ရွှေချိုနွား
Vol. 56 Ch. 4.352
မျှော်လင့်ထားသည့် အတိုင်း ရိုးစင်းသော စိတ်ရှိသည့် နတ်ဆိုးသားရဲ တစ်ကောင်သည် အဆင့်သုံးဆင့် သို့တည်းမဟုတ် အချက်၃ချက်ထဲတွင် ပူးပေါင်းကြံစည်ထားမှုနှင့် တွက်ချက်မှု အရိပ်အမြွက်တွေ မရှိချေ။ အားကြီးသောသူက ဘုရင်ဖြစ်စေ ဟူသော ယုံကြည်ချက်အပေါ် လုံးဝ အခြေခံထားသည်။
"ကောင်းပြီ ငါသဘောတူတယ်"
မြွေအိုကြီးက ရုတ်တရက် ပြုံးပြီး
"အရူးဧကရာဇ်... ဒါအကုန် မဟုတ်သေးဘူး နောက်ဆုံးတစ်ခု ရှိသေးတယ်... တကယ်လို့ မင်းအနိုင်ရရင် တိမ်ပင်လယ် နယ်မြေထဲမှာ ဆက်နေလို့မရဘူး ဒီကနေ ထွက်သွားရမယ်"
တခြား ကောင်းကင်ဘုံသခင်များက မြွေအိုကြီးကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
လုရွှမ်ကတော့ တခြားသူတွေကို တစ်ချက်ကြည့်လိုက်ပြီး
"ကိစ္စမရှိပါဘူး... တိမ်ပင်လယ်နယ်မြေ လမ်းအတွက် လွမ်းဆွတ်စရာ သိပ်မရှိတော့ပါဘူး... ဂိုဏ်းဆီ ပြန်သွားပြီး ပြဿနာတချို့ကို ဖြေရှင်းပြီးရင် ထွက်သွားမှာပါ"
မြွေအိုကြီးသည် ဝမ်းသာအားရဖြင့် ပြုံးကာပြောသည်။
"ကောင်းပြီ အရူးဧကရာဇ်.... မင်းပြောတဲ့အတိုင်း တည်ပါစေ"
"ငါ့ရဲ့ဂုဏ်သတင်းကို ကြားဖူးသူတိုင်း ငါ့စကားက ဘယ်တော့မှ အလိမ်အညာ မပါဘူးဆိုတာ သိလိမ့်မယ်"
သခင်ကျားဖြူက ချောင်းဆိုးပြီး မြွေအိုကြီးကို စိုက်ကြည့်လိုက်သည်။
"အရူးဧကရာဇ်ရဲ့ ဂုဏ်သတင်းကို ငါ ထောက်ခံပါတယ်"
လုရွှမ်ကလည်း မြွေအိုကြီးကို စိုက်ကြည့်ကာ
"မင်းတို့နတ်ဆိုး မျိုးနွယ်ရော?? မင်းက ကျားဖြူ မဟုတ်ဘူးလေ... မင်းရဲ့ စကားကို ငါ မယုံဘူး"
မြွေအိုကြီး၏ မျက်နှာက ဖြူဖျော့လာကာ မျက်လုံးများ မှေးမှိန်သွားကာ
"အရူးဧကရာဇ်... မင်း နိုင်သရွေ့ ငါတို့နတ်ဆိုးတွေက လူသားတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မယ်လို့ ငါတို့ မျိုးနွယ်စုရဲ့နာမည်နဲ့ ကျိန်ဆိုတယ်"
"ကောင်းပြီ!"
