← Chapters

နှလုံးသားကို သိမ်းသွင်းခြင်း

Vol. 56 Ch. 4.353

နှလုံးသားကို သိမ်းသွင်းခြင်း

Vol. 56 Ch. 4.353

အမြင်အာရုံ သက်ရောက်မှုကို လွှမ်း​ခြုံလုနီးပါး ဖြစ်ပြီး စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ဖိထားသလို စွမ်းအားကြောင့် နှလုံးခုန်နှုန်းကို မြန်လာစေသလို ခံစားရစေသည်။

လုရွှမ်၏ မျက်လုံးများက ကြည်ကြည်လင်လင် ငြိမ်ငြိမ်သက်သက် ရှိ​​နေသည်။ ဒီစွမ်းအားဟာ ရုပ်ခန္ဓာခွန်အားကို ကျော်လွန်နေတဲ့ သဘောထား ရှိတယ်ဆိုတော့ နိယာမစွမ်းအင်များ ဖြစ်နေမလား။

သူမြင်​နေရတဲ့ ရွှေချိုနွားလေးက ရှေ့ကို အပြေးအလွှား ပြေးလာပေမယ့် လုရွှမ်ကတော့ မလှုပ်ပါဘူး။ နတ်ဆိုးသားရဲများစွာသည် ကျယ်လောင်သော အသံများဖြင့် စိတ်ရောကိုယ်ပါ အားရပါးရ အော်ဟစ်နေကြစဥ် တစ်ဖက်မှ မြွေအိုကြီးကလည်း လေးလေးနက်နက် ပြောလာ၏။

"အရူးဧကရာဇ်.... မင်း စွမ်းအင်သုံးလို့ မရပါဘူးနော် မင်းခန္ဓာကိုယ်ရဲ့ စွမ်းအားကိုပဲ အားကိုးလို့ရမယ်"

၎င်းသည် သတိပေးချက် တစ်ခုလိုဖြစ်သော်လည်း အမှန်တကယ်တွင် ရွံရှာဖွယ် လှောင်ပြောင်မှုများနှင့် ပြည့်နေသည်။ လုရွှမ်က

ရယ်မောလိုက်ပြီး လက်ဖဝါးကို ဆန့်ထုတ်ကာ မလှုပ်မယှက် ငြိမ်နေလိုက်သည်။

ရွှေချိုနွားက ဆောင့်ကန်လိုက်သလို အသည်းအသန် ပြေးထွက်လာကာ သူ့ရဲ့ချိုနှစ်ချောင်းက လုရွှမ်ရဲ့ ဦးခေါင်းကို ထိုးခွဲပစ်လိုက်ဖို့ ပြင်ပေမယ့် လုရွှမ်က သူ၏ရှည်လျားသော လက်ကို အသုံးပြု၍ ရွှေချိုနွား၏ ဦးခေါင်းကို သားရဲများရှေ့၌ပင် သွက်လက်စွာ ဖိခိလိုက်သည်။

ဗုန်း!

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး လေလှိုင်းများ တုန်ခါသွားသည်။

သားရဲများ အားလုံး ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်သွားသော်လည်း လုရွှမ်ရဲ့ခန္ဓာကိုယ်က မလှုပ်မယှက်ပင် ထိုနေရာ၌ ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်နေဆဲ ဖြစ်တာကို မြင်လိုက်ရသည်။

လက်ဖဝါးထဲက ခွန်အားတွေ ပေါက်ထွက်လာကာ ရွှေချိုနွားရဲ့ ဦးခေါင်းကို တင်းတင်းကြပ်ကြပ် ဖိချထားသည်။

လုရွှမ်၏ လက်ဖဝါးများသည် ချောမွေ့ပြီး စွမ်းအင်အတက်အကျ လုံးဝ မရှိတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ကြွက်သားများက တင်းမာလျက်ရှိသော ရွှေချိုနွား၏ ကြီးမားသော ခွန်အားသည် လုရွှမ်ခွန်အားကို လိုက်လျောညီထွေ ဖြစ်အောင် မလုပ်နိုင်သကဲ့သို့ ဖြစ်နေသည်။

