တစ္ဆေလိုဏ်ဂူ
Vol. 56 Ch. 4.355
လုရွှမ်သည် ထိုမြွေအိုကြီးရဲ့ အဆုံးစွန်သော ပန်းတိုင်ကို ကြောက်ရွံ့နေကြောင်း သဘောပေါက်လိုက်တာကြောင့် စိတ်ထဲတွင် လှောင်ရယ်နေခဲ့သည်။ ယခင်ပြိုင်ပွဲ နှစ်ခုသည် သူ့ရည်ရွယ်ချက် အစစ်အမှန်ကို ဖုံးကွယ်ရန် ဟန်ဆောင်မှုမျှသာ ဖြစ်လေသည်။
ဒါပေမဲ့ အခုအချိန်က အရမ်းနောက်ကျသွားပြီ။ သူသဘောမတူရင် စေ့စပ်ညှိနှိုင်းမှုဟာ သိသိသာသာ ပျက်ပြားသွားပြီး သူ့ဂုဏ်သိက္ခာလည်း ကြီးကြီးမားမား ဆုံးရှုံးသွားလိမ့်မယ်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေတဲ့ နတ်ဆိုးသားရဲတွေ အားလုံးက အရူးဧကရာဇ်အဖြစ် သူ့ကို ဘယ်သူကမှ မလိုချင်ပါဘူး။
အဲဒီနှစ်တုန်းက နတ်ဆိုးဧကရာဇ် ခေါင်းဖြတ် ခံလိုက်ရခြင်းနဲ့ ပတ်သက်တဲ့ မကောင်းတဲ့ ခံစားချက်တွေကို ထုတ်ဖော်ဖို့ အခွင့်အရေးကို ယူလိုက်ကြတာပဲ ဖြစ်လေသည်။
"ကောင်းပြီ တစ္ဆေလှိုဏ်ဂူကို သွားကြည့်ရအောင်.... ဘယ်သူပဲဖြစ်ဖြစ် ငါနဲ့ အတူသွားလို့ရတယ် ဒါပေမဲ့ အငယ်လေးတွေတော့ မလာနဲ့ မဟုတ်ရင် ငါသူတို့ကို အနိုင်ကျင့်တယ်လို့ စွပ်စွဲခံနေရဦးမယ် မင်းထဲက ဘယ်သူက လာမလဲ?"
လုရွှမ်က ဆိုရင်း ကောင်းကင်တစ်ခုလုံးကို လှည့်ပတ်ကြည့်နေသည်။ နောက်ဆုံးတော့ သူ့မျက်လုံးတွေက မြွေအိုကြီးကို စိုက်ကြည့်နေလိုက်တော့သည်။
ဒီကောင်လေးက သူ့ကို ရန်စဖို့ ကြံစည်ဝံ့တယ်ဟု မြွေအိုကြီးတစ်ယောက် တွေးလိုက်သည်။ သူ့ဘာသာ သူ့သေလမ်း ရှာနေရင်တောင် တစ်ယောက်ယောက်ကို လိုအပ်နေသေးလို့လား?
ကောင်းကင်ဘုံသခင် အားလုံး၏ အမူအရာများသည် အနည်းငယ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် လုရွှမ်မျက်လုံးများက မြွေအိုဆီကို ရောက်နေတာ တွေ့ရသောအခါမှ သူတို့အားလုံး သက်ပြင်းချနိုင်ကြသည်။
"အင်း... တစ္ဆေလှိုဏ်ဂူက အန္တရာယ်များတယ် ဒါက မင်းရဲ့အကြံအစည်ကြောင့် ဆိုတော့ မြွေအိုကြီး မင်းအရူးဧကရာဇ်နဲ့ အတူတူ စူးစမ်းကြည့်လိုက်ပါ"
သခင်ကျားဖြူက ရုတ်တရက် ပြောလိုက်တဲ့အခါ တခြား ကောင်းကင်ဘုံသခင်များက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။
မြွေအိုကြီးရဲ့ မျက်နှာမှာ မည်းမှောင်နေပြီး အလွန် စိတ်ဓာတ်ကျသွားသည်။ သူက လုရွှမ်သေဖို့ တွင်းတူးပေးလိုက်တာကို သူ့ကိုယ်သူ မြှုပ်နှံဖို့ပါ ဖြစ်သွားမယ်လို့ ဘယ်သူက ထင်ပါ့မလဲ။
သူက ချောင်းဆိုးပြီး မည်းမှောင်တဲ့ မျက်နှာနဲ့ တခြား ကောင်းကင်ဘုံသခင်များကို ကြည့်လိုက်သည်။
"အားလုံးပဲ ကျုပ်က အသက်ကြီးနေပြီ အားလည်း နည်းနေပါပြီ... ကျုပ်က တစ္ဆေလိုဏ်ဂူထဲကို ဝင်ဖို့ အကောင်းဆုံး ကိုယ်စားလှယ် မဟုတ်ဘူးလို့ ဆိုရမယ်ထင်တယ် တခြားသူလုပ်တာ ပိုကောင်းတယ်လို့ အကြံပေးပါတယ်...."