"ဒါဆို ကြွပါ"
နတ်ဆိုးမျိုးနွယ်သည် ရိုးသားလွန်းပြီး ပြိုင်ပွဲအတွက် ပြင်ဆင်ထားပြီးသား ဖြစ်ပြီးသား ဖြစ်လေ၏။ လုရွှမ်နှင့် ကျားဖြူငယ်လေးတို့ကို နတ်ဆိုးများ၏ နေရာဆီသို့ ဦးတည် ခေါ်ဆောင်လာခဲ့သည်။
လုရွှမ် အမူအရာမှာ မပြောင်းလဲဘဲ တည်ငြိမ်စွာ လျှောက်သွားခဲ့သည်။ ထိုစဥ် နတ်သမီးပိုင်လုက တိုးတိုးလေး ပြောလာ၏။
"အကြီးအကဲခွမ်ကျွင်း ရှင်က တကယ့်ကို ရဲရင့်တာပဲ... အရင်တုန်းက ရှင်မကြောက်တတ်မှန်း သိသာပေမယ့် အခု သူတော်စင် နယ်ပယ်လေး ဖြစ်နေတာတောင် မကြောက်ဘူးလား"
လုရွှမ်ကလည်း ဒီဗျိုင်းနတ်သမီးကို အထင်ကြီးပြီး ပြုံးပြီးပြောတယ်
"ကြောက်စရာမရှိပါဘူး.... လူသားနဲ့ နတ်ဆိုးတွေက လွန်ခဲ့တဲ့ အနှစ်၃၀၀တုန်းက အတူယှဉ်တွဲ နေထိုင်ခဲ့တယ်... အခု နှစ်သုံးရာနောက်ပိုင်းမှာလည်း ဒီလိုပဲ ဖြစ်လာသင့်တယ်.... အခုကတည်းက ကျိုးရန်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အားလုံးကို ရှင်းထုတ်ရမယ်"
နတ်သမီးပိုင်လုက အေးအေးဆေးဆေး ပြုံးလိုက်ပြီး
"ပြောရရင် ကျွန်မလည်း ကောင်းကင်ဘုံသခင် ကျိုးရန်ကို တိတ်တိတ်လေး သွားကြည့်ဖူးတယ်... သူက အရမ်းကြီး ကြီးကျယ်ခမ်းနားတဲ့ပုံစံနဲ့ နည်းနည်းတော့ ကြောက်စရာ ကောင်းတယ်... ရှင်က သူ့ထက် အများကြီး ကြင်နာတတ်တယ်... ကျွန်မသူ့ကို ကြောက်ပေမယ့် ရှင့်ကိုတော့ သဘောကျတယ်"
လုရွှမ် အနည်းငယ် မှင်တက်သွားပြီး
"အနာဂတ်မှာ မင်း ဒီကနေ ထွက်သွားပြီး ယွီရှန်နဲ့ တွေ့ရင် မင်း သူမနဲ့ ညီအစ်မကောင်းတွေ ဖြစ်လာမှာ သေချာတယ်"
နတ်သမီးပိုင်လုက တခစ်ခစ် ရယ်ပြီး "ကျွန်မ သေချာပေါက် လုပ်ပါ့မယ်"
ဤအချိန်တွင် ဝိုင်းဖွဲ့နေသော နတ်ဆိုးသားရဲများသည် အဆုံးမရှိ ပင်လယ်ကြီးလို ဖြစ်နေကာ အားလုံးက ပုံစံ အမျိုးမျိုးရှိကြသည်။ တချို့မှာ လူသားအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး တချို့မှာ သားရဲပုံစံအဖြစ် ဆက်လက် ရှိနေသေးသည်။ ရက်စက် ကြမ်းကြုတ်သော ကျားခြင်္သေ့ နှင့် ဂေါ်ဇီလာနဂါးလို သားရဲများအပြင် ချစ်စရာ နူးညံ့သိမ်မွေ့သော ယုန်များနှင့် သမင်များ အပါအဝင် သားရဲအမျိုးအစား များစွာရှိသည်။
