← Chapters

အချက်သုံးချက်

Vol. 56 Ch. 4.351

အချက်သုံးချက်

Vol. 56 Ch. 4.351

ရက်အနည်းငယ် ကြာသောအခါ သခင်ကျားဖြူတို့ဆီ ရောက်လာခဲ့သည်။

"ငါတို့ ချိန်းထားတဲ့ နေရာကို သွားကြစို့... သူတို့ မင်းကို တွေ့ချင်​နေတယ်"

နတ်သမီးကျား​ဖြူက သခင်ကျားဖြူကို စကားအနည်းငယ် ပြောလိုက်သည်။ သခင်ကျားဖြူသည် လုရွှမ်ကို နူးညံ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။

"အရူးဧကရာဇ်.... မင်း အများကြီး ပြောင်းလဲသွားပြီပဲ ဒါပေမဲ့ မင်းက အရူးဧကရာဇ် ဖြစ်နေတုန်းပဲ.... သူတို့က မင်းကို သိပ်မယုံဘူး ဆိုတော့ မင်းကို စမ်းသပ်လာနိုင်တယ်"

စုဝေးရာနေရာသည် နတ်တောင်တန်း ပျောက်ကွယ်သွားသည့် နေရာမှာ အတိအကျဖြစ်ပြီး ထိုနေရာတွင် ကြီးမားသော ချိုင့်ဝှမ်းတစ်ခု ဖြစ်ပေါ်လာသည်။ နတ်တောင်တန်းဟာ တစ်ချိန်က ဒီနေရာမှာ အမြစ်တွယ်ခဲ့သောကြောင့် ဖြစ်နိုင်သည်။ ဤနေရာ၌ ဝိညာဉ်စွမ်းအင်သည် တခြားနေရာများထက် များစွာပို၍ ကြွယ်ဝပြီး အနီးတဝိုက်တွင် သေးငယ်သော နိယာမစွမ်းအင်လှိုင်းများ ပြန့်ကျဲနေသောကြောင့် ၎င်းကို အထူးမှော်ဆန်သည့်ပုံ ပေါက်စေသည်။

သူသည် နတ်ဆိုးမျိုးနွယ်၏ စွမ်းအားကို လွန်ကဲစွာ တွက်ဆထား​​ပြီးသား ဖြစ်သော်လည်း လုရွှမ် ဤကောင်းကင်ဘုံသခင် သားရဲများကို မြင်သောအခါ အံ့အားသင့်နေဆဲ ဖြစ်သည်။

သခင်ကျားဖြူနှင့် နတ်သမီး ကျားဖြူတို့အပြင် ကောင်းကင်ဘုံသခင်များ ဖြစ်ကြသော အခြား ခုနစ်ယောက်လည်း ရှိသေးသည်။ သူတို့ ထုတ်လွှတ်နေသော အရှိန်အဝါ အစွမ်းသတ္တိများသည် လူသားမျိုးနွယ်ကို တိုက်ရိုက် လွှမ်းမိုးနိုင်သည်။

"သူတို့က မင်းနဲ့ မျိုးဆက်တူတော့ မဟုတ်ဘူး... မင်း မြွေကြီးကိုတော့ မှတ်မိမှာပါ... ကျန်တဲ့သူတွေ အားလုံးက နောက်မျိုးဆက် အငယ်တန်းတွေပဲ"

လုရွှမ်ရဲ့ အံ့သြသွားမှုကို တွေ့လိုက်ရတော့ သခင်ကျားဖြူက ဆိုလိုက်သည်။ သူက ကစားပွဲအတွက် ဂုဏ်ယူမဆုံးပေမယ့် လုရွှမ်ကိုလည်း အားပေးစကား အနည်းငယ် ပြောသည်။ ရှောင်ပိုင်ရဲ့ မျှော်လင့်ချက်က လုရွှမ်အပေါ်မှာ တွယ်ကပ်နေပြီလေ။

