ဘုမသိ ဘမသိ ပါ၀င်သွားသူ
Vol. 61 Ch. 911
“ ဟင်… ငါတို့ငါးတွေကို လာဖမ်းနေတဲ့သူတွေ ရှိနေတယ်လား…” ကျီချင်းရန် ပြောလိုက်သည်။
“ တစ်ချက် သွားကြည့်ရအောင်…”
နှစ်ယောက်မှာ ကားထဲမှ ထွက်၍ ငါးကန်ဆီသို့ လျှောက်လာလိုက်ကြ၏။
ကျီချင်းရန်ကို မြင်တော့ ငါးမျှားနေကြသည့် အမျိုးသားတိုင်း လှည့်ကြည့်လာကြလေသည်။
အားပါးပါး… မြို့သူလေးတွေ လှချက်ကတော့ ဘယ်လိုလှလို့ လှမှန်းကို မသိပါလားကွာ..
လင်းရီ သက်လတ်ပိုင်း လူတစ်ဦးထံ ချဉ်းကပ်သွားပြီး အပြုံးလေးဖြင့် “ ဦးလေး… ခင်များတို့ ဒီမှာ ဘယ်သူ့ခွင့်ပြုချက်နဲ့ ငါးမျှားနေကြတာ…”
သက်လတ်ပိုင်း လူကြီးမှ စီးကရက် မီးညှိလိုက်ရင်း “ မင်းလည်း စိတ်ဝင်စားလို့လား.. တစ်နေ့ ယွမ်နှစ်ရာ…. မင်း ကြိုက်သလောက် မျှားလို့ရတယ်..”
လင်းရီနှင့် ကျီချင်းရန်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။
ပိုက်ဆံက သူ့အိတ်ထောင်ထဲတောင် မထည့်ရသေးဘူး… ဒီလူက ဘယ်သူ့ကို နေ့ကြေးသွားပေးနေတာ…”
“ ပိုက်ဆံက ဘယ်သူ့ကို ပေးရမှာ….”
သက်လတ်ပိုင်း လူကြီးမှ မျက်စောင်းထိုး တစ်နေရာသို့ လက်ညိုးညွှန်ပြလိုက်ပြီး “ ဟိုနားက လူတွေကို မြင်လား… တာဝန်ရှိတဲ့သူက အထဲမှာ ထိုင်နေတဲ့သူပဲ…”
လင်းရီ လှမ်းမျှော်ကြည့်လိုက်တော့ ငါးဆယ်မီတာ အကွာတွင် ပါကင်ထိုးထားသည့် အဖြူရောင် လန်ရိုဗာအဟောင်းတစ်စင်းကို မြင်တွေ့လိုက်ရလေသည်။ ထို့ပြင် တံခါးလေးပေါက်လုံးဖွင့်ထားပြီး နေရာရှိ အခြားကားများနှင့် ကွဲထွက်နေစေသည်။
“ အဲ့ သွားကြည့်ကြည့်ရအောင်…”
လင်းရီ ကျီချင်းရန်နှင့်အတူ လန်ရိုဗာဆီသို့ ရောက်ရှိလာလေသည်။ ထိုအခါကားထဲတွင် လူသုံးယောက်မှ ကတ်ကစားနေကြကြောင်း လင်းရီ သတိပြုမိလိုက်၏။
ထို့ပြင် ၎င်းတို့အားလုံးက အသက်ကြီးမနေကြချေ။
တစ်ဦးမှာ အသက်သုံးဆယ် အရွယ်ခန့်မျှ ရှိပြီး ကျန်နှစ်ဦးကတော့ အသက်နှစ်ဆယ်ကျော် အစိပ်မျှလောက်သာ ရှိသေးပုံရ၏။
လင်းရီနှင့် ကျီချင်းရန်ကို မြင်တော့ ၎င်းတို့မှ ကတ်ကစားနေခြင်းကို ရပ်တန့်လိုက်ပြီး “ဘာလဲ ညီကို… မင်း ငါးမျှားချင်လို့… တစ်နေ့ ယွမ် နှစ်ရာပဲ… မျှားမိသလောက် မင်း စိတ်ကြိုက် ယူလို့ရတယ်…”
အသက်အကြီးဆုံး ခေါင်းဆောင်ဖြစ်သူမှ ပြောလိုက်၏။
“ ငါ ငါးမျှားမလို့ မဟုတ်ဘူး… ငါမေးချင်တာ… ဒီနေရာက မင်းတို့အပိုင်မို့လား… ဘာလို့ ဒီမှာ ငါးဖမ်းခ လာကောက်နေကြတာ..”
