← Chapters

ကျဉ်းမြောင်းသော လမ်းတွင် ကြုံရခြင်း

Vol. 56 Ch. 4.346

ကျဉ်းမြောင်းသော လမ်းတွင် ကြုံရခြင်း

Vol. 56 Ch. 4.346

တောင်ပေါ်သို့ တက်ရာ လမ်းတစ်ခုရှိပြီး အောက်ဘက်တွင် တိမ်များဖုံးလွှမ်းကာ အပြန်လမ်းကို ဖြတ်တောက်ထားသလို ခံစားချက်ကြီးအား ပေးနေ၏။

လူတိုင်း၏ အမူအရာများမှာ လေးနက်လာပြီး ဟယ့်မင်ဖုန်းဆီသို့ တဖြည်းဖြည်း ကြည့်လိုက်ကြသည်။

"ကျောင်းအုပ်ဆရာကြီး ကျုပ်တို့မှာ ပိုမိုကောင်းမွန်တဲ့ အဖြေတစ်ခုမှ မရှိဘူး... ဒါပေမဲ့ လမ်းခွဲသွားဖို့က ပိုအန္တရာယ် များလိမ့်မယ်... အတူတူ ရှိနေတာက ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မယ်လို့ ထင်တယ်"

"ဟုတ်တယ်... ကျုပ်တို့ ခင်ဗျား ပြောတာကို နားထောင်မယ်"

ဟယ့်မင်ဖုန်းရဲ့ မျက်နှာက အနည်းငယ် ရုပ်ဆိုးနေ၏။ ဒီလူတွေက အခုမှ ကောင်းကောင်း ပြောတတ်နေကြတာပဲ။ သူလမ်းကြောင်းတစ်ခုကို ရှာထုတ်နိုင်ရင် ရွှမ်ယွီဂိုဏ်းက ဂုဏ်တက်လာပြီး လူတိုင်းက ကျေးဇူးတင်နေကြမှာပဲ။ ဒါပေမဲ့ လမ်းပျောက်သွားရင်တော့ လူတိုင်းရဲ့ မျက်နှာက ကြည့်ကောင်းတော့မှာ မဟုတ်ချေ။

ဘယ်လိုပဲဖြစ်ဖြစ် ယခုအချိန်တွင် ဟယ့်မင်ဖုန်းမှာ လုံးဝ သဲလွန်စ မရှိတာကြောင့် ဘယ်လို ဖြေရှင်းရမယ် ဆိုတာကိုလည်း မသိတော့ပေ။

ဓားစွမ်းအင်ရဲ့ နောက်ထပ်လှိုင်းက သူ့ရှေ့မှာ လှိမ့်ဆင်းလာပြီး မြက်ခင်းပြင်ပေါ်ကို လျှောကျသွားသည်။ ယခင်လှိုင်းထက် ပိုပြင်းထန်တဲ့ စွမ်းအားကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သေချာတာပေါ့။ ဒီဓားစွမ်းအင်က ဆယ်ဆတိုးလာမယ် ဆိုရင် ဒါကို သူလုံးဝ စိတ်မ၀င်စားဘူး ဆိုတာ သေချာပေမယ့် ဓားစွမ်းအင်က ဆက်ပြီး တိုးလာဦးမယ် ဆိုရင်တော့ သူတို့ ဆက်တက်သွားမလား ဒါမှမဟုတ် ဒီမှာပဲ စောင့်နေရမလား မပြောတတ်တော့ချေ။

တက်သွားပြီးနောက် ကြိုမမြင်နိုင်တဲ့ အကျပ်အတည်းတွေ ဖြစ်ပေါ် လာနိုင်မလား ဆိုတာ ဘယ်သူက ကြိုသိမှာလဲ?

