သံသယ
Vol. 56 Ch. 4.347
စိမ်းပြာနဂါးကြီးနှင့် ဧရာမဆင်ကြီး၏ ပုံသဏ္ဌယန်ကို ကြည့်ပြီး လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ သူ ကောင်းကောင်း သင်ယူခဲ့တာပဲ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ရှုတ်ချမှုတွေ ပိုပိုပြီး ခံစားလာရသည်။ အဲဒီတုန်းက သူကအဓိက ဂိုဏ်းခြောက်ခုရဲ့ သိုင်းပညာတွေကို လေ့လာချင်တာလားလို့ ကျိုးရန်ကို အတိအကျ မေးခဲ့ဖူးသည်။
တခြားဂိုဏ်းများ၏ လျှို့ဝှက်သိုင်းပညာမှာ လုံးဝမကောင်းကြောင်း ပြန်ပြောလာခဲ့သည်။ အခုတော့ သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို တိတ်တဆိတ် လေ့လာပြီး သူတို့နဲ့တောင် လိုက်လျောညီထွေ ဖြစ်အောင်နေခဲ့သေးသည်။ တကယ်ကို ရှက်စရာ ကောင်းလွန်းလှသည်။
"မင်းဆရာရဲ့ အကြွေးကို ငါအရင် စုထားလိုက်မယ်"
လုရွှမ်က ဆိုလိုက်သည်။
နောက်ထပ် နဂါးဆင်ရွှေလက်ဝါးကြီး ထွက်ပေါ်လာရာ ယွမ်ယန်စွမ်းအင်ကပါ ခွန်အားအပြည့်ဖြင့် လည်ပတ်နေသည်။ ပူပြင်းသော ထွက်သက်ဝင်သက်များက ခန္ဓာကိုယ်တွင်းသို့ စိမ့်ဝင်သွားပြီး နဂါးဆင်ရွှေ လက်ဝါးပေါ်တွင် ပျော်ရွှင်စွာ ကခုန်နေ၏။
နတ်နဂါးကြီးရဲ့ အသွင်အပြင် ထက်မြက်မှုသည် ရုတ်တရက် ပိုမိုတောက်ပလာပြီး ၎င်း၏ ခန္ဓာကိုယ်သည် အစစ်အမှန်ကဲ့သို့ ခိုင်မာနေသည်။
ဧရာမဆင်ကြီးတစ်ကောင်က အခြေအနေကို ထိန်းထားပြီး ဆင်ခြေထောက် လေးချောင်းက ကမ္ဘာကြီးကို ဖျက်ဆီးတော့မယ့်ပုံနဲ့ ဖန်းမင်ယန်ဆီကို ဖိချလိုက်သည်။
ဖန်းမင်ယန် အံ့အားသင့်သွားသည်။ ယခုအခါတွင် တစ်ဖက်က နဂါးသည် ရုတ်တရက် ဝိညာဉ်ရှိနေသကဲ့သို့ ခံစားလာရသည်။ အထူးသဖြင့် စွမ်းအင်များ သိသိသာသာ တိုးလာလုနီးပါး ဖြစ်နေပြီမို့ ဒူးထောက် ကိုးကွယ်ချင်စိတ်များပင် ပေါက်လာစေ၏။
ထိုဆင် ခြေလေးချောင်းတို့သည် အရေခွံ၊ အရိုး၊ စိတ်၊ စိတ်ဝိဥာဉ်တို့ကို အလွှာလိုက် အထပ်လိုက် အဆက်မပြတ် ဖိနင်းတော့မလို စိတ်ကို ချုပ်နှောင်ထားပုံပေါ်နေသည်။ ကြီးမား ကျယ်ပြောလှသော ဘုန်းအာနုဘော်သည် တောင်တန်းများကို မျှော်ကြည့်နေရသယောင်။
ဖန်းမင်ယန်ရဲ့ ရင်ထဲမှာ နောင်တလှိုင်းတွေ တိုးလာတော့သည်။ ဆရာ ဘာကြောင့် ဒီလိုလူကို စော်ကားလိုက်ရတာလဲ။ ဒီအရှုပ်အထွေးကို ဘာကိစ္စ သူ့အတွက် ထားခဲ့ရတာလဲ?
