ခုန်ချ
Vol. 56 Ch. 4.350
"ဒါကို တားလို့ မရဘူး"
လုရွှမ်က ဆိုလိုက်သည်။ စိုးရိမ်ခြင်းမဲ့ ပင်လယ် အလယ်ရှိ ကျွန်းငယ်လေးသို့ လာရာလမ်းတွင် သူနှင့် ကျားဖြူလေးတို့ နတ်ဆိုးမျိုးနွယ်စုများ၏ များပြားလွန်းသော တန်ခိုးကို မြင်တွေ့ခဲ့ရပြီး ကောင်းကင်ဘုံသခင် ဟုခေါ်သော လူတစ်ဦးထက်မက ရှိနေသည်။ ထိုသူတော်စင် သားရဲများ၊ ထိပ်တန်း သူတော်စင် သားရဲများ သာမက ပို၍ကြီးမြတ်သော မဟာသူတော်စင်များလည်း ရှိသေးသည်။
သူတို့လူသား မျိုးနွယ်ရဲ့ လက်ရှိခွန်အားကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ?
ဖန်းမင်ယန် ဒီနေရာက အရာအားလုံးကို မသိနိုင်ဘူးဟု ထင်ရသော်လည်း ဒီနေရာကြီးကို ဖျက်စီးဖို့ ဖန်းမင်ယန် မဆိုင်းမတွ ပြုလုပ်ခဲ့သည်။ တိမ်ပင်လယ်နယ်မြေထံမှ အရာအားလုံးကို ရယူရန် ဂရုမစိုက်ကြောင်း ပြောခဲ့ခြင်းက လုံးဝမှားယွင်းပါသည်။
ဒီကမ္ဘာကြီး ပြင်းပြင်းထန်ထန် ပြောင်းလဲသွားရင် ရန်ပွဲ စစ်ပွဲမီးလျှံထဲမှာ လူပေါင်းများစွာ သေဆုံးကြလိမ့်မည်။ အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာကြီး တစ်ခုလုံးကို ကြည့်လိုက်တော့ အသိအကျွမ်းတွေ သိပ်မရှိတော့ဘဲ ဒီကမ္ဘာကြီးကနေ ထွက်ခွာသွားခဲ့ရတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်သွားနိုင်သည်။
လောလောဆယ် ဒီမဟာသူတော်စင် အုပ်စုကြီးကို ပြန်သုံး၍မရတော့ပေ။ သူတို့အစွမ်းအစနဲ့ သူတော်စင် သားရဲတွေကို ဖမ်းပြီး ထိန်းချုပ်ချင်နေသေးတယ်တဲ့လား။ သားရဲ သစ္စာ ပြန်မဖောက်သွားရင်တောင် ကံကောင်းနေပြီ။
ဒါပေမဲ့လည်း ဒီလူတွေကို ဒီမှာပဲ သေခွင့်ပြုလိုက်မယ် ဆိုရင် အနာဂတ်မှာ လူသားမျိုးနွယ် တစ်ခုလုံးရဲ့ မျှော်လင့်ချက်ဟာ လုံးဝ ပျက်စီးသွားနိုင်သည်။
"အကြီးအကဲ?"
ဟယ့်မင်ဖုန်းက မျက်နှာပေါ်တွင် စိုးရိမ်သောက ရောက်နေသော အသံဖြင့် ခေါ်လိုက်ရင်း လုရွှမ်ကို ဘေးသို့ ဆွဲထုတ်လိုက်ပြီး
"အကြီးအကဲ... အဆင်ပြေရဲ့လား? ခုနက အကြီးအကဲရဲ့ ခန္ဓာကိုယ်ပေါ်မှာ လူသတ်ချင်နေတဲ့ အငွေ့အသက်တွေကို ခံစားမိတယ်"
လုရွှမ် လူရှစ်ယောက်ကို ကြည့်လိုက်သော် သူတို့အားလုံး တောင်နံရံရှေ့တွင် စုပြုံနေကြတာကို မြင်လိုက်ရပြီး ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်နေကြသည်။
"ထားလိုက်တော့... ဘာမှမဟုတ်ဘူး ငါခဏလေး စိတ်လွတ်သွားသလို ခံစားလိုက်ရလို့ပါ... အခု အရေးအကြီးဆုံးက မင်းတို့ ဒီကနေ အရင်ထွက်ဖို့ပဲ"
"ကျွန်တော်တို့?... ဒါဆို အကြီးအကဲကရော?"