လုရွှမ် 'အင်း'ဟု အသံပြုလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

ဧကန်စင်စစ် လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာခန့်က ဧကရာဇ်ငါးပါးနှင့် သခင်တစ်ဆူကြား တိုက်ပွဲအပြီးတွင် တိမ်ပင်လယ် ကမ္ဘာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ စိုးရိမ်ခြင်းမဲ့ ပင်လယ်သည် နတ်တောင်တန်းနှင့် နီးကပ်နေပြီး ပြည့်စုံသောဥပဒေသများနှင့် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ ပါရှိသော်လည်း ကောင်းကင်ဘုံသခင် ဖြစ်လာဖို့က ပိုလွယ်၏။ ဒါကလည်း ကျိုးရန် ဒီမှာ အမြဲနေထိုင်ရတဲ့ အကြောင်းရင်း တစ်ခုလည်း ဖြစ်သည်။

သခင်ကျားဖြူက အိမ်ရှင်ဖြစ်ပြီး ထူးထူးခြားခြား အဆင့်အတန်း ရှိသည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်ကတည်းက ကောင်းကင်ဘုံရှင်သခင် ဖြစ်ခဲ့ပြီး ကျားဖြူ နတ်သားရဲမျိုးရိုး၏ သွေးရင်းသားရင်း ဖြစ်သည်။ သူသည် မြင့်မားသော အရည်အချင်း၊ လုပ်ရည်ကိုင်ရည်နှင့် ပို၍ပင် အစွမ်းထက်သော ခွန်အားများ ရှိသည်။

သခင်ကျားဖြူကို မြင်တော့ ကောင်းကင်ဘုံသခင် ခုနစ်ပါးက ခေါင်းညိတ်ကာ နှုတ်ဆက် စကားများ ဖလှယ်ကြသည်။ တစ်ချိန်တည်းမှာပဲ လုရွှမ်ကို ထိုးနှက်ချင်တဲ့စိတ်နဲ့ တစ်ယောက်ပြီး တစ်ယောက် စိုက်ကြည့်နေကြ၏။

နတ်ဆိုးမျိုးရိုး အစစ်အမှန်တွေပဲလို့ စိတ်ထဲတွင် ရယ်မောရင်း လုရွှမ်ကလည်း လူ​ကြီးမင်းမြွေကို နှုတ်ဆက်လိုက်သည်။ ဤလူများကြားတွင် သူသည် အမှန်ပင် မြွေမှ အသိအမှတ် ပြုခံရသော တစ်ဦးတည်းသော သူဖြစ်သည်။

မြွေကြီး၏ မျက်လုံးများက ပြူးကျယ်သွားကာ လုရွှမ်အား အကြာကြီး စိုက်ကြည့်ပြီးမှ နောက်ဆုံးတွင် ပြောလာ၏။

"အရူးဧကရာဇ်.... တကယ်ပဲ မင်းကိုး.. တကယ် လူဝင်စားပြီး ပြန်ပေါ်လာပြီပေါ့?"

အရင်ဘဝတုန်းကတော့ ဧကရာဇ်ငါးပါးနဲ့ သခင်တစ်ဆူထဲမှာ ဘယ်သူက တန်ခိုးအကြီးဆုံးလဲလို့ မေးရင် နတ်ဆိုးဧကရာဇ်က အကျော်ကြားဆုံး ဖြစ်ပေမဲ့ လုရွှမ်က အသန်မာဆုံးလို့ လူတွေက ဝန်ခံကြလိမ့်မည်။

လုရွှမ်၏ မူလအာဏာနှင့် ပတ်သက်၍ နတ်ဆိုဧကရာဇ်၏ ညီအစ်ကို အဖြစ် ကျမ်းသစ္စာကျိန်ဆိုထားတဲ့ မြွေကြီးက အနက်ရှိုင်းဆုံး နားလည်မှုရှိသည်။

"မြွေအိုကြီး... ငါ မင်းကို မတွေ့ရတာ နှစ်သုံးရာရှိပြီ... ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံမှုကတော့ အများကြီး မတိုးတက်သေးဘူးပဲ"