ထိုစကားလည်း ကြားရော သုံးယောက်လုံး၏ အမူအရာများ ပြောင်းလဲသွားခဲ့ကြ၏။
ကြည့်ရသလောက်တော့ ဤစုံတွဲမှာ ငါးဖမ်းရန် ရောက်လာကြသူများ မဟုတ်သည့်ပုံပင်။
“ ညီကို… မင်း စကားက ဘာကိုဆိုလိုချင်နေတာ…”
“ ငါက ဒီတိုင်း မေးပဲမေးလိုက်တာ… ဘာမှ မဆိုလိုဘူး…”
“ ဒါပေါ့ကွ… ငါတို့ အပိုင်ပေါ့… မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလာတဲ့ လူတွေကို ပိုက်ဆံတောင်းရဲမှာ….”
“ နင် ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့… ဒီငါးကန်က ငါတို့ မိသားစု ပိုင်တာ…” ကျီချင်းရန် အေးတိအေးစက် ပြောဆိုလိုက်ပြီး “ နင်တို့ ဒီမှာ ပိုက်ဆံလာကောက်ဖို့ ဘာအခွင့်အရေး ရှိလဲ…”
“ မင်းတို့ မိသားစု…”
အသက်ကြီးဆုံးဖြစ်သူ အမျိုးသား၏ အမူအရာမှာ အဆင်ပြေမနေလှချေ။
“ မင်းတို့က ကျောက်မိသားစုရဲ့ အိမ်ကို ဝယ်လိုက်တဲ့ သူတွေလား….”
“ အမှန်ပဲ…” လင်းရီ ပြောလိုက်ပြီး “ သူတို့ရဲ့အိမ်… ဖန်လုံအိမ်နဲ့… ပြီးတော့ ဒီငါးကန်…. အကုန်လုံး ငါ့ရဲ့ အပိုင်ပဲ… မင်းတို့မှာ ငါ့ခွင့်ပြုချက်လည်း မရှိဘူး… ဒါတောင် ဒီမှာ ငါးလာမျှားတဲ့သူတွေကို ပိုက်ဆံ လာကောက်နေတယ်… မင်းတို့ကို ဘယ်သူ အဲ့လို လုပ်ခိုင်းတာ…”
“ ဟိုးဟိုး … အေးဆေးပေါ့ ကိုယ့်လူ… စကားကောင်းကောင်းပြောကြမယ်…” အသက်ကြီးဆုံးဖြစ်သူ အမျိုးသားမှ ပြောလိုက်ပြီး “ တကယ်တော့ ငါတို့လည်း ဒီတိုင်း သူများကိုယ်စား လာကြည့်ပေးနေတာ…. မင်းဘက်က ငါတို့နဲ့ ကျိုးကြောင်းသင့်တင့်ဖို့ ကြိုးစားရင်တောင် ငါတို့ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး…”
“ ကောင်းပြီလေ… ဒါဆိုလည်း ကျုပ် ခက်ခဲအောင် မလုပ်တော့ဘူး… ခင်များတို့ မန်နေဂျာကို ဒီခေါ်လိုက်… ကျုပ် သူနဲ့ လူချင်းတွေ့ချင်တယ်..”
“ အိုကေ အိုကေ… ခဏလောက်စောင့်ဦး…. ငါအခု ဖုန်းသွားဆက်လိုက်ဦးမယ်…”
ခေါင်းဆောင်ဖြစ်သူဟန်မှ ခပ်လှမ်းလှမ်းသို့ သွား၍ ဖုန်းထုတ်လိုက်ပြီး “ အစ်ကိုချန်…. လောင်ကျောက်ရဲ့ အိမ်ကို ဝယ်သွားတဲ့သူတွေ ဒီရောက်နေတယ်.. သူပြောတာ ဒီငါးကန်ကို သူပိုင်တယ်တဲ့… ကျုပ်တို့ကို ဆက်ပြီး မလုပ်စေချင်တော့ဘူး…. မြန်မြန်လာပြီး ကိုင်တွယ်ပေးပါဦး….”