လုရွှမ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး
"ကောင်းကင်ဘုံ သခင်နှစ်ယောက်နဲ့ စကား သွားပြောလိုက်ဦးမယ်"
ဟယ့်မင်ဖုန်း စကားမပြောနိုင်ဘဲ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။ ကောင်းကင်ဘုံသခင် ရှိကြောင်း အကြီးအကဲက ပြောသောကြောင့် ဒီနေရာမှာ ကောင်းကင်ဘုံသခင် ရှိရမည်။ ထိုကောင်းကင်ဘုံသခင်သည် လူသားမျိုးနွယ်က ကောင်းကင်ဘုံသခင် မဟုတ်မှန်း သိသာသော ကောင်းကင်ဘုံသခင် ဖြစ်သည်။
လုရွှမ် သူ့လက်ထဲက ဓားစွမ်းအင်ကို တွန်းထုတ်လိုက်ပြီး ဝင်လာသော ဓားစွမ်းအင်ကို ဖြိုခွဲလိုက်သည်။ သူသည် ထိတ်လန့်နေသော သူတော်စင်များကို ကြည့်ကာ
"ငါ မင်းတို့ကို အခု လွှတ်ပေးလိုက်မယ်.... မင်းတို့ပြန်သွားတဲ့အခါ မင်းတို့ရဲ့ ခွန်အားကို စုစည်းလိုက်ပါ... လူတစ်သောင်းကိုလည်း မကြောက်ပါနဲ့... ဘာဖြစ်မ လဲဆိုတာကို မကြောက်နဲ့... တိုက်ပွဲအတွက်ပဲ ပြင်ဆင်ထားကြ"
"ထပ်ပြောစရာ ဘာမှမလိုဘူး... အားလုံး ငါ့နောက်က လိုက်ခဲ့ကြ"
လုရွှမ် ပြောလိုက်သည်။
အခင်းအကျင်းတစ်ခု ဖန်တီးလိုက်ပြီး လူရှစ်ယောက်ကို ဖုံးအုပ်ပစ်လိုက်သည်။ မိုးနတ်ဘုရား ဓားကိုင်ထားသော လုရွှမ်သည် မိုးနတ်မင်းကြီး၏ ရှေ့တွင် တစ်ယောက်တည်း ရပ်နေသကဲ့သို့ပင်။
လုရွှမ်၏ ဦးဆောင်မှုအောက်တွင် လူတစ်စုမှာ တုန်လှုပ်သွားသော်လည်း တောင်ပေါ်မှ အမြန်ပြေးဆင်းသွားကြသေးသည်။
နတ်တောင်တန်း၏ တုန်ခါမှုသည် ပို၍ပြင်းထန်လာကာ အောက်ဖက်တွင် မှော်ဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သော တောက်ပမှုတို့က အလင်းရောင် ငါးရောင် အဖြစ် ထွန်းလင်းတောက်ပလာခဲ့သည်။ လုရွှမ်သည် ခဏတာ မှိန်းမောသွားရာ ဒီနေရာတွင် နေခဲ့ချင်ပြီး မထွက်သွားချင်တဲ့ ဆန္ဒတွေ ပေါ်လာခဲ့သည်။
ဒါပေမဲ မကြာခင်မှာပဲ သူ့စိတ်တွေ နိုးထလာပြီး ဆူညံတဲ့ ညည်းညူသံနဲ့အတူ လူတိုင်းကို သတိပေးရင်း အောက်ကို အပြေးအလွှား ဆင်းသွားခဲ့သည်။
"အကြီးအကဲ.... နတ်တောင်တန်းက ပျံသန်းနေပြီ"
