← Chapters

ငါမင်းနဲ့ မအိပ်ရသေးခင်အထိ ကျိုးဟိုင်မှာပဲနေ

Vol. 61 Ch. 915

ငါမင်းနဲ့ မအိပ်ရသေးခင်အထိ ကျိုးဟိုင်မှာပဲနေ

Vol. 61 Ch. 915

“ မင်း စကားကို ရှင်းအောင်ပြောစမ်း… ငါဘယ်မှာ တရားလွန်နေလို့…”

“ နင်အဲ့လို ပြောထွက်သေးတယ်ပေါ့လေ… ကိုယ့်ကိုယ် ဘာလုပ်ခဲ့လဲ နင်မသိဘူးလား..”

“ ငါ ဘာလုပ်ခဲ့လဲ ငါယီးကို သိရမှာလား….”

အာယာနဲ မစ်ဆူကြောင့် အနည်းငယ် စိတ်မကြည်လင် ဖြစ်နေသည့် လင်းရီမှာ အခြေအမြစ်မရှိ စွပ်စွဲလာသည့် လျန်ရူရွှယ်၏ စကားလုံးများကြောင့် ဒေါသထောင်းကနဲ ဖြစ်သွားခဲ့၏။

“ နင် ခေါင်းဆောင်ချိန်ကို နိုင်ငံခြားသား တစ်ချို့ ဖမ်းဖို့ မပြောခဲ့ဘူးလား…”

“ ပြောခဲ့တယ်လေ… အဲ့တာ ဘာမှားနေလို့…”

“ ပြီးတော့ နင် .... ငါတို့ အန်ဒီဂရို့ဖ်နဲ့ ညစာစားတဲ့နေ့တုန်းက နင် Cymer ရဲ့ ရှယ်ယာတွေ ရခဲ့တယ်… အဲ့တာ နင်ငါ့ကို ဘာမှလည်း မပြောဘူး… အဲ့ဒီအစား ငါ့အမေနဲ့ပဲ သဘောတူညီမှုတွေ လုပ်တယ်… နင် ဒါ ဘာအချိုးချိုးတာ…”

“ နောက်ပြီး နင် ခုတလော ဖိုတိုလီတိုဂရပ်ဖီစက် ပရောဂျက်မှာ ငါ့လက်မှတ်ထိုးဖို့လည်း ရောက်မလာဘူး… နင်ဘာတွေ စဉ်းစားနေတာ… နင် ငါ့ကိုနိုင်ငံရေး အောင်မြင်မှုတွေ မပေးချင်လို့… ဟုတ်တယ်မလား..”

“ ငါ မင်းကို အဲ့ဒီ ငိုးကျတဲ့ နိုင်ငံရေး အောင်မြင်မှုတွေ ပေးလိုက်ရင် မင်းက ရန်ကျင်းကို ပြန်လွှဲပြောင်းခံရမှာလေ…” လင်းရီ ပြောလိုက်ပြီး “ အမှတ်မလျော့ပေးတာတောင် ကံကောင်းလှပြီ.. အနာဂတ်ကျ ရဖို့ စိတ်တောင် မကူးနဲ့…”

“ နင် ဒါတော့ အရမ်းတရားလွန်သွားပြီ… ငါရန်ကျင်းကို ပြောင်းရွေ့ခံရမှာ ဘာမှားနေလို့လဲ… ရေတွေက နိမ့်တဲ့ နေရာကို စီးဆင်းနေတဲ့ချိန် လူတွေက ပိုမြင့်တဲ့ နေရာဆီ တက်လှမ်းတယ်… ငါ ရာထူးတိုးခံရတော့ နင် ဝမ်းမသာဘူးလား….”