လက်ဝါးနှစ်ဖက် တိုက်မိသွားစဥ် ဂူငယ်ကို တုန်ခါသွားစေသည်။ စွမ်းအင် လေစီးကြောင်းက နေရာအနှံ့ ပျံ့နှံ့သွားလေသည်။
သို့သော် ဖန်းမင်ယန်သည် အားသာချက်များစွာကို မှီခို အားထားနေရကြောင်း ကောင်းကောင်း သိသည်။ သူတော်စင်များ နယ်ပယ်သို့ ဝင်ရောက်လာခဲ့သည့် ကျင့်ကြံသူ တစ်ယောက်ဟာ မဟာသူတော်စင် အဆင့်၅က သူ့ကို ယှဥ်နိုင်နေပြီ။ တကယ်တော့ သူရှုံးသွားခဲ့ပြီ ဖြစ်သည်။
"အံ့ဩစရာပဲ.... မင်းက မဟာသူတော်စင် အဆင့်၅ ဖြစ်ထိုက်ပါတယ်.... ဒါ့ပြင် မင်းက သာမန် မဟာသူတော်စင် အဆင့်၅ထက် အများကြီး တန်ခိုးကြီးတယ်... ကျိုးရန်က မင်းအတွက် အများကြီး အားထုတ်ခဲ့ပုံရတယ်... အခုတော့ မဖြစ်နိုင်တော့ဘူး... အမှိုက်က အမှိုက်ပဲ ဖြစ်နေမှာ... ဟမ့် မင်းရဲ့ အရည်အချင်းနဲ့ ဒီတစ်သက် မဟာသူတော်စင် အဆင့်၆ကို မရောက်နိုင်တာ အံ့သြစရာ မရှိပါဘူး"
ဖန််းမင်ယန်ရဲ့ မျက်နှာက နီရဲလာပြီး တစ်ကိုယ်လုံး တောင့်တင်းလာခဲ့သည်။ သူ့ဆရာ၏ ပြောဆိုသံကို ယခင်က ကြားခဲ့ဖူးပေမယ့် ထိုအချိန်တွင် သူအနည်းငယ် စိတ်မချဖြစ်သေးပေ။ သို့သော် အနှစ်တစ်ရာ ကြာပြီးနောက်တွင်မူ တိုးတက်မှုများစွာ မရှိခဲ့သေးပေ။ ဒီလိုဖြစ်ရတာကို လက်ခံဖို့ တကယ်ပဲ ခက်ခဲလှသည်။
သူစိတ်ပျက်နေပေမယ့် နည်းနည်းလေးတော့ ပီတိဖြာနေသေးသည်။ သူက မဟာသူတော်စင် အဆင့်၅ မှာဆိုရင် တိမ်ပင်လယ် နယ်မြေထဲမှာ တခြားနယ်ချဲ့ဂိုဏ်းဝင်တွေ ဘယ်သူတွေကများ ဒီအဆင့်ထိ ရောက်ထားလို့လဲ?