ရုတ်တရက် သူတို့ ခြေဖဝါးအောက်မှာ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ကြီးမားလှတဲ့ အင်အားတစ်ခုက သူတို့ကို အပေါ်ကို ထောက်မသွားသလို ပင့်တက်သွားတာကြောင့် လျန့်ထျန်းယင်က အလျင်အမြန် အော်ဟစ်လိုက်သည်။
"ခုန်ချ!" လုရွှမ် အော်လိုက်၏။
ဟယ့်မင်ဖုန်းသည် လုရွှမ်၏ စကားများအပေါ် လုံးဝ သံသယ မရှိဘဲ ပထမဦးဆုံး ခုန်ဆင်းသွားခဲ့သည်။ လင်ထျန်းဖောင့် နှင့် ယွမ်ဖေးရှန်းတို့သည်လည်း လျင်မြန်စွာ ခုန်ဆင်းသွားကြသည်။ လုရွှမ်ရဲ့ ဦးဆောင်မှုနောက်တွင် သုံးယောက်သား ဓားနှင့် မီးပင်လယ်ကြီးအောက်ကို လုရွှမ်က ခုန်ဆင်းခိုင်းလျှင်ပင် မဆိုင်းမတွ ခုန်ဆင်းကြတော့မည့် ပုံပင်။
တခြားသူတွေကတော့ အကြာကြီး တုံ့ဆိုင်းသွားခဲ့သည်။
"အကြီးအကဲ.. ကျွန်တော်တို့ဒီမှာ လုံးဝ မပျံနိုင်ဘူးလေ... အတင်း ခုန်ချလိုက်ရင်.... "
လုရွှန်သည် သူတို့ကို အာရုံစိုက်ရန် အလွန်ပျင်းနေပြီး လျန့်ထျန်းယင်ကို တစ်ချက် ငုံ့ကြည့်ကာ တိုက်ရိုက် ခုန်ဆင်းသွားလိုက်သည်။
ကျန်လူနှစ်ယောက်မှာ တင်းမာသော အမူအရာများ ရှိနေကြပြီး တစ်ယောက်က ရုတ်တရက် သွားများကြိတ်ကာ ခုန်ဆင်းသွား၏။ အဆိုပါ စကားပြောသောလူက လျင်မြန်စွာ လိုက်ချင်သော်လည်း ကြီးမားသော ဓားစွမ်းအင်က ဖြတ်သန်းသွားလေရာ သူ့ခေါင်းနဲ့ ခန္ဓာကိုယ်ဟာ လေထဲ တိုက်ရိုက် ပျံသန်းသွားကာ နှစ်ပိုင်း ပြတ်သွားတော့သည်။
အော်ဟစ်သံက ကောင်းကင်အထိ ထိုးဖောက်သွားပြီး ခန္ဓာကိုယ် အစိတ်အပိုင်း နှစ်ပိုင်း ပြုတ်ကျကာ ငြိမ်သက်စွာ သေဆုံးသွားခဲ့လေသည်။
လုရွှမ် လေထုကို ခြေထောက်ဖြင့် နင်းဖြတ်ရင်း ဟယ့်မင်ဖုန်း နှင့် လင်ထျန်းဖောင့်တို့ဆီသို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် သူ့လူများ ဖြစ်သဖြင့် သူ့လူများကို ဦးစွာ ဂရုစိုက်ရမည်။ ကြိုးတစ်ချောင်းက ပျံထွက်သွားပြီး လူသုံးယောက်ကို ချည်နှောင်လိုက်သည်။ နောက်တစ်ချောင်းက လျန့်ထျန်းယင်ကို ရစ်ပတ်ကာ လူတိုင်းကိုလည်း ချည်နှောင်လိုက်၏။