ရွှေချိုနွားကို ကြည့်လိုက်တော့ ခြေလက်တွေ တညီတညွတ်တည်း ဖြစ်နေပြီး နောက်ကျောက မြင့်မြင့်မြင့်မြင့်နဲ့ ခုံးတံတားတစ်ခုလို ဖြစ်သွားခဲ့သည်။ သူ့ခြေဖဝါးအောက်က မြေဆီလွှာက ပြိုကျသွားတာကြောင့် တွင်းနက်ကြီးနှစ်ခုထဲ နစ်မြုပ်လုနီးပါး ဖြစ်သွား၏။

အားအင် ပြည့်ဖြိုးနေသော ရွှေချိုနွား၏ ကြွက်သားများနှင့် နှိုင်းယှဉ်ပါက လုရွှမ်၏ လွတ်လွတ်လပ်လပ် တည်ငြိမ်သော အမူအရာသည် အရွယ်ရောက်ပြီးသူ ကလေးနှင့် ကစားနေသလိုပင်။ သို့သော် လုရွှမ်၏ အရွယ်အစားသည် ရွှေချိုနွားနှင့် ယှဉ်လျှင် သူကသာ ကလေးနှင့် တူနေတော့သည်။

မတိုင်ခင်က အထင်သေးမှု နှင့် ထေ့ငေါ့သော ခံစားချက်များကို ထုတ်လွှတ်နေခဲ့သော နတ်ဆိုးသားရဲများ အားလုံး သွေးအန်ချင်​လောက်အောင် ဖြစ်သွားခဲ့သည်။

လုရွှမ်ကို ပြန်ကြည့်လာတဲ့ နတ်ဆိုးသားရဲ အားလုံး၏ မျက်လုံးများသည် တစ်ဖန်ပြောင်းလဲသွားပြန်သည်။

"​တော်လိုက်တာ!! အရင်ဘဝက ကောင်းကင်ဘုံရှင်သခင် ဖြစ်ခဲ့သူလို့ကို မပြောရဘူး... အရူးဧကရာဇ်က ​​တကယ်ကို ရူးလောက်အောင် အစွမ်းထက်တာပဲ"

"ဟုတ်တယ် သူက လက်ဖဝါးကို ညင်ညင်သာသာလေးပဲ လွှင့်ထုတ်လိုက်တာနော် ခြေသလုံးတောင် မလှုပ်လိုက်ရဘူး အံ့သြစရာ ကောင်းလိုက်တာ"

ရွှေချိုနွားကို အော်ဟစ် အားပေးနေခဲ့သော ယခင်လူတစ်စုမှာ သူတို့အသံတွေ မယုံကြည်နိုင်စွာဖြင့် ချုပ်တည်းထားကြရသည်။

လုရွှမ် ခပ်ဖွဖွ ပြုံးကာ မြွေအိုကြီးကို မော့ကြည့်ရင်း သူ့လက်ဖဝါးဖြင့် ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။ ရွှေချိုနွားကြီးသည် မြက်ကလေး တစ်ပင်လို လုရွှမ်ဆီကနေ တိုက်ရိုက် ပြန်ချခံလိုက်ရသည်။

"ဘယ်လိုလဲ? ဒီပထမအဆင့်ကို ငါနိုင်ပြီမလား?"

လုရွှမ် မြွေအိုကြီးကို စိုက်ကြည့်နေသည်။ မြွေအိုကြီးရဲ့ မျက်နှာက တောင့်တင်း​​နေပြီး အနည်းငယ် အရောင်ပြောင်းနေ၏။ သူက အံကြိတ်သံကြီးဖြင့် အော်ပြောလိုက်သည်။

"ဒုတိယအဆင့် စတော့!!"

