← Chapters

ကိုယ်တိုင် သင်္ဂြိုဟ်ရန် တွင်းတူးခြင်း

Vol. 56 Ch. 4.354

ကိုယ်တိုင် သင်္ဂြိုဟ်ရန် တွင်းတူးခြင်း

Vol. 56 Ch. 4.354

အော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံ အားလုံးသည် နတ်ဆိုးမျိုးနွယ်၏ ထူးချွန် ထက်မြက်သူများထံမှ အော်သံများသာ ဖြစ်လေသည်။ ရွှေချိုနွားရဲ့ အဖြစ်အပျက်ကို မြင်ပြီးနောက်မှာတော့ သူတို့ဟာ အရူး မဟုတ်ကြ​တော့ပါဘူး။ ဒါဟာ တကယ့်ပြိုင်ပွဲတစ်ခု ဆိုတာ သူတို့ နားမလည်ပေမယ့် ကောင်းကင်ဘုံသခင် အရူးဧကရာဇ်နဲ့ ယှဉ်ပြိုင်ရတာဟာ အနာဂတ် အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သည်။

နတ်ဆိုးမျိုးနွယ်များနှင့် သားရဲများ ဘယ်လောက်တောင်မှ စိတ်အားထက်သန်ပြီး စာရင်းတွေ လာသွင်းနေကြလဲ ဆိုတာကို မြင်လိုက်ရသောအခါ မြွေအိုကြီးခမျာ သွေးအန်လုနီးပါး ဖြစ်သွားခဲ့ရသည်။

အရူးဧကရာဇ်ရဲ့ အထောက်အထားကို ထုတ်ဖော် ပြသလိုက်သောအခါတွင် လူအများအပြားက နောက်ဆုတ်သွားခဲ့သည်။ နောက်ဆုံးတွင် လူတိုင်းကို အတူတူ လှုပ်ရှားဖို့ အခွင့်အရေး ပေးလိုက်ရာ ရလဒ်အနေနဲ့ ဒီလူတွေဟာ ဝမ်းသာအားရ ပြေးထွက်သွားကြတော့သည်။

လုရွှမ် လိုချင်တာကလည်း ဒီအကျိုး သက်ရောက်မှုပါပဲ။ နတ်ဆိုးသားရဲတွေရဲ့ နှလုံးသားထဲမှာ ကြင်နာတဲ့ ပုံရိပ်တစ်ခု ဖန်တီးဖို့နဲ့ ဒီသားရဲတွေရဲ့ လူသားမျိုးနွယ်အပေါ် ကောင်းမွန်တဲ့ စိတ်ထား၊ လေးစားမှုတို့ ရှိစေလိုခြင်း ဖြစ်သည်။

"ကိစ္စမရှိပါဘူး... အတူတူ တက်လာခဲ့ကြ"

လုရွှမ်က ဆိုလိုက်သည်။ ဒီအချိန်မှာ သူက အဓိက ဧည့်သည်ပဲ မဟုတ်လား။

ဝုန်း!

နတ်ဆိုးလေး ရှစ်ကောင် ပြေးထွက်လာကြသည်။

သူတို့ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို တစ်ချက် ကြည့်ရုံဖြင့် ဤသားရဲများသည် အချင်းချင်း တိုက်ခိုက်ချင်နေသည့် အငွေ့အသက် အဓိက မရှိကြောင်း ပြောနိုင်သည်။ ဝိညာဉ်စွမ်းအားကို အဓိကထား၍ လေ့ကျင့်ရသော သူတော်စင်သားရဲနှင့် နတ်ဆိုးသားရဲများလည်း ပါကြသည်။

မြွေအိုကြီးမှာ အလွန် ဒေါသထွက်သွားကာ သူ့ခေါင်းတစ်ခေါင်းလုံး မီးခိုးလုံးများနှင့် ပြည့်သွားတော့သည်။

"မင်းတို့ ဘာလုပ်နေတာလဲ? ဘယ်သူရှုံးရှုံး.. ရှုံးတဲ့သူက အနာဂတ် ကျင့်ကြံမှု အရင်းအမြစ်တွေကို ထက်ဝက်လောက် ဆုံးရှုံးလိုက်ရလိမ့်မယ်ကွ!!"