တစ္ဆေလိုဏ်ဂူ။ အဲဒါက ဘယ်လို နေရာမျိုးလဲ? သူက ကောင်းကင်ဘုံရှင် သခင်အစစ်ပဲ။ ဒါပေမဲ့ သူ့အကြောင်းသူတော့ သိတယ်လေ။ သူ့ခန္ဓာကိုယ်က အိုမင်းနေပြီ ဖြစ်ပြီး အင်အားကလည်း ပြင်းပြင်းထန်ထန် ဆုတ်ယုတ်သွားပြီ။ အထွတ်အထိပ် ကာလမှာတောင် ဒီလောက် အစွမ်းထက်မှာ မဟုတ်တော့ဘူး။
သူသည် ကပ်ဆိုးပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီး ယခုတော့ ငယ်ရွယ်ပြီး အစွမ်းထက်သော မဟာသူတော်စင် တချို့ကိုပင် တွန်းလှန်နိုင်စွမ်း ရှိမရှိဟု မိမိကိုယ်ကို ပြန်မေးမိသည်။
ကောင်းကင်ဘုံသခင် တချို့၏ မျက်နှာများမှာ ညှိုးငယ်သွားကြသည်။ သူတို့သည် နတ်ဆိုးများ ဖြစ်တာကြောက့် မကျေနပ်ပါက မျက်နှာပေါ်တွင် တိုက်ရိုက်ပဲ ပြသလာမည် ဖြစ်သည်။
ထိုအချိန်တွင် လူတစ်ယောက်က လူတိုင်းရှေ့ကို ထွက်လာပြီး။
"မြွေအိုကြီး.... ခင်ဗျား မသွားချင်ဘူးဆိုရင် ဘာကိစ္စ ပြောနေသေးလဲ? သူများတွေကို လှည့်စားချင်နေတာလား? ဒါမှမဟုတ် ခင်ဗျား လုပ်ချင်နေတာက ခင်ဗျားက အကြံဉာဏ်တွေပေးပြီး ကျုပ်တို့က သွားအသေခံရအောင်လို့လား?"
မြွေအိုကြီး ရှက်ရွံ့သွားတော့သည်။ ဝက်ဝံနက် ကောင်းကင်ဘုံသခင်က သူ့ကို ကြိမ်းမောင်းလာပေမယ့် သူ့မှာတော့ မောက်မာဝံ့ခြင်း မရှိခဲ့ပေ။ သူ့အဆင့်က ကောင်းကင်ဘုံသခင် ဖြစ်နေတာ တစ်ခုတည်းကို မကြည့်ရင်တောင် စိတ်ရှုပ်စရာတွေ ကြုံလာတဲ့အခါ ဝက်ဝံနက် ကောင်းကင်ဘုံသခင်က ဘယ်သူ့ကိုမှ မျက်နှာမပေးတတ်ဘူး။ သခင်ကျားဖြူတောင် စွဲချက်တင်ဝံ့ပေမယ့် သူ့ကို စော်ကားဖို့ မတတ်နိုင်ဘူးလေ။
လုရွှမ်လည်း ဒါက မြွေအိုကြီးရဲ့ ကိုယ်ပိုင်အစီအစဉ် ဖြစ်တာ သိသာထင်ရှားပြီး ထိုအကြောင်းကို တခြား ကောင်းကင်ဘုံသခင်တွေက မသိခဲ့ပေ။ ဒီတစ္ဆေလိုဏ်ဂူကို သူတို့တွေတောင် စိုးရိမ်နေတယ် ဆိုတော့ အလွန်ကြောက်စရာကောင်းတာ ထင်ရှားနေပြီ။
ဒီမြွေအိုကြီးကတော့ သေသင့်နေပြီ!