"ကျောင်းအုပ်ဆရာကြီး အကြံတစ်ခုပေးပါဦး... ဘာလုပ်ရမှန်း မသိပေမယ့် ဒီမှာပဲ ဆက်နေမယ်ဆိုရင် ကြီးမားတဲ့ အကျပ်အတည်း တစ်ခု ဖြစ်လာတော့မယ်လို့ ခံစားနေရတယ်"

"မပြန်နိုင်​တော့ဘူး နတ်မျက်လုံး အမှတ်နဲ့ အနောက်က လမ်းကို မမြင်ရ​​တော့ဘူး.... လမ်းက လေထဲကနေ ပျောက်သွားသလိုပဲ"

ဟယ့်မင်ဖုန်းလည်း သူဆုံးဖြတ်ချက် တစ်ခု ချရမယ် ဆိုတာ သိထားပါ၏။ သူက လူတိုင်းကို ငုံ့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"အားလုံးပဲ ရိုးရိုးသားသား ပြောရရင် ကျုပ်လည်း ဘယ်လိုလုပ်ရမှန်း မသိပါဘူး.... လူတိုင်းကို သေစေမယ့် မိုက်မဲတဲ့ ဆုံးဖြတ်ချက်တချို့ကို ချမိမှာလည်း စိုးရတယ်... ဒါပေမဲ့ အကြပ်အတည်း တစ်ခု တကယ်ဖြစ်လာရင် ငါတစ်ယောက်တည်း ဘယ်တော့မှ ပြန်မသွားပါဘူးလို့ အားလုံးကို ကတိပေးနိုင်ပါတယ်"

ထိုကဲ့သို့ ကြီးကျယ် ခမ်းနားသော ဟယ့်မင်ဖုန်းကို ရင်ဆိုင်ရသောအခါ စကားလုံးများဖြင့် မာနကြီးတတ်သော မဟာသူတော်စင်များလည်း မျက်နှာပျက်ကာ ပါးစပ်ပိတ်သွားကြသည်။ သူတို့က ဟယ့်မင်ဖုန်းစကားကို လက်ခံပုံရပေမယ့် သူ့စိတ်ထဲမှာတော့ အရမ်းကြီး စိုးရိမ်နေကြသည်။

"ကောင်းပြီ ဒါဆို တောင်ပေါ်တက်ရအောင်"

ဟယ့်မင်ဖုန်းက ကတိအတိုင်း ရှေ့ကို ဆက်လျှောက်သွားကာ ပြောလိုက်သည်။

လင်ထျန်းဖောင့်နဲ့ ယွမ်ဖေးရှန်းတို့သည် ထိုလူများကို မုန်းတီးစွာ စိုက်ကြည့်ကာ ကမန်းကတန်း နောက်သို့ လိုက်သွားကြသည်။ သူတို့သာ သေဆုံးသွားပါက သူတို့ ကျောင်းအုပ်ကြီးက တာဝန်ခွဲဝေ ယူရပေလိမ့်မည်။

လျန့်ထျန်းယင်က ဆို၏။

"ကျွန်မတို့ ဆုံးဖြတ်ချက် ချပြီးပြီ... ကျွန်မတို့ရဲ့ အထောက်အထားတွေကို စည်းစနစ်တကျ ထားထားတာပဲ ကောင်းမယ်...နှစ်ဦး နှစ်ဖက်ကို ဘယ်သူမှ သတိမထားမိနိုင်ဘူးလို့ မပြောနိုင်ဘူး"

သူမ ပြောနေတာက ကျိုးရန်ဧကရာဇ် အင်ပါယာရဲ့ တခြားမဟာသူတော်စင် သုံးယောက်ကိုပဲ ဖြစ်သည်။

"ငါတို့ သူတို့နောက်ကို အရင် လိုက်သွားရအောင် ဒီမှာ ပိုပိုပြီး အန္တရာယ်များလာပြီ"

သူတို့ မှန်းဆထားသလိုပဲ ရှေ့က ဓားစွမ်းအင်က ပိုပိုပြီး အန္တရာယ် များလာသည်။ နှစ်ဖက်စလုံးက ကျောက်ဆောင်တွေမှာ ရံဖန်ရံခါ ဓားစွမ်းအင်တွေတောင် ထွက်လာပြီး နှစ်ဖက်စလုံးက သစ်ပင်လေးတွေဆီကလည်း လှံစွမ်းအင်တွေ ထွက်လာတတ်သည်။