“ အဲ့ဒီ သောက်သုံးမဝင်တဲ့ဟာတွေ ငါ့လာမပြောနဲ့.. ငါ မင်းနဲ့ မအိပ်ရသေးသရွေ့ မင်း ကျိုးဟိုင်မှာပဲ လိမ်လိမ်မာမာနေ…. တခြား နေရာသွားဖို့ စိတ်တောင် မကူးနဲ့…”

ဖုန်းတစ်ဖက်ခြမ်းတွင်တော့ လျန်ရူရွှယ်မှာ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် ဖျော့တော့သည့် လေသံဖြင့် “ အရမ်း တရားလွန်တယ်…”

ထို့နောက် သူမ ဖုန်းချသွားခဲ့သည်။

လင်းရီ လျန်ရူရွှယ်ကို လျစ်လျူရှုထားလိုက်၏။ သူ အချိန်ကို တစ်ချက်ကြည့်လိုက်တော့ ဆယ်နာရီကျော်နေပြီး ဖြစ်ကြောင်း သတိထားမိသွားပြီး ချောင်ရန်အုပ်စုသို့ မောင်းနှင်လိုက်လေသည်။

ကျီချင်းရန်၏ ရုံးခန်းထဲ ဝင်လာစဉ်တွင် ရုံးခန်းကြမ်းပြင်၌ အိတ်ကြီး ဆယ်လုံး တန်းစီထားကြောင်း လင်းရီ မြင်တွေ့လိုက်ရ၏။

“ မင်းတို့ ရှော့ပင်း သွားထားပြန်ပြီလား..”

“ မသွားပါဘူး…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ယောင်းမက သူ့ဗီရိုထဲရှိတဲ့ အဝတ်တွေ ပေးလိုက်တာလေ…”

“ မှန်မှန်ပြောစမ်း… မင်းတို့ ကျိုးဟိုင်လာတာ အလည်လာတာလား .. ဓားပြလာတိုက်ကြတာလား…” လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်နေတော့၏။

“ ဆိုင်ပါဘူး… ညီမက ဒီတိုင်း ယောင်းမရဲ့ မဝတ်ဖြစ်တဲ့ အဝတ်အစားတွေကို ကူရှင်းပေးရုံပါပဲ..”

“ ရပြီ… အဲ့အကြောင်း ဆက်မပြောနဲ့တော့…” ကျီချင်းရန် ပြောလိုက်ပြီး “ ငါ့မှာလည်း ဝယ်ပြီး မဝတ်ဖြစ်တဲ့ အဝတ်အစားတွေက အများကြီးလေ… ဒီအဝတ်တွေကသူတို့နဲ့ ကွက်တိဆိုတော့ ပိုက်ဆံ ချွေတာလို့ ရတာပေါ့…”

“ ဟုတ်ပါပြီ…” လင်းရီ ပြောလိုက်ပြီး “ ကဲ အခု အချိန်ကျပြီ… ပြန်ကြစို့…”

“ အင်း..”

တွန့်ဆုတ်စွာဖြင့် ကျီချင်းရန် လင်းရီနှင့် ကျန်သူများအား အောက်ထပ်သို့ လိုက်ပို့ရင်း ပျောက်ကွယ်သွားသည့် မြင်ကွင်းအား ငေးမောကြည့်နေလိုက်သည်။

ယခုတော့ သူမရင်ထဲ တစ်ခုခု ပျောက်ဆုံးသွားသကဲ့သို့ ဟာတာတာဖြစ်စွာဖြင့် ကျန်ရစ်နေခဲ့၏။

လေဆိပ်သို့ ရောက်လာခဲ့ပြီး လင်းရီ၏ ကိုယ်ပိုင်လေယာဉ်ကိုလဲ မြင်တော့ ကော်နင်ယွဲ့နှင့် ကျန်နှစ်ယောက်မှ ထပ်မံ၍ သက်ပြင်းချလိုက်မိကြပြန်သည်။

ထိုအခါမှသာ သူမတို့ အစ်ကို၏ ပိုက်ဆံက သုံးမကုန်နိုင်လောက်သည့် အနေအထားသို့ ရောက်ရှိနေကြောင်း အမှန်စင်စစ် ယုံကြည်သွားခဲ့ကြတော့၏။

မွန်းလွဲ နှစ်နာရီထိုးတော့ အုပ်စုမှာ လေယာဉ်ပေါ်မှ ဆင်းကြသည်။

“ မင်းတို့ အရင် ပြန်နှင့်ကြ… ငါ တခြား ကိစ္စလေးတွေ ရှိသေးလို့ နောက်မှ လိုက်လာခဲ့မယ်…”

“ ည အိမ်မှာစားမှာလား..” ကော်နင်ယွဲ့ မေးမြန်းလိုက်သည်။

“ စားထားနှင့် … ငါ့ကို မစောင့်နဲ့.. ဒီတိုင်း ထမင်းနဲ့ ဟင်းနည်းနည်းလောက် ချန်ထားပေးရင် ရပြီ….”

