်ယောက်မှာ အိမ်ဝန်းထဲသို့ လှည့်ပတ်ကြည့်ရှုကြသည်။

အိမ်က အရမ်းမကြီး၊ တစ်ရာ စတုရန်းမီတာ ကျယ်ဝန်းသည့်အပြင် လူတစ်ယောက် နေထိုင်ဖို့ရန်အတွက် အသုံးဆောင် ပစ္စည်း လုံလောက်စွာ ရှိထားပြီး ဖြစ်၏။ အထုပ်ချနေရန်အသင့်ဖြစ်နေသည့် အခြေအနေဟု ပြော၍ ရလေသည်။

အတွင်းပိုင်း အိမ်သာနှင့် ရေချိုးခန်းတစ်ခုပါ ထည့်ထားပေးသေး၏။ ဤတစ်ကြိမ်တော့ စနစ်မှာ လူလို သိတတ်လာပြီဟု ပြောရတော့မလိုပင်။

“ နေရာက တော်တော်လေး မဆိုးဘူးပဲ…” ကျီချင်းရန် ပြောလိုက်ပြီး “ သာမန် တခြားအိမ်တွေနဲ့ ယှဉ်ရင် နည်းနည်းလေး မတူတဲ့ အနံ့အသက်မျိုး ရနေသလားလို့…”

“ အဲ့တာက ခြံထဲ ဘာမှ မရှိသေးလို့လေ…” လင်းရီ ပြောလိုက်ပြီး “ မင်း ဝက်နည်းနည်းလောက် မွေးလိုက်ရင် အနံ့က မင်းကို ဆေးရုံရောက်တဲ့ထိတောင် ဖြစ်သွားလိမ့်ဦးမယ်….”

“ အဲ့လောက်တော့ မဆိုးရွားလောက်ပါဘူး… ဟုတ်တယ်မလား… ငါနင့်ကို ပြောပြမယ်… အာဝုလေးတွေအပြင် ငါ့အကြိုက်ဆုံး တိရစ္ဆာန်က ဝက်ပေါက်လေးတွေပဲ….”

“ အဲ့တာလည်း မင်း အစစ်အမှန် ဝက် မမွေးသေးဖူးလို့ပါကွာ…. ဝက်မွေးရတဲ့ အလုပ်က ကောင်းတဲ့ အလုပ်တော့ မဟုတ်ဘူး…” လင်းရီ ပြုံးလိုက်သည်။

“ တကယ်လို့ မင်းက ရေမွှေးဖြန်းထားရင်တောင် သူတို့အနံ့က လေထဲစွဲနေမှာ…. အဲ့တာ ဝက်မွေးတဲ့သူတွေ ကြုံရတဲ့ အနံ့ပဲ….”

“ နင် ပြောသလောက်ကြီးလည်း မဆိုးရွားလောက်ပါဘူးဟယ်…”

“ မဟုတ်ဘူး... မင်းထင်နေတာထက်ကို ဆိုးတယ်…”

ကျီချင်းရန် နှုတ်ခမ်းကိုက်လိုက်ပြီး “ ဒါဆို ငါမွေးကြည့်ကြည့်မယ်… အဆင်ပြေမယ်မလား..”

“ ဘာလို့ မပြေမှာ…” လင်းရီ ပြောလိုက်ပြီး “ နေရာ ဒီလောက် အကျယ်ကြီးကို မင်း မွေးချင် ဝက်သုံးလေးကောင်လောက်တော့ ပြဿနာမရှိဘူး…”

“ ဒါဆို ငါတို့ နောက်တစ်ခေါက် ပြန်လာတဲ့အချိန်ကျရင် နင်ငါ့ဖို့ ဖြူဖွေးသန့်ရှင်းတဲ့ ဝက်ပေါက်လေး တစ်ကောင်လောက် ရွေးပေးရမယ်နော်..”

“ အင်း…”

“ ခစ်ခစ်…” ကျီချင်းရန် လင်းရီ လက်မောင်းကို ဖက်ထားလိုက်ပြီး “ ငါတို့ပိုင်တဲ့ တခြား မြေတွေ ရှိသေးတယ်မလား.. မြန်မြန် ခေါ်သွားပေးတော့….”

“ အပြင်ရောက်တဲ့အချိန် တွေ့မှာပေါ့..”