လုရွှမ်ကတော့ မြွေအိုကြီးကို လျစ်လျူရှုလိုက်သည်။ ထိုမြွေက မိမိကို သူ့ဆန္ဒအတိုင်း ခြယ်လှယ်နိုင်တဲ့ လူတစ်ယောက်လို့ ထင်နေပုံရသည်။

လုရွှမ် ခြေလှမ်းကျဲများဖြင့် ကျန်ရစ်ခဲ့သော ရွှေချိုနွားရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။ ရွှေချိုနွားမှာ ရွှေရောင်ဆံပင်နှင့် ရွှေရောင်ဦးချိုနှစ်ချောင်းပါရှိသည့် ၎င်း၏မူလ အသွင်အပြင် အဖြစ် ပြန်ပြောင်းသွားပြီ။ သို့သော် ထိုမူလအသွင်က အလွန်ချစ်စရာကောင်းသည်။

ထိုအချိန်တွင် ရွှေချိုနွားမှာ လူတစ်ယောက်လို မြေပြင်ပေါ်တွင် ထိုင်လျက် မှိန်းနေ​လေသည်။ ဘာကြောင့် ဒီလောက် လွယ်လွယ် ရှုံးသွားရတာလဲ ဆိုတာကို နားမလည်နိုင်တာကြောင့် ထိုင်စဥ်းစားနေပုံ ပေါ်​နေသည်။ ဦးခေါင်းခွံထောင့် အနည်းငယ် ကွဲအက်သွားသော်လည်း လုံးဝ သတိမထားမိ​သေးပေ။

လုရွှမ်ရဲ့ ခြေသံကို ကြားတော့ ရွှေချိုနွားက သူ့ခေါင်းကို မော့လာသည်။ လုရွှမ် ဖြတ်လျှောက်လာနေတာကို တွေ့တော့ သူ အနည်းငယ် ထိတ်လန့်သွားပြီး ရုတ်တရက် မတ်တပ်ထချင်လာသည်။

လူတိုင်းရဲ့ မျက်လုံးများက လုရွှမ်သွားရာနောက်သို့ လိုက်သွားရာ ရှုံးနိမ့်သွားသော ခေါင်းဆောင်ငယ်ရှေ့ကို အမှန်တကယ် လျှောက်သွား​နေတာကို တွေ့လိုက်ရသည်။

နတ်ဆိုးမျိုးနွယ်တွင် အရိုးရှင်းဆုံး တိုက်ရိုက်စည်းမျဉ်းမှာ ဘုရင်ဖြစ်ရန် ဘုရင်ကို အနိုင်ယူရခြင်းသာ ဖြစ်သည်။

ရွှေချိုနွား ရှုံးပြီးကတည်းက သူတို့ရဲ့ အဆင့်အတန်းဟာ အားနည်းသွားလိမ့်မည်။ ဒါဟာ တရားမျှတမှု ရှိတဲ့ အမှန်တရား တစ်ခုဖြစ်ပြီး နတ်ဆိုးမျိုးနွယ်ရဲ့ ရှင်သန်ခြင်းဆိုင်ရာ ဥပဒေလည်း ဖြစ်လေသည်။ ဒါ့ကြောင့် ရွှေချိုနွား ရှုံးသွားတာကို ဘယ်သူမှ ဂရုမစိုက်တော့ပေ။

ရက်စက် ကြမ်းကြုတ်ပေမယ့် ကျရှုံးပြီးနောက် ရွှေချိုနွားမှာ လုရွှမ်ကို လုပ်ချင်တိုင်း မလုပ်နိုင်တော့ချေ။

လုရွှမ် လက်ဖဝါးကို ဆန့်ကာ ရွှေချိုနွား၏ ပခုံးပေါ် ဖိချလိုက်သည်။ ရွှေချိုနွားသည် လျင်မြန်စွာ ခုခံသော်လည်း ဘယ်လောက်ပဲ ကြိုးစားနေပါစေ မတ်တပ်မရပ်နိုင်တော့ဘဲ ဖြစ်နေ၏။

လုရွှမ် အစောက ခွန်အားပြိုင်ဆိုင်မှုမှာ အနိုင်ရခဲ့ပေမယ့် အဲဒီအခိုက်အတန့်က မြန်ဆန်လွန်းပြီး ထူးဆန်းလွန်းသည်။ သူတို့ထဲက တော်တော်များများဟာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာတောင် ရှင်းရှင်းလင်းလင်းတောင် မမြင်ခဲ့ကြပါဘူး။