“ အိုကေ…”

လေဆိပ် လုံခြုံရေးကို ဖြတ်ကျော်ပြီးနောက် လင်းရီ တက္ကစီနှစ်စင်းငှား၍ ကော်နင်ယွဲ့နှင့် ကျန်သူများအား ပြန်လွှတ်ပေးလိုက်၏။

ထို့နောက် သူလည်း ကားတစ်စီးထပ်ငှားကာ ရန်ကျင်း အကျဉ်းထောင်သို့ ဦးတည်လိုက်လေသည်။

“ မင်္ဂလာပါ.. ဘယ်သူ့ကို လာရှာတာလဲ..”

သူ အကျဉ်းထောင်ပေါက်ဝရောက်တော့ တာဝန်ကျ အစောင့်မှ မေးမြန်းလာခဲ့သည်။

“ မင်္ဂလာပါ.. ကျုပ် ဝူဖေးယွဲ့ဆိုတဲ့ ရာဇဝတ်သားအကြောင်း မေးမြန်းချင်လို့ပါ…”

“ မှတ်ပုံတင်ပါလား..”

လင်းရီ သူ၏ မှတ်ပုံတင်ကို ကမ်းပေးလိုက်သည်။ ထို့နောက် အစောင့်မှ သူ၏ မှတ်ပုံတင်အား စစ်ဆေးရန် ယူဆောင်သွားခဲ့သည်။ မိနစ် အနည်းငယ်ကြာပြီးနောက် အစောင့်မှာ ပြန်ထွက်လာခဲ့ပြီး လင်းရီကို ဧည့်နားနေခန်းထဲသို့ ခေါ်ဆောင်လာခဲ့လေသည်။

လင်းရီ၏ ထွက်ပေါ်လာမှုက အာရုံအများအပြားကို ဆွဲဆောင်သွားခဲ့ပြီး အကျဉ်းထောင်စောင့် အမျိုးသမီး အရာရှိ နှစ်ဦး၏ မျက်လုံးလည်း တဖျတ်ဖျတ် လင်းလက်လာခဲ့၏။

“ ဘယ်အကျဉ်းသားရဲ့ မိသားစုဝင်လဲ မသိဘူးနော်… ချောလိုက်တာမှ TV မင်းသားလားပဲ…”

“ ခဏကျရင် မေးလိုက်ပေါ့…”

“ တကယ်လို့ ငါသာ သတ္တိရှိရင် သူ့နား ဝီချက် တောင်းလို့ရမယ် ထင်လား..”

“ ငါတော့ မထင်… သူ့လို ရုပ်ချောတဲ့ ကောင်လေးဆီမှာ ကောင်မလေးတွေ သေချာပေါက် ဝိုင်းဝိုင်းလည်နေမှာပဲ… ငါတို့လို တွန်ဘွိုင်းကို သေချာပေါက် စိတ်ဝင်စားမှာ မဟုတ်ဘူး…”

“ ငါ တွန်ဘွိုင်းပါလို့ ဘယ်သူပြောလဲ… ပြီးတော့ ငါက နင်နဲ့ မတူဘူးနော်…”

အမျိုးသမီး အကျဉ်းထောင်စောင့်၏ နာမည်မှာ ဖုန်းကျယ်ဖြစ်၏။ သူမစကားနှင့် လျော်ညီစွာ ကြယ်သီးပြုတ်ထွက်မတတ် ရင်ဘက်ကြီးနှင့် ရဲယူနီဖောင်း ဝတ်စုံက အမှန်လည်း မျက်လုံးထဲ စွဲမက်ဖွယ်ရာပင်။

“ ဒါဆိုလည်း ကြိုးစားကြည့်ပေါ့… နင် မအောင်မြင်ဘူးလို့ ငါ Dior ရေမွှေး တစ်ပုလင်း လောင်းမယ်…”

“ နင်ပြောတာနော်… “ ဖုန်းကျယ် ပြောလိုက်ပြီး “ ရှုံးသွားမှ ပြန်မငြင်းနဲ့.. “

“ မပူနဲ့ .. ငါ့စကား ငါတည်တယ်…”

“ အဟမျး အဟမျး အဟမျး…..”

