← Chapters

အတွင်းနတ်ဆိုး လှုပ်ရှားနေပြီ

Vol. 56 Ch. 4.348

အတွင်းနတ်ဆိုး လှုပ်ရှားနေပြီ

Vol. 56 Ch. 4.348

အဲဒါကြောင့် သူ့အတွက် အလှ​လေးများစွာကို ဆက်သခဲ့သလို တူနဲ့တူမတွေ အများအပြားနဲ့ လာရောက်လည်ပတ်ရင်း ဆရာ့အား တပည့်တွေအဖြစ် လက်ခံ​ပေးမယ်လို့ မျှော်လင့်ထားပေမယ့် ဧကရာဇ်ကျိုးရန်ကတော့ သူ့ကို အမြဲတမ်း ငြင်းပြီး လျစ်လျူရှုထားခဲ့သည်။

ဘာလို့လဲဆိုတော့ သူက ဒီနေရာကို သူ့ကိုယ်ပိုင်လို့ လုံးဝမသတ်မှတ်ဘဲ လုံးဝ ဂရုမစိုက်လို့ပဲ ဖြစ်သည်။ သူ့အား ရုပ်သေးရုပ်အဖြစ်နှင့် ဖန်းမိသားစုကို သူ့ရှေ့ဆောင်အဖြစ်သာ အသုံးပြုခဲ့သည်။ သူဒေါသ ထွက်သွားသောအခါတွင် မိမိသည် အချိန်မရွေး ဆန့်ကျင်သွားပြီး တခြားမိသားစုသို့ ပြောင်းသွားနိုင်သည်။

နှလုံးသားမီးသစ်သီး၏ လွှမ်းမိုးမှု အောက်တွင် ဖန်းမင်ယန်၏ အတွေးများသည် တဖြည်းဖြည်း ရူးသွပ်လာကာ လွန်ကဲပြီးရင်း လွန်ကဲလာခဲ့သည်။ သူသည် မူလက သွေးအေး တတ်သော်လည်း အဆိုးဆုံး အကြောင်းကို ပိုပို၍တွေးမိလာလေ တခြားသူများ၏ ထင်မြင် ယူဆချက်များကိုလည်း ပို၍ပို၍ ဆင်ခြင်မိလာသည်။

ဖန်းမင်ယန်ကို ကြည့်လိုက်သောအခါ လုရွှမ်သည် ထိုသူ၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာတာကို တွေ့၍ ဖမ်းမိသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ နှလုံးသားမီးသစ်သီးသည် လျင်မြန်စွာ ကျုံ့သွားပြီး ယခုအချိန်တွင် ပျောက်ကွယ်သွားသော်လည်း မဟာသူတော်စင် အဆင့်၅ သန်မာသောလူကို သွေးဆောင်နိုင်ခြင်းက ပြီးပြည့်စုံသော အလုပ်တစ်ခုဟု ယူဆနိုင်သည်။

လုရွှမ် ဆက်ပြောသော်လည်း သူသည် ဝမ့်ရှင်းဂိုဏ်း၏ လျှို့ဝှက်နည်းလမ်းကို အသုံးပြုထားတာကြောင့် သူ့အသံသည် ဖန်းမင်ယန်၏ စိတ်ထဲသို့ ကြောင်တက်တက်ဖြင့် စိမ့်ဝင်သွားသည်။ အသံလှိုင်းက ကောင်းကင်ကလာတဲ့ အသံလှိုင်းကဲ့သို့ တုန်ခါနေသည်။

ဖန်းမင်ယန်ရဲ့ စိတ်ထဲမှာတော့ ဧကရာဇ်ကျိုးရန်၏ ရုပ်သဏ္ဍာန်သည် ခန်းမကျယ်ကြီး တစ်ခုထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ဧကရာဇ်ကျိုးရန်မှ သူ့ကို သူ့တပည့်အဖြစ် လက်ခံလိုက်ချိန် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိသည်။

ဘယ်လောက် ခက်ခက်ခဲခဲ ဆိုနေပါစေ ဖန်းမင်ယန်ကို လက်မခံဘဲ ငြင်းဆိုခဲ့သည်။ သူ၏ အရည်အချင်းသည် အလွန်ညံ့လျှင် အရင်းအမြစ် များစွာကို အသုံးပြုရမှာ ဖြစ်ပြီး အများဆုံး အားထုတ်မှု ဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။