ယခုမူ သူ့ရဲ့တစ်ချိန်က မာနကို လုရွှမ်က မဆိုင်းမတွ ဖြိုခွဲပစ်လိုက်ပြီး အရှက်တကွဲ ဖြစ်သွားသည်။
"လုရွှမ်.... မင်းသိပ် မာနကြီးမနေနဲ့ မင်း ပြန်လာတော့ရော ဘာဖြစ်လဲ? ငါ့ဆရာက ကောင်းကင်ဘုံသခင်ကို သာလွန်သွားပြီ.... မင်းကအခုမှ သူတော်စင် တစ်ယောက်ပဲလေ။ မင်းငါ့ကို အနိုင်ယူနိုင်ရင်တောင် ငါ့ဆရာနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မလဲ? သူနဲ့ နှိုင်းစာရင် မင်းက နောက်ကျနေပြီ... ငါ့ဆရာက တိကျွင်းဆို မင်းက ဆုံးပါးသွားတဲ့ စစ်သူကြီးနေရာမှာပဲ ရှိသေးတယ်"
ဖန်းမင်ယန် စိတ်ရှုပ်ထွေးနေတာကို မြင်တော့ လုရွှမ် သူ့စိတ်ထဲကနေ လှောင်ရယ်လိုက်ပြီး နှလုံးသားမီးသီးကို တိတ်တဆိတ် ထုတ်ယူကာ ယွမ်စွမ်းအားနဲ့ နှလုံးမီးကို ဂရုတစိုက် နှိုးဆွလိုက်သည်။ အမှန်တော့ တစ်ဖက်က မဟာသူတော်စင်မို့ နှလုံးသားမီးသစ်သီးသည် အစွမ်းထက်သော ခြေရာလက်ရာများနှင့် မှော်ဆန်သော အာနိသင်များ ရှိသော်လည်း မဟာသူတော်စင် အတွင်းနတ်ဆိုးများကို နှိုးဆွလိုပါက ကျေနပ်စရာ မရှိနိုင်လောက်ဟု ဆိုနိုင်သည်။
"သြော်... ဒါဆို မင်းရဲ့ ဆရာအတွက် အရမ်းဂုဏ်ယူနေတာလား? ငါဘာလို့ မမြင်ရပါလိမ့်... မင်း အခု ကျိုးရန်ဧကရာဇ် အင်ပါယာရဲ့ အကြီးအကဲဖြစ်နေပေမယ့် မင်းကို ဘယ်သူက တကယ်ဂရုစိုက်လဲလို့ မေးရမယ်.... မင်းဆရာကြောင့်သာ မဟုတ်ရင် ဟမ့်... မင်းက ဘာမှအဖြစ်မရှိတဲ့ ရုပ်သေးရုပ်သာသာပဲ"
မဟာသူတော်စင်၏ အတွင်းစိတ် ဝိညာဉ်ဆိုးများကို နှိုးဆွရန် သူ၏ အထိခိုက် မခံနိုင်ဆုံးနှင့် သေစေနိုင်သော ချက်ကောင်းနေရာကို တိုက်ခိုက်ရမည်။
သူ့အတိတ်ဘဝနှင့် ဤဘဝတွင် လုရွှမ် လူများစွာကို မြင်တွေ့ခဲ့ရပြီး လူ့သဘော သဘာဝကို သူဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါ့မလဲ။ ကျင့်ကြံမှုကို မြှင့်တင်နိုင်ပြီး အသိဉာဏ်က ရင့်ကျက် လာနိုင်သော်လည်း လူ့သဘာဝက ပြောင်းလဲရန် ခက်ခဲသည်။
နတ်တောင်တန်းပေါ်တွင် ဘယ်သူ့ကိုမှ မတွေ့ရတော့ဘဲ ဒီတူကြီးနှစ်ယောက်သာ ကျန်တော့သည်။ လှိုဏ်ဂူထဲသို့ မဝင်ခင်က ဖန်းဟွာဟာ ဤနေရာတွင် ခြိမ်းခြောက်မှု အငွေ့အသက် တစ်ခုရှိနေကြောင်း အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ဖန်းမင်ယန်က ဝင်သွားဖို့ကိုပဲ အခိုင်အမာ ပြောဆိုနေဆဲ ဖြစ်သည်။ အန္တရာယ်ကိုလည်း စိုးရိမ်နေခဲ့ပေမယ့် သူ့ကို ဘာလုပ်နိုင်မှာမလို့လဲ?