မြွေအိုကြီး၏ ဘုန်းအာနုဘော်သည် နတ်ဆိုးသားရဲများ အားလုံးကြားတွင် သဘာဝအတိုင်း အလွန် တန်ခိုးကြီးပါသည်။

ထိုသားရဲလေးများက စိတ်​မ​ကောင်းစွာနဲ့ လုရွှမ်ကို စိတ်​အားထက်​သန်​စွာ ကြည့်​ပြီး ​နာမည်​ကြီး အရူးဧကရာဇ်က တခုခု လုပ်​​ဆောင်​နိုင်​မယ်​လို့ ​မျှော်​လင့်​​နေကြသည်​။

ထိုအခါ လုရွှမ်က

"မြွေအိုကြီး... မင်းမျက်နှာက ဘာလို့ ဒီလောက် မည်းမှောင်နေရတာလဲ? ကလေးတွေဆိုတာ ပိုလေ့ကျင့်​ပေးသင့်တယ်လေ!"

မြွေအိုကြီးက ဟစ်အော်ပြီး ဝှေ့ယမ်းပြလိုက်တဲ့အခါ အမြီးငါးချောင်းနဲ့ မြေခွေးတစ်ကောင် ထွက်လာသည်။ လူအသွင် မပြောင်းလဲသေးပေမယ့် သိသိသာသာ အစွမ်းထက်တဲ့ ကျက်သရေမျိုး ရှိပြီးသားဖြစ်သည်။ သူမရဲ့ ဖြည်းဖြည်းချင်း လျှောက်လာတဲ့ ခြေလှမ်းတိုင်းက နတ်ဆိုးများ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်များကို နှိုးဆော်စေသည်။

လုရွှမ်လည်း မျက်လုံးများ တောက်ပလာကာ သူ နောက်ထပ် အနည်းငယ်လောက် မတတ်နိုင်ဘဲ လှမ်းကြည့်လိုက်သည်။ သူ မြေခွေးဆီက ဆွဲဆောင်ခံလိုက်ရလို့ မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်ရဲ့ အရည်အချင်းကို သဘောကျသောကြောင့် ဖြစ်သည်။

ဤမြေခွေးငယ်လေးသည် ယခုအချိန်တွင် အမြီးငါးချောင်းသာ ရှိသော်လည်း သူမရဲ့လက်ရှိစွမ်းရည်ကို ကြည့်ပြီး ဆုံးဖြတ်ပါက သူမသည် ကိုးမြီးကောင် ဖြစ်လာရန် ချည်နှောင်ထားပြီးသား ဖြစ်သည်။ သူမရဲ့ ကျင့်ကြံမှု လမ်းတစ်လျှောက်တွင် မပျက်စီးသေးသရွေ နတ်ဘုရားပင် ဖြစ်လာနိုင်မှာ ဖြစ်သည်။

မြွေအိုကြီးက အနည်းငယ် မာနကြီးနေ၏။ မြေခွေးလေးရဲ့ ကျက်သရေက အကြီးအကဲများကိုတောင် အံ့သြသွားစေသည်။ တချို့သော သူတော်စင်များလည်း ဂရုမစိုက်ပါက မြေခွေးလေးရဲ့ အလှအပအောက်မှာ ကျရှုံးသွားမှာ သေချာလေ၏။

လုရွှမ်သည် သူ့​ယခင်ဘဝက ကောင်းကင်ဘုံသခင် ဖြစ်ခဲ့သော်လည်း ယခု သူတော်စင် နယ်ပယ်တွင်သာ ရှိသေးသည်။ အခွင့်အရေး တချို့ကြောင့် လျင်မြန်စွာ တိုးတက် လာနိုင်ခဲသော်လည်း စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာကိုတော့ ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ရလိမ့်မယ်။

မြေခွေးလေးသည် လုရွှမ်ဆီသို့ လျှောက်သွားကာ ၎င်း၏အမြီးငါးချောင်းကို ဝေ့ယမ်း၍ လုရွှမ်ရဲ့ ဦးခေါင်းကို ရုတ်တရက် ထိသွားတဲ့အထိ လျှောက်သွားခဲ့သည်။ လုရွှမ် မလှုပ်မယှက် ရပ်နေတာကို မြင်လိုက်ရတော့ ကောင်းကင်ဘုံသခင်တို့ရဲ့ မျက်နှာပေါ်မှာ ဂုဏ်ယူတဲ့ အပြုံးတွေ ပေါ်လာတော့သည်။