မြွေအိုကြီးကလည်း အော်ဟစ်ပြီး

"ဒါက အရူးဧကရာဇ်ထက်တော့ အများကြီး ပိုကောင်းပါတယ်"

တခြား သားရဲတွေမှာ မထိန်းနိုင်ဘဲ တဟားဟား အော်ရယ်လိုက်သည်။

လုရွှမ် ရုတ်​တရက်​ ညည်းညူရင်း သူ့ခန္ဓာကိုယ်​သည်​ ချက်​ချင်းပင်​ ဓားအိတ်မပါတဲ့ ဓားတစ်​လတ် အဖြစ်​သို့​ ပြောင်းသွားကာ ဓားအစွမ်းက ပတ်ဝန်းကျင်ကို ထိတ်​လန့်​သွား​စေသည်​။

ကောင်းကင်မှ မိုးခြိမ်းသံ ရုတ်တရက် ထွက်ပေါ်လာစဥ် လုရွှမ် မိုးနတ်ဘုရား ဓားကို ရှောင်တခင် ဆွဲထုတ်လိုက်သည်။ ဓားစွမ်းအင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး မိုးခြိမ်းသံနှင့် ဆက်စပ်နေသကဲ့သို့ အသံဗလံများ ထုတ်လွှတ်နေ၏။

ဟောက်သံတစ်ခု ထွက်ပေါ်လာပြီးနောက် လျှပ်စီးကြောင်း တစ်ချက် လင်းလက်သွားခဲ့သည်။

လုရွှမ်၏ ခန္ဓာကိုယ်သည် မလှုပ်မရှား မတ်တပ်ရပ်နေသော်လည်း အကြောင်း တစ်ခုခုကြောင့် လူတိုင်း၏ စိတ်ထဲတွင် သူဟာ လျှပ်စီးကြောင်းတွေနဲ့အတူ ကောင်းကင်တွင် ဝဲပျံနေသလိုပင်။

လျှပ်စီးကြောင်းက လုရွှမ် လက်ထဲက မိုးနတ်ဘုရားဓားပေါ်တွင် လက်သွားခဲ့သည်။ လျှပ်စစ်မီးကြောင်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်၍ မိုးနတ်ဘုရားဓား၏ ဓား​ရောင်ဝါသည် လေထုကို ထိတ်လန့် တုန်လှုပ်သွားစေ၏။ လုရွှမ် ဓားအိမ်ထဲက ပြေးထွက်လာတော့မယ့် ဓားရှည်တစ်လက် အဖြစ်သို့ ပြောင်းလဲသွားကာ အချိန်မရွေး ဓားရည်ရွယ်ချက်ကို ထုတ်တော့မည့်ပုံပေါ်သည်။

သူတို့သည် ထိုဓားကို ဖမ်းနိုင်မည်ဟု ယုံကြည်ကြသည်။ လုရွှမ်က ပထမအဆင့်တွင်ရှိ သူတော်စင်သာ ဖြစ်သည်။ ပထမအဆင့်။ သို့သော် သူ့မှာ ကောင်းကင်ဘုံသခင် မျက်ရည်ကျအောင် ပြုလုပ်ရန် ခွန်အားရှိနေပြီ ဖြစ်သောကြောင့် အနာဂတ်မှာ ဘာဖြစ်လာမလဲ မပြောနိုင်ပေ။

အရင်ဘဝတုန်းက အရူးဧကရာဇ် မကျော်ကြားခင်မှာ လူတွေ အကြောက်ဆုံးအရာက ဘာလဲ? သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ဒီလိုဇွဲလုံ့လနဲ့ ဝီရိယတွေက ဒီသက်ကြီးရွယ်အို တော်တော်များများ ရှက်ရမယ့်အရာပါပဲ။

"ဟာဟားဟား!"