“ အင်း အင်း ….. ဟုတ်… ကျုပ်တို့လည်း နေရာမှာ ရှိတယ်… အစ်ကိုချန်ရောက်တာနဲ့ မြင်ပါလိမ့်မယ်…”
ပြောဆိုပြီးနောက် အမျိုးသားမှ ဖုန်းချလိုက်သည်။
ဆယ်မိနစ်ကြာပြီးနောက် မလှမ်းမကမ်းမှနေ၍ လန်ရိုဗာတစ်စီး မောင်းနှင်လာပြီး ကားထဲတွင်တော့ လူလေးယောက် ပါဝင်နေသည်။
ဦးဆောင်လာသူကတော့ အသက်လေးဆယ် အရွယ်ခန့်ရှိ သက်လတ်ပိုင်း အမျိုးသားတစ်ဦးပင်။ ထိုလူက အနည်းငယ် ဝဖိုင့်ဖိုင့်ရှိပြီး ဖောင်းကားနေသည့် ပိုက်ဆံအိတ်ကြီးကို ချိုင်းကြား ညှပ်ထား၏။ သူ့နောက်တွင်တော့ လူသုံးယောက်မှ နောက်လိုက်များသဖွယ် မျက်နှာထား ကိုယ်စီဖြင့် လိုက်လာခဲ့ကြလေသည်။
သူတို့ လင်းရီထံ ရောက်လာခဲ့ပြီး ရှေ့ဆုံးလူမှ လက်ကို ဆန့်တန်းကာ “ မင်္ဂလာပါ.. ကျုပ်နာမည်က ယွီတဲ့ချန်…. ဒီမြို့မှာ အစေ့တွေကို အကြီးစား ဖြန့်ဖြူးပေးနေတဲ့သူလေ….”
ပြုံးပြနေသူကို ပါးသွားရိုက်၍ မသင့်လျော်ရာ လင်းရီလည်း လက်ဆန့်တန်းလိုက်ပြီး “ ဘာတွေဖြစ်နေတာ… ခင်များက ကျုပ်ပိုင်တဲ့ ငါးကန်ကို မောင်ပိုင်စီးပြီး လာတဲ့လူတွေကိုတောင်မှ ပိုက်ဆံ ကောက်နေလိုက်သေးတယ်… ကျုပ်ဘက်ကနေပြီး ခင်များကို အဲ့လိုလုပ်ပိုင်ခွင့် မပေးထားမိပါဘူး…”
“ တကယ်တမ်းကျတော့ ငါလည်း ဒီကိစ္စ မင်းနဲ့ ဆွေးနွေးချင်နေတာ… ဒါပေမယ့် ငါ့ညီက ရောက်မလာတော့ ငါလည်းရွေးချယ်စရာမရှိပဲ လုပ်လိုက်ရတော့တာပေါ့…”
“ ဘာ ဆွေးနွေးချင်တာ…”
“ ငါ့ညီရဲ့ ငါးကန်ကို အစ်ကို စိတ်ဝင်စားတယ်ကွာ… အဲ့တာ အစ်ကို ဝယ်ချင်တယ်ကွာ… ငါ့ညီ ဝယ်လိုက်ရတဲ့ ဈေးထက်ကို အများကြီး ပိုပေးပြီး ဝယ်မယ်…”
“ ခင်များ တအားမျှော်လင့်လွန်းနေပြီ…” လင်းရီ ပြောလိုက်ပြီး “ ကျုပ်အတွက် ဒီကန်ကို ပြန်ရောင်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… နောက်ပြီး ခင်များ ဒီအတွက် ကျုပ်ကို ဖြေရှင်းချက် ကောင်းကောင်းပေးတာ ပိုကောင်းမယ်…”
“ အဲ့လိုမလုပ်စမ်းပါနဲ့ကွာ… အချင်းချင်းတွေပဲ… ပြေပြေလည်လည် ဆွေးနွေးကြတာပေါ့… “ ယွီတဲ့ချန် ပြောလိုက်ပြီး “ မင်း အိမ်နဲ့ ခြံကို မရောင်းချင်ဘူးဆိုတောင် ဒီ ငါးကန်တော့ ငါ့ကို ရောင်းလို့ရတယ်လေ…ငါ ဒီကောင်ကို မျက်စိကျနေတာ တော်တော်ကြာပြီ…”
“ ငိုးမ ခင်များ ရူးနေတာလား… ကျုပ်ပြောနေတာ လူစကား… လူလို နားမလည်ဘူးလား…” လင်းရီမှ စကားအပို ပြောရန် ပျင်းရိနေကာ တိုက်ရိုက်ပင် ခပ်ကြမ်းကြမ်း ပြောလိုက်ပြီး “ ကျုပ် ပြောနေတာ ဒီခုကိစ္စ ဘယ်လို ဖြေရှင်းပေးမှာလဲလို့… ကျုပ် ပါးစပ်က ခင်များကို ရောင်းပါ့မယ်လို့ တစ်ခွန်းထွက်ဖူးလား..”