သူသည် တစ်နေကုန် ဒူးထောက်ပြီး နောက်တစ်ရက်၊ တစ်နှစ်ပတ်လုံး ဒူးထောက်ကာ နောက်ဆုံးတွင် ထိုလူပေါ်လာရန် စောင့်ဆိုင်းနေခဲ့ကြောင်း သူ သတိရမိသည်။ နောက်ပိုင်းတွင် ထိုသူသည် အင်ပါယာတစ်ခု တည်ဆောက်ရန် ဆိုခဲ့ပြီး ကျင့်ကြံရန် အရင်းအမြစ်များကို စုဆောင်းလိုကြောင်း ပြောခဲ့၏။

ယခုတော့ အဲဒီအချိန်တုန်းက ဧကရာဇ်ကျိုးရန်ရဲ့ မျက်လုံးများထဲက အဓိပ္ပာယ်ကို သူ မှတ်မိလာခဲ့သညအ။ ထိုအရာက ကဲ့ရဲ့ လှောင်ပြောင်မှုမျိုးပင်။

အား...!

ဖန်းမင်ယန် ပြင်းထန်စွာ ဟောက်ပြီး သူ့မျက်လုံးတွေက သွေးချင်း နီရဲလာသည်။ သူက လုရွှမ်ကို ဒေါသတကြီး စိုက်ကြည့်ကာ

"မင်းတို့အားလုံးက လူကောင်းတွေ မဟုတ်ဘူး.... မင်းတို့မှာ ထူးထူးခြားခြား အရည်အချင်းတွေရှိတိုင်း တခြားသူတွေကို လျစ်လျူရှုနိုင်ကြတယ်ပေါ့လေ? ဒါပေမဲ့ ငါတို့က အမှိုက်တွေ မဟုတ်ဘူးကွ!! ကျိုးရန် ငရဲကို သွားပေတော့"

သူက ဟောက်ပြီး လုရွှမ်ကို လက်ဖဝါးနဲ့ ရိုက်ချလိုက်သည်။ သူ့မျက်လုံးတွေက မှုန်ဝါးနေပြီး လုရွှမ်နေရာမှာ ကျိုးရန်ကို မြင်နေရသည်။ အထူးသဖြင့် လုရွှမ်မျက်နှာပေါ်ရှိ အပြုံးသည် ဖန်းမင်ယန် အမြင်တွင် အဲဒီတုန်းက ကျိုးရန် ပါးစပ်ထောင့်မှ အခါအားလျော်စွာ ပုတ်ခတ်ပြောဆိုရာတွင် ပေါ်လာတတ်သော အပြုံးမျိုး ဖြစ်သည်။

အနှစ်နှစ်ရာကျော် သည်းခံပြီးပြီ။ သူဆက်ပြီး သည်းမခံနိုင်တော့ဘူး။ သူ့နှလုံးသားထဲက အသံတစ်ခုက သူ့နှုတ်ကနေ ထွက်ပေါ်လာစေတဲ့အထိ ဖြစ်လာ၏။

"ဒီနေ့ကစပြီး ငါက ကျိုးရန်ဧကရာဇ် အင်ပါယာရဲ့ ဧကရာဇ်ပဲ.... ကျိုးရန် မဟုတ်ဘဲ ငါ ဖန်းမင်ယန်ပဲ!"

လုရွှမ် အလွန်ကျေနပ်သွားသည်။ သူသည် ကျိုးရန်ရဲ့ လှုပ်ရှားမှုကို တိုက်ရိုက် တုပကာ လက်ကို ဝေ့ယမ်းလိုက်သည်။

"တပည့်မိုက်! မင်းက ငါ့တပည့်ဖြစ်ပြီးတော့ ငါ့စကားကို မနာခံရဲဘူးလား"

ဖန်းမင်ယန်က အကျယ်ကြီး ရယ်မောလိုက်ပြီး

"ကျိုးရန်... မင်းက ဘယ်လို ဆရာမျိုးလဲ? မင်းက ငါ့ကို မင်းရဲ့ တပည့်အဖြစ်ရော မှတ်ယူဖူးလို့လား? ငါ နေ့တိုင်း သုံးကြိမ် သုံးခါလောက် ဦးညွှတ်ပြီး မင်းအတွက် အရင်းအမြစ် မျိုးစုံကို အမြန်ဆုံး ပြင်ဆင်ပေးတယ်.... စကားတစ်ခွန်းတည်းနဲ့ ငါက တောင်တန်းတွေနဲ့ မီးပင်လယ်တွေကို ဖြတ်ကျော်ပြီး လုံးဝ မငြင်းပယ်ခဲ့ဘူး"