နှစ်ယောက်မှာ အိမ်အပြင်သို့ ထွက်လာခဲ့ကြပြီး လင်းရီ မျက်စောင်းထိုးရှိ ဖန်လုံအိမ်အား လက်ညိုးညွှန်ပြကာ “ အဲ့ဒီ ဖန်လုံအိမ်လည်း ငါတို့အပိုင်ပဲ..”

“ ငါသိတယ်…. ဖန်လုံအိမ်ထဲက အပူချိန်က မြင့်မားတော့ အစောပိုင်း မျိုးချထားဖို့ ကောင်းတယ်…. ငါပြောတာ မှန်တယ်မလား….”

“ တော်တယ်… တချို့လူတွေ ဒီအကြောင်း မသိကြဘူး..”

“ ရှူး ရှူး…. လူကို လှောင်သလို ကဲ့ရဲ့သလို လာပြောမနေနဲ့…” “ အမှန်ဆို ငါလည်း ဒီလို ကိစ္စမျိုးတွေနဲ့ ပတ်သက်လာရင် ဘာမှမသိတာကို ကိုယ့်ဘာကိုယ် နားလည်ပါပြီးသား… “

“ ဒီလောက်သိနေတာတောင် ဟုတ်လှပါပြီ…” လင်းရီ ပြောလိုက်ပြီး “ ဟို ဟော်ယွမ်ယွမ်ဆို ဘာတစ်ခုမှတောင် သိမှာ မဟုတ်ဘူးလို့ လောင်းရဲတယ်…”

“ ဒါတော့ နင်မှားသွားပြီ..” ကျီချင်းရန် ပြောလိုက်ပြီး “ ယွမ်ယွမ်ရဲ့ မိသားစုကလည်း ကျေးတောရွာဘက်ကပဲ…သူက တက္ကသိုလ်တက် ဘွဲ့ရ၊ မြို့တက် ပိုက်ဆံရှာပြီးတော့မှ အဲ့ဒီမှာ အိမ်တစ်လုံး ဝယ်ပေးလိုက်တာ… ဒါကြောင့်ပဲ မြို့ထဲ ပြောင်းနေတာလေ…” “ ငါတို့ တက္ကသိုလ် တက်တုန်းကဆို စီးပွားရေး ကောလိပ်က စီနီယာ ငါနဲ့ ယွမ်ယွမ်ကို ခေါ်ပြီး ချယ်ရီတွေအကြောင်း သုတေသန လုပ်တယ်လေ...”

“ အင်း.. ပြီးတော့ကော… ဆက်ပြောလေ….”

ကျီချင်းရန် မျက်နှာ အနည်းငယ် ရဲတက်လာခဲ့ပြီး “ ပြီးတော့ ယွမ်ယွမ်နဲ့ အဲ့စီနီယာပဲ ယာအကြောင်းတွေ ဆွေးနွေးနေကြတာ…ငါကျ ဘာမှမသိတော့ ဘာမှလည်း ဝင်မပြောနိုင်ဘူး…”

“ အဲ့ဒီတော့…..”

“ အဲ့တာနဲ့ ငါလည်း ဘာမှ လုပ်စရာမရှိတာနဲ့ ချယ်ရီသီးတွေ တစ်ကတ်တီကျော်လောက်ကြီး ထိုင်စားပစ်လိုက်တယ်… သူတို့ဆို အကြာကြီး ရယ်နေကြတာ…”

“ အာ… ဟားဟား… စားနိုင်တာလည်း ကောင်းတဲ့အရာပဲလေ….”

“ ငါလည်း ကိုယ့်ကိုယ်ကို အဲ့ဒီအတွေးနဲ့ ဖြေသိမ့်နေရတာပဲ ဟီးဟီး…”

“ ပြီးတော့ သတိပေးဦး…. နှစ်သစ်ကူးပြီးရင် ငါ ယွမ်ယွမ်ကို ကူပေးဖို့ ဒီခေါ်လိုက်မယ်… အဲ့လိုဆို ပြဿနာတွေ တော်တော်လေး လျော့သွားလောက်တယ်….” “ ဒါပေမယ့် ငါပြောတယ်လို့တော့ မပြောနဲ့နော်… မဟုတ်ရင် သူငါ့ကို လာရှာလိမ့်မယ်…”

“ အိုကေ အိုကေ… ငါ ဘယ်တော့မှ ကိုယ့်လူကို ရောင်းမစားဘူး….”