သတိမမူမိတဲ့ မဟာသူတော်စင် နှစ်ဦး ဒဏ်ရာရသွားသည်။ သိပ်မပြင်းထန်သော်လည်း လူအများ၏ စိတ်သည် ပို၍ပို၍ နိုးကြားလာပြီး အလွန် အကျည်းတန်လာ​တော့သည်။

"အကြီးအကဲလုရွှမ်က ဘယ်တော့မှ ရောက်လာမလဲ မသိဘူး.... ဒီပြဿနာအတွက် သူ့မှာ အဖြေတစ်ခုခု ရှိနိုင်တယ်"

နောက်ဆုံးတော့ လူတစ်ယောက်က မတတ်နိုင်တော့ဘဲ ပြောလာခဲ့သည်။

ဒီစကားတွေ ပြောပြီးတာနဲ့ လူတိုင်းဟာ သက်ပြင်းအသာ ချလိုက်ကြသည်။ ဖန်းမင်ယန် ​​အရင်က တစ်ခုခု လုပ်​ကြံခဲ့တုန်းက တချို့လူတွေ မြင်ခဲ့ပေမယ့် သူတို့သတိမပေးနိုင်ခဲ့ဘူး။ အခုတော့။

"ဦးလေးသုံး.... အဲဒီကို မတက်ချင်တော့ဘူး...ကျွန်တော် ငယ်ငယ်ကတည်းက နားမလည်နိုင်တဲ့ ခံစားချက်မျိုး ခံစားနိုင်တယ် ဆိုတာ ဦးလေး သိတယ်မလား? အပေါ်မှာ အန္တရာယ်များတဲ့ အရာကြီးတစ်ခု ရှိနေတယ်လို့ ခံစားနေရတယ်"

ဖန်းဟွာက အလျင်အမြန် တောင်းပန်လိုက်သည်။

"ဟမ့်... ငါတို့က မဟာသူတော်စင် နှစ်ယောက်လေ... စည်းစိမ်ဥစ္စာတွေ အတွက် အန္တရာယ်နဲ့ တွေ့နိုင်တာပဲ.... ဧကရာဇ်ဆရာသခင် ငါ့ကို ပေးခဲ့တဲ့ အဆောင်လက်ဖွဲ့ ရှိသေးတယ်... မင်းဘာကို ကြောက်နေတာလဲ သွားကြရအောင်"

ဖန်းဟွာကား ရှုံ့မဲ့နေ၏။ လမ်းတလျှောက်တွင် ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်ကိုတွေ့​နေရပြီး ဓားစွမ်းအင်သည် ပိုပို၍ ပြင်းထန်လာသည်။ ဦးလေးသည် ဧကရာဇ်ဆရာသခင် ပြင်ဆင်ထားခဲ့သော ပစ္စည်းများကို ဖယ်ထုတ်လိုက်လျှင် မသေနိုင်သော်လည်း ဒဏ်ရာ ဒဏ်ချက်တို့ကို ခံနိုင်ရည် မရှိလောက်ပေ။

ယခင်က တိုက်ခိုက်ခံရပြီးနောက် သူ့မဟာသူတော်စင် လက်နက် တိုက်ရိုက် ကျိုးသွားခဲ့တာကို ဖန်းဟွာ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ကံကောင်း ထောက်မစွာဖြင့် သူသည် တတိယဦးလေးနှင့် နီးကပ်စွာ ရပ်နေခဲ့ပေမယ့် ဟယ့်မင်ဖုန်းဆီက ခေါင်းဖြတ် မခံလိုက်ရချေ။

မဟုတ်ရင် အကျိုးဆက်တွေက မှန်းဆလို့ မရတော့ဘဲ ဖြစ်သွားမည်။ ဒဏ်ရာရပြီး အသုံးမဝင်တော့ပါက ဖန်းဟွာသည် အကျပ်အတည်း ဖြစ်လာချိန်တွင် ၎င်း၏တတိယ ဦးလေးဖြစ်သူကို ထားခဲ့ကာ တစ်ယောက်တည်း ထွက်ပြေးမိမလား မသေချာပေ။