"မြွေအိုကြီးနဲ့ ဂူကို စူးစမ်းရမှာ အရမ်းစိတ်ဝင်စားဖို့ ကောင်းမယ်လို့ ထင်တယ်နော်"
လုရွှမ်က ရုတ်တရက် ပြုံး၍ ဆိုလိုက်သည်။
မြွေအိုကြီးရဲ့ အမူအရာမှာ အလွန် ပြောင်းလဲသွားကာ မတတ်နိုင်ဘဲ ထအော်လိုက်ပေ၏။
"အရူးဧကရာဇ်... မင်း ပေါက်ကရတွေ လျှောက်မပြောနဲ့!"
လုရွှမ်ကတော့ ရယ်နေ၏။
"ငါက သူတော်စင်... ဒါပေမဲ့ မကြောက်ဘူး မင်းကဘာကို ကြောက်တာလဲ? ငါတစ်ယောက်တည်းနဲ့ လူသားမျိုးနွယ် အတွက် အန္တရာယ်ထဲ သွားနိုင်တယ်... မြွေအိုကြီး... မင်း နတ်ဆိုးမျိုးနွယ်အတွက် ဘာကြောင့် မင်းအသက်ကို မစွန့်စားရဲတာလဲ?"
အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ မြွေအိုကြီးက သူ့နှလုံးသားထဲမှာ အသက်ရှု ကြပ်နေလေပြီ။ သူက 'မင်းသေချင်တောင် ငါက မသေချင်ဘူး' ဟု အော်ဟစ်နေမိသည်။
ထိုအခါ ကျားဖြူကြီးက
"မြွေအိုကြီး... ဒါဆို ဒီကိစ္စက ပြေလည်သွားပြီပေါ့... မင်း တစ်ခုခုဖြစ်သွားရင်တောင် မင်းရဲ့သားစဉ်မြေးဆက်တွေကို ငါ ပြုစုစောင့်ရှောက်ပေးမှာပါ.... ငါသူတို့ကို အပြစ်မဖြစ်စေရပါဘူး... ဘယ်လိုလဲ? ဒါဆို မင်းမှာ ကန့်ကွက်စရာရှိသေးလား?"
ဒါက သက်သက်မဲ့ ခြိမ်းခြောက်မှု တစ်ခုပါပဲ။ သူက တစ္ဆေလှိုဏ်ဂူကို တကယ် စူးစမ်းကြည့်ရမှာလား?
တစ္ဆေလှိုဏ်ဂူကို စူးစမ်းလေ့လာလိုပါက အနည်းဆုံး မဟာသူတော်စင်ကြီး တစ်ဦး၏ အစွမ်းသတ္တိရှိရန် လိုအပ်သော်လည်း ဝိညာဉ်စွမ်းအား အတွက် လိုအပ်ချက်များမှာ ပို၍ပင် တင်းကျပ်ထားသည်။ ကောင်းကင်ဘုံသခင်မှ လွဲ၍ တစ္ဆေလိုဏ်ဂူထဲမှ ဘယ်နတ်ဆိုးကမှ အသက်ရှင်လျက် ထွက်လာနိုင်ခြင်း မရှိခဲ့ပေ။
ထိုလျှို့ဝှက် ဆန်းကြယ်သော တစ္ဆေလှိုဏ်ဂူကြီးသည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က ပေါ်ထွန်းလာချိန်မှစ၍ သူတို့၏ ရှေ့မျိုးဆက် နတ်ဆိုးမျိုးနွယ် အများအပြားသည် တစ္ဆေလှိုဏ်ဂူကို စူးစမ်း လေ့လာခဲ့ကြသော်လည်း ဘယ်သူမှ ပြန်မလာခဲ့သေးပေ။ တစ်ခုတည်းသော သက်ရှိနတ်ဆိုး မျိုးနွယ်မှာ လုံးဝ ရူးသွပ်သွားခဲ့ပြီး တစ္ဆေလိုဏ်ဂူရဲ ဒဏ္ဍာရီလည်း ကွယ်ပျောက်သွားခဲ့သည်။