လုရွှမ် ဒီနေရာမှာ နတ်ဆိုးသားရဲများစွာ ရှိမှန်းသိသော်လည်း သူ မမျှော်လင့်ထားသည့် အရာမှာ အရေအတွက်က သူ့စိတ်ကူးထဲကထက် ကျော်လွန်သွားခြင်းပင်။ ဒီနတ်ဆိုးတွေ လူ့အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် အကျိုးဆက်များကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
တစ်နည်းဆိုရသော် ဤနတ်ဆိုးများသာ လူသား ကျင့်ကြံသူများကို သတ်လိုလျှင် ခုခံနိုင်စွမ်း မရှိလောက်ပေ။
မြွေအိုကြီးက သတ်ဖြတ်ချင်သော နှလုံးသားရှိသဖြင့် ဤပြဿနာကို ရှင်းရှင်းလင်းလင်း တွေးထားပြီးသား ဖြစ်လိမ့်မည်။ သူထွက်သွားပြီး လူသားနဲ့ နတ်ဆိုးတွေ အတူယှဉ်တွဲနေရင်တောင် နတ်ဆိုးတွေအပေါ် ထိတ်လန့်ကြောက်ရွံ့မှုကို ရှာဖွေတွေ့ရှိပြီးတာနဲ့ အဆင့်အတန်းချင်း ကွာခြားမှုတွေ ရှိနေဦးမှာပင်။
အဆင့်အတန်း မြင့်မြင့်မှာ ရှိနေတဲ့ လူတစ်ယောက်က ရုတ်တရက် မြေကြီးပေါ်အထိ ပြုတ်ကျသွားရင် ဘယ်သူက ကျေနပ်နိုင်ပါ့မလဲ။ လူဆိုတာ အမုန်းတရားတွေကို မှတ်မိဖို့က လွယ်ပြီး ကျေးဇူးတရားကိုလည်း မေ့ပစ်ဖို့ အလွယ်ဆုံးပါပဲ။
ဒါကြောင့် အဆုံးသတ်ကို မကျေနပ်တဲ့အခါတွေ ရှိလာနိုင်သည်။ လုရွှမ်ကတော့ လက်ရှိ လိုအပ်ချက်တွေကို လိုက်နာဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ တိမ်ပင်လယ် နယ်မြေကနေ သး ထွက်သွားတဲ့အခါ သေချာပေါက် ဝေဖန်မှုရဲ့ ပစ်မှတ် ဖြစ်လာမှာပါပဲ။
ဒါက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ ယူဆလို့ ရနိုင်သည်။ အနိုင်ရရင် အဆင်ပြေပေမယ့် ရှုံးသွားရင် လက်စားချေလာနိုင်သည်။
လုရွှမ် ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း တွေးမိသွားပြီး မြွေအိုကြီးကို မတတ်နိုင်ဘဲ အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော် မြွေအိုကြီးက သူ့မျက်နှာကို ဆိုးသွမ်းသော အကြည့်ဖြင့် မျက်နှာမူနေတာကို မြင်လိုက်ရကာ သူ့အကြည့်က်ု ဂုဏ်ယူတဲ့ အပြုံးနဲ့ တွန်းလှန်နေလေသည်။
စီစဥ်ထားတဲ့ တွက်ချက်မှုက ကောင်းသော်လည်း ကံမကောင်းစွာဖြင့် အတွေးအခေါ်က နိမ့်နည်းလှသည်။
ဝုန်း
ကျယ်လောင်သော မြေငလျင်တစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ သားရဲများ တုန်လှုပ်ကာ ထွက်ပြေးသွားကြစဥ် ဧရာမ မိစ္ဆာသားရဲတစ်ကောင် ဖြတ်လာတာကို တွေ့လိုက်ရ၏။
အရပ်မြင့်မြင့်ကြီးနှင့် ဦးခေါင်းပေါ်တွင် ချိုနှစ်ချောင်းပါသော ရွှေချိုနွားတစ်ကောင်သာ ဖြစ်လေသည်။