"ဒါပေမဲ့.... မင်းက မင်းရဲ့ လျှို့ဝှက်ချက်တွေကို မပြောခဲ့ပါဘူး.... မင်း ငါ့ကို လက်နက်တစ်ခု အနေနဲ့ပဲ ဆက်ဆံတာ... မင်းငါ့ကို တစ်ချိန်လုံး စောင့်ကြပ်နေပြီး ငါ့ကို လုံးဝမယုံခဲ့ဘူး...ဟမ့် အခုတော့ မင်းရဲ့ယုံကြည်မှုကို ငါမလို​တော့ဘူး... သွားသေလိုက်တော့!"

နှလုံးသားမီးသစ်သီး၏ နောက်ဆုံး အပိုင်းလေး လွင့်စင်သွားစဥ် ဖန်းမင်ယန်၏ ခန္ဓာကိုယ်မှ ထွက်လာသော အနက်ရောင် မီးခိုးလုံးကြီးကို ကြည့်ပြီး လုရွှမ် နောက်ဆုံးတွင် အောင်မြင်သွားပြီဟု သိလိုက်သည်။ မဟာသူတော်စင် အဆင့်၅ သခင်တစ်ယောက်ရဲ့ အတွင်းစိတ် ဝိညာဉ်ဆိုးများကို နှိုးဆွနိုင်လိုက်ပြီ။

ဖန်းမင်ယန်၏ အတွင်းစိတ် ဝိညာဉ်ဆိုးသည် သူ၏ဆရာသခင် ဧကရာဇ်ကျိုးရန်ပဲ ဖြစ်​လေသည်။

လုရွှမ် ဘယ်ညာ ရှောင်နေခဲ့သည်။ နောက်ဆုံးတော့ တစ်ဖက်လူဟာ မဟာသူတော်စင် အဆင့် ၅ သခင်ဖြစ်သည်။ အထူးသဖြင့် သူရူးသွားသောအခါတွင် ရူးသွပ်မှုမျိုးက ပရမ်းပတာတွေ တိုက်ခိုက်လာနိုင်တာကြောင့် လုရွှမ် အနည်းငယ် ထိတ်လန့်သွားကာ သူ့အနားမကပ်ဝံ့​တော့ပေ။

သို့သော် ယခုအချိန်တွင် ဖန်းမင်ယန်သည် လုရွှမ်အား သူ့စိတ်ကူးထဲက ဧကရာဇ်ကျိုးရန် အဖြစ် လုံးဝ မှတ်ယူထားပြီး အားကြိုးမာန်တက် တိုက်ခိုက်​နေခဲ့ပြီး သူ့စွမ်းအားကလည်း သူ့တစ်ကိုယ်လုံးကို အလွန် လွှမ်းမိုးထားသည်။

ကျိုးရန်က ဓားရှည်များကို ကျွမ်းကျင်စွာ အသုံးပြုတတ်သူ ဖြစ်သည်။ လုရွှမ် လေပြင်းနိယာမဖြင့် လေထဲမှ ဓားတစ်ချောင်းကို ဖမ်းယူလိုက်ရာ ဓားတန်းများ တောက်ပလာပြီး ဖန်းမင်ယန်ဆီသို့ အားပြင်းပြင်းဖြင့် ခုတ်ပိုင်းပစ်လေသည်။

"ဟားဟား.... မင်း ဒါကို လုပ်ချင်တာကြာပြီ ဟုတ်တယ် မဟုတ်လား? ငါ့ကို ဖျက်ဆီးချင်နေတာ ဟုတ်တယ်မလား? မင်းဘယ်သူလဲဆိုတာ ငါရှင်းရှင်းလင်းလင်း မြင်ပြီးသွားပြီ... သတ်ပစ်မယ် သတ်ပစ်မယ်!"