ထိုအချိန်မှစ၍ တစ္ဆေလိုဏ်ဂူသည် နတ်ဆိုးမျိုးနွယ် အတွက် တားမြစ်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ယခု တစ္ဆေလိုဏ်ဂူ အကြောင်းကို မြွေအိုကြီးမှ ထုတ်ဖော်လာတဲ့အခါ နတ်ဆိုးငယ်များ အားလုံးသည် တစ္ဆေလိုဏ်ဂူကြီး ဘယ်လောက် ကြောက်စရာကောင်းလဲ မသိကြသော်လည်း မျိုးဆက်ဟောင်းများက မသိဘဲနေပါ့မလား။ မဟာသူတော်စင်တွေ တစ္ဆေလှိုဏ်ဂူထဲ ဝင်သွားရင်တောင် သူတို့အားလုံးကို အချည်းနှီး ဖျက်ဆီးပစ်သလို ဖြစ်နေပြီ။
သူ ဒီကိစ္စကို ကောင်းကင်ဘုံသခင်များ အားလုံးနှင့် မဆွေးနွေးခဲ့ပေ။ ယခု တခြား ကောင်းကင်ဘုံသခင်များက သူ့ကို ငြီးငွေ့လာပြီဟု ခံစားရသည်။ အခု သူသာမသွားလျှင် ဘယ်သူက သွားတော့မလဲ။
ထိုသတင်းက ကောလဟာလ တစ်ခုလို ဖြစ်သွားပြီး နတ်ဆိုးမျိုးနွယ်များ အားလုံးကြားထဲ ချက်ချင်း ရောက်သွားသည်။ လူတိုင်းရဲ့ အမူအရာများ ပြောင်းလဲသွားကာ အတူတူ စကားများကြရင်း လုရွှမ်ဆီကို လျင်မြန်စွာ ခေါင်းလှည့်သွားကြသည်။
"တတိယအဆင့် ပြိုင်ပွဲကို နောက် နှစ်ရက်အတွင်းကျင်းပမယ်.... အရင် ပြန်သွားကြရအောင်.. ပြီးရင် တစ္ဆေလိုက်ဂူကို စူးစမ်းကြတာပေါ့"
မြွေအိုကြီးက စိတ်ဝင်တစားနဲ့ အော်ပြောလိုက်သည်။ ဂူအကြောင်းကို သူပြောလိုက်ပြီမို့ ဇာတ်သိမ်းကို ပြောင်းလဲလို့ မရတော့ပေ။
သူက ကောင်းကင်ဘုံသခင် ဖြစ်ပြီး လက်အောက် ငယ်သားတွေ အားလုံးရဲ့ရှေ့မှာ ပြန်တုံ့ပြန်လိုက်ရင် ကောင်းကင်ဘုံသခင် အားလုံးရဲ့ မျက်နှာကို ပုတ်ခတ်လိုက်တာပဲ မဟုတ်ပါလား။
"အရူးဧကရာဇ်.... တစ္ဆေလိုဏ်ဂူထဲကို ဝင်ပြီးရင် ငါမင်းကို အားကိုးနေရတော့မှာပဲ"
မြွေအိုကြီးက ရှုံ့တွနေတဲ့ မျက်နှာနဲ့ ကြည့်နေပေမယ့် သူ့မျက်နှာပေါ်က အပြုံးကိုမြင်တော့ လုရွှမ် သူ့စိတ်ထဲမှာ တိတ်တဆိတ်သာ ကျိန်ဆဲလိုက်တော့သည်။ မြွေအိုကြီးက သာမာန်ခွန်အား ရှိသော်လည်း ယနေ့တိုင်အောင် ရှင်သန်နိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ သူ့မျိုးဆက်မှာ ထူးချွန် ထက်မြက်သူများစွာ ကျဆင်းသွားလို့ သူသည် တဖြည်းဖြည်း အသိအမှတ်ပြု ခံရသူ ဖြစ်လာခြင်းပင်။
မြွေအိုကြီးမှာ ယခုအချိန်တွင် သူ့မျက်နှာတွင် ခါးသက်သော အပြုံးတစ်ခု ရှိနေ၍ သူ့တွင် ထိုခွန်အားမျိုး မရှိတော့တာကို သိသောကြောင့် အရူးဧကရာဇ်ရဲ့ ခွန်အားကိုသာ မျှော်လင့်ရတော့မည်။