ဒါပေမဲ့ အခုချိန်မှာတော့ သူ့ကို တစ်ယောက်တည်း ထားခဲ့ဖို့ ဘယ်တော့မှာ သတ္တိရှိမှာ မဟုတ်​တော့ပါဘူး။ နောက်ဆုံး အားကိုးရာအဖြစ် သူ့မှာ ဖန်းမင်ယန်ကလွဲပြီး ဘာမှမရှိတော့ပေ။ ရွေးချယ်စရာ လမ်းမရှိတော့တဲ့ အဆုံး တောင်ပေါ်ကို ဆက်တက်လာခဲ့သည်။

"ဟာဟား.... နောက်ဆုံးတော့ ငါရှာတွေ့ပြီ ဒီလှိုဏ်ဂူပဲ.... ငါတို့ ဝင်ကြရအောင်"

ဖန်းမင်ယန်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"တတိယဦးလေး.... အထဲမှာ တစ်ယောက်ယောက် ရှိနေသလိုပဲ"

“ဒီကောင်တော့!! မင်း အထဲ ဝင်သွားကြည့်လိုက်”

ပြောပြီး ဖန်းဟွာကို အထဲသို့ တွန်းထည့်လိုက်သည်။

ဖန်းဟွာ ဝင်ဝင်ချင်းမှာပဲ အံ့အားသင့်စွာ ဓားတစ်ချောင်း ထွက်ပေါ်လာပြီး လျှပ်တစ်ပြက် အတွင်း ပျောက်ကွယ်သွားခဲ့သည်။ ဖန်းဟွာလည်း သူ့ရင်ဘတ်ရှေ့တွင် လက်နှစ်ဘက်ဖြင့် အလျင်အမြန် ပိတ်ဆို့လိုက်ကာ သူတော်စင် စွမ်းအားက သူ့တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ် အကာအကွယ် ပေးထားလိုက်သည်။

ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲမှာ အားနည်းသွားပြီး သူ့ရင်ဘတ်ရှေ့က သူတော်စင် စွမ်းအားကို ဆုပ်ကိုင်ထားလို့ မရတော့တာ ခံစားလိုက်ရသည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့နှလုံးတည့်တည့်မှာ လက်မအရွယ် သွေးအပေါက်တစ်ပေါက်ကို တွေ့လိုက်ရပြီး ဒဏ်ရာက အပေါက် တစ်ခုအဖြစ် လောင်ကျွမ်းသွားခဲ့သည်။

နှလုံးက မခုန်နိုင်တော့ဘဲ အတွင်းကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီ။ သူတော်စင် စွမ်းအားများ တဖြည်းဖြည်း စိမ့်ထွက်လာတာ လုံးဝရပ်တန့်လို့ မရတော့ပေ။

"ငါသေပြီ!"

သူနောက်ဆုံး တုံ့ပြန်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ဂူဝင်ပေါက် အပြင်ဘက်၌

"ဖန်းဟွာ ဖန်းဟွာ ငါ့ကိုပြော... အဲဒီအထဲမှာ ဘယ်သူ ရှိ​နေတာလဲ"

"အထဲမှာ ငါရှိတယ်!"

အတန်ငယ် ရင်းနှီးပုံရသော်လည်း မရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဖန်းမင်ယန် အလျင်တစော နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားစဥ် ဂူထဲမှ ချောမောသော လူငယ်တစ်ဦး ထွက်လာတာကို တွေ့လိုက်ရသည်။

"လုရွှမ်!"

သူ အကျယ်ကြီး အော်လိုက်သည်။

"ငါ့တူ ဘယ်မှာလဲ"

ခဏကြာမှ ရုတ်တရက် တုံ့ပြန်လိုက်သည်။

"အရင်သွားပြီ... ငါအခု မင်းကို ပို့ပေးမလို့!"