ထိုစဉ် နောက်ထပ် အမျိုးသား အကျဉ်းထောင်စောင့် တစ်ဦးမှ သုံးလေးကြိမ်ခန့် ချောင်းဟန့်လိုက်ပြီး “ မင်းတို့နှစ်ယောက် … မင်းတို့ရဲ့ ရာထူးကိုလည်း အားနားကြဦး…”

“ အိုး.. ဟုတ်.. နားလည်ပါပြီ အစ်ကိုလျို…”

အမျိုးသား၏ နာမည်မှာ လျိုကျစ်း ဖြစ်ပြီး အုပ်ချုပ်ရေး အရာရှိတစ်ဦးဖြစ်၏။

သို့သော်လည်း ဤနေရာသို့ တစ်နှစ်စော၍ ရောက်လာခဲ့သောကြောင့် လူဟောင်း ဝါရင့်တစ်ဦးဟု သတ်မှတ်၍ရကာ လွှမ်းမိုးမှု တစ်ချို့ ရှိလေသည်။

“ ပြောလက်စနဲ့ တစ်ခါတည်း အဲ့လိုကောင်တွေက ရုပ်လောက်ပဲ ချောတာ… ဘာအစွမ်းအစမှ သိပ်ရှိတဲ့ ကောင်တွေ မဟုတ်ဘူး… သူတို့ရဲ့ လှည့်ကွက်မှာ မကျရှုံးမိစေနဲ့..”

“ အစ်ကိုလျို… ရှင် မနာလိုလို့ ဒီလို စကားတွေ ပြောနေတာမလား…”

“ ဘာ မနာလိုဖြစ်စရာ အကြောင်းရှိလို့..” လျိုကျစ်း ပြောလိုက်ပြီး “ ငါက အစိုးရဝန်ထမ်း… ငါ့တစ်ဘဝလုံး မပူမပင် စားသောက်လို့ရတဲ့ သံမဏိ ထမင်းအိုးကြီး ရှိတယ်.. သာမန်လူတွေက ငါနဲ့ မနှိုင်းယှဉ်နိုင်ဘူး…”

“ ဒါပေမယ့် သူလည်း သားသားနားနား ဝတ်စားထားတာပဲလေ… အတော်အသင့်တော့ ချမ်းသာမှာပါ.. အနည်းဆုံး ကျွန်မတို့ထက်တော့ ဝင်ငွေကောင်းရောပေါ့…”

“ မင်းတို့နှစ်ယောက်က ငယ်ရွယ်ပြီ တကယ့် ရေရှည်ကို မမြင်တတ်ကြဘူးပဲ…” လျိုကျစ်းမှ သက်ပြင်းချလိုက်ပြီး “ ငါတို့ထက်ပိုရတာ ဘာအသုံးဝင်လဲ.. ခု စီးပွားရေးတွေက ကျပ်တည်းနေပြီ.. သူ့ဘာသူတောင် အချိန်မရွေး အလုပ်ပြုတ်မှာကို တွေးပူနေရလောက်တယ်… ငါတို့ရဲ့ သံမဏိ ထမင်းအိုးကြီးနဲ့ မယှဉ်နိုင်ပါဘူး… ပြီးတော့ ဟွာရှမှာ အာဏာက ငွေထက်ကို အရေးပါတယ်… သူက ရုပ်ချောပြီး ငါတို့ထက် ပိုဝင်ငွေကောင်းနေရင်တောင် ငါပြောတဲ့စကားကို ' ဟုတ်ဆရာ ' လုပ်ရမှာပဲ မဟုတ်ဘူးလား..”