ဒါပေမဲ့ သူတို့ အချင်းချင်း အဆက်အသွယ် လုပ်ခါနီးမှာပဲ လုရွှမ်ရဲ့ လက်ဖဝါးက ရုတ်တရက်လှုပ်ရှားသွားပြီး မြေခွေးအမြီးကို ဖမ်းဆုပ်ထားလိုက်သည်။

"အရမ်းကောင်းတယ်... မင်းမှာလည်း အရည်အချင်းတွေ ရှိသားပဲ... ဒါပေမဲ့ ကလေးမလေး အနာဂတ်မှာ ကျက်သရေရဲ့ စွမ်းအားကို ပေါ့ပေါ့ဆဆ မသုံးမိပါ​စေနဲ့.... ငါ့လို စကားပြောလွယ်တဲ့ လူမျိုးက လူသားမျိုးနွယ်ထဲမှာ အများကြီး မရှိဘူးဆိုတာ မင်းသိထားရမယ်"

လုရွှမ်က ဆိုပြီးတာနဲ့ မြေခွေးလေး၏ ခေါင်းပေါ်ကို ခရမ်းရောင် အလင်းတန်း တစ်ခုပါရှိသော သူ့လက်ညှိုးကို ရုတ်တရက် ညွှန်ပြလိုက်သည်။

မြေခွေးလေးရဲ့ ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ရှားမှာ အားလုံး ရပ်တန့်သွားလေ၏။ သူ့ခန္ဓာကိုယ်သည် ကြောင်လေး တစ်ကောင်အဖြစ်သို့ ကျုံ့သွားပြီး လုရွှမ် ရင်ခွင်ထဲ၌ အိပ်ပျော်သွားခဲ့သည်။

လုရွှမ် မြေခွေးလေးကို ပွေ့ချီထားလျက် ချစ်စရာကောင်းသည့် အသွင်အပြင်ရှိသော အမျိုးသမီး တစ်ဦးထံသို့ လျှောက်သွားခဲ့သည်။ သူမလက်ထဲကို မြေခွေးလေးပေးရင်း ဆေးလုံးတစ်လုံးလည်း ပေးလိုက်သည်။

"သုံးရက်အတွင်း နိုးလာလိမ့်မယ်.... နိုးပြီးရင် ဝိညာဉ်စွမ်းအားတွေ တိုးလာမယ်.... ငါးရက်ကြာလို့ မနိုးသေးရင် ဒီဆေးကို ကျွေးလိုက်ပါ"

ထိုအမျိုးသမီးက မြေခွေးငယ်ရဲ့ မိခင် ဖြစ်​လေသည်။ လုရွှမ်ဆီက ပုတ်ချခံလိုက်ရသော မြေခွေးလေးကို မြင်လိုက်ရသောအခါတွင် သူမ အမူအရာမှာ စိုးရိမ်စိတ် အပြည့်ဖြင့် ကြည့်နေတာမို့ လုရွှမ်လည်း မြေခွေးငယ်ရဲ့ ဆွေမျိုးဖြစ်နိုင်မှန်း သိလိုက်သည်။

"ကျေးဇူးအများကြီး တင်ပါတယ် အကြီးအကဲခွမ်ကျွင်း"

အမျိုးသမီးက ထပ်ပြီး ဝမ်းသာသွားပြန်သည်။ မြေခွေးလေးရဲ့ အစောတုန်းက လှုပ်ရှားမှုတွေဟာ နည်းနည်းတော့ စိတ်တိုစရာပါပဲ။ တခြားသူဆိုရင် တိုက်ခိုက်ပစ်လိုက်မှာလို့ ယူဆနိုင်ပေမယ့် လုရွှမ်က သူမကို အပြစ်မပေးဘဲ အခွင့်အရေးပါ ပေးခဲ့သည်။

အရှင် အရူးဧကရာဇ်က သုံးရက်အတွင်း အိပ်ရာက နိုးလာတဲ့အခါ သူမရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေ အရမ်း တိုးလာမယ်လို့ ပြောလိုက်တာက သေချာပေါက် မမှား​လောက်ဘူး။