"မဖြစ်နိုင်ဘူး... သူက မဟာသူတော်စင်ပဲ မင်းက သူတော်စင်တစ်ပိုင်း အဆင့်ပဲ ရှိတာ... မဟာသူတော်စင်ကို သတ်ဖို့ ဘယ်လိုလုပ် ခွန်အားရှိနိုင်မှာလဲ? ဒါ့ထက် အချိန်ခဏလေးပဲ ရှိသေးတာ မင်း လိမ်နေတာ!!"

ဖန်းမင်ယန်က ဟောက်ပြီး တစ်ချက် လှုပ်ရုံဖြင့် လင်းယုန်လက်သည်း အဖြစ် ပြောင်းလဲသွားကာ လုရွှမ်ကို ခိုးဝင် တိုက်ခိုက်လိုက်သည်။

"ဟားဟား.... ဘယ်လို ဆရာမျိုးက မွေးထုတ်လာတဲ့ ဘယ်လိုတပည့်ပါလိမ့်?? ခိုးဝင်တိုက်ခိုက်တာတွေ အပြင် ကျိုးရန်ဆီကနေ တခြား ဘာကျွမ်းကျင်မှုတွေများ သင်ယူခဲ့သေးလဲ? မင်းရဲ့ဆရာအတိုင်း လုပ်နိုင်မယ်လို့ ထင်နေတာလား?"

"နဂါးဆင်ရွှေလက်ဝါး!"

ကြီးမားသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး စိမ်းပြာရောင် နဂါးပုံရိပ်သည် လုရွှမ်နောက်တွင် ပုံဖော်ရင်း ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလို ဖန်းမင်ယန်ခမျာ အသက်ရှုမဝသလို ခံစားလိုက်ရကာ သူ့နှလုံးသားထဲ အသိဥာဏ်တစ်ခု တိုးဝင်လာခဲ့သည်။

"ဟုတ်ပြီ... မင်းမှာ မဟာသူ​တော်စင်ရဲ့ အစွမ်းသတ္တိတွေ တကယ်ရှိနေပြီပဲ ဆရာရေ.... ဆရာကတော့ တပည့်အတွက် စိတ်ရှုပ်စရာတွေ ချန်ထားခဲ့ပါလား...."

သို့သော် နောက်ဆုံးတွင် ဖန်းမင်ယန်သည် မဟာသူတော်စင် အဆင့်၅ ခွန်အားဖြစ်ပြီး လုရွှမ်ရဲ့ လက်ဖဝါးကို အလွယ်တကူပဲ တားဆီးနိုင်ခဲ့သည်။ ထို့နောက် သူက အပြုံးဖြင့် ပြောလာသည်။

"ကောင်းပြီ... မင်း သူတော်စင် ဖြစ်သွားရင်တောင် ဘာဖြစ်လဲ? ဟမ့် ငါက ငါ့မျက်လုံးထဲ လုံးဝ မထားဘူး... အဲဒီတုန်းက ငါ့ဆရာ မင်းကို တစ်ခါတည်း သတ်ပစ်လိုက်ပြီးပြီ ဟားဟား... မင်းကိုလည်း ငါ ပို့ပေးလိုက်မယ်... အဲဒီလိုဆရာ ရှိမှာတော့ ဒီလိုတပည့်လည်း ရှိတယ်ပေါ့"

"စောင့်ကြည့်နေလိုက်!"

တစ်ချိန်တည်းမှာပဲ တစ်ပုံတည်းတူတဲ့ နဂါးဆင်ရွှေလက်ဝါး ထွက်ပေါ်လာ၏။ ၎င်းက ပိုအစွမ်းထက်ပြီး ပိုပြင်းထန်လေသည်။

"ဒါက ငါ့ဆရာဆီက နှစ်တစ်ရာကျော် ဂရုတစိုက် လေ့လာထားမှုရဲ့ ရလဒ်ပဲ.... ဘယ်လိုလဲ? အရသာက မဆိုးဘူးမလား!"

All Chapters