မျက်နှာက ဘာမှမဟုတ်သလို တည်ထားပေမယ့် နှစ်ပေါင်းများစွာ အတွေ့အကြုံတွေက သူ့ကို အသက်ရှင်ခြင်းရဲ့ နောက်ဆုံး စကားလုံးလို့ သင်ပေးခဲ့လေသည်။ တခြားလူတွေကို သာလွန်လိုက်တာကသာ အောင်ပွဲတစ်ခုသာ ဖြစ်ချေ၏။
လုရွှမ် သခင်ကျားဖြူကို လှမ်းကြည့်လိုက်သည်။ သခင်ကျားဖြူက ဤအခိုက်အတန့် အားလုံးကို တွေးထားမိပြီးသား ဖြစ်ကြောင်း ဖော်ပြနေသကဲ့သို့ သူ့မျက်နှာတွင် ပြုံးပြနေသည်။
တစ္ဆေလိုဏ်ဂူကို လူတိုင်း မသွားနိုင်ပေ။ မဟာသူတော်စင် နယ်ပယ်နဲ့ အထက် ကျင့်ကြံမှု အဆင့်ရှိသူများသာ ၎င်းတို့၏ဆန္ဒ အတိုင်း ဝင်သွားနိုင်တာ ဖြစ်သည်။ ဤနှစ်ရက်အတွင်း လုရွှမ်သည် တစ္ဆေလိုဏ်ဂူ အကြောင်း အကြမ်းဖျင်းသာ နားလည်ထားခဲ့သည်။ အကြောင်းမှာ ကောင်းကင်ဘုံသခင်များပင် တစ္ဆေလိုဏ်ဂူ အကြောင်းကို သိပ်နားမလည်သောကြောင့် ဖြစ်သည်။
သို့သော် တစ္ဆေလှိုဏ်ဂူသည် သားရဲများအတွက် ကြီးလေးသော စိုးရိမ်မှုဖြစ်သည့် ယဇ်ပူဇော်မှုတစ်ခု လုပ်ရန် လိုအပ်သည်။
"တကယ်တော့ တစ္ဆေလိုဏ်ဂူက ဘယ်လောက်ကြာကြာ တည်ရှိနေမှန်း ငါတို့လည်း မသိပါဘူး"
စုရပ်ခန်းမသို့ ပြန်ရောက်ပြီးနောက် မျိုးနွယ်ပေါင်းစုံမှ ကောင်းကင်ဘုံသခင်များနှင့် မဟာသူတော်စင်များ စုရုံးကာ အသက် အကြီးဆုံး သခင်ကျားဖြူက တည်ငြိမ်စွာ မိန့်ကြားလိုက်သည်။
“အနှစ်ငါးဆယ်တိုင်းမှာ မျိုးနွယ်စုတွေ မျိုးသုဉ်းရတာက မလွဲမသွေ ဖြစ်လာခဲ့တယ်.... အစတုန်းကတော့ ဘယ်သူမှ မသိကြဘဲ ထူးထူးခြားခြား လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခု ရောက်လာတယ်လို့ပဲ ထင်ခဲ့ကြတာ... နောက်ပိုင်းကျတော့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂူတစ်ခုကို ရှာတွေ့ရှိခဲ့ပြီး အဲဒီလိုဏ်ဂူက မျိုးနွယ်စုတွေကို ဝါးမျိုသွားခဲ့တာပဲ ”
လုရွှမ်လည်း သူ့ခေါင်းထဲ အနည်းငယ် ရှင်းလာသောကြောင့် တိုက်ရိုက်ပဲ မေးလိုက်တော့သည်။
"အဲဒီတစ္ဆေလိုဏ်ဂူထဲမှာ သရဲတစ္ဆေမျိုး ရှိနေလို့လဲ?"
သခင်ကျားဖြူက ခေါင်းညိတ်ပြီး ဆက်ပြောလာ၏။
"အဲဒီတစ္ဆေလှိုဏ်ဂူက ရွေ့နိုင်တယ်!"
"ရွေ့နိုင်တယ်!"
လုရွှမ် ရုတ်တရက် သဘော ပေါက်သွားသည်။ ဒီလောက် ထောက်လှမ်းရ ခက်နေတာ မဆန်းတော့ပေ။ သူက နေရာရွေ့နိုင်တာပဲ။