ထိုသို့ ကြမ်းကြမ်းတမ်းတမ်း အပြောခံလိုက်ရ၍ ယွီတဲ့ချန် ကြက်သေသေသွားခဲ့လေသည်။ ထိုစဉ် သူ့နောက်ရှိ လက်ပါးစေ တစ်ယောက်မှ ရှေ့ထွက်လာပြီး လင်းရီကို လက်ညိုးထိုးကာ “ မင်း စောက်လေသံကို ပြင်လိုက်စမ်း… မဟုတ်ရင် မင်း ဒုက္ခရောက်သွားမယ်….”
ဖြောင်း….
လင်းရီ လက်မြောက်၍ ဖော်လံဖား လုပ်နေသည့် ကောင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
“ မင်း ဘယ်သူ့ကို အဲ့စကား လာပြောနေတယ် ထင်လဲ…”
သူ့ လက်အောက်ငယ်သားမှ မြေပေါ်မှောက်သွားသည်ကို မြင်တော့ ယွီတဲ့ချန် လင်းရီကို သတိထား၍ ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ဤလူငယ်က ထင်သလောက် ကိုင်တွယ်ရ မလွယ်ကူဟု ခံစားနေရ၏။
“ ဒါက မင်း ပိုက်နက် ဆိုမှတော့ ငါ မင်းနဲ့ စကားမများချင်တော့ဘူး… မနက်ဖြန်ကြရင် အထုပ်တွေ သိမ်းပြီး ထွက်သွားပေးမယ်…” ယွီတဲ့ချန် ပြောလိုက်သည်။
…..
“ ဒါပဲလား…”
“ မင်းက ဘာထပ်လိုချင်သေးလို့….”
“ ခင်များ ဒီနေရာမှာ ငါးမျှားနေတာ ကြာပြီဆိုတော့ ကန်ထဲက ငါးတွေလဲ အများကြီး ဖမ်းပြီးရောပေါ့…. အဲ့တာကို ဒီတိုင်း ထွက်သွားတော့မလို့လား..”
“ ငါ့ညီ… မင်း တရားလွန်မလာနဲ့…. ငါ ဒီ စစ်ဖန်းမြို့မှာ နေလာတာ နှစ်ပေါင်း မနည်းတော့ဘူး… ငါ့ရှေ့မှာ ဒီလိုလေသံမျိုးနဲ့ ပြောရဲတဲ့ကောင်ဆိုတာ မရှိသေးဘူး… ငါမင်းကို ဒီနေ့ မျက်နှာ အလုံအလောက် ပေးထားပြီးပြီ…. စိတ်မချမ်းမြေ့စရာတွေ မဖြစ်ချင်ဘူးဆိုရင် မင်းဘက်က တစ်ထစ်လျှော့လိုက်…”
လင်းရီ ငါးကန်ကို တစ်ချက် ကြည့်လိုက်ရင်း “ ကျုပ်လည်း ခင်များနဲ့ ဆက်ပြီးစကားမများချင်ဘူး… ငါးတွေအတွက် ယွမ်တစ်သိန်းပဲ ထားလိုက်.. အဲ့ဒါဆို ကြေပြီ…”
“ မင်း ရူးနေတာလား… ငါတောင် ယွမ် တစ်သိန်းမရ….”
ဘုန်း…
လင်းရီ ခြေထောက်မြောက်၍ ယွီတဲ့ချန်ကို ကန်လိုက်သည်။
“ စောက်စကားကို ဆင်ခြင်ပြီးပြော… ကိုယ့်ကိုယ်ကို ဘာကောင်လို့များ မှတ်နေတာ… ငါ ** နဲ့ ခေါင်းခေါက်လိုက်ရ…”
ကျီချင်းရန် ကူကယ်ရာမဲ့စွာဖြင့် နဖူးကို ဖိသိပ်လိုက်သည်။
လင်းရီရဲ့ ငါကိုင်တုတ်တဲ့ အကျင့်က ဘယ်တော့မှ ဖျောက်မှာ…. အနာဂတ်ကျ သူတို့ ကလေးရလာတဲ့ အခါကျရင် ကလေးအပေါ် အရမ်းဆိုးတဲ့ လွှမ်းမိုးမှုကြီး ဖြစ်သွားမယ် မဟုတ်ဘူးလား….”
“ ဟျောင့်… မင်း အရမ်း သောက်ရှက်မမဲ့နဲ့ကွ…. အဲ့ကောင်ကို ချကြစမ်း….”