အမျိုးသမီးနှစ်ဦးလုံး ကူကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်းကိုယ်စီ ကိုက်လိုက်ကြသည်။ သူမတို့ မည်သည့်စကားကိုမျှ မဆိုပေ။ ကြည့်ရသလောက်တော့ အစ်ကိုလျိုမှာ သူ၏ ရာထူးအား အသုံးချ၍ ဤအချောလေးအား အနိုင်ကျင့်တော့မည့်ပုံရ၏။

“ အဲ့အချောလေးကတော့ သေချာပေါက် ဂွိပြီ…” တွန်ဘွိုင်း ထောင်စောင့်မှ ပြောလိုက်ပြီး “ လျိုကျစ်းက နေ့တိုင်း နင်နဲ့ ရိသဲ့သဲ့ လုပ်နေတာကို ခု နင်က တခြားတစ်ယောက်ကို သားရည်ယိုပြနေမှတော့ သေချာပေါက် ဟိုက မပျော်မရွှင် ဖြစ်ပြီပေါ့..”

“ အဲ့တာ ငါ့ကို အပြစ်လာတင်လို့ မရဘူးလေ… သူက အရမ်းချောပြီး ငါလည်း စိတ်မထိန်းနိုင်တာ အပြစ်လား… ပြီးတော့ သူနဲ့ငါ့ကြားမှာ ဘာတွေ ဖြစ်ပျက်ထားတာများ ရှိလို့.. အရမ်း စိတ်ရှုပ်ဖို့ ကောင်းတာပဲ…”

“ ဘယ်တတ်နိုင်မှာ… သူ့နေရာမှာတော့ သူက ဆရာကြီးကိုး…”

အထဲသို့ ဝင်လာပြီးနောက် လင်းရီ လျိုကျစ်အား ကြည့်လိုက်သည်။

သူ ဘာမျှမပြော။ လာရင်း အကြောင်းပြချက်က ပို၍ အရေးကြီး၏။

“ မင်းက ဘယ်အကျဉ်းသားရဲ့ မိသားစုဝင်လဲ… မင်းဒီကို ဘာလာလုပ်တာ…”

“ ကျုပ်က ဝူဖေးယွဲ့ရဲ့ မိသားစုဝင်ပါ… ကျုပ်ကို ကူညီပြီး သူ့အကြောင်း စစ်ဆေးပေးချင်လို့..”

“ ဒီတော့ မင်းက လာတွေ့တာပေါ့…”

“ မဟုတ်ဘူး… သူ ထောင်က ထွက်သွားတာ သုံးလလောက်ရှိပြီ… သူနဲ့ လုံးဝ အဆက်အသွယ် ပြတ်နေလို့…” လင်းရီ ပြောလိုက်ပြီး “ ခင်များမှာ သူနဲ့ ဆက်သွယ်လို့ရမယ့် အချက်အလက်တွေ ရှိသေးလား မေးမြန်းချင်လို့ပါ..”

သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအရ နှစ်ရှည် ထောင်ကျပြီးသည့်နောက် လွတ်မြောက်သွားသည့် အကျဉ်းသားများအား အစိုးရမှ အချိန်တစ်ခုအထိ အလုပ်နှင့် နေရာထိုင်ခင်းများအား ထောက်ပံ့ပေးရလေသည်။

ထို့ကြောင့် လင်းရီ ဤနေရာသို့ ရောက်လာ၍ မေးမြန်းစုံစမ်းရခြင်းပင်။

အကယ်၍ သူ ဤနေရာ၌ အစ်ကိုကြီး၏ သတင်း ရှာမတွေ့ပါက လျန်ရူရွှယ်ကို ဖုန်းဆက်လိုက်ပေမည်။

ဟွာရှရှိ လျန်မိသားစု၏ လွှမ်းမိုးမှုဖြင့် လူတစ်ယောက်၏ တည်နေရာ သိရဖို့က ခက်ခဲလိမ့်မည် မဟုတ်ပေ။

“ မင်း လာနောက်နေတာလား.. မင်းက ထောင်က လွတ်သွားပြီးတဲ့လူကို ငါ့လာပြီး စုံစမ်းပေးစေချင်နေတယ်… ငါ့ကိုများ အရမ်းအားယားနေတယ်လို့ မင်းထင်နေတာလား…” လျိုကျစ် လင်းရီကိုကြည့်၍ မေးခွန်းထုတ်လိုက်သည်။

All Chapters