အရင်က လုရွှမ်နဲ့ ကျားဖြူလေးတို့ ဒီလိုသားရဲ တစ်မျိုးကို အထူး စားခဲ့ဖူးပြီး တော်တော်လေး အရသာရှိ၏။
မြွေအိုကြီးက ကျယ်လောင်စွာ အော်လိုက်သည်။
"အရူးဧကရာဇ်... ဒါက မင်းနဲ့ ပထမအဆင့်မှာ ယှဉ်ပြိုင်ရမယ့် ရွှေချိုနွားမျိုးနွယ်ရဲ့ ခေါင်းဆောင် နျိုတင်ထျန်း.... သူလည်း ငါတို့မျိုးနွယ်ရဲ့ သူတော်စင် နယ်ပယ်ထဲမှာ ရုပ်ပိုင်းဆိုင်ရာ အစွမ်းထက်ဆုံး သားရဲတစ်ကောင်ပါ... မင်းနဲ့ ခွန်အားချင်း ယှဉ်ပြိုင်လိမ့်မယ်"
လုရွှမ် ခံနိုင်ရည် ရှိသော်လည်း ဒီပြိုင်ပွဲက အလွန် တရားမျှတတယ်လို့ ဆိုနိုင်သည်။ မဟုတ်ဘဲ မဟာသူတော်စင် သို့မဟုတ် ကောင်းကင်ဘုံသခင် နယ်ပယ်က သားရဲတစ်ကောင် ထွက်လာရင်တော့ ယှဉ်ပြိုင်နေစရာ မလိုတော့ဘဲ ရှုံးနိမ့်သွားမှာ ဖြစ်သည်။
ရွှေချိုနွားက နတ်ဆိုးမျိုးနွယ်ကြားမှာ အလွန်နာမည်ကြီးမှာ သိသာထင်ရှားလှသည်။ ထိုသန်မာသော နွားကြီး ထွက်လာသည်နှင့် တပြိုင်နက် တခြားနတ်ဆိုးများ အားလုံး ခပ်ဝေးဝေးကို ထွက်သွားကြပြီး သူတို့ မျက်လုံးများထဲ၌ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေတော့သည်။
"ယှဉ်ပြိုင်ဖို့ ထွက်လာတဲ့သူက ရွှေချိုနွားမျိုးရိုးရဲ့ ဘိုးဘေးငယ်တစ်ယောက်လို့ မထင်ထားဘူး.... ဟားဟား အဲဒီအကြီးအကဲ အရူးဧကရာဇ်ကတော့ အခုကတည်းက ရှုံးတော့မယ်"
"ငတုံး! သူ အရင်ဘဝက ကောင်းကင်ဘုံသခင်ဖြစ်ခဲ့ဖူးတယ်လေ.... ဘယ်လိုလုပ် ဘိုးဘေးငယ်လေးကို အရှုံးပေးမှာလဲ?"
"မင်းပြောတယ်မလား အဲဒါ အရင်ဘဝက အခုဘဝ မဟုတ်ဘူး... ဒီဘဝမှာ သူက သူတော်စင်နယ်ပယ်က လူတစ်ယောက်လို သန်မာပေမယ့် ငါတို့ရဲ့ နတ်ဆိုးမျိုးနွယ်နဲ့ နှိုင်းယှဉ်ရင် လူသားမျိုးနွယ်က အရမ်းယုတ်ညံ့တဲ့ ခန္ဓာကိုယ်နဲ့ မွေးဖွားလာခဲ့တာ.... ဒါတင်မကသေးဘူး ခေါင်းဆောင်ငယ်က အရမ်းထက်မြက်တယ် သူ့မှာ ထူးထူးခြားခြား အစွမ်းအစတွေ ရှိတယ်လို့ ငါကြားထားတယ်.... အခွင့်အရေးရရင် ရွှေချိုနွား ခေါင်းဆောင်က သေချာပေါက် အောင်နိုင်မယ်လို့ ထင်တယ်"
လူကြီးအုပ်စုက ငြိမ်သက်နေသော်လည်း အငယ်တန်း အုပ်စုက စပြီး အော်ဟစ်နေလေပြီ။ သူတို့အားလုံးသည် ဤနေရာတွင် နေထိုင်ကြသော သားရဲများ ဖြစ်ပေသည်။ မျိုးနွယ်စုထဲတွင် သူတော်စင်များနှင့် ကောင်းကင်ဘုံသခင်များပင် ရှိပြီး မျိုးနွယ်စု တစ်ခုလုံးရဲ့ အခြေအနေမှာ လုံးဝကွဲပြားသည်။