လူခုနစ်ယောက် လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ သူ့ခန္ဓာကိုယ်က လေထဲမှာ တဖျပ်ဖျပ် ခတ်လျက်။ လူတိုင်းကို သယ်ဆောင်သွားသည့် ထိုသူရဲကောင်းဆန်သော အသွင်အပြင်သည် သူတို့ နှလုံးသားထဲတွင် အချိန်အတော်ကြာအောင် ရေးထွင်းထားပေတော့မည်။
"ဟိုမှာကြည့်!" လျန့်ထျန်းယင်၏ အသံပင်။
နတ်တောင်တန်း ခြေရင်းမှ အောက်ဘက်သို့ အလင်းရောင် ငါးရောင် ဖြာကျနေသော အလင်းရောင်ကို မြင်လိုက်ရသဖြင့် လူတိုင်းလည်း သူတို့ခေါင်းကို အလျင်အမြန် လှည့်ကြည့်လိုက်ရာ သူတော်စင်သားရဲ တစ်ကောင်စီသည် ချက်ချင်းပင် သွေးဘောလုံးတစ်လုံး အဖြစ်သို့ ပြောင်းလဲသွားပြီး ငါးရောင်ခြည် အလင်းတန်းထဲသို့ ပျံသန်းသွားကြသည်။
အလင်းတန်းက အရောင်ငါးရောင် အဖြစ် ပတ်၀န်းကျင်ကို လွှမ်းခြုံထားသည်။
"ဒါက ဒြပ်စင်ငါးပါးရဲ့ နတ်အလင်း ရောင်ဝါပဲ.... အဲဒါနဲ့ ဖုံးလွှမ်းခံလိုက်ရင် ကောင်းကင်ဘုံရှင်သခင် တောင်မှ မတားနိုင်တော့ဘူး လူတိုင်း ကြိုးကိုသေချာ ကိုင်ထား!!"
လုရွှမ် အော်လိုက်၏။
လက်ရှိ အခိုက်အတန့်တွင် လူတိုင်းက ထိတ်လန့်နေကြပါပြီ။ တစ်ခါမှ မမြင်ဖူးသော အံ့ဖွယ်အမြောက်အမြားကို ဒီနေရာမှာ တွေ့နေရပြီ ဖြစ်သည်။ သို့သော် မဟာသူတော်စင်များ နယ်ပယ်တွင် ရှိနှင့်ပြီးသော သူတို့တောင် ဒီလောက် အားနည်းနေသေးတာပဲ ဆိုတာကို မိမိဘာသာ ပထမဆုံးအကြိမ် တွေ့လိုက်ရခြင်း ဖြစ်၏။
လုရွှမ် ခြေဖဝါးအောက်ရှိ လေထုသည် တဆက်တည်း ဆက်စပ်နေပြီး လေပြေ လေညင်းများပေါ်တွင် လေထုနိယာမများက အဆက်မပြတ် စီးဆင်းလျက် ရှိသည်။ လုရွှမ်သည် ပြင်းထန်သော လေပြင်းနှင့်အတူ အောက်ဘက်သို့ တဟုန်ထိုး ကျနေသော လူများကို ကြိုးဖြင့် တင်းတင်းကြပ်ကြပ် ဆွဲထားသည်။
ရောင်စုံ နတ်အလင်းရောင်ဝါက ဆက်လတ် ပျံ့နှံ့သွားကာ ပြင်းထန်သော ဓားသွားလိုသော ဆန္ဒသည် လုရွှမ်၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပွင့်ထွက်သွားသည်။ နတ်အလင်းရောင်ဝါရဲ့ စွမ်းအင်ကို လုရွှမ်မှ ခုခံလိုက်သည်။
ဝုန်း!