လုရွှမ်သည် ဖန်းမင်ယန်အား အပြင်ဘက် လမ်းဆီသို့ အသိစိတ်ဖြင့် မျှား​ခေါ်သွားခဲ့သည်။ အပြင်ဘက်တွင် ဓားများ၊ ဓားပျံနှင့် လှံများ ဝဲပျံနေပြီး အတွင်း နတ်ဆိုးစိတ်အတွင်း ပိတ်မိနေသော ဖန်းမင်ယန် အတွက် အကောင်းဆုံး ဖြစ်သည်။

"ဟားဟား.... မင်းမှာလည်း ပြေးရတဲ့ အချိန် ရှိသေးတယ်လား? ရပ်စမ်း!"

ဖန်းမင်ယန်သည် သတိရှိရှိ အစွမ်းပြပြီး ကျယ်လောင်စွာ ကျိန်ဆဲကာ လုရွှမ်နောက်ကို ပြေးလိုက်ရင်း လိုဏ်ဂူအပြင်ဘက်ကို ရောက်သွားခဲ့သည်။

ထက်ရှ သန်မာသော ဓားစွမ်းအင်သည် ဖန်းမင်ယန်ဆီသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ လုရွှမ်ကတော့ လမ်းလွှဲကာ ဖန်းမင်ယန်ဆီသို့ ဦးတည်သွားခဲ့သည်။

ဓားစွမ်းအင်က ဖန်းမင်ယန်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့အခါ ရုတ်တရက် ​ချော်ထွက်သွားပြီး သူ့ခန္ဓာကိုယ် နှစ်ဖက်စလုံးကနေ ဖြတ်သန်းသွားတော့သည်။

"ဟားဟား!" ဖန်းမင်ယန်က အော်ရယ်လိုက်ပြီး

"ကျိုးရန်.... မင်းငါ့ကို ဒီအနက်ရောင် သံအဝတ်ကို ပေးခဲ့တာ မေ့သွားပြီလား?"

လတ်စသတ်တော့ အဲ့လိုကိုး!

လုရွှမ်သည် ဖန်းမင်ယန်နှင့် တူဖြစ်သူတို့ နတ်တောင်တန်းပေါ် ဝင်ပြီးနောက် လျင်မြန်စွာ တက်လာခဲ့နိုင်တာကို ဘာကြောင့်လဲဟု သံသယ ဖြစ်မိဖူးသည်။ အကြောင်းမှာ အနက်ရောင်သံအဝတ်ငည် ဓားစွမ်းအင် အားလုံးကို အလိုအလျောက် ရှောင်ရှားနိုင်ခဲ့လို့သာ ဖြစ်သည်။

တခြားဘာလုပ်ရတော့မလဲ? အဲဒါကို အရင် ခွဲထုတ်ကြည့်ရတာပေါ့။

"ဟမ့်.... ငါမင်းကို အနက်ရောင်သံအဝတ်ကို ပေးခဲ့တယ် ဆိုမှတော့ ငါပြန်ယူနိုင်ရမှာပေါ့"

လုရွှမ်က ဓားရှည်တစ်လတ်ကို လွင့်ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်က လေထဲ လွင့်ပျံလျက် ဓားရှည်၏ ပြေးလွှားသံတွေကို တချွင်းချွင်း ကြားနေရသည်။ ထို့နောက် ဓားရှည်သည် ဖန်းမင်ယန် ခန္ဓာကိုယ်ကို လျင်မြန်စွာ ဖြတ်တောက်သွားခဲ့သည်။

အနက်ရောင်သံအဝတ်က ကျိုးရန် ကိုယ်တိုင် ဖန်တီးထားတာ ဖြစ်နိုင်သည်။ ဓားသိုင်းပညာတွင် ကျိုးရန်က ပြီးပြည့်စုံသော ပါရမီရှင်တစ်ဦးဖြစ်သော်လည်း လက်နက် သန့်စင်ခြင်း ပညာရပ်မှာတော့ သူ့ရဲ့ နောက်မှာကျန်နေခဲ့​သေးသည်။

မိုးနတ်ဘုရားဓားသည် အေးအေးဆေးဆေး လွင့်ထွက်လျက် ဓားရည်ရွယ်ချက် ပေါင်းစည်းကာ ဓားပေါင်းများစွာ အဖြစ် ကွဲထွက်သွားသည်။