ယခင်က နတ်ဆိုးသားရဲများသည် ယခုအချိန်တွင် မြေခွေးငယ်လေးအား အူတူ ငြူစူသောစိတ်ဖြင့် ကြည့်နေကြသည်။

ဝိညာဉ်စွမ်းအားနဲ့ ပတ်သက်ပြီး ပြောရရင် မြေခွေးငယ်လေးဟာ သူတို့ကြားထဲမှာ အသန်မာဆုံး ဖြစ်ခဲ့လို့ အခု သူမမှာ ဒီလိုအခွင့်အရေးမျိုး ရထားပြီဆိုတော့ နောင်အနာဂတ်မှာ သေချာပေါက် အားလုံးကို ကျော်တက်သွားလိမ့်မယ်။

မြွေအိုကြီးက အထူးစိတ်မကောင်း ဖြစ်သွားပုံရသည်။ ဒါက လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်ကြားက ပြိုင်ဆိုင်မှု တစ်ခုဖြစ်သလို သေရေးရှင်ရေး ကိစ္စလည်း ဖြစ်​ပေသည်။ လုရွှမ်က သူရှုံးမှာကို ဘယ်တုန်းကမှ မစိုးရိမ်ထားခဲ့တာ ဖြစ်နိုင်ပါ့မလား။

လုရွှမ်ရဲ့ အသံက တည်တည်ငြိမ်ငြိမ်နဲ့ပဲ ထွက်ပေါ်လာသည်။

"မြွေအိုကြီး... တတိယပြိုင်ပွဲကရော??"

"တတိယပြိုင်ပွဲက ရဲရင့်တဲ့ သတ္တိပြိုင်ပွဲပဲ...အရူးဧကရာဇ် ချွမ်ကျွင်း... မင်း ဘယ်လောက် ရဲရင့်တယ်ဆိုတာ မြင်ချင်ပါ​​သေးတယ်"

"ဒီကမ္ဘာပေါ်မှာ ငါကြောက်တဲ့လူ မရှိဘူး"

"ကောင်းပြီ တစ္ဆေလှိုဏ်ဂူကို သွားကြရအောင်!"

မြွေအိုကြီးက အော်လိုက်သည်။

ထိုစကားလုံး ထွက်လာသည်နှင့် တပြိုင်နက် ရှိနေသည့် သားရဲများအားလုံး အသံ ပျောက်သွားပြီး သူတို့ရဲ့ မျက်နှာများမှာလည်း ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာများ ပေါ်လာကြသည်။

လုရွှမ် အနည်းငယ် စပ်စုချင်သွားသည်။ တစ္ဆေလှိုဏ်ဂူကို သူ့တစ်ခါမှ မကြားဖူးပါဘူး။ ဒါပေမဲ့ နတ်ဆိုး သားရဲတွေအားလုံးကို အရောင်ပြောင်းစေနိုင်တဲ့ နေရာတစ်ခုကတော့ သေချာပေါက် မသိနိုင်တဲ့ အန္တရာယ် ကြီးကြီးမားမား ရှိနေလောက်၏။

လုရွှမ် သခင်ကျားဖြူကို ကြည့်လိုက်သည်။ သခင်ကျားဖြူက

“မြွေအိုကြီး.... တစ္ဆေလိုဏ်ဂူက နည်းနည်းလေးမှ မသင့်တော်မှာကို ကြောက်ရတယ်”

သခင်ကျားဖြူက ဘယ်လို စရိုက်လက္ခဏာမျိုး ရှိလဲဆိုရင် သူနဲ့ မြွေအိုကြီးက မျိုးဆက်တူတဲ့ သားရဲတွေ ဖြစ်ပေမယ့် ကျားဖြူကြီး ရှေ့မှာတော့ ဘယ်တော့မှ မောက်မာဝံ့ကြွားရဲမှာ မဟုတ်ပါဘူး။ ယခုအချိန်တွင် သခင်ကျားဖြူရဲ့ စိတ်ရှုပ်ထွေးမှုကို ကြားလိုက်ရတဲ့အခါ မြွေအိုကြီးက လျင်မြန်စွာ ရှင်းပြလာခဲ့သည်။

"ဆရာကြီး.... ပြောရရင် ကျုပ်တို့ အရင်အဆင့်နှစ်ဆင့်မှာ နည်းနည်း ရှေးရိုးဆန်လွန်းတယ်လို့ ခံစားရလို့ပါ"