ဖန်းမင်ယန်က ဖန်းဟွာကို တွန်းထုတ်ပြီး ဝင်သွားခိုင်းခဲ့သော်ငြား ဖန်းဟွာရဲ့ အသက်ကတော့ အချည်းနှီး ဖြစ်သွားခဲ့သည်။
အဲလိုလူတွေက အေးစက်တဲ့ သဘောသဘာဝ ရှိတတ်သည်။ သူ့အတွက် အသက်ပေးသွားလို့ တစ်ဖက်လူကို ကျေးဇူးတင်နေမှာလား။ အဲဒါဟာ ဟာသသက်သက်ပါပဲ။ သူတို့လို လူတွေက အရာအားလုံးကို အမြတ်ထုတ်နိုင်သလို အရာအားလုံးကို ရောင်းနိုင်တယ်။
လုရွှမ်သည် သူ့နှလုံးသားထဲတွင် ကျိုးရန်ကို ရန်ငြိုးထားရမည်ဟု ကောက်ချက်ချခဲ့သည်။ ကျိုးရန် ယခင်က ဤနေရာတွင်ရှိစဉ် အရိုးသားဆုံးနှင့် လုံ့လဝီရိယ အရှိဆုံးဟု ပြသနိုင်ခဲ့တာ သေချာသော်လည်း အလားတူပင် ကျိုးရန်မှ ထားခဲ့သော အရှုပ်ထုပ်များကို ကြုံတွေ့ရသောအခါတွင် သူသည် ဥပေက္ခာနှင့် နာကြည်းမှုကို အသိဆုံးသူလည်း ဖြစ်လာသည်။
ဖန်းမင်ယန်မှာ အရည်အချင်း တချို့ရှိသော်လည်း လုရွှမ်နှင့် မယှဉ်နိုင်ပေ။ လုရွှမ်ရဲ့ လှောင်ပြောင်မှုကို ခံရသော်လည်း ဒေါသကို မျိုသိပ်ကာ တည်ငြိမ်စွာ ပြန်ပြောခဲ့သည်။
"ဘာဖြစ်လဲ? ဆရာ ဖြစ်ပြီဆိုတာနဲ့ အမြဲတမ်း ဖခင်တစ်ယောက်ပဲ.... ငါ့ဆရာက ထက်မြက်ပြီး အစွမ်းထက်တာတော့ အမှန်ပဲ... ငါက သူ့လိုအမြင့်ကို မရောက်နိုင်ဘူး ဆိုရင်တောင် အဲဒီသစ်ပင်ကြီး အောက်မှာ အရိပ်အငွေ့ကို ခံစားလို့ရတာပေါ့..."
တခြားသူသာဆိုရင် လုရွှမ် စိတ်ရှုပ်ထွေးနေပေမယ့် ဖန်းမင်ယန်နဲ့ကတော့ မတူပေ။ ဒီအချိန်မှာ သူ တည်ငြိမ်လာလေ လုရွှမ်ရဲ့ နှလုံးသားထဲမှာ ဒေါသတွေ ပိုနက်ရှိုင်းလာလေပါပဲ။
အာဃာတတွေက တဖြေးဖြေး မလိုမုန်းထားတွေ ဖြစ်လာပြီး အစွဲတွေက နာကြည်းမှုတွေ ဖြစ်လာတဲ့အခါ ဒေါသတွေ တိုးလာလိမ့်မည်။
"ဟုတ်လား? ကျိုးရန်က တပည့်ကောင်း တစ်ယောက်ကို လက်ခံထားပုံရတယ်.... ဒါပေမဲ့ သူကိုယ်တိုင်က မဖြောင့်မတ်တာ သနားစရာပဲ.... ဟမ့် ဟိုတုန်းက သူ့ကို ငါ့ညီအစ်ကိုလို့ မှတ်ယူခဲ့ပေမယ့် သူက ငါ့ကိုသစ္စာဖောက် ဆန့်ကျင်ဖို့ ကြံစည်ပြီး ငါ့နောက်ကျောကို ဓားနဲ့ထိုးခဲ့တယ်... ဟမ့် ငါတို့က တစ်ယောက်နဲ့ တစ်ယောက် ရိုးသားစွာ ဆက်ဆံခဲ့တဲ့ ညီအစ်ကိုတွေပဲ.... ဖန်းမင်ယန် မင်း သူ့အတွက် ဘာလုပ်ခဲ့ရလဲ?"