သခင်ကျားဖြူက အိမ်ရှင်မို့ သဘာဝအတိုင်းပဲ သူက ငြိမ်းချမ်းရေးကို ဖန်တီးရမည့်သူ ဖြစ်လေသည်။ သူက ပြုံးပြီး ပြောလာ၏။

"ကောင်းပါပြီ အားလုံးက နောက်ပြောင်နေကြတာပါ... သဘောထား ကွဲလွဲနေဖို့အတွက် ဓားကို ဘာလို့ သုံး​နေမှာလဲ?"

လုရွှမ်လည်း ရယ်မောလိုက်သည်။ ပါးစပ်ကို ဖွင့်ကာ အသက်ပြင်းပြင်း ရှူရင်း မိုးနတ်ဘုရားဓားမှ လျှပ်စီးကြောင်းအားလုံး သူ့ပါးစပ်ထဲ စုပ်ယူလိုက်သည်။ လုရွှမ်၏ ခန္ဓာကိုယ်သည် တောက်လောင်နေသော မီးတောက်လို ခံစားရသော်လည်း ခါတိုင်းကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။

ခဏအကြာတွင် လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားပြီး လုရွှမ်လည်း မိုးနတ်ဘုရားဓားကို ဖယ်ရှားလိုက်သည်။

နတ်ဆိုးသားရဲတွေမှာ လူ့ဦးနှောက်လောက် လှည့်ကွက်တွေ များများစားစား မရှိပါဘူး။ သန်မာတယ် ဆိုတာက စိတ်ချယုံကြည်ရတဲ့ အရာတစ်ခုပဲ။ ခွန်အားမရှိရင် ထွက်သွားပြီး ခွန်အားရှိရင်တော့ တိုက်ခိုက်ကြမှာပင်။

လုရွှမ်ရဲ့ စွမ်းဆောင်မှုက ကောင်းကင်ဘုံသခင် သားရဲ အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။ မြွေအိုးကြီးရဲ့ မျက်လုံးများက ခပ်မှိုင်းမှိုင်းဖြင့် ဘာမှထပ် မပြောတော့ပေ။

"လာ.... ငါမင်းကို ဒီကမိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးပါရစေ"

သခင်ကျားဖြူက ပြော၏။

"မြွေအိုကြီးကိုတော့ မင်းမှတ်မိပါတယ်... ဒါက နတ်သမီးပိုင်လုပဲ...သူမက အရမ်းလှတယ်မဟုတ်လား? မိုးနတ်သမီး ယွီရှန်ထက် ပိုလှတယ်မလား?"

တခြားသူတွေက လုရွှမ်နဲ့ယွီရှန်တို့ အကြောင်း မသိကြသလို ကောင်းကင်ဘုံသခင် တွေကလည်း အဲဒီအကြောင်းကို ဘာမှ မသိကြပါဘူး။

နတ်သမီးပိုင်လု အမှန်တကယ်တွင် ဗျိုင်းငှက် တစ်ကောင်ဖြစ်ပြီး သူမရဲ့ လူသားအသွင်အပြင်က အလွန်လှပပြီး နတ်သမီးနှင့်တူသော အငွေ့အသက်များ ထုံမွှမ်းနေအောင် ဖုံးလွှမ်းလျက် အလွန်လှပပါသည်။ မကြာသေးမီကပင် ကောင်းကင်ဘုံသခင် နယ်ပယ်ကို အောင်မြင်ခဲ့ပုံရပြီး သူမရဲ့ အခြေအနေက အနည်းငယ် မတည်ငြိမ်သေးပေ။

လုရွှမ်သည် အဘိုးကြီးရွှမ်ဟွမ်ထံမှ ရရှိလာသော စိမ်းပြာမြက် မြက်ပင်နှစ်ပင်ကို ပြုံးရင်း ပေးလိုက်သည်။ တချို့အချိန်များတွင် သူသည် နတ်သမီးအောင့်ယွဲ့ ထားခဲ့သော အချက်အလက်ကို ဆက်လက် ဖတ်ရှုနေခဲ့လေသည်။ သို့နှင့် ကောင်းကင်နှင့် မြေကြီးဆိုင်ရာ ရတနာများစွာ အကြောင်းကို ပိုသိလာခဲ့သည်။