ယခု လုရွှမ်သည် မတ်တပ်ရပ်ရန် ကြိုးစားနေသည့် ရွှေချိုနွားကို လက်ဖဝါး တစ်ဖက်တည်းကို သုံးကာ ဖိနှိပ်ထားကြောင့် အလိုလို သိမြင်လာသည်။ ဤအချိန်တွင် နတ်ဆိုးသားရဲများ အားလုံး လုရွှမ်ရဲ့ စွမ်းအားကို အမှန်တကယ် နားလည်သဘောပေါက် သွားကြသည်။

ရွှေချိုနွားသည် မတ်တတ်ထရပ်ရန် ကြိုးစားသော်လည်း လုရွှမ်ဆီက ပြန်ဖိချလိုက်တာကိုသာ ခံခဲ့ရသည်။ သူဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ကြိုးစားနေပါစေ သူ့ပခုံးပေါ်က လက်မှာ ကျောက်တုံးကြီး တစ်တုံးလို ဖြစ်နေပြီး မလှုပ်ရှားနိုင်တော့တာကို စိတ်မကောင်းစွာ တွေ့လိုက်ရသည်။

ထပ်ကြိုးစား ပြီးနောက် ရွှေချိုနွားသည် မလှုပ်တော့ဘဲ မျက်လုံးများကို မှိတ်ကာ လုရွှမ်အား လုပ်ချင်သမျှကို လုပ်ခွင့်ပေးလိုက်သည်။

"မထနဲ့!"

လုရွှမ် တိုးတိုးလေး ပြောပြီး သိုလှောင်အိတ်ထဲက နဂါးဝိညာဥ်မြက်ပင် တစ်အုပ်ကို ထုတ်လိုက်၏။

ဤနဂါးဝိညာဉ် မြက်များကို မြို့တစ်ထောင်မဟာမိတ်မှာ ရှိစဥ်က ရရှိခဲ့တာ ဖြစ်သည်။ လုရွှမ် ၎င်းတို့ထဲမှ တချို့ကို အနာဂတ်မှာ အသုံးတည့်စေအောင် တမင်သိမ်းဆည်းထားခဲ့သည်။ ယခုအချိန်တွင် နဂါးဝိညာဥ်မြက်က လုရွှမ်အတွက် အကူအညီ မရှိသလောက် ဖြစ်ပြီး သူစုဆောင်ထားတဲ့ အရာတွေထဲက တစ်ခုသာ ဖြစ်သော်လည်း ရွှေချိုနွားရဲ့ ဒဏ်ရာအတွက်တော့ အထူး သင့်လျော်ပြီး အချင်းချင်း အားဖြည့်ခြင်းဟု မှတ်ယူနိုင်သည်။

နဂါးဝိညာဉ်မြက်များ ထွက်လာသည်နှင့် တပြိုင်နက် မွှေးရနံ့သည် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဒီနတ်ဆိုးသားရဲတွေဟာ နဂါးဝိညာဥ်မြက်ကို ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။ တချို့တွေက နဂါးဝိညာဥ်မြက်ဟုပင် တစ်ပြိုင်တည်း ထအော်လိုက်ကြသေးသည်။

နဂါးဝိညာဥ်မြက်မှာ ထိပ်တန်းဝိညာဉ်ရေး မြက်တစ်မျိုး ဖြစ်သည်။ အလွန်အမင်း ထိရောက်မှု မရှိသော်လည်း ထူးခြားသော နဂါးဝိညာဉ် အငွေ့အသက်တွေ ပါဝင်ပြီး သားရဲများ၏ အသွင်ပြောင်းခြင်းနှင့် ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာစေရန် အစွမ်းထက်သော အကျိုးသက်ရောက်မှု ရှိသည်။

ရွှေချိုနွားက ပါးစပ်ကို မိုက်မဲစွာ ဖွင့်လိုက်ပြီး သူတော်စင် ဝိညာဉ်မြက် အားလုံးကို ပါးစပ်ထဲသို့ မျိုချလိုက်သည်။