ဖန်းမင်ယန်၏ မျက်နှာသည် နီရဲလာပြီး သူ့စိတ်ထဲတွင် စတင်၍ တွက်ချက်လာသည်။
လုရွှမ်ကတော့ သူ့ပုံစံက ရယ်စရာကောင်းတယ်လို့ ထင်ရတာကြောင့် မီးတစ်စ ထပ်တိုးလိုက်သည်။
“အနှစ်တစ်ရာ.... သူမင်းကို အနှစ်တစ်ရာ စောင့်ခိုင်းထားတာ.... ဟားဟား သူအရင်က မင်းကို ဒီနေရာအထိ ခေါ်လာဖူးလား? ဒါက မြင့်မြတ်တဲ့ နတ်တောင်တန်း... အဲဒီတုန်းက ဝိညာဥ်စွမ်းအင်တွေ ဘယ်လောက်တောင် သာယာဝပြောလိုက်မလဲ ဆိုတာ တွေးကြည့်ပါဦး.... နောက်ဆုံးတော့ မင်းဟာ သူ့တပည့်ပဲလေ... သူ့သားအရင်းမှ မဟုတ်တာ... နှစ်ပေါင်းတစ်ရာ ဆိုတာ ဒီကြီးကျယ်တဲ့ အပြောင်းအလဲတွေကို ဖြစ်စေတဲ့ ကျိုးရန်က အခု မြုံနေတဲ့တောင်ကြီး ဖြစ်လာအောင် ကြံစည်ဖို့ လွယ်သွားပြီလေ”
ဖန်းမင်ယန်ရဲ့ ပါးစပ်ထောင့်များ တုန်လှုပ်သွားပြီး လုရွှမ်လည်း သူ့နှလုံးသားအတွင်းက အကဲဆတ်ဆုံး နေရာကို ထိမှန်သွားကြောင်း သဘောပေါက်လိုက်သည်။
သူသည် ဧကရာဇ်ကျိုးရန်၏ သွေးရင်း မဟုတ်ပေ။
ကျိုးရန်ဧကရာဇ် အင်ပါယာသည် ဧကရာဇ်ကျိုးရန်၏ အမွေအနှစ်ဟု ဆိုကြသော်လည်း ဖန်းမင်ယန်သည် ဧကရာဇ်ကျိုးရန်က ထိုအင်ပါယာကြီးကို လုံးဝ မနှစ်သက်ကြောင်း ကောင်းစွာသိထားပြီး သူက အင်ပါယာနဲ့လည်း ပတ်သက်မှု မရှိနေပေ။
အရာရာတိုင်းကို ဖန်းမင်ယန်က ဧကရာဇ်ကျိုးရန်၏ အမည်ဖြင့် ပြုလုပ်ခဲ့ပြီး ယနေ့တွင် ကျိုးရန်ဧကရာဇ် အင်ပါယာကို တည်ထောင်ခဲ့သော်လည်း သူသည် ဆရာဖြစ်သူအတွက် သူ့သခင်ဘွဲ့ကို စွန့်လွှတ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ဆရာက လုံး၀ ဂရုမစိုက်ခဲ့ပေ။
လူတွေက ဧကရာဇ်ကျိုးရန်ကို နှလုံးသားထဲမှာပဲ မှတ်မိနေကြပြီး ဒါက ဧကရာဇ်ကျိုးရန်ရဲ့ အမွေလို့ပဲ ထင်နေကြသည်။ သို့သော် ကျိုးရန်ဧကရာဇ် အင်ပါယာသည် ဖန်းမိသားစုမှ တည်ထောင်ထားတာ ဖြစ်ပြီး ဧကရာဇ်ကျိုရန်နဲ့ ဘာမှမဆိုင်ကြောင်း လူတွေ သိလာတဲ့အခါ သူတို့ကို ဘာလုပ်ကြတော့မလဲ။
ဖန်းမင်ယန်မှာ တုန်လှုပ် ချောက်ချားနေပြီး သံသယစိတ်တွေက မထိန်းနိုင်တော့ဘဲ ပေါ်လာတော့သည်။
ဧကရာဇ်ကျိုးရန်က သူ့ကို ဆွေမျိုးသားချင်းအဖြစ် ဘယ်တုန်းကမှ မမှတ်ယူခဲ့တာများ ဖြစ်နိုင်မလား?