သူက နတ်ဆိုးသားရဲ အုပ်စုဘက်ကို လှည့်ပတ်ကြည့်ရင်း လုရွှမ်ကို လက်ညိုးထိုးပြကာ အကျယ်ကြီး အော်ပြောလိုက်သည်။

"ဒီလူက ဉာဏ်ကြီးရှင် ပါရမီရှင်ဆိုတာ တချို့လူတွေက မသိကြ​​​​သေးပါဘူး.... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာလောက်က တိမ်ပင်လယ်နယ်မြေမှာ သြဇာကြီးတဲ့ ပုဂ္ဂိုလ်တွေအကြောင်း လူတိုင်း ကြားဖူး​ကြပါတယ်... သူတို့အထဲမှာ အသန်မာဆုံးက အရူးဧကရာဇ်ပဲ အဲဒီတုန်းက မာနကြီးတဲ့ နတ်ဆိုးဧကရာဇ်ကိုတောင် အရူးဧကရာဇ်က သတ်ပစ်လိုက်တာ"

"ဒါပေါ့.... အရူးဧကရာဇ်ကြီး ကွယ်လွန်သွားပါပြီ.... အခုဒီမှာရပ်နေတဲ့ လူက သူလူဝင်စားလာတာ ဖြစ်တဲ့အတွက် ထင်ရှားတဲ့ အရူးဧကရာဇ် အတွက် တစ္ဆေလိုဏ်ဂူက သူ့ကို တားနိုင်မလား?"

မြွေအိုကြီးက သခင်ကျားဖြူကို တစ်ချက် ကြည့်ပြီး ဦးညွှတ်လျက် ဆိုလိုက်သည်။

"သခင်ကြီး....တကယ်လို့ အရူးဧကရာဇ်တောင် တစ္ဆေလိုဏ်ဂူထဲကို ချောင်းမကြည့်ဝံ့ဘူး ဆိုရင် ကျုပ်တို့ မျှော်လင့်ချက်ကို မစွန့်လွှတ်သင့်တော့ဘူး မဟုတ်လား"

မြွေအိုကြးရဲ့ အဆိုပြုချက်ကို သခင်ကျားဖြူမှ အတန်ငယ်သဘောတူသော အသံတိုးတိုးလေး ထွက်ပေါ်လာသည်။ အားသာချက်ကို ဘေးဖယ်ထားပြီး လုရွှမ်နဲ့ ညှိနှိုင်းဖို့ သဘောတူလိုက်တာက လုရွှမ်ကို မျက်နှာသာပေးရုံပါပဲ။

ဒါပေမဲ့ ဒီလောက်စျေးကြီးပေးပြီး စူးစမ်းဖို့ လုရွှမ်ကို အကူအညီ တောင်းရတာကလည်း ဘာအမှားမှ​တော့ မရှိပါဘူး။ သူတို့မျိုးနွယ် ၂ခုကြား သဘောတူညီမှုလည်း ရှိသေးတယ်လေ။

သခင်ကျားဖြူက ကောင်းကင်ဘုံ သခင်များနှင့် ထိုနေရာ၌ ထိုင်နေသော ပညာရှိကြီးများကို တစ်ချက် ကြည့်လိုက်သည်။ လူတိုင်းက သူတို့စိတ်ထဲမှာ တစ်ခုခု ရှိနေပုံရ​တာကို မြင်လိုက်ရသဖြင့် ဒီကိစ္စကို သူလည်း ရှောင်လွှဲလို့ မရမှန်း သိလိုက်သည်။

ဒီလိုဖြစ်လာပြီ ဆိုတော့ သူလည်း လူတိုင်းကို စိတ်မချမ်းသာအောင် ဆိုပြီး သဘာဝအတိုင်း နောက်ဆုတ်လိုက်လို့တော့ မရတော့ပေ။

သူလုရွှမ်ကို လှမ်းကြည့်လိုက်ကာ ဘာမှမပြောတော့ပေ။ လုရွှမ်က ဉာဏ်ကောင်းတဲ့သူမလို့ သူ ဘာလုပ်ရမယ် ဆိုတာကို သိလောက်ပေ၏။

All Chapters