သူ့​ဦးခေါင်းထိပ်မှာ ရွှေရောင်တောက်နေတဲ့ ယခင်က အက်ကြောင်းတွေက အလျင်အမြန်ပဲ ပြန်ကောင်းလာခဲ့သည်။ သူသည် ရွှေချိုကို ဝမ်းသာအားရနှင့် ထိလိုက်ပြီး လုရွှမ်အား ကျေးဇူးတင်စကား ဆိုလိုက်သည်။

လုရွှမ်က ရယ်ပြီး သူ့ပခုံးပေါ် လက်နဲ့ ပွတ်သပ်ရင်း ဆို၏။

"ကောင်းကောင်း လေ့ကျင့်လိုက်ပါ မင်း အနာဂတ်မှာ သေချာပေါက် ကောင်းကင်ဘုံအရှင် ဖြစ်လာလိမ့်မယ်"

နှလုံးသားကို သိမ်းယူဖို့ ဘယ်သူက မလုပ်နိုင်မှာလဲ?

လုရွှမ် မြွေအိုကြီးကို ကြည့်ပြီး

"ဒုတိယပြိုင်ပွဲ!"

သခင်ကျားဖြူသည် လုရွှမ်ရဲ့ လှုပ်ရှားမှု အားလုံးကို မြင်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ တကယ်တော့ ဒီကမ္ဘာကြီးဟာ လူသားတွေ ကြီးစိုးတဲ့ ကျင့်ကြံခြင်း ကမ္ဘာတစ်ခုပါပဲ။ လုရွှမ်ရဲ့ ရွှေချိုနွားအပေါ် ဆက်ဆံမှုကို ကြည့်ရလျှင် သူ့သမီးသာ လုရွှမ်နောက်ကို လိုက်ခဲ့မယ်ဆိုရင် လုံးဝကို ဆုံးရှုံးသွားမှာ မဟုတ်တဲ့အတွက် လုံးဝ စိတ်သက်သာရာ ရသွားစေသည်။

ရွှေချိုနွားက အလွန် စိတ်လှုပ်ရှားသွားပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်နဲ့ သူ့ဦးခေါင်းလေးကို နှစ်ခါသုံးခါ ပွတ်သပ်လိုက်သည်။

လုရွှမ် ပြုံးပြီး ပြောလိုက်သည်။

"မင်းငါ့နောက်ကို လိုက်ချင်လို့လား? လောလောဆယ်တော့ မင်း မလုပ်နိုင်​သေးဘူး... ငါဒီကနေ မကြာခင် ထွက်သွားရလိမ့်မယ် မင်းအခု ပြင်းပြင်းထန်ထန် လေ့ကျင့်ထားလိုက် အနာဂတ်မှာ မင်းရဲ့ကိုယ်ပိုင် ခွန်အားနဲ့ အကောင်အထည်ဖော်ဖို့ ရည်မှန်းထားတယ်ဆိုရင် တိမ်ပင်လယ်နယ်မြေကနေ ထွက်ခွာပြီးရင် ပြန်တွေ့​ကြမယ်"

ရွှေချိုနွားသည် အလွန် စိတ်လှုပ်ရှားသွားကာ နှစ်ကြိမ်ခန့် အသံပြုကာ အကောင်အုပ်ကြီးထဲသို့ ပြန်ပြေး ဝင်သွားခဲ့သည်။ နတ်ဆိုးသားရဲများသည် ရွှေချိုနွားကို ကြည့်ကာ မနာလို ဖြစ်လာကြသည်။

ထိုအခိုက် မြွေအိုကြီးက ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

"ဒုတိယပြိုင်ပွဲက စိတ်ဝိညာဉ် ပြိုင်ပွဲပဲ!"

"ငါလာမယ်"

"ငါလာမယ်"

"ငါ့ဖင်ကြီးကိုပဲ လာနေလိုက်!! မင်းလုပ်နိုင်မှာမလို့လား? ငါလုပ်မယ်!"

All Chapters