ယွီတဲ့ချန် သူ့လူများအား တိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။
ရား…..
ဘုန်း ဘုန်း အစ် အု....
သို့သော်လည်း မည်သူကမျှ အခြေအနေကောင်းမနေချေ။ လင်းရီ ထိုသူများအား ယင်ကောင်ကဲ့သို့ အသာအယာလေး ကိုင်တွယ်လိုက်၏။
“ ညီလေး… မင်း မလုပ်ပါနဲ့တော့… ငါ ရှုံးတယ်… ငါ မင်းကို ငါးဖိုး ယွမ် တစ်သိန်းပေးပါ့မယ်ကွာ… ကျေးဇူးပြုပြီး ထပ် မရိုက်ပါနဲ့တော့…”
“ ခုတော့ ဒီစကားပြောပြီပေါ့…”
“ ခင်များရဲ့ သောက်ချီးထုပ်တွေကိုပါ တစ်ခါတည်း ရှင်းသွား… ကျုပ် နောက်တစ်ခေါက်လာလို့ ဒီနေရာမှာ ငါးမျှားနေတဲ့သူမြင်ရင် ကျုပ် ခင်များဆီ ထပ်လာရှာမယ်… “
“ ကောင်း… ကောင်းပါပြီ… ငါသူတို့ကို မောင်းထုတ်လိုက်ပါ့မယ်..”
လင်းရီ ကျန်သည့်ကိစ္စများအား ဂရုစိုက်မနေတော့ချေ။
နောက်သုံးလေးရက်ကြာပြီး သူ နောက်တစ်ကြိမ် ပြန်လာသည့် အချိန်၌ ပြဿနာ တစ်စုံတစ်ရာရှိပါက ထပ်မံ ကိုင်တွယ်လိုက်ပေမည်။
ထိုလူများအား နှိပ်စက်ရသည်က သူ့အတွက် ဘာမျှ ပင်ပန်းသွားခြင်း မရှိပေ။
ငါးကန်မှ ထွက်လာပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့ ဖန်လုံအိမ်ထဲ ဝင်လာခဲ့ကြ၏။
အရွယ်အစားမှာတော့ ဘတ်စကက်ဘော နှစ်ကွင်းစာမျှ ကျယ်ဝန်းပြီး လင်းရီအတွက်တော့ အနေတော်မျှဟု ခံစားနေရ၏။ သူ၏ ကိုယ်ကာယ ကြံ့ခိုင်မှုဖြင့် ဆိုပါက ထိုမျှ အကျယ်အဝန်းကို တစ်ယောက်တည်း ကိုင်တွယ်ရန် ပြဿနာမရှိနိုင်ချေ။ ဟော်ယွမ်ယွမ်ပါ ရောက်လာပြီ ဆိုသည်နှင့် ပို၍ပင် လွယ်ကူသွားလိမ့်ဦးမည် ဖြစ်၏။
ထိုအချိန်တွင်တော့ ဟော်ယွမ်ယွမ်မှာ သူမပင် မသိလိုက်ပါပဲနှင့် လင်းရီ၏ လုပ်အားပေး ဖြစ်လာတော့မည်ဖြစ်ကြောင်း မသိရှိသေးချေ။ ဖန်လုံအိမ်အား သေချာ လိုက်လံ စစ်ဆေးပြီးနောက် နှစ်ယောက်မှာ ကျိုးဟိုင်သို့ ပြန်လာခဲ့ကြလေသည်။
“ ငါတို့ အဲ့ဒီ အိမ်ထဲမှာ ဘာအပင်တွေ စိုက်ကြရင် ကောင်းမယ်လို့ထင်လဲ…” ကျီချင်းရန် မေးမြန်းလိုက်၏။
“ အသီးတွေ စိုက်ကြတာပေါ့…” လင်းရီ ပြောလိုက်ပြီး “ ကိုယ်တိုင်စိုက်တာက ပိုပြီး အာဟာရဖြစ်တယ်.. အပြင်က ဝယ်တွေထက် ပိုကောင်းမှာတော့ အမှန်ပဲ…”
“ အွန်း….ကြားရတာတော့ ကောင်းမယ့်ပုံပဲ…”
ကလင် ကလင် ကလင် …
ထိုစဉ် လင်းရီ ဖုန်းသံ မြည်လာခဲ့လေသည်။
ကော်နင်ယွဲ့မှ ဆက်သွယ်လာခဲ့ခြင်းပင်။
“ အစ်ကို… နင်အခု အလုပ်များနေလား…”