သားရဲများမှာ ငယ်ငယ်ကတည်းက နေ့စဉ်နှင့်အမျှ အချင်းချင်း ရန်ဖြစ်ရင်း ယှဉ်တွဲနေထိုင်ကြသူများ ဖြစ်သည်။
နျိုတင်ထျန်း ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်စဥ် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ပေါက်ထွက်လာသည်။ နွားမျက်လုံး တစ်စုံက လုရွှမ်ကို စိုက်ကြည့်ကာ ခြေနှစ်ဘက်ကို မြေပြင်ပေါ်တွင် အသင့်ထောက်လျက် အရှိန်အဟုန်ဖြင့် ခုန်အုပ်တော့မလိုပင်။
လုရွှမ်ရဲ့ မျက်လုံးများသည် သန်မာသော နွားကို ကြည့်လိုက်သော်လည်း သူလုံးဝ စိုးရိမ်ပုံမပေါ်နေပေ။ ထိုအစား မြွေအိုကြီးကို တစ်ချက်ကြည့်လိုက်ပြီး
"ငါတို့ခန္ဓာကိုယ် ခွန်အားချင်း ဘယ်လို ပြိုင်ရမှာလဲ"
မြွေအိုကြီးက ဂုဏ်ယူစွာ အော်ဟစ်လာ၏။
"ကိုယ်ခန္ဓာနဲ့ ယှဉ်တဲ့ ခွန်အားက သဘာဝအတိုင်း တိုက်မိတဲ့ တွန်းအားပေါ်မှာ မူတည်တယ်.... အချင်းချင်း တိုက်မိပြီး ဘယ်သူက အရင်ကျမလဲ... ကျသွားတဲ့သူက သဘာဝကျကျ အားနည်းတဲ့သူ ရှုံးတဲ့သူ ဖြစ်သွားလိမ့်မယ်"
နတ်ဆိုး အုပ်စုတစ်စုက ဆူညံပွက်လော ရိုက်ကာ အော်ဟစ်အားပေး လာကြသည်။ လုရွှမ်ကတော့ ဒီနည်းလမ်းရဲ့ ကြမ်းတမ်းမှုကို မထီမဲ့မြင် ပြုချင်သော်လည်း ဒါက ပြိုင်ပွဲရဲ့ အလိုလို အသိသာဆုံး နည်းလမ်း ဖြစ်ကြောင်း ဝန်ခံမိပါသည်။
"ကောင်းပြီ!"
သူပြောပြီးတာနဲ့ တစ်ဖက်က ရွှေချိုနွားရဲ့ ထူထဲတဲ့ နှာခေါင်းပေါက်ကနေ မျက်လုံးဖြူဖြူတွေ ထွက်လာ၏။ ၎င်းက ခွာကို တဗုန်းဗုန်း အရှိန်ယူ၍ လုရွှမ်ဆီသို့ ပြေးဝင်လာခဲ့သည်။
ကြီးမားသော ကိုယ်ထည်သည် မပြေးလာမီကထက် ပိုကြီးလာရုံ သာမက ပြေးလာလေ အရွယ်အစားက ပိုကြီးပိုရှည်လာလေ ဖြစ်သည်။ ၎င်း၏ အစပိုင်းတွင် အရွယ်အစားမှာ သုံးမီတာသာ ရှိသေးသည်။ လုရွှမ်ရှေ့အထိ ပြေးလာသောအခါတွင် အရပ်က ဆယ်ပေရှိနေပြီ ဖြစ်သည်။ လုရွှမ် တောင်တန်းငယ်တစ်ခု သူ့ဆီသို့ တိုးဝင်လာသလို ခံစားနေရသည်။
မျှော်လင့်ထားသည့်အတိုင်း စွမ်းအင်ကို အသုံးမပြုထားတဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသက်သက်သာ ဖြစ်သည်။ သို့သော် စွမ်းအားသည် အတုမဟုတ်တဲ့ ပြင်းထန်သော လေပြင်းများ အဖြစ် လှုပ်ရှားလာပြီး ဖိနှိပ်ခံနေရသော လုရွှမ်မှာ အသက်ရှုရ ခက်လာသလိုပင် ခံစားလိုက်ရသည်။