အစွန်းနှစ်ဖက်ရှိ သူစိမ်းများသည် စိတ်ဆင်းရဲစွာ အော်ဟစ်ကာ အသွေးအသား အဖြစ် ပြောင်းလဲသွားတဲ့အထိ နတ်အလင်းရောင်ဝါ ငါးရောင်ဆီမှ သုတ်သင်ခံခဲ့ရသည်။ လုရွှမ်နှင့် သူ့အဖွဲ့သည် ကပ်သီကလေး လွတ်မြောက်ခဲ့ပြီး မြေကြီးပေါ် ဆင်းသက်နိုင်ခဲ့သည်။
"မင်းတို့တွေ မြန်မြန်လုပ်ကြ.... မကြာခင်မှာ တောထဲက သူတော်စင် သားရဲတွေ ပြေးထွက်လာတော့မယ်လို့ ငါထင်တယ်... မင်းတို့ အဲဒါတွေနဲ့ တွေ့ရင် အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်"
လုရွှမ်က အော်လိုက်သည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူအများအပြားသည် လျင်မြန်စွာ ခုန်ထလာပြီး လုရွှမ် နောက်တွင် တလေးတစား ရပ်နေခဲ့ကြသည်။ လုရွှမ်ရဲ့ စွမ်းအားကို ယခုလေးတင် စေ့စေ့စပ်စပ် မြင်ဖူးပြီးပြီမို့ သူတို့ဆိုတာ နောက်ကျ ကျန်နေသေးကြောင်း သိခဲ့ရသည်။
အရင်တုန်းကတော့ လုရွှမ်ဟာ အကြီးအကဲ ဖြစ်ပေမဲ့ ကျင့်ကြံမှုက နိမ့်တာကြောင့် သူ့ကို တည်ငြိမ်အောင် ထိန်းထားနိုင်မယ်လို့ တွေးမိခဲ့သည်။ သို့သော် ယခုမြင်ကွင်းသည် နောက်ဆုံးတွင် ဤလူအနည်းငယ်ကို နိုးကြား လာစေခဲ့သည်။
နှစ်ပေါင်း ရာနှင့်ချီပြီးနောက် လုရွှမ်သည် သူတော်စင် အဆင့်၁ ဖြစ်နေသေးပေမယ့် သူတို့ကို ညှဉ်းပန်းသွားရန် အလွန်လွယ်ကူလှသည်။
သူ့မှာ နာမည်ကောင်းရှိပြီး လူအများက သူ့ကို လေးစားကြပေမယ့် သူ့ကို ခပ်ဝေးဝေးမှာ ထားလိုက်ရုံဟု တွေးခဲ့မိသည်။ အခု တစ်ဖက်လူရဲ့ အစွမ်းက သူတို့ထက် သာလွန်ပြီး သတ်ဖြတ်နိုင်တဲ့ နတ်ဘုရား ဖြစ်နေဆဲပါပဲ။
လက်ရှိ အခိုက်မှာ ဘယ်သူကမှ မောက်မာစွာ မပြုဝံ့ကြတော့ဘူး။
"မင်ဖုန်း.... မင်း သူတို့ကို အရင် ခေါ်ထုတ်သွားလိုက်.. နောက်ကို လုံးဝ လှည့်မကြည့်နဲ့ ပြန်သွားတဲ့အခါကျရင် ဖန်းမင်ယန်ကို အထူး သတိထားပါ..."
ဟယ့်မင်ဖုန်း အနည်းငယ် ထိတ်လန့်သွားသည်။ သူက ဖန်းမင်ယန်ကို ဘာလို့များ သတိထားခိုင်းတာလဲလို့ ထပ်မေးချင်သေးသော်လည်း လုရွှမ်က ပျံသန်းသွားခဲ့ပြီ။ အစက လုရွှမ်ကို ဖမ်းချင်ခဲ့သော မဟာသူတော်စင်ကြီး များစွာသည် ဟယ့်မင်ဖုန်းကို လျင်မြန်စွာ ရပ်တားလိုက်သည်။
"ကျောင်းအုပ်ကြီးဟယ့်... အကြီးအကဲလုရွှမ် ပြောတာကို လိုက်နာရင် ပိုကောင်းမယ် ထင်တယ် ငါတို့ အမီလိုက်နိုင်ရင်တောင်မှ အကြီးအကဲလုရွှမ်ကို တကယ် ကူညီနိုင်ပါ့မလား?"