စိမ်းပြာမြက် နှစ်ပင်သည် ငှက်မျိုးနွယ်များနှင့် တခြားနတ်ဆိုးများ အတွက် အလွန်အသုံးဝင်သည်။

နတ်သမီးပိုင်လုက အံ့သြစွာနဲ့ တောက်ပစွာ ပြုံးလိုက်၏။

"ဒါက သခင်ထန်လန်"

သခင်ကျားဖြူက သူတို့ကို မြန်မြန် မိတ်ဆက်ပေးပြီး လုရွှမ်ကလည်း လက်ဆောင်တွေ တစ်ခုပြီးတစ်ခု ပေးလိုက်သည်။ ဆိုရိုးစကားအတိုင်း ပထမဆုံး တွေ့ဆုံရတဲ့ လူများစွာကို လက်ဆောင်ပေးရခြင်းက မထူးဆန်းပေ။ လုရွှမ်မှ ပေးသော လက်ဆောင်များသည် သူတို့အတွက် များစွာ အထောက်အကူ ဖြစ်တာကြောင့် အားလုံး၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်နေခဲ့သည်။

"အရူးဧကရာဇ်... သခင်ကျားဖြူက မင်းဘာကိုဆိုလိုချင်တယ် ဆိုတာ ငါတို့ကို ပြော​ပြထားပြီးသား.... မင်းပြောတာက အဓိပ္ပာယ် ရှိတယ်လို့ ထင်ပါတယ် ဒါပေမဲ့ ငါတို့လက်အောက်မှာ နတ်ဆိုးတွေ အများကြီး ရှိတယ်.... သူတို့က မယုံဘူး... ဒါကြောင့် ငါတို့မှာ မင်းအတွက် ပြိုင်ပွဲတစ်ခုရှိတယ်.... မင်း အနိုင်ယူနိုင်ရင် မင်းရဲ့အဆိုပြုချက်ကို ငါတို့သဘောတူပြီး လူသားတွေနဲ့ နတ်ဆိုးတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ်"

လုရွှမ် စိတ်လှုပ်ရှားသွားသလို ရုတ်တရက် အံ့အားလည်း သင့်သွားခဲ့သည်။ သူတို့ဘက်ကလည်း ဒီလိုသဘောတူလာမယ်လို့ မမျှော်လင့်ထားပေ။

"သခင်ကျားဖြူကို ကျေးဇူးအများကြီး တင်ပါတယ်"

လုရွှမ် သခင်ကျားဖြူကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ သခင်ကျားဖြူက ဒီကိစ္စကို အဆင်ပြေ ချောမွေ့အောင် ကြိုးပမ်းခဲ့တာ ထင်ရှားလေသည်။

"ဟေး.. မင်းငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး ဟုတ်ပါတယ် ငါ့ရဲ့ ဂုဏ်အသရေက ဒီထဲမှာ ပါနေတယ် ဒါပေမဲ့ အရူးဧကရာဇ်... မင်းရဲ့ ဂုဏ်သတင်းက ငါ့ထက်တောင် မြင့်နေပါသေးတယ်... နတ်ဆိုးမျိုးနွယ်က သန်မာတဲ့သူကို လေးစားတယ် မင်းက သန်မာတဲ့သူပါ"

လုရွှမ် ကောင်းကင်ဘုံသခင် အားလုံးကို ကြည့်လိုကိပြီး

"ကောင်းပြီ ဒါဆို ငါတို့ ဘယ်လို ယှဥ်​​ပြိုင်မှာလဲ"

“အချက်သုံးချက်နဲ့”

မြွေအိုကြီးက လက်သုံးချောင်းကို မြှောက်လိုက်ပါသည်။

"ပထမ... စင်ကြယ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ ယှဥ်ပြိုင်မယ်"

"ဒုတိယအချက်က ဝိညာဉ်စွမ်းအင် အားကောင်းရမယ်!"

"တတိယက ပိုရဲရင့်ရမယ်!"

All Chapters