ယခုအချိန်တွင် ဖန်းမင်ယန်သည် သူ့အသိစိတ်များ ပျောက်ဆုံးသွားကာ သူ့လှုပ်ရှားမှုများက ဖရိုဖရဲ စည်းမဲ့ကမ်းမဲ့ ဖြစ်နေသည်။ လုရွှမ်သည် သူ၏လူသတ်လိုသည့် ရည်ရွယ်ချက်ကို ထိန်းထားနိုင်ခဲ့ပြီး ဖန်းမင်ယန်၏ လူသတ်လိုသော ဆန္ဒကိုလည်း မလှုံ့ဆော်နိုင်ခဲ့ပေ။

ခွမ်းကနဲ အသံနဲ့အတူ အနက်ရောင်သံအဝတ်ပေါ်က အခင်းအကျင်း ဖွဲ့စည်းမှုသည် လျော့ရဲသွားပြီး သာမန်သံအဖြစ်သို့ ပြောင်းလဲသွားသည်။ ဟုတ်ပါတယ် မကြာ​သေးခင်ကမှ လုရွှမ် ထိုအခင်းအကျင်းကို တွေ့ရှိပြီး အနက်ရောင်သံအဝတ်ကို ဖျက်ဆီးပစ်လိုက်တာပဲ ဖြစ်သည်။

ဖန်းမင်ယန် အံ့အားသင့်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်က အနက်ရောင် သံအဝတ် စုတ်ပြဲသွားတာကို ခံစားလိုက်ရသည်။ သူက ဒေါသတကြီး အော်လိုက်၏။

"ဟမ့်... မင်းလိုချင်ရင် ပြန်ယူသွားလိုက်! မင်းရဲ့ပစ္စည်းတွေကို ငါဂရုစိုက်တယ်လို့များ ထင်နေလား?"

သူက အနက်ရောင် သံအဝတ်ကို လုရွှမ်ဆီ ပေါ့ပေါ့ဆဆ ပစ်​ပေးလိုက်သည်။

လုရွှမ် ဂုဏ်ယူမိသော်လည်း နှလုံးသားမီးသစ်သီး၏ လုံးလုံး ပျောက်ကွယ်သွားသည့်အတွက် အနည်းငယ် ဝမ်းနည်းမိသည်။ မဟုတ်ပါက ဖန်းမင်ယန်လို လူမျိုးက အနာဂတ်တွင် ရန်သူများကို တိုက်ခိုက်ရန် အကောင်းဆုံး လက်နက် ဖြစ်လာမှာ သေချာပါသည်။

လုရွှမ်သည် ဖန်းမင်ယန်၏ ပျော့ညံ့သော စိတ်ဆန္ဒကြောင့် ယခုတစ်ကြိမ်တွင် တစ်ရှိန်ထိုး အောင်မြင်မှု ရနိုင်ခဲ့တာကို သိထားသည်။ တခြားသူသာ ဖြစ်​​နေခဲ့ရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။

ဓားရောင်ဝါ၊ လှံစွမ်းအားနှင့် ဓားသွားများသည် ဖန်းမင်ယန်ကို တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်ခဲ့ကြသည်။ လုရွှမ်သည် ဖန်းမင်ယန်ရဲ့ လမ်းကြောင်းကို တိုက်ရိုက် ပိတ်ဆို့ခဲ့ပြီး ဖန်းမင်ယန်အား သူ့ရဲ့ဓားစွမ်းအင်၊ လှံစွမ်းအားတို့ကို ယှဉ်ပြိုင်စေခဲ့သည်။

ဤအခိုက်အတန့်တွင် သူ့စိတ်ထဲတွင် လူသုံးဦးသည် စိတ်ကူးယဉ် သခင်များအဖြစ်သို့ ပြောင်းလဲသွားသည်။

"ကျိုးရန်.. မင်းဘယ်ကိုပြေးနေတာလဲ"

"လုရွှမ်.... မင်းက အရူးဧကရာဇ် ခွမ်ကျွင်း မဟုတ်ဘူးလား? အခု မင်းကြောက်နေပြီလား"

"မိစ္ဆာဧကရာဇ်... ဒီနေ့ မင်းကို ငါ့လက်သီးအောက်မှာ သေစေရမယ်"

"ယွီရှန်..... မင်းကို ကိုယ့်ရဲ့မိန်းကလေး ဖြစ်စေချင်တယ်"

လုရွှမ် သူ့စိတ်ထဲတွင် လူသတ်နေတဲ့ ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။

All Chapters