ကျီချင်းရန် ရယ်မောလိုက်ပြီးနောက် “ အိမ်လည်း ကြည့်လို့ပြီးသွားပြီဆိုတော့ အခုပြန်သင့်ပြီ မဟုတ်ဘူးလား…”

“ နေဦး….စောပါသေးတယ်… ငါတို့ ပိုင်တဲ့ နောက်တစ်နေရာ ကျန်သေးတယ်…”

ကျီချင်းရန် ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီး “ ဒီအိမ်နဲ့ ဒီရဲ့ ဖန်လုံအိမ်ကလွဲရင် တခြား ဘာရှိသေးလို့… ထော်လာဂျီလား…”

“ တစ်ချက်ကြည့်တာနဲ့ မင်းဘာမှ မသိဘူးဆိုတာ ငါပြောနိုင်တယ်…” လင်းရီ ကျီချင်းရန်ကို ကားထံ တွဲခေါ်သွားပြီး “ ဒီရဲ့ အိမ်နဲ့ခြံအပြင်ကို ငါတို့ ပိုင်တဲ့ ငါးကန်ကြီး တစ်ကန်လည်း ရှိသေးတယ်…”

“ တကယ်… ငါတို့မှာ ငါးကန်ကြီးတောင် ရှိတယ်ပေါ့…”

“ အမှန်ပဲ… ခုကစပြီး ငါ့ကို လင်းထန်ကျူးလို့ခေါ်တော့…. ဒါဆို မင်းလည်း လင်းထန်ကျူးရဲ့ ဇနီးဖြစ်လာမယ်…”

“ ဟီးဟီး… မြန်မြန်…… အဲ့ကို မြန်မြန်မောင်း… ကန်ထဲမှာ ငါလည်း ရှိမှာပဲ ဟုတ်တယ်မလား…”

“ သေချာပေါက်ရှိတာပေါ့… ခုဆို တော်တော်လေးတောင် ဆူဖြိုးနေလောက်ပြီ… ပြန်ရင် နှစ်ကောင်လောက် ဖမ်းပြီး အိမ်ပြန် ကင်စားကြမယ်…”

“ ဒါဆို ပိုပြီး ဖမ်းလိုက်လေ… ငါ အမေတို့ကိုလည်း ပေးချင်သေးတယ်… ပြီးတော့ တီချယ်ကျန်းကိုကောပဲ….”

“ ပြဿနာမရှိဘူး…”

“ အွန်း… မောင်းတော့…”

လင်းရီ သူ့ဦးနှောက်ထဲရှိ မြေပုံအတိုင်း မကြာမီ ငါးကန်သို့ ရောက်ရှိလာလေသည်။

ငါးကန်က ရွာနှင့် သိပ်မဝေး၊ မီတာငါးရာကျော်ခန့်မျှသာ ဝေးကွာပေသည်။ လင်းရီ ထိုနေရာသို့ ရောက်ရန်အတွက် အချိန် သိပ်မယူလိုက်ရပေ။ သို့သော်လည်း လင်းရီ ကားရပ်လိုက်သည့် အချိန်၌ သူ့အနီးနား၌ ကား အစီး နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

ဈေးအပေါဆုံး တစ်စင်းပင် ယွမ် တစ်သိန်းမျှ ရှိပြီး သူကဲ့သို့ Lexus 570 များပင် ရှိနေသေးသည်။ ယေဘုယျကျကျဆိုရသော် ကားများကို ဈေးနှုန်းအတိုင်း အစဉ်လိုက် ပါကင်ထိုးထားလားတောင် အောက်မေ့ရ၏။

ထိုစဉ် ငါးကန် အစွန်အဖျားတွင်တော့ လူအနည်းဆုံး တစ်ရာကျော်ခန့်လောက်မှာ သူတို့၏ ငါးမျှားတံများကို ရေထဲနစ်၍ ထိုင်နေကြလေသည်။ ဘေးတွင်တော့ ပုံးကိုယ်စီဖြင့် ငါးများ ဖောဖောသီသီ ရထားကြကာ ပြုံးပျော်ရွှင်နေသည့် မျက်နှာထားကိုယ်စီနှင့် ဖြစ်ကြ၏။

“ ဘာလားဟ…. ဒီကောင်တွေ ငါ့ ခွင့်ပြုချက် မပါဘဲ ငါ့ငါးတွေကို လာဖမ်းနေတယ